Showing posts with label သရဲ အကြောင်းများ. Show all posts
Showing posts with label သရဲ အကြောင်းများ. Show all posts

အိမ်သာထဲက ဗိုက်ကြီးသည်

0

Posted by Black Magic | Posted in | Posted on 4:06 PM




ဆေးရုံတစ်ရုံရဲ့ မှုန်ပြပြမီးရောင်အောက်တွင် နန်းသီတာ တစ်ယောက် အိမ်သာသွားရန် အိပ်နေရာမှ ထလိုက်သည် လူနာခုတင်ထက်တွင် အိပ်ပျော်နေသော နန်းသီတာ ယောင်းမဖြစ်သူကို တစ်ချက်ကြည့် လိုက်သည်ယောင်းမကတော့နှစ်ခြိုက်အိပ်ပြောနေလေသည်။
ဘေးခုတင်ကလူနာစောင့်ကို အဖော်ခေါ်ရန် ကြည့်လိုက်တော့လဲ ဘေးခုတင်ကလူနာဖြစ်သည့် မကေခိုင်ကလဲ အိပ်မောညနေလေပီ.......

အိမ်သာသွားချင်လွန်းလို့ ထလာရသော်လည်း.. လူသူကင်းမဲ့နေသော မှိန်ပြပြ မီးရောင်အောက်တွင် တစ်ယောက်တည်း လာခဲ့ရသဖြင့် တိတ်ဆိတ်မှုရဲ့ လှည့်ဖျားမှုအောက်တွင် အလွန်ခြောက်ခြားစရာကောင်းလှပေသည်........
ကော်ရစ်တာတစ်လျှောက်တွင်လည်း သူမခြေသံမှ အပ အရာအားလုံးတိတ်ဆိတ်လျက်..
ဆိုးရွားလှသော အနံ့အသက်များရှိရာ အိမ်သာတံခါးကိုဖွင့်ရင်း ကိစ္စအမြန်ပြီးစီးအောင် ဖြေရှင်းနေခိုက်တွင် အိမ်သာတံခါးကိုလာခေါက်သံတစ်ခု ကြားလိုက်ရလေသည်...
အိမ်သာအခန်းလွတ်တွေရှိနေတာကိုသူမအခန်းကိုမှာ လာခေါက်သောကြောင့် နန်းသီတာ တစ်ယောက်စိတ်တိုခါ "အထဲမှာလူရှိတယ်"ဟု ပြန်အော်လိုက်သည်နှင့် တံခါးခေါက်သံ ရပ်သွားခါ တခါးကိုလက်သည်းနဲ့ခြစ်သံ ထွက်လာပြန်သည်

သမ္ဗုဒ္ဓေ မကြောက်သော သရဲ

0

Posted by Black Magic | Posted in | Posted on 3:11 PM


သမ္ဗုဒ္ဓေ မကြောက်သော သရဲ
၁၃၅၀ ခုနှစ်ခန့်က ဖြစ်ပါသည်။ ယ္ခုရန်ကုန်တိုင်း ရွှေပြည်သာမြို့(၆) ၁၃ ရပ်ကွက်မှ ဒေါ်တင်တစ်ယောက် -----မြို့ ဆေးရုံကြီး၏ အရေးပေါ်ခန်း တွင်ရောက်လျက် ရှိသည်၊ ရောဂါက

အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ထဲ အကျိတ်အလုံးတည်ခြင်း၊ ရောဂါတစ်ခုပင်။
စိုးရိမ်ရသည့်အတွက် အမြန်ခွဲစိတ်ရမည်ဟု ဆိုကာအရေးပေါ်အခန်းထဲ ထည့်ထားခြင်းပင်။ တစ်ခုခက်နေသည်မှာ ဒေါ်တင်မှာရှိနေသော သွေးတိုးရောဂါပင်။
၎င်းရောဂါကိုအရင်သက်သာအောင် ဆေးစားပြီးစောင့်နေရသည်က နှစ်ရက်သုံးရက်ကြာ သွားသည်။ အရေးပေါ်ခန်းဖြစ်သည့် အတွက်စောင့်ပေးသောညီမမှာ
လည်းအထဲဝင်ခွင့်မရ အခြားနေရာမှသာစောင့်ရရှာသည်။
ညရောက်လာသည်နှင့်ကြောက်စိတ် ကအလိုလိုဝင်လာသည် အားကိုးပြုစရာ ရှာကြည့်တော့ အခန်းထဲတွင် ဘာသာခြားကုလားအမျိုးသမီး တစ်ဦးကိုသာတွေ့
ရသည်၊ ဘာသာရော လူမျိုးပါမတူသဖြင့် တော်တော်နှင့်စကားမပြောဖြစ် သုံးရက်မြောက်နေ့ မနက်တွင်မတော့ ထိုဘာသာခြား အမျိုးသမီးထံမှ ငိုရှိက်သံသဲ့သဲ့
ထွက်လာတော့ ဒေါ်တင်တစ်ယောက်မနေနိင်တော့ မိန်းမချင်းကိုယ်ချင်းစာစိတ်ဖြင့် သွားေ၇ာက်မေးမြန်းမိသည်။
“သြော်-ဒီကညီမ ကျွန်မဘာများ အကူအညီပေးရမလည်းဟင်” သူက“ကျွန်မကို ကယ်နိင်ရင်ကယ်ပါရှင် ကျမနေရမှာ မဟုတ်တော့ပါဘူး” ပြောပြောဆိုဆိုဖြင့်
ဒေါ်တင်ဖက်သို့ လှည့်ကြည့်လိုက်သော ဘာသာခြားအမျိုးသမီးမျက်နှာကို မြင်လိုက်ရသည်နှင့် ဒေါ်တင်တယောက် ထိတ်ခနဲဖြစ်သွားခါ ထရပ်မိတော့သည်
ထရပ်မည်ဆိုလည်း ရပ်စရာပင်။ အဘယ်ကြောင့်ဆိုသော် ဆင်းရက်ပင်ရပြီဖြစ်၍ ကျန်းမာစဖြစ်နေသော ဘာသာခြားအမျိုးသမီးမှာ စိတ်ချမ်းချမ်းသာသာ ၀၀
ဖြိုးဖြိုး တွေ့ရသော်လည်း ယခုမနက်တွင်ကာ အသားအရေများမှာ ယူပစ်လိုက်သကဲ့သို့ တကိုယ်လုံး အရိုးပေါ်အရေတင်သာကျန်ရှာလေတော့သည်၊
ပါးချောင်ကြီးကျပြီး မျက်တွင်ကြီးချိုင့်နေသည်မှာ ကြောက်တက်သူဆိုလျှင် လိပ်ပြာလွင့်လောက်ပေသည်။ သို့သော်မြန်မာလူမျိုးတို့ လက်သုံးကရုဏာတရား
က အကြောက်တရားကိုလွှမ်းမိုးသွားသဖြင့် ခုတင်ဘေးတွင် တင်ပလွှဲထိုင်နေရင်းက ထိုအမျိုးသမီး၏လက်ကိုဆုပ်ကာ အားပေးလိုက်မိသည်။
"ညီမရယ် အားငယ်စရာတွေမပြောပါနဲ့၊ ဆရာဝန်ကြီးကတောင် ညီမကိုဆင်းရက်ရပြီလို့ ပြောသွားတယ်မဟုတ်လား၊ ညီမ ဘာမှဖြစ်စရာမရှိပါဘူး" 
"ညီမနေရဖို့အချိန်သိပ်မရှိပါဘူး၊အစ်မကိုပဲမှာချင်တာမှာခဲ့ပါရစေ၊ နေ့ခင်းညီမအိမ်ကလူတွေလာတဲ့အခါ တစ်ခုလောက်ပြောပေးပါ"
"ပြောလေညီမ ဘာပြောရမလဲ"
"ညီမစုထားတဲ့ငွေကြေးအချို့ကိုကုသိုလ်ပြုပြီး ညီမကိုအမျှပေးကြပါလို့"
"ညီမက ဗုဒ္ဓဘာသာလား"
"ဗုဒ္ဓဘာသာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကုသိုလ်ပြုအမျှဝေတဲ့အခါမှာတော့ ဗုဒ္ဓဘာသာအတိုင်းသာပြုပေးပါလို့ ပြောပေးပါ"
"အေးအေး-အေးအေး ပြောပေးပါ့မယ်ကွယ်"
ထိုအခါ ဒေါ်တင်တစ်ယောက် ပျဉ်းမနားမှ ကုလားသူဌေးကြီးတစ်ယောက်အကြောင်းကို သွားအမှတ်ရမိသည်။၎င်းသူဌေးကြီးမှာ သမီးလေးတစ်ယောက်သာ
ရှိရာ လင်မယားနှစ်ယောက်လုံး ငုံထားမတတ် ချစ်ကြသည်။
တစ်နေ့တွင် သမီးငယ်လေးမှာ ရုတ်တရက် ရောဂါတစ်ခုဖြင့်ဆုံးပါးသွားတော့ရာ သူဌေးကြီးတို့ လင်မယားမှာ ဆောက်တည်ရာမရဖြစ်အောင်ခံစားကြရရှာ
သည်။မကျွတ်ရှာသောသမီးလေးမှာ သေပြီးနောက်တစ်ရက်မှာပင် သူနေသောအခန်းထဲမှ ချိုးချိုးချွတ်ချွတ် အသံပေးခြင်း၊ မိဘနှစ်ပါးသာရှိနေသောအခါတို့တွင်
"ဒယ်ဒီနဲ့မာမီ သမီးကို အ၀တ်အစားတွေပေးပါ" ဟူသော အသံကလေးကို ညတိုင်းကြားနေရသဖြင့် သူတို့ဘာသာထုံးစံအတိုင်း ပြုလုပ်ပေးသော်လည်း သမီးင
ငယ်လေးအသံက ပျောက်ပျက်မသွားပေ။
သို့ဖြင့် မိဘနှစ်ပါးမှာ ကြံရာမရဖြစ်နေစဉ် သစ်လုပ်သားထဲမှ ဗုဒ္ဓဘာသာတစ်ယောက်ကို ဖွင့်ဟတိုင်ပင်ပြီး ဗုဒ္ဓဘာသာနည်းအတိုင်း ရဟန်းသံဃာများပင့်ကာ
ဆွမ်း၊ သင်္ကန်းများလှူပြီး အမျှပေးသောအခါမှ ညတိုင်းကြားနေရသော သမီးငယ်လေး၏ အသံမှာပျောက်သွားခဲ့ပါသည်။ ထိုမှနောက် သူဌေးကြီးတို့ လင်မယား
နှစ်ယောက်မှာလည်း ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းရောက်ရှိလာခဲ့ပါတော့သည်။
ယခုအမျိုးသမီးလဲထိုကဲ့သို့ပင် သဘောပေါက်ထားသောကြောင့် ယခုလိုပြောခိုင်းခြင်း ဖြစ်လိမ့်မည်ဟူ၍ နားလည်ထားလိုက်ပါသည်။
"အစ်မကိုလဲ ကိုယ့်အစ်မအရင်းလိုသဘောထားပြီး တစ်ခုသတိပေးခဲ့ပါရစေ"
"ရှင်-သြော်-ပြောလေ ညီမ၊ ပြောပါ"
ကိုယ့်အတွေးနှင့်ကိုယ် လွင့်မြောနေသောအချိန်မို့ ဒေါ်တင်ထံမှ အာမေဍ္ဍိတ်သံတစ်ခု ထွက်သွားသည်။
"အစ်မ-ညီမ အခုသေရမယ်ဆိုတာ တခြားကြောင့်မဟုတ်ဘူး၊ လူတွေရဲ့ သာမန်မျက်စိနဲ့မမြင်ရနိုင်တဲ့ မကောင်းဆိုးဝါးတွေကြောင့်ပဲ၊အစ်မလဲ ကိုယ့်ဘာသာ
နည်းနဲ့ကိုယ် မကောင်းဆိုးဝါး ဘေးကလွတ်အောင် အကာအကွယ်လုပ်ထားပါ"
"ညီမ ကိုမနေ့ညက (၁၂) နာရီလောက်မှာ အလွန်ကြောက်စရာကောင်းတဲ့ ခေါင်းပြတ်ကြီး ဆယ်လုံးဝိုင်းပြီးလိုက်ကြတယ်၊ ပထမတော့ကိုယ့်ဘာသာနည်း
နဲ့ ကြိုးစားပြီးကာကွယ်ကြည့်သေးတယ်၊ ဘယ်လိုမှမရဘူး၊ မရတဲ့အဆုံးမှာတော့ သူလိုကိုယ်လိုပဲ ထွက်ပြေးရတော့တာပေါ့"
"ဒါပေမယ့် မလွတ်ပါဘူးအစ်မရယ်၊နောက်တော့ ညီမရဲ့ ဟောဒီလက်မလေးကို ခေါင်းပြတ်တစ်လုံးက ကိုက်မိသွားတယ်၊ ဒီမှာသေချာကြည့်ပါ အစ်မ"
ဒေါ်တင်တစ်ယောက် မယုံတစ်ဝက်ယုံတစ်ဝက်မျက်နှာဖြင့် သေချာကြည့်လိုက်တော့ သွားကိုက်ရာလေးဖြင့် သွေးခြေဥနေသော လက်မလေးကို သေသေ
ချာချာ မြင်လိုက်ရသည်။
"ဘုရား-ဘုရား ဘယ်လိုများဖြစ်ကုန်ကြပါလိမ့်" အထိတ်တလန့်ဖြင့် ဘုရားကိုပင် စိတ်ထဲမှာ တ, လိုက်မိသည်။
"ညီမရဲ့ လက်ကိုအကိုက်ခံလိုက်ရကတည်းက ညီမမှာရှိတဲ့ အားတွေ နည်းနည်းမှမကျန်အောင် ထုတ်ယူပစ်သလိုခံစားလိုက်ရတယ်၊ လူလဲအ၀တ်ပုံကြီးလို 
ခွေကျသွားတယ်၊အဲဒီအချိန်မှာပဲ မည်းမည်းအကောင်ကြီးတစ်ကောင်က ညီမကို ဟိုး ကောင်းကင်အမြင့်ကြီးထိ ဖမ်းခေါ်သွားပြီးမှ အောက်မြေပေါ်ကို ပြန်လွှတ်ချ
ပစ်လိုက်တယ်၊ အခုတော့ညီမ အဲ့ဒီဒဏ်နဲ့ပဲသေရတော့မှာပါ၊ ကဲပကဲ- အစ်မလဲ အစ်မနေရာသွားပြီး ကိုယ့်အကာအကွယ်နဲ့ကိုယ်နေပါတော့"
ထိုသို့ပြောဆိုပြီးသည်နှင့် အမျိုးသမီးက စောင်ကို ခေါင်းမြီးခြုံသွားသဖြင့် ဒေါ်တင်တစ်ယောက် ဘာမှဆက်မပြောနိုင်တော့ဘဲ မိမိခုတင်သို့ပြန်ခဲ့ရတော့
သည်။ထိုအချိန်မှာပင် လူနာစောင့်တာဝန်ကျနေသော ဒေါ်တင်၏ညီမအငယ်ဆုံး အခန်းထဲ စားစာရာအချို့နှင့်အတူဝင်လာသည်။
"အစ်မရေ-ကျွန်မ ဆရာဝန်ကြီးနဲ့တွေ့လာတယ်၊ ဆရာဝန်ကြီးကပြောတယ်၊ သွေးတိုးရောဂါ၊ စိတ်ချရမှခွဲမှာဆိုတော့ နောက်သုံးရက်လောက်စောင့်ရဦး
မယ်တဲ့၊ အဲ့ဒီတော့ ခွဲစိတ်မယ့်ရက်မှပဲ ညီမလာတော့မယ်၊ ဒီကြားထဲတော့ ဆေးရုံရှေ့က ထမင်းဆိုင်မှာပဲ အစ်မဘာသာကြည့်စားပေတော့၊ ဆိုင်ကိုလဲမှာထားပါ
တယ်၊အစ်မ လာမစားနိုင်ရင် အခန်းထဲထိ လာပို့ပါလို့၊ ကဲ-ကျွန်မပြန်တော့မယ်၊ အိမ်မှာ ကလေးတွေချည်းဆိုတော့ စိတ်မချရဘူး၊ အစ်မရောဘာမှာချင်သေး
လဲ"
စောင့်ပေးနေသော ညီမက ပြန်သွားတော့မည်ဆိုတော့လဲ အားငယ်စိတ်က အလိုလိုဝင်လာသည်။ သူ့ကိုယ်သူသေမည်ဟု ပြောနေသော အမျိုးသမီးကို 
လှမ်းကြည့်လိုက်တော့ စောင်ခေါင်းမြီးခြုံလျက် တိတ်ဆိတ်ငြိမ်သက်စွာတွေ့ရသောကြောင့် သေများသွားပြီလားဟူသော အတွေးနှင့်အတူ ခန္ဓာကိုယ်မှာ ဆတ်
ကနဲ တစ်ချက်တုန်သွားသည်ကို ကိုယ့်ကိုယ်ကို သတိထားမိလိုက်သည်။
အကြီးဆုံးအစ်မတစ်ယောက်က အငယ်ဆုံးညီမတစ်ယောက်ကို ငါကြောက်လို့မပြန်ပါနဲ့ဟူသောစကားကိုလဲ ပြောရမှာ ရှက်နေသဖြင့် ဘာမှမပြောမိ။
"ကဲပါလေ ပြန်ချင်ပြန်ပါ၊ အစ်မအတွက်ဘာမှပူစရာ မရှိပါဘူး၊ မှာစရာလဲမရှိပါဘူး"
ဒေါ်တင်၏စကားဆုံးသည်နှင့် ညီမဖြစ်သူမှာသိမ်းစရာရှိသော ပစ္စည်းတချို့ကို သိမ်းဆည်း၍ ဆေးရုံဝင်းထဲမှ ထွက်ခွာသွားပါတော့သည်။ ဟိုတွေးဒီတွေး
ဖြင့် အချိန်ကုန်သွားရာ နေ့လယ် (၁၁) နာရီခန့်အချိန်မှာပင် ဘာသာခြား အမျိုးသမီး၏ ဆွေမျိုးများဖြစ်ဟန်တူသော မိန်းမနှစ်ယောက်နှင့်ယောက်ျားတစ်
ယောက်တို့ဝင်လာသည်ကို တွေ့လိုက်ရသည်။
တစ်ခဏအကြာမှာပင် ထိုအမျိုးသမီးခုတင်မှ စူးစူးဝါးဝါး အော်ဟစ်ငိုယိုသံတစ်သံကို ကြားလိုက်ရသည်။
"အမယ်လေးသမီးရဲ့ အဖြစ်ဆိုးလှချည်လား၊ ဆေးရုံကဆင်းခွင့်ရပြီးကာမှ ဘယ်လိုအဖြစ်ဆိုးနဲ့ကြုံရတာလဲကွယ့်၊ ဟဲ့ဟဲ့"
ငိုယိုသံကိုထောက်ဆကြည့်လိုက်လျှင် ထိုအမျိုးသမီး သေဆုံးသည်မှာသေချာနေပေပြီ။ ၄င်း မှာထားသော စကားများကို သတိရလိုက်မိသည်နှင့် ကြောက်
စိတ်ကြောင့် ကြက်သီးများ တဖျန်ဖျန်း ထသွားရင်းဖြင့်ပင်။ ထိုအမျိုးသမိ၏ီး ၏ မှာထားချက်များကို သွား၍ပြောလိုက်ရသေးသည်။ သူတို့တစ်တွေက မယုံသလို
ယုံသလို မျက်နှာပေးတွေနှင့်ကြည့်နေကြသဖြင့် ယုံတာ၊ မယုံတာ သူတို့အလုပ်၊ မှာထားခဲ့သည့်အတိုင်းပြောရမှာ ငါ့အလုပ်ဟု သဘောထားပြီး ပြောပြီးသည်နှင့်
ကိုယ့်နေရာကို အေးအေးဆေးဆေး ပြန်လာခဲ့လိုက်သည်။
ဘာသာခြားအမျိုးသမီး၏ အလောင်းကို ပိတ်ဖြူအုပ်ပြီး ထုတ်ယူသွားသည်နှင့် မြင်ကွင်းက ဒေါ်တင်၏မျက်စိထဲတွင်ဖျောက်မရနိုင်အောင် ဖြစ်နေရသည်။ည
မိုးချုပ်လာသည်နှင့်ကြောက်ရွံ့စိတ်တို့က တဖြည်းဖြည်းများလာသည်။ ကျန်လူနာခန်းများနှင့် အရေးပေါ်ခန်းမှာ ဘာမှဝေးသည်တော့မဟုတ်။
စကားကျယ်ကျယ်ပြောလျှင်ပင် ကြားနိုင်လောက်သော အနေအထားရှိသည်။ချောက်ချားသော စိတ်ကို ဖြေဖျောက်ရင်အလို့ငှာ တခြားအခန်းမှ လူနာများ
ကို သွားရောက်စကားပြောရင်းဖြင့် အချိန်ဖြုန်းနေလိုက်သည်။ သို့သော် ည (၁၀) နာရီခန့်ရှိသောအချိန်တွင်ကား အိပ်ချိန်ရောက်နေပြီဖြစ်သဖြင့် ကိုယ့်နေရာ
ကိုယ် အလိုက်တသိ ပြန်ရေရတော့သည်။
ဘာသာခြားအမျိုးသမီးမှာခဲ့သော "ညီမ အခုသေရမယ် ဆိုတာတခြားကြောင့်မဟုတ်ဘူး၊ လူတွေရဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့မကောင်းဆိုးဝါးတွေ
ကြောင့်ပဲ" ဆိုသည့်စကားလုံးက ဒေါ်တင်၏ စိတ်နှလုံးကို တစ်ညလုံးချောက်ချားစေခဲ့သည်။ဟိုလူး ဒီလှိမ့်ဖြင့် ည (၁၂) နာရီ ထိုးသွားခဲ့လေပြီ။
ထိုအချိန်မှာပင် မိမိအခန်းဆီသို့ တရှပ်ရှပ်ဖြင့်လာနေသော ခြေသံကို ကြားလိုက်ရသ်ဖြင့် ခေါင်းမြီးခြုံထားသော စောင်ကို ဖယ်၍ သေချာစွာကြည့်လိုက်ရာ
ဘာကိုမှ မတွေ့ရ။
ခုတင်ပေါ်တွင် အသီးသီးအိပ်ပျော်နေကြသော လူနာများကိုလည်း မှန်ခန်းစည်းမှ အတိုင်းသားမြင်နေရသည်။ ထူးခြားသည်က ခြေသံကိုကြားနေရသည်။
ခြေသံပိုင်ရှင်ကို မတွေ့ရဖြစ်နေခြင်းပင်။ မိမိနေသော အရေးပေါ်အခန်းဝ၊ လူဝင်တံခါးနားရောက်တော့ ခြေသံက ခဏပျောက်သွားသည်။
လူဝင်တံခါးကလည်းမှန်ကိုသာတပ်ထားသည်မို့ အပြင်ဘက်ကို အထင်းသားမြင်နေရပါသည်။ခဏအကြာမှာပင် လူဝင်တံခါး ရှေ့မိမိအခန်းဝတွင် စုတ်
ပြတ်ပေရေနေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ အေးစက်စက်နှင့် ဖြုဖပ်ဖြူရော်ဖြစ်နေသောမျက်နှာထားကြီးကိုမြင်လိုက်ရသည်နှင့်ဘယ်လိုကဘယ်
လိုဖြစ်သွားသည်မသိ။
ဒေါ်တင်၏ ညာဘက်လက်ညှိုးက ထိုမကောင်းဆိုးဝါးရှိရာ တည့်တည့်ထိုးလျက် သမ္ဗုဒ္ဓေဂါထာတော်ကို နှုတ်တက်ရွရွရွတ်ဆို လျက်ရှိပါတော့သည်။ ဂါ
တာတစ်ခေါက်မဆုံးမီမှာပင် စိတ်ပျက်သောအမူအရာနှင့် ပြန်ထွက်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။
မိမိ၏မြင်ကွင်းမှ ကွယ်ပျောက်သွားသည်နှင့် ဂါထာကို အရွပ်ရပ်ပြီး နေခင်းကမှ သေဆုံးသွားသော ဘာသာခြားအမျိုးသမီး၏ ခုတင်ကိုလှမ်းကြည့်လိုက်မိ
သေးသည်။ ထိုအမျိုးသမီး၏မှာကြားခဲ့သောစကားတို့မှာ သေခါနီး ကယောင်ချောက်ချားထင်မိ ထင်ရာပြောခဲ့ခြင်းမဟုတ်သည်မှာတော့ သေချာနေသည်။
မကောင်းဆိုးဝါးကို မိမိကိုယ်တိုင် တွေ့လိုက်ရပြီမဟုတ်ပါလား။ ဘာမှတော့ သိပ်ကြာလိုက်သည် မထင်ရ။ စောစောက လူဝင်တံခါးမှပင်အဖြူရောင်အ
ဝတ်စသဏ္ဌာန်ကို တွေ့လိုက်ရသလို ရှိသဖြင့် သေသေချာချာစိုက်ကြည့်လိုက်မိသည်။ သေချာသွားလေပြီ။
"မသေခင် ကိုယ့်ဘာသာ သရဏဂုံတင်ထားပြီး စွဲမြဲနေဖို့ပဲ အရေးကြီးတယ်၊ သေပြီးမှ သရဏဂုံတင်နေလို့ကတော့ သေသွားသူအတွက် ဘာမှအကျိုးမရှိ
ဘူး၊ ကျန်ရစ်တဲ့ မိသားစုအတွက်ပဲ အကျိုးရှိတယ်" ဟူသော ဆရာတော်ကြီးများ၏ အဆုံးအမကို သတိရသည်နှင့် ဒေါ်တင်တစ်ယောက်အချည်းအနှီးဖြစ်သော
ရုန်းကန်နေသည့်အလုပ်ကိုရပ်လိုက်ကာ-
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ၊
သံဃာတော်အရှင်မြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဟူ၍ နောက်ဆုံးဆောက်တည်နေခြင်းအနေဖြင့် အာရုံရရွတ်ဆိုဆောက်တည်လိုက်ရာ သရဏဂုံအဆုံးမှာပင် သရဏဂုံသုံးပါ၏

အစွမ်းသတ္တိကို ကိုယ်တွေ့ကြုံလိုက်ရသော ဒေါ်တင်ကတော့ တခြားဘာကိုမှ အာရုံမထားနိုင်တော့ဘဲ သရဏဂုံသုံးပါး
ကိုသာ ဆက်တိုက်ရွတ်ဖတ်သရဇ္ဈာယ်နေတော့ရာ မည်မျှလောက်ကြာသွားသည် မသိတော့။
တာဝန်ကျ သူနာပြုလေးများနှင့် တခြားအခန်းမှ လူနာများအခန်းထဲဝင်လာပြီး ၀ိုင်းဝန်းမေးမြန်းပြုစုတော့မှပင် အရွတ်ရပ်နိုင်ပါတော့သည်။ဘေးကလူ
များကတော့ တခြားဘာကိုမှမမြင်လိုက်ကြ။ သရဏဂုံသုံးပါးကို ပက်လက်ကြီးလှန်၊ လက်အုပ်ချီပြီး အသံကျယ် ကြီးဖြင့် ဆက်တိုက်ရွတ်ဖတ်နေသောကြောင့်
သာ အထူးအဆန်း ဖြစ်ပြီး ၀င်ရောက်မေးမြန်းကြခြင်းဖြစ်သည်။
ထိုရက်မှနောက်တွင်ကား ၄င်းအခန်းထဲတွင် မကောင်းဆိုးဝါး အန္တရာယ် လုံးဝကင်းရှင်းသွားကြောင်း၊ သူကိုယ်တိုင်လည်း ခွဲစိတ်ပြီးသည်အထိနေခဲ့
သော်လည်း ဘာအနှောင့်အယှက်မှ ထပ်မတွေ့တော့ကြောင်းကို ၀မ်းသာအားရ ပြောပြခဲ့ပါသညါ။ စာရှုသူအပေါင်းလည်း သရဏဂုံအစွမ်းဖြင့် မကောင်းဆိုးဝါး
အန္တရာယ်မှကင်းဝေးကြပါစေသော်/

(အရှင်ဇ၀နရေးသော သရဏဂုံအစွမ်းစာအုပ်မှဖေါ်ပြသည်)
(၀ိဇ္ဇာစရဏသမ္ပတော)



Credit-buddhaworld


၁၃၅၀ ခုနှစ်ခန့်က ဖြစ်ပါသည်။ ယ္ခုရန်ကုန်တိုင်း ရွှေပြည်သာမြို့(၆) ၁၃ ရပ်ကွက်မှ ဒေါ်တင်တစ်ယောက် -----မြို့ ဆေးရုံကြီး၏ အရေးပေါ်ခန်း တွင်ရောက်လျက် ရှိသည်၊ ရောဂါက အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ထဲ အကျိတ်အလုံး တည်ခြင်း၊ ရောဂါတစ်ခုပင်။

အသတ်ခံရသူ အမျိုးသမီးက အိပ်မက်ပေး အလောင်းနေရာ ပြ

0

Posted by Black Magic | Posted in , , , | Posted on 11:04 PM


  
ရန်ကုန်၊ ဒီဇင်ဘာ ၄ လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက အိပ်မက်ပေးကာ ရှာဖွေခိုင်းသော ၎င်း၏ ရုပ်အလောင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး ပျောက်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ ကျေးရွာအုပ်စုရှိ ရဲသုခ စိုက်ပျိုးရေးခြံတွင် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းက အသက် ၂၃ နှစ်အရွယ် မချိုနွယ်ဝင်း (ခ) ကတုံးမသည် အမှတ် (၁) ကျေးရွာသို့ ဈေးဝယ်သွားရာမှ နေအိမ် သို့ ပြန်မလာသဖြင့် ခင်ပွန်း ဖြစ်သူက အောက်တိုဘာလ ၂၆ ရက်နေ့တွင် လူပျောက် တိုင်ချက်ဖွင့်ကာ ရှာဖွေနေခဲ့ကြောင်း၊ ကိုးရက်မြောက်နေ့တွင် ပျောက်ဆုံးသူ အမျိုးသမီး လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးရေးခြံမှ အမျိုးသမီး အလုပ်သမားတစ်ဦးကို ၎င်း၏ အလောင်း ရှိသည့်နေရာ အိပ်မက် ပေးခဲ့သောကြောင့် သွားရောက် ရှာဖွေခဲ့ကြောင်း၊ ယင်းနေရာ၌ ပုပ်ပွကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် မချိုနွယ်ဝင်း၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုကို ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးစဉ် မသင်္ကာဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ နေအိမ်မှ ဈေးဝယ်အသွား ကိုးရက်ကြာ ပျောက်ဆုံးနေခဲ့သော သေဆုံး ခဲ့သူ၏ ရုပ်အလောင်းကို ငါးဆူတောင်အုပ်စု ဧက ၁၀၀ ခြံအတွင်းရှိ လျှိုအဆင်းတွင် ပုပ်ပွလျက် တွေ့ရှိခဲ့ကြောင်း၊ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ညာဘက် ဝမ်းဗိုက်အောက်အတွင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ကို တွေ့ရှိခဲ့ကြောင်း၊ အလောင်းကို လှည်းကူး ဆေးရုံသို့ ပို့ဆောင်ပြီး စစ်ဆေးခဲ့ရာ ဆေးစာအရ မသေဆုံးမီ အဓမ္မကျင့် ခံခဲ့သည်ကို တွေ့ရှိရကြောင်း လူသတ်မှု ဖြစ်ပွားခဲ့သော နေရာအနီးတွင် ရှိသည့် မယ်ဇလီကုန်း ကျေးရွာတွင် နေထိုင်သူ အချို့ထံမှ သိရှိရသည်။ သေဆုံးသူ အမျိုးသမီးသည် တစ်ခြံတည်း အလုပ်လုပ်ကိုင်သူ အလုပ်သမားများနှင့် ဆက်ဆံရေး အဆင်ပြေသော်လည်း လွန်ခဲ့သော တစ်လခန့်က ခြံကပ်လျက်တွင် အလုပ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးနှင့် ငွေကြေးကိစ္စ စကားများခဲ့ ဖူးကြောင်း ရဲသုခ စိုက်ပျိုးရေးခြံ အလုပ်သမားများထံမှ သိရှိခဲ့ရပြီး၊ ယင်းလူသတ်မှုနှင့် ဆက်နွှယ်နိုင်သဖြင့် မသင်္ကာ၍ ဖမ်းဆီးခဲ့သူ အမျိုးသားသုံးဦးမှာ အဆိုပါ ခြံကပ်လျက် စိုက်ပျိုးရေးခြံတွင် လုပ်ကိုင်သူများ ဖြစ်ကြောင်း မဲဇလီကုန်း ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ လူသတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း၏ အသေးစိတ် အချက်အလက်ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ကျ ရဲအရာရှိက စစ်ဆေးဆဲ ကာလတွင် မဖြေပေးနိုင်ကြောင်း ပြောကြားသည်။ အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့နှင့် လှည်းကူးမြို့မ ရဲတပ်ဖွဲ့တို့က ပတ်ဝန်းကျင်ကို စုံစမ်းခဲ့ရာမှ ကိုကိုလင်း၊ ကျော်သူစိုး၊ ရွှေသိန်းတို့ သုံးဦးကို သံသယ ရှိသောကြောင့် ခေါ်ယူ စစ်ဆေးရာမှ ၎င်းတို့က ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ယခင်စစ်ဆေးခဲ့သော ပုဒ်မ ၃၀၂ အစား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပုဒ်မ ၃၀၂ မှ ပုဒ်မ ၃၀၂/၃၇၆ ဖြင့် ပြောင်းလဲ စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

Share From The Voice Weekly

Security

0

Posted by Black Magic | Posted in | Posted on 1:18 AM



ပုဏ္ဍက

0

Posted by Black Magic | Posted in , | Posted on 8:50 PM





၉၉၇ ခုနှစ်လား၊ ၁၉၉၈ ခုနှစ်လား သိပ်တော့ မသေချာတော့ပါ၊ ၁၉၉၇ ခုနှစ် ဖြစ်ဖို့ များပါတယ်။

ရန်ကုန်၊ စမ်းချောင်း မြေနီကုန်းမီးပွိုင့် လမ်းဆုံက တီဗွီအရောင်းဆိုင်တစ်ခုမှာ ပုဏ္ဍက တိုက်တယ်ဆိုတဲ့ 

ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီအကြောင်းကို လူ အတော်များများ မှတ်မိကြ၊ သိကြမှာပါ။

ရန်ကုန်မြို့ထဲက လူတွေ မြေနီကုန်း မီးပွိုင့်က အဲဒီ ပုဏ္ဍကတိုက်တယ်ဆိုတဲ့ တီဗွီအရောင်းဆိုင်ကို 


လာကြည့်တာ ဘယ်လောက်တောင် များသလဲ ဆိုရင် လမ်းနံဘေးမှာ ဈေးသည်တွေတောင် စည်ပင်ရဲက 

မနည်း မောင်းထုတ်ရပါတယ်။ ရပ်ကွက်

ထဲက ငယ်သူငယ်ချင်းတွေနဲ့ အဲဒီနားကို သုံး၊ လေးခေါက်နီးပါး သွား စပ်စုခဲ့ပါတယ်။ ပထမနဲ့ ဒုတိယ 

အခေါက်တွေတုန်း

ကတော့ ပိတ်ထားတဲ့ အခန်းတံခါးကို တဒုန်းဒုန်းနဲ့ ထုပြီး အခန်းထဲက ပုဏ္ဍက သရဲကို လှမ်းအော်ပြီး စ’

လိုက်၊ ထွက်ပြေးလိုက်နဲ့

ပျော်စရာပါ။ နောက် အခေါက်တွေကြတော့ လုံထိန်းရဲတွေ ချထားလို့ အဲဒီ တီဗွီအရောင်းဆိုင်နံဘေးကို 


ကပ်လို့ မရတော့ပါဘူး။

ပထမတော့ ရိုးရိုးသရဲပါ၊ နောက်တော့ ၈၈ တုန်းက သေဆုံးခဲ့သူတွေရဲ့ ၀ိညာဉ်တွေ 


ခြောက်လန့်တယ်ဆိုတဲ့ အသံတွေပါ ရောထွက်လာတော့ စစ်အစိုးရလည်း စစ်တပ်ကို နေ့ရော ညပါ 

အစောင့်ချထားရတဲ့ VIP ပုဏ္ဍက သရဲ ဖြစ်လာပါတယ်။ ကျနော့် သူငယ်ချင်းတချို့က အဲဒီအနားတ၀ိုက်မှာ 

နေထိုင်လို့ သူတို့ဆီမှ တဆင့် သတင်းတချို့ ကြားရပါတယ်။ တီဗွီအရောင်းဆိုင်ရဲ့ ဆက်ဆံရေးကြောင့် 

ပြဿနာဖြစ်ပွားခဲ့တယ်လို့ ပြောကြပါတယ်။

တနေ့တော့ တီဗွီဆိုင်ကို ဘိုးတော်လိုလို၊ ရသေ့လိုလို ပုဂ္ဂိုလ်တစ်ဦးတီဗွီ လာဝယ်ပါတယ်။ ဆိုင်အနေနဲ့ 

လာဝယ်သူကို ဘောင်ချာပေးပါတယ်။ တစုံတရာ ပျက်စီးမှု၊ ချို့ယွင်းမှု ဖြစ်ခဲ့ရင် အဲဒီဈေးဝယ်ဘောင်ချာနဲ့ 

အမြန်ဆုံး လာပြန်ပို့ပေးဖို့၊ ဆိုင်အနေနဲ့လည်း ပြင်ပေးတာတို့၊ အသစ်နဲ့ လဲပေးတာတို့ လုပ်ပေးမှာ 

ဖြစ်ကြောင်း ပြောလိုက်ပါတယ်။ နောက် တစ်လလောက် အကြာမှာ အဲဒီ ဈေးဝယ်တဲ့ ပုဂ္ဂိုလ်ဆိုင်ကို 

ပြန်ရောက်လာပါတယ်။ သူ့လက်ထဲမှာ တီဗွီတစ်လုံးကို သယ်လာပါတယ်။ ဒီဆိုင်မှာ 

ဝယ်ထားတာဖြစ်ကြောင်း၊ ကြည့်ရူရာမှာ တီဗွီပေါ်မှာ အစင်းစင်း လိုင်းကြောင်းတွေနဲ့ 

ကြည့်မကောင်းကြောင်းပြောပါတယ်။ ဒါနဲ့ ဆိုင်က ၀န်ထမ်းဖြစ်သူက ဘောင်ချာပြဖို့ပြောတော့ သူ့ထံမှာ 

ဘောင်ချာ မရှိတော့ကြောင်း၊ ပျောက်ဆုံးသွားပြီးဖြစ်ကြောင်း ပြောပါတယ်။


တီဗွီဆိုင်က ၀န်ထမ်းလည်း ဆိုင်စည်းကမ်းအရ ဘောင်ချာမပါတဲ့ ပစ္စည်းကို တာဝန်မယူနိုင်ကြောင်း 


ပြောပါတယ်။ အဲလိုပြောလိုက်တော့ အဲဒီပုဂ္ဂိုလ်က “မင်းတို့ဆိုင် ငါ့အကြောင်း၊ကောင်းကောင်း 

သိစေရမယ်” လို့ ကြိမ်းဝါးပြီး ပြန်သွားပါတယ်။

အဲဒီနောက်တော့ ဇာတ်လမ်း စ’ပါတော့တယ်။ နေ့ခင်းဖက်ဆိုင်ထဲမှာ ဈေးဝယ်သူရော၊ ဆိုင်ကလူတွေရော 


အစုံအလင်ရှိနေချိန်မှာ နောက်ခန်းထဲမှာ ရှိတဲ့ ရေခဲသေတ္တာဟာ အလိုအလျှောက် ပွင့်သွားပြီး အထဲက 

အမောပြေသောက်တဲ့အအေး ပုလင်းတွေ လေထဲမှာ လွင့်ပြီး ပြစ်ပေါက်သလို ဖြစ်လာပါတယ်။ 

ပထမ စ’ဖြစ်တဲ့ ရက်က သိပ်မဆိုးသေးပါဘူး၊ ဒါနဲ့ထုံးစံအတိုင်း ဘာသာရေးအရ အမျှအတန်း 

ပေးဝေတာတွေလုပ်ကြပါတယ်။ အဲဒီနောက်တော့ ပိုကြမ်းလာပါတယ်။ ညဖက်မှာ စောင့်အိပ်ရတဲ့ 

အစောင့်လည်း ညဖက်ကြီး အခန်းထဲကနေထွက်ပြေးရတဲ့အထိ ဖြစ်လာပါတယ်။

ဒါနဲ့ သတင်းကို ဖုံးဖုံးဖိဖိ လုပ်ကြပါတယ်။ ဆိုင်ကို ခဏပိတ်ပြီးထားလိုက်ပါတယ်။ အခန်းထဲမှာ နေ့ရော 


ညပါ တ၀ုန်းဝုန်း ဖြစ်သံတွေကို အရှေ့က ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သွားတဲ့လူတောင် 

ကြားရတဲ့အထိ ဖြစ်လာတော့ သတင်းက ထိန်းထားလို့မရတောပါဘူး၊ ဒါနဲ့ တမြို့လုံး ပွဲကြည့်သလို 

လာကြည့်တဲ့ အဖြစ်ကို ရောက်သွားပါတယ်။ နောက် နှစ်လလောက် အကြာမှာ

ပြဿနာ ပြေလည်သွားတယ်လို့ သိရပါတယ်။ ဘယ်လို ပြေလည်သွားသလဲလို့ မေးကြည့်တော့ 


တစ်ယောက် တမျိုးစီ ပြောကြပါတယ်။ အများစု ပြောသံကတော့ အခန်းကို ပြန်ပြီး သန့်ရှင်းရေးလုပ်တော့

ဖယောင်းတိုင် အတိုအစတွေ အများကြီး တွေ့ရတယ်လို့ ပြောပါတယ်။ အဲဒီ ဖယောင်းတိုင်တွေရဲ့ 


အပေါ်မှာအင်းကွက် ပုံစံ ရေးခြစ်ထားတယ်လို့ ပြောကြပါတယ်။ တချို့ပြောပုံကတော့ အဲဒီ 

တီဗွီအရောင်းဆိုင်ကို အစိုးရနဲ့ နီးစပ်တဲ့စီးပွားရေးသမားအချို့က ပြန်ဝယ်ချင်တာကို ကြည်ကြည်ဖြူဖြူ

ပြန်မရောင်းတာကြောင့် အောက်လမ်းဆရာတချို့နဲ့ ပေါင်းပြီးအဲဒီလို ပုဏ္ဍက တိုက်အောင် စီရင်တာ 


ဖြစ်နိုင်ကြောင်း ပြောကြတဲ့ လူတွေလည်း ရှိပါတယ်။

အဲဒီဆိုင်ရဲ့ အခြေအနေဆိုးကို ပြေလည်အောင် ဖြေရှင်းပေးသူဘယ်သူဘယ်ဝါဆိုတာကိုတော့ ယနေ့အထိ 


မသိသေးပါ။

(စာကြွင်း။    ။ ဒီ Postကို Facebook ကနေကူးလာတာပါ..၊ အောက်က ပေးထားတဲ့ Comment တွေအရ 

အရင်က ဆိုင်နာမည်ကတော့ ရွှေမြေ ဖြစ်ပြီး အခုတော့ အဲဒီနေရာဟာ အခု iPay (နတ်ပိုက်ဆံ) 

ဖွင့်ထားတဲ့နေရာလို့သိရပါတယ်..၊)

Credit to သဘာဝလွန်ဖြစ်ရပ်ဆန်းများ

ဝဥာဉ်ချစ်သူ ကလဲ့စား

0

Posted by Black Magic | Posted in | Posted on 2:33 AM

တောင်ပိုင်း ကမ်းခြေဘက်မှ ရွာကြီးတစ်ရွာတွင် မုဆိုးမတစ်ယောက်နှင့် သမီးနှစ်ယောက်ရှိခဲ့ဖူးသည်။ သူတို့ သည် ရွာနီးချုပ်စပ်မှနေအိမ်များနှင့် ကင်းလျက် သီးခြားကမ္ဘာမှာနေထိုင်ကြသလိုပင် ရှိသည်။တောထူသည်၊ချောက်ကမ်းပါးရှိသည်၊သူတို့ ခြံကျယ်ကြီးနှင့်တစ်မိုင်အကွာတွင်ရေတံခွန်ကြီးတစ်ခုက
တဟဲဟဲနှင့်ကျဆင်းနေသည်။သည်လိုလူဝေးသူဝေးအရပ်တခုမှာနေထိုင်ရသည်မို့ လည်းညီအမနှစ်ယောက်သည်ပို၍စည်းလုံးကြသည်။မေရီသည်သူ့ ညီမထက်ရုပ်ရည်ပိုလို့ ချောမောမှုရှိသည်။ဆွဲဆောင်ညှို့ ငင်နိုင်သောအလှအပမျိုးပင်ဖြစ်သည်။ထို့ ကြောင့်ယောင်္ကျားသားတို့ ဝိုင်းဝိုင်းလည်နေသည်။ပို၍သဲသဲမဲမဲကြိုက်နေသူယောင်္ကျားနှစ်ဦးရှိသည်၊တစ်ယောက်၏အမည်မှာဂျွန်ဘော်ဒနေးပင်ဖြစ်သည်။

သူသည်ဘ၀ကိုကြိုးစားပြီးတည်ဆောက်နေသူလဲဖြစ်သည်။ကြိုးစားမှုကြီးမားသည်၊
စိတ်အားတက်ကြွမှုအမြဲရှိသည်၊ထို့ ကြောင့်မို့ သဲသဲမဲမဲကြိုက်နေသူနှစ်ယောက်အနက်က
ဂျွန်ဘော်ဒနေးသည်အချောအလှပဂေးမေရီ၏နှလုံးသားကိုစိုးမိုးနိုင်ခွင့်ရသွားခဲ့၏။
သို့ ဖြစ်၍လက်ထပ်ကြဖို့ စီစဉ်ရမည့်နေ့ ရက်သို့ နီးကပ်လာခဲ့လေသည်။ဂျွန်ဘော်ဒနေးမပေါ်လာသေး။
မေရီကစာတစ်စောင်ရေးသားပြီးမိမိတို့ ၏ထိမ်းမြားဖို့ ကိစ္စကိုကြေငြာခိုင်းသည်။
သို့ သော်ဂျွန်ဘော်ဒနေး၏ပြန်ကြားစာကတော့ရောက်လာခြင်း မရှိပါလေ။ လက်ထပ်မည့်နေ့ ရက်မတိုင်မီတစ်ရက်ဖြစ်သည်။ထိုနေ့ ညကမေရီ၏ညီမအယ်လင်သည်
သစ်တောထဲ၌သဖန်းရွက်များကိုထုံးစံအတိုင်းကောက်နေ၏။အဲဒီအခိုက်မှာပင်တရှဲရှဲမြည်သံလို
သဲ့သဲ့ကြားလိုက် သည်။

အနောက်ဘက်သို့ ဆတ်ခနဲခေါင်းလှည့်အကြည့်တွင်သူမ၏ခဲအိုလောင်း ဂျွန်ဘော်ဒနေး ၏ လူရိပ်သဏ္ဍာန်လှုပ်ရှားသွားလာခြင်းကို ရိုးတိုးရိပ် တိတ်မြင်လိုက်ရသည်။ သို့ သော်….ဆည်းဆာနေရောင်ကညှိုးလျော်နေပြီမို့ အရိပ်ကိုသိပ်မသဲကွဲလိုက်၊
ဂျွန်ဘော်ဒနေးအားလှမ်းမြင်လိုက်ဟန်ရှိပေမဲ့ရုတ်ချည်းကွယ်ပျောက်သွားသည်။
အိမ်ပြန်ရောက်တော့ထိုအကြောင်းကိုအစ်မဖြစ်သူမေရီအားအသိပေးဖြစ်သည်။
သို့ ရာတွင်ယင်းကိစ္စကိုသိပ်အလေးအနက်မထားဖြစ်ဘဲဂျွန်ဘော်ဒနေးတစ်ယောက်တကယ်ပဲ
လူဘ၀မှာမရှိတော့ပဲဝိညာဉ်ဘ၀သို့ ကူးပြောင်းသွားခဲ့လေပြီလား။ထိုသို့ လည်းလုံးဝမဖြစ်နိုင်ပေ။ ညီအစ်မနှစ်ယောက်မှာမေ့မေ့ပျောက်ပျောက်ပင်နေလိုက်ကြသည်။ဤသို့ ဖြင့်နောက်တစ်နေ့ တွင်
ထိမ်းမြားခြင်းကိစ္စစတင်ကျင်းပဖို့ စီစဉ်ကြသည်။တကယ်တော့ထိမ်းမြားမင်္ဂလာမစတင်မီမေရီအဖို့ 
မင်္ဂလာသတို့ သားနှင့်တွဲသွားတွဲလာပြုလုပ်ရပေမည်။

သို့တိုင်ဂျွန်ကတော့ပေါ်မလာခဲ့ပြီ။မေရီသည်ခြံထဲကစိုက်ခင်းကိုဆင်းရသည့်လှေကားရှိရာအထပ်မှ
လသာဆောင်တွင်ညီမအယ်လင်နှင့်အတူထိုင်ဖြစ်ခဲ့သည်။
အယ်လင်နှင့်စကားစမြည်ပြောဖို့ ကြံရွယ်သော်လည်းစိတ်လှုပ်ရှားမှုများကစကားပြောလိုစိတ်မရှိအောင်
ငြီးငွေ့ စိတ်ဖြစ်လာသည်။
-- "ကဲ..အယ်လင်..ညီမ..မမဒီမှာတစ်ယောက်တည်းအေးအေးဆေးဆေးနေခြင်လို့ ညီမသွား တော့နော်"
အယ်လင်သည်အစ်မမေရီအားတစ်ယောက်ထီးတည်းချန်ခဲ့ကာအောက်ထပ်ဆီသို့ ပြန်ဆင်းခဲ့လေသည်။
ပြီးနောက်မကြာမီ ရောက်လာ ပေတော့မည့်ဧည့်သည်တွေကိုထိုင်စောင့်၏။
နာရီဝက်သာ ကြာသွားသည်၊မေရီသည်အောက်သို့ ဆင်းလာခြင်းမရှိပြီ။အယ်လင်စိတ်ထဲ မှာတခုခုကိုအလိုမကျသလိုဖြစ်လာ၍အစ်မမေရီရှိရာအပေါ်ထပ်ဆီသို့ ပြန်တက်ခဲ့သည်။

မေရီကိုမတွေ့ ရ၊အိပ်ခန်းထဲရောက်နေမည်အထင်နှင့်သွားကြည့်တော့အထဲက
လော့ချ သော့ခတ်ထားသည်ကိုသာတွေ့ လိုက်ရသည်။
--"အစ်မမေရီ.. အစ်မမေရီ"
 လှုပ်လှုပ်ပုတ်ပုတ်ခေါ်၏။သို့ သော်အခန်းအတွင်းထဲမှမည်သည့် အသံမျှမကြားရ၊ကျယ်ကျယ်ခေါ်ကြည့်သည်။ပြန်မထူး၊အယ်လင်ပူပန်ထိတ် လန့် သွားသည်။သို့ ဖြင့်အောက်ထပ်သို့ ပြေးဆင်းသွားမိသည်။ မိခင်ကြီးကိုသွားအသိပေးမိသည်။ အိမ်တစ်အိမ်လုံးတွင်မေရီပျောက် ရှာပုံတော်ဖွင့်ကြသည်။ပိုက်စိတ်တိုက်ရှာကြသည်။သို့ သော်မေရီ၏ အရိပ်အယောင်မျှပင်မတွေ့ ရဘဲရှိသည်။

ခြံထဲဆင်းရှာ၏။နှင်းဆီခင်းကြီးကပကတိငြိမ်ချက်သားကောင်းလှ၏။
မေရီ၏အရိပ်အယောင်ကိုစိုးစဉ်းမျှမတွေ့ ရပါ။ထိုနေ့ ကအစပြု၍နောက်ရက် .နောက်ရက်တွေပါရှာဖွေမှုကိစ္စတွေကိုပိုမိုတိုးမြှင့်၍ပြုလုပ်ခဲ့ကြသည်။
နောက်ဆုံးရဲတွေကိုအိမ်ဝင်းအတွင်းရှင်းလင်းကြသည့်အခါအကူအညီတောင်းရသည့်အခြေအနေသို့ ဆိုက်ရောက်သွားသည်။မြို့ လုံးပတ်လည်အနှံ့ ထောက်လှမ်းကြ၊စုံစမ်းကြနှင့်ရွာစဉ်ခုနှစ်မျှင် တန်း ခြေရာကောက်၍ သဲလွန်စရယူတာမျိုးတွေပါလုပ်ဖြစ်ကြသည်။မေရီကားမြေလျှိုး၍မိုးပျံသွား လေပြီလား။
ထူးထူးဆန်းဆန်းပင်ပျောက်ခြင်းမလှပျောက်နေသည်။သို့ ဖြင့်လများမှသည်နှစ်များပင်တိုင်ခဲ့သည်။
ထိုအချိန်အတောအတွင်းမေရီ၏မိခင်မုဆိုးမကြီးသည်လည်းသေဆုံးသွားသည်၊မေရီနှင့်မညားဖြစ်လိုက်ရသည့် သတို့ သားခမျာလဲရောဂါတစ်ခုကြောင့်ကွယ်လွန်သွားကြောင်းသတင်းကြားလိုက်ရပြန်သည်။
ထိုအိမ်ကြီးတွင်ကျန်ခဲ့သူများမှာအယ်လင်နှင့် အိမ်ဖော်အဖိုးကြီးတို့ ပင်ဖြစ်သည်။

ဆောင်းကာလတစ်ခုတွင်လေပြင်းမုန်တိုင်းတစ်ခုပြင်းထန်စွာတိုက်ခတ်သည်။
အဘယ်မျှပြင်းထန်သည်ဆိုသော်မြေပြင်မှသစ်ပင်ကြီးများပင်လဲပြိုစေခဲ့သည်။
လေနှင့်အတူရေတံခွန်ဆီကတဟဲဟဲကျရောက်နေသောရေတို့ ပင်အယ်လင်တို့ အိမ်ဘက်သို့ လွင့်ဝဲလာကြသည်။
လေမုန်တိုင်းကျပြီး နောက်တနေ့ နံနက်တွင်သန့် ရှင်းရေးအလုပ်သမားများသစ်ပင်အကျိုးအပဲ့ တွေရှင်းလင်းရန်
ရောက်လာကြသည်။ကျွန်းပင်ကြီးများနှင့်ကျောက်တုန်းများပိလျက်ရှိနေသည့်လက်တစ်ဖက်၏
အရိုးခြောက်တွေကိုသွားဖော်မိလိုက်ကြ သည်။ ထူးဆန်းသည်ကလက်သူကြွယ်ရိုးချောင်းတွင်လက်ထပ်လက်စွပ် ကလေးစွပ်ထားလျက်ပင်။နောက်တစ်ချောင်းတွင်ကျောက်နီလက်စွပ်ကွင်း တစ်ကွင်းသွားတွေ့ ခဲ့ရခြင်းပင်ဖြစ်သည်။ထပ်မံ၍ရှေးဆက်ရှာဖွေမှုပြုလုပ်ခဲ့ရာ ကိုယ်ခန္ဒာတစ်ခု၏အရိုးအိမ်ကိုပါတွေ့ ခဲ့ရပြန်သည်။

ခြောက်ကပ်နေသည့် အရိုးချောင်းတွေတွင်အကြွင်းအကျန်အ၀တ်စလေးများ တွယ်ကပ်နေသည်။ကျောက်နီလက်စွပ်ကလေးနှင့်စေ့စပ်လက်စွပ်တို့ ကိုမေရီထိမ်းမြားစဉ်နေ့ ရက်တုန်းက
ဝတ်ဆင်ခဲ့သေးကြောင်းအယ်လင်က၀န်ခံပြောဆိုခဲ့၏။အရိုးတွေကိုချာ့ခ်ျကျောင်းထဲကင်္သချိုင်းမြေတွင်ပင်
င်္သဂြိုလ်ခြင်းပြုကြသည်။အစ်မ၏အရိုးအိမ်အစုအဝေးကိုမြင်လိုက်မိသောအယ်လင်မှာလဲရုတ်တရက်
စိတ်အကြီးအကျယ်ထိခိုက်မိသွားရာကနှစ်ပတ်သုံးပတ်အကြာအထိသေအံ့မူးမူးဘ၀နှင့်
အိပ်ရာပေါ်မှာလဲခဲ့ရတော့သည်။ အယ်လင်ကသူ့ အစ်မ၏လက်စွပ်ကိုဖန်ဗူးတစ်ခုထဲထည့်သိမ်းထားပြီးမှ အိမ်ဖော်အဖိုးကြီးအားသေသေချာချာအပ်နှံသည်။တစ်လခန့် အကြာတွင်သူ့ အစ်မမေရီ၏စိတ်ဖြင့်ပင်
အယ်လင်ဆုံးပါးသွားပါသည်။အိမ်ဖော်အဖိုးကြီးကမေရီ၏လက်စွပ်ကိုထူးဆန်းသောပစ္စည်းအဖြစ်
ပြတိုက်တစ်ခုသို့ ပေးအပ်ခဲ့လေသည်။တညနေတွင်ဖြစ်သည်။

ကုတ်အင်္ကျီကြီးကိုဖားဖားလျားလျားဝတ်ဆင်ထားပြီးကက်ဦးထုပ်ကို မျက်နှာအုပ်ငိုက်ဆောင်းထားသောလူစိမ်းတစ်ယောက်အရက်ဆိုင်ထဲဝင်ရောက်လာသည်။
အရက်ဆိုင်ရှင်ကအရက်ငှဲ့ နေရင်းကပင်သူ့ ဖောက်သည် တစ်ယောက်အား--
---"ဒီညကတော့ဗျာ၊ဟိုတခါဝက်သစ်ချပင်တွေတောင်လဲကျ အောင်တိုက်ခတ်တဲ့မုန်တိုင်းဆန်တဲ့
ဆောင်းညလိုပါပဲဗျာ"
--"ဟုတ်ပါရဲ့ ..အဲဒီညတုန်းကတိုက်လိုက်တဲ့လေများ မြေကြီးတွေ၊ကျောက်တုန်းကြီး တွေအောက်
 မြှုပ်ဝှက်ထားတဲ့ကြောက်စရာအရိုးတွေတောင်အပေါ်ကြွတက်စေတဲ့အထိပြင်းထန်လွန်းပါရဲ့ ဗျာ"
ထိုအခါလူစိမ်းကအံ့သြဟန်နှင့်
- "ဘယ်လိုအရိုးတွေမို့ လို့ လဲဗျ "  ဟု အခန်းထောင့်ကနေ၍လှမ်းမေးသည်။ပြောရင်တော့ဇာတ်လမ်းရှည်ကြီးပဲဗျ၊
အခုထိလက်သည်တရားခံမပေါ်သေးလို့ လက်စွပ်နဲ့ လက်ရိုးတွေကိုတောင်အခုထိ
ပြတိုက်မှာပြထားဆဲရှိသေးတယ်။)

အရက်ဆိုင်ရှင်၏စကားကိုထိုလူစိမ်းစိတ်ဝင်စားပုံရသည်။စူးစိုက်ကြည့်နေလျက်ကထိုလူစိမ်းသည်
ရုတ်တရက်ဆိုသလိုနောက်ကိုလန်၍နံရံမှာကျောကပ်မိသွားရ၏။
ခဏအကြာမှာပဲလှုပ်ရှားနေသောစိတ်တွေကိုပြန်ထိန်းနိုင်သွား၏။
သူဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည့်ဟန်နှင့်ခန္ဒာကိုယ်ကိုမတ်မတ်ရပ်လိုက်သည်။
နောက်ပြီးသူ့ ရင်တွင်းမှစကားတို့ ပွင့်အံလာ၏။သူသည်မေရီအားယူရမည် ကို ရှောင်တိမ်း ခဲ့သောသတို့ သားဂျွန်ဘော်ဒနေးပင်ဖြစ်ကြောင်း၊ သူသည်လူသတ်တရားခံပင်ဖြစ်ကြောင်းနှင့်တရားရုံးသို့ ပို့ ပေးဖို့ အားလုံးထံတောင်းခံခဲ့လေသည်။

သူထိုသို့ ပြုရခြင်းမှာမေရီသည်တစ်ယောက်သူနှင့်ဖောက်ပြန်နေသည်ဟု သံသယ၀င်ခဲ့ရာမှအစအထင်မှားပြီးလက်ထပ်ထိမ်းမြားမည့်ကိစ္စကိုရှောင်တိမ်းခဲ့ကြောင်း၊
ပြီးနောက်မင်္ဂလာနေ့ မြတ်ရက်တွင်တစ်ယောက်တည်း တိတ်တဆိတ်ခြံထဲဝင်ခဲ့သည်။ထို့ နောက်လှေကားမှတက်ခဲ့ပြီးမေရီ အားတစ်ယောက်ချင်းတွေ့ ၍အပြတ်ရှင်းမိပြီးရေတံခွန်ဘက်သို့ သယ်ယူမိကြောင်းဖွင့်ဆိုသည်။
သို့ နှင့်ရေတံခွန်နားအရောက်မေရီသေခြင်းမဟုတ်ဘဲမေ့မြောနေခြင်းသာဖြစ်လျက်ပြန်သတိရလာပြီး
မိမိနှင့်ရုန်းကန်တိုက်ခိုက်ခဲ့ကြောင်း။သို့ နှင့်ချောက်ကမ်းပါးထဲသို့ တွန်းချမိလိုက်ကြောင်း၊
နောက်မှပြန်သတိရပြီးမေရီ၏အလောင်းကောင်ကိုဘယ်သူမှမမြင်အောင်
ကျောက်ဆောင်တွေနှင့်သစ်ပင်မြေကြီးတွေအောက်ထဲမြှုပ်၍ဖျောက်ဖျက်ခဲ့ရ ကြောင်း။

ထို့ နောက်ထိုနေရာမှအပြီးအပိုင်လစ်ပြေးခဲ့ကြောင်းတွေကိုဝန်ခံချက် ပေးပါတော့သည်။

မည်သို့ ဆိုစေ…ဂျွန်ဘော်ဒနေးဤအရပ်သို့ တစ်စုံတစ်ယောက်ကလာရောက် စေ အောင်
 ဆောင်ကြဉ်းနေသည့်ပုံစံမျိုးနှင့်လာချင်စိတ်များ ခံစားရသည့် အတွက် လာခဲ့မိခြင်းကပင်ပရလောက၏ထူးခြားသောအကြောင်းောကာင့်ဆိုကမှားအံ့မထင်။
ယခုတော့မူ..မေရီကိုသတ်မိသောအပြစ်ကိုပင်ဝန်ခံခဲ့ရပြီ။
ဂျွန်ဘော်ဒနေးကိုတရားရုံးစီရင်ချက်မချခင်မှာပင်တစ်စုံတစ်ရာသောဝိညာဉ်ကအချုပ်ခန်းထဲတွင်ပင်
သေနေ့ စေ့စေခဲ့ပြီတကား။ပြီးပါပြီ

၂၆ သြဂုတ် ၂၀၁၃Bloody Hand by Lord Halifay ကို ဇော်ထက် ဘာသာပြန်ဆိုသောသူတို့ ဆီက ၀ိညာဉ်လောက ဖြစ်ရပ်ဆန်းများ စာအုပ်မှ ကူးရေးသည်။

အပင်ပမ်းခံ ရေးသားပေးသော အန်တီခင်ချိုအား ကျေးဇူးအထူးတင်ရှိပါသည်
တစ္ဆေရွာ

10 MYSTERIOUS GHOST TYPES

0

Posted by Jelly Kit | Posted in | Posted on 10:23 AM


10 Mysterious Ghost Types
တချို့ သဘာဝလွန် နာနာဘာဝ တွေဟာ လူသိနည်း ပေမယ့် သူတို့ရဲ့ ခြောက်ချားစရာ ကောင်းမှုကတော့ မလျော့နည်း သွားစေ ရပါဘူး။ ကဲလူသိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာဝ ၁၀မျိုးကို ဖတ်ကြည့်ပါဦး။
အခုခေတ်မှာ သရဲဝိညာဉ် တွေက popular culture တစ်ရပ်ဖြစ်လို့ လာနေ ပါပြီ။ ဘယ်ရုပ်သံလိုင်း ကိုကြည့်ကြည့် သရဲအကြောင်း၊ ၀ိညာဉ်အကြောင်း အခြေခံတဲ့ TV show တွေကို တွေ့ရမှာပါ။ “Ghost Hunters,” “Ghost Travelers,” “Celebrity Ghost Stories,” “Ghost Hunters Academy” တို့လို မျိုးပေါ့။ တစ်ခါတစ်ခါ ကျတော့ “Ghost Whisperer” နဲ့ “Being Human,” လိုဇာတ်နာနာ လွမ်းစရာ လေး တွေလဲ တစ်ခါတစ်ခါ ပါပါ သေးတယ်။ ဒီပြပွဲ တွေမှာ တွေ့နေကျ သဘာဝ လွန် ဖြစ်ရပ်တွေ ဖြစ်တဲ့ ပူးတာ၊ ခွာတာ၊ အရိပ်တွေ၊ လျှပ်စစ်လိုင်း EVPs တွေ phantoms သရဲတွေ၊ အလင်း ရိပ်ယောင် လူပုံစံတွေ ပါဝင်မှာပါ။ ဒီသရဲဖြစ်စဉ် တွေဟာ ပြောကြ တဲ့သူ များလို့ ယုံကြည် သူတွေကြား ရေပန်းစား လှပါတယ်။ ဒါပေမဲ့ ဒီသဘာဝလွန် ဖြစ်ရပ်တွေမှာ တခြား ဖြစ်တောင့် ဖြစ်ခဲ ဖြစ်စဉ် တွေလည်း ရှိနေပါ သေးတယ်။ ကဲလူသိ နည်း တဲ့ သရဲ အမျိုးအစား တွေ အကြောင်း ကြည့်လိုက် ရအောင်။

Crowded Demon
သရဲတွေက လူပြတ်တဲ့ နေရာမှာ ပိုပြီး ခြောက်လှန့်လေ့ ရှိတာမို့လို့ လူအုပ်ထဲက မိစ္ဆာတွေဟာ ထူးခြားဖြစ်စဉ် တစ်ခုပါ။ ဒီမိစ္ဆာတွေက တစ် နေရာ ထဲမှာ များစွာ ထွက်ပေါ်လာ စေခြင်းဖြင့် သူတို့ အကြောင်း ပြောကြတဲ့၊ လာကြည့် ကြတဲ့  လူစုလူဝေး ဖြစ်အောင် လှုံဆော် ပေးပါ တယ်။ ဘာလို့ သူတို့က လူတွေ လာစေချင်၊ သိစေချင် နေတာလဲ ဆိုတာ ကတော့ ရေရာတဲ့ အဖြေ မရှိသေး ပါဘူး။ သီအိုရီ တွေက တော့ အဲ့ဒီ နေရာ ကနေ စွမ်းအင် တစ်မျိုး ထုတ်လွှတ် တာမို့၊ လူတွေ ဓါတ်ပုံ ဆရာတွေ စိတ်ဝင်စား အောင်လို့ စသည်ဖြင့် အမျိုးမျိုး တွေးတော ယူဆနေ ကြပါတယ်။ နေရာ တစ်ခုမှာ သာမန် နာနာဘာဝ တွေက ဖလင် တွေထဲမှာ တစ်ခါ လောက်ပဲ ပါလာပေမဲ့ ဒီ crowd demon တွေက နှစ် ကောင်၊ သုံးကောင် လောက် ခနခန ပေါ်လာ တတ်ပါတယ်။ ဒီလိုဖလင် တွေမှာ ပါလာ ရင်လဲ သူတို့က ပုံစံတွေ အမျိုးမျိုး ပြောင်းနေ ပါသေး တယ်။ တစ်ခါ တစ်လေ လူသာမန် မျက်စိနဲ့ တောင် မမှတ်မိ နိုင်အောင် ပြောင်းလဲ သွားတာပါ။ ဓါတ်ပုံ တစ်ခု မှာတော့ လူ တစ်ယောက်ကို ကိုက်တော့ မလို လုပ်နေတဲ့ မြွေသဏ္ဍန် အသွင်ကို မြင်ရပြီး အဲ့ဒီ ဓါတ်ပုံရဲ့ နောက် တစ်နေရာ မှာတော့ ပွဲကြည့်နေတဲ့ သက်ရှိ လူတွေ ကြား ကွဲပြားနေတဲ့ လူသဏ္ဍန်၊ အရိပ်မည်းမည်း ကိုလဲ မြင်တွေ့ရ ပါတယ်။ ဒီပုံရဲ့ နောက် တစ်နေရာ မှာပဲ ကင်မရာကို ပြန်လှည့် ကြည့်နေတဲ့ မျက်နှာ သဏ္ဍာန်တစ်ခု ကိုလဲ မြင်နိုင်ပါ သေးတယ်။ လူတွေကြားထဲ ပေါ်လာရ ခြင်းဟာ သူတို့ အနေနဲ့ လူတွေရဲ့ ဂရုစိုက်မှုကို လိုချင်တာ မျိုးလဲ ဖြစ်နိုင် ပါသလား။

White House

0

Posted by Jelly Kit | Posted in , | Posted on 12:59 PM


Ghosts in the White House
White House ကလုံခြုံရေး ဘယ်လောက်ပဲ ကောင်းမွန် ပါစေ၊ ပရလောကသား တွေကို တော့ မောင်း မထုတ် နိုင်ပါဘူး။ အဲ့ပရ လောကသား တွေထဲမှာ သမ္မတကြီး Lincoln ကိုယ်တိုင် ပါဝင်တယ် ဆိုတာ သိရရင်...

မန္တလေးနန်းရှေ့က သရဲခြောက်တဲ့အိမ်ကြီး

0

Posted by Jelly Kit | Posted in | Posted on 12:32 AM



Photo: ******"မန္တလေးနန်းရှေ့က သရဲခြောက်တဲ့အိမ်ကြီး"( Member-ရုပ်ကြွင်းသစ် ရဲ့ဖြစ်ရပ်မှန်)*****

အရင်က နေခဲ့တဲ့အိမ် အကြောင်းလေးပါ နန်းရှေ့မှာရှိတယ် အဲ့အိမ်လေးက ညီမ ဆယ်တန်းနှစ်မှာပြောင်းဖြစ်ခဲ့တာပါ အိမ်ကနှစ်ထပ်တိုက်လေး ညီမကစာကျက်ရင် အောက်ထပ်မှာ ဆင်းကျက်လေ့ရှိတယ် စာကျက်ပြီး အခန်းကိုပြန်တက်လာရင် ည ဆယ့်တစ်နာရီလောက်ပေါ့ တရက်မှာ လှေကားကတက်လာရင်းဝရံတာဘက်ကိုအမှတ်မထင်ကြည့်လိုက်မိတယ် မိန်းမတယောက်ထိုင်နေတာကိုမြင်လိုက်တော့

" အော် ငါ့အမ မအိပ်သေးဘူးပဲဆိုပြီး"

အခန်းထဲဝင်သွားလိုက်တာ အထဲရောက်တော့ သူကသိုးနေပြီ အဲ့လိုနဲ့ ခဏခဏမြင်ပါများလာတော့စိတ်ကမလုံတော့ဘူးပတ်ဝန်းကျင်ကိုစုံစမ်းကြည့်မှပဲအဲ့အိမ်ကမိန်းမတယောက်ကြိုးဆွဲချသေထားတာတဲ့ ဘေးအိမ်တွေကဆိုရင် ညဘက်ပြတင်းပေါက်ဖွင့်မအိပ်ရဲဘူးတဲ့ လူမနေသေးတဲ့အချိန်ထဲက သူကအိမ်ပေါ်ထုပ်တန်းကနေဒန်းစီးပြနေတာတဲ့ အခုပြန်တွေးရင်တောင်ကြက်သီးထတုန်း နောက်ရက်ကြရင် ဦးလေးကြုံရတာလေးကိုပြောပြမယ်ဒီအဖြစ်လေးက မမေ့နိုင်စရာပါ။

အဲ့နေ့က ကျွန်မနဲ့ဦးလေးနဲ့က ဘုရားခန်းမှာ အတူတူ ဘုရားရှိခိုးနေတာ အတော်လေးကြာတော့ ဦးလေးက ဂါထာတစ်ပုဒ်ကို စပြီးရွတ်လိုက်တယ် အဲ့ဒီမှာပြသနာက စတော့တာပဲ ကျွန်မဘေးမှာထွန်းထားတဲ့ခြင်ဆေးခွက်က တလံလောက်အထိ ရွေ့သွားခဲ့တယ် နောက်ပြီး ကျွန်မတို့နောက်ကနေ တစ်ယောက်ယောက်ဖြတ်ပြေးသလို တဒုံးဒုံးနဲခြေသံတွေ ဆူညံသွားခဲ့တယ် အဲ့နောက်အသံတွေပြန်ငြိမ်သွားပေမယ့် နောက်ရက်တွေမှာဒီထက်ပိုဆိုးလာခဲ့တယ် ကျွန်မအိပ်နေချိန်မှာ အခန်းတံခါးကိုလာဖွင့်တာမျိုးတွေ တအိမ်သားလုံးအောက်ထပ်မှာရှိနေပေမယ့်အပေါ်ထပ်ကနေ တောက်ခေါက်တာမျိုးတွေ အခန်းတံခါးတွေ အဖွင့်အပိတ်လုပ်တာတွေပါ လုပ်လာခဲ့ကြတယ်တခါတလေမှာကိုယ်ထင်ပြတာတွေပါလုပ်လာကြတော့တယ်။
အဲ့နောက်တော့ ကျွန်မ အမဆီမှာဝင်ပူးပူးပြီး ဒီအိမ်ရဲ့အခန်းတခုမှာ သူနေတဲ့နေနေကြောင်းကိုပြောပြတယ် ထူးဆန်းတာက သူဝင်ပူးပြီဆိုတာနဲ့ ကျွန်မအမရဲ့ခန္ဓာကိုယ်ဟာ သုံးဆလောက်ကြီးကြီးလာတယ် အဲ့လိုနဲ့ပဲ ဝင်ပူးလိုက်ပရိတ်ရေဖြန်းလိုက်တိုက်လိုက်နဲ့လုပ်လာခဲ့တာနောက်ဆုံးဘယ်လိုမှမနိုင်တော့တာနဲ့ ကျောက်ဆည်က ဘုန်းဘုန်းတစ်ပါးဆီသွားလျှောက်ပြီး ပင့်လာခဲ့တယ် ဘုန်းဘုန်းကြွလာပြီး မေးမြန်းတော့မှ ...

သူဒီအိမ်မှာ နေတာကြာပြီဖြစ်ကြောင်းသူ့အပြင်နောက်ထပ်တစ်ယောက်လည်းရှိသေးကြောင်း အခုသူကျွတ်ချင်ကြောင်းတွေပြောတယ် ဒါနဲ့ဘုန်းဘုန်းက ဘယ်လိုလုပ်ပေးရမလည်းလို့ မေးတော့ ...။။

"သူ့အတွက်ရည်စူးပြီးဆွမ်းကပ်ပေးပါတဲ့သာဓုခေါ်ပြီးရင်သူ့ဘဝကျွတ်ပြီလို့ပြောတယ် "

အဲ့လိုနဲ့သူ့အတွက်ဆွမ်းကပ်ပေးတယ်သူ့ကိုလည်းတရားနာဖို့ဖိတ်ပေးတယ် နေရာလည်းပေးထားတယ်ဒါပေမယ့်ကျွန်မကစပ်စုပြီးနင်လာရင်ခါတိုင်းလိုပဲသိသာအောင်ပြဆိုပြီးခေါ်လိုက်တာ သူကအမထဲမှာဝင်ပူးပြီး သာဓုခေါ်ပြီးထွက်သွားခဲ့တယ် ။

သူသာဓုခေါ်တဲ့အသံကအဘွားအိုတယောက်ရဲ့အသံလိုပဲတုန်တုန်ယင်ယင်ကြီးပဲ တအားလည်းကျယ်တော့ ရပ်ကွက်ကလည်းစပ်စုကြတယ် ကျွန်မတို့ကအကြောင်းစုံပြောပြတော့ သူတို့ကဘာပြောတယ်ထင်လည်း ဒီအိမ်ကိုစောင့်ကြည့်နေကြတာတဲ့အရင်လူတွေအလွန်ဆုံးနေနိုင်မှတစ်ပါတ်ပဲတဲ့ ကျွန်မတို့ကနှစ်ရည်လများနေထိုင်နေလို့ပိုစိတ်ဝင်စားနေကြတာတဲ့
အော်ပြောဖို့ကျန်သေးတယ်ကျွန်မတို့လည်းနောက်နှစ်လလောက်နေတော့အိမ်ကိုရောင်းပြီးပြောင်းလာခဲ့ကြတယ်ဘာလို့လည်းဆိုတော့သူ့အပြင် နောက်တစ်ယောက်ကျန်နေသေးလို့လေ

*မှတ်ချက်-စိတ်ကူးယဉ်မဟုတ်ဘူးနော် အဲ့အိမ်လေးအခုထိရှိသေးတယ်လက်ရှိပိုင်ရှင်တွေလည်းနေထိုင်နေသေးတာဆိုတော့လိပ်စာအတိအကျမပြောပေးနိုင်တာကလွဲလို့အားလုံးကဖြစ်ရပ်မှန်တွေပဲ။

ဇာတ်လမ်းတင်ဆက်ပေးသော Member-ရုပ်ကြွင်းသစ် အားအထူးကျေးဇူးတင်ရှိပါသည်.......

သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

အရင်က နေခဲ့တဲ့အိမ် အကြောင်းလေးပါ နန်းရှေ့မှာရှိတယ် အဲ့အိမ်လေးက ညီမ ဆယ်တန်းနှစ်မှာပြောင်းဖြစ်ခဲ့တာပါ အိမ်ကနှစ်ထပ်တိုက်လေး ညီမကစာကျက်ရင် အောက်ထပ်မှာ ဆင်းကျက်လေ့ရှိတယ် စာကျက်ပြီး အခန်းကိုပြန်တက်လာရင် ည ဆယ့်တစ်နာရီလောက်ပေါ့ တရက်မှာ လှေကားကတက်လာရင်းဝရံတာဘက်ကိုအမှတ်မထင်ကြည့်လိုက်မိတယ် မိန်းမတယောက်ထိုင်နေတာကိုမြင်လိုက်တော့

" အော် ငါ့အမ မအိပ်သေးဘူးပဲဆိုပြီး"



အခန်းထဲဝင်သွားလိုက်တာ အထဲရောက်တော့ သူကသိုးနေပြီ အဲ့လိုနဲ့ ခဏခဏမြင်ပါများလာတော့စိတ်ကမလုံတော့ဘူးပတ်ဝန်းကျင်ကိုစုံစမ်းကြည့်မှပဲအဲ့အိမ်ကမိန်းမ
တယောက်ကြိုးဆွဲချသေထားတာတဲ့ ဘေးအိမ်တွေကဆိုရင် ညဘက်ပြတင်းပေါက်ဖွင့်မအိပ်ရဲဘူးတဲ့ လူမနေသေးတဲ့အချိန်ထဲက သူကအိမ်ပေါ်ထုပ်တန်းကနေဒန်းစီးပြနေတာတဲ့ အခုပြန်တွေးရင်တောင်ကြက်သီးထတုန်း နောက်ရက်ကြရင် ဦးလေးကြုံရတာလေးကိုပြောပြမယ်ဒီအဖြစ်လေးက မမေ့နိုင်စရာပါ။

Bloody Mary

0

Posted by Black Magic | Posted in , | Posted on 2:34 AM


မှန်ရှေ့မှာ ၃ခေါက်တိတိ နာမည် ရွတ်ဆိုလိုက်ရင် ပေါ်လာတယ်လို့ ယုံကြည် ကြတဲ့ Bloody Mary ကိုရင်းနှီး ကြမှာပါ။ သူ့ရဲ့ အကြောင်း ရာဇ၀င်က ဘာများ ပါလိမ့်။

အခု နှစ်ပိုင်းမှာ သရဲကားတွေ အရမ်း ခေတ်စား နေပါတယ်။ အထူးသဖြင့် ရာဇ၀င် တွင်တဲ့ တကယ့် ဖြစ်ရပ်မှန် တွေကို ဇာတ်လမ်း ဆင်ရိုက် ထားတဲ့ The Conjuiring လိုကားမျိုး ဆိုရင် အထူး နာမည်ကြီး ပါတယ်။ အခု ဆောင်းပါး မှာလည်း ရာဇ၀င် တွင်တဲ့ သရဲမ အကြောင်းကိုမိတ် ဆက်ပေးပါရစေ။နှစ်ပေါင်း ရာချီကြာ ခဲ့ပေမယ့် အခုထိ လူသိများ ထင်ရှားနေတဲ့ Bloody Mary ပါပဲ။

ဒီ Bloody Mary ပုံပြင်ကို စပြော ရရင်တော့ ဟိုရှေးရှေးတုန်းက တောထဲက ကျေးလက်အိမ် သေးသေးလေး တစ်ခုမှာ ဆေးဖက်ဝင် ပစ္စည်း တွေရောင်းတဲ့ ပိန်ခြောက်ခြောက် ရုပ်ဆိုးဆိုး မိန်းမ တစ်ယောက် ရှိပါတယ်တဲ့။ အနီးနား ပတ်ဝန်းကျင်က မြို့သူမြို့သား တွေက သူမကို Bloody Mary လို့ ခေါ်ဝေါ်ကြပြီး သူမဟာ စုန်းမ တစ်ယောက် ဖြစ်တယ်လို့ ယုံကြည် ကြပါတယ်။ အဲဒါကြောင့်လည်း စုန်းအတတ်နဲ့ ဖမ်းစား ခံရမှာ ကြောက်တဲ့ လူတွေဟာ သူမရဲ့ စုန်းအတတ်နဲ့ သူတို့နွား တွေကို သေကြေအောင်၊ စားနပ်ရိက္ခာ တွေကို ဆောင်းမရောက်ခင် ပုပ်သိုး သွားအောင်၊ ကလေးတွေ အဖျားအနာ ကြီးကြီး ရအောင် စတာတွေ လုပ်မှာ စိုးတာကြောင့် သူမရဲ့ရှေ့ကနေ ဒါမှမဟုတ် မြင်ကွင်း ထဲကနေ ဖြတ်သန်း မသွားရဲ ကြပါဘူး။

စမ်းတော့လဲကြမ်းပြလေတဲ့အိမ်

0

Posted by Jelly Kit | Posted in | Posted on 11:05 PM



တက္ကသိုလ်ကျောင်းတော်သားဘ၀မှာ ပထမနှစ်မှာတင် အဆောင်သုံးဆောင်ပြောင်းခဲ့ရပါတယ်။ အကြောင်းရင်းကတော့ အဆောင်ရှင်တွေနဲ့ မတည့်လို့ပါပဲ။ ဒုတိယနှစ်အရောက်မှာတော့ အဆောင်နေဖို့ မကြိုးစားတော့ပဲ လုံးချင်းအိမ်လေးတလုံးငှားနေဖို့ဆုံးဖြတ်ပြီး အိမ်အရှာထွက်ရင်းက လုံးချင်းတိုက်လေး တလုံးငှားဖြစ်သွားရောဆိုပါတော့။ ငှားဖြစ်သွားတယ်ဆိုပေမယ့် သာမန်ထက်ထူးခြားတာ လေးတခုတော့ ကြုံလိုက်ရပါတယ်။ တချို့ တချို့သော အိမ်ရှင်တွေလို ဒီအိမ်က စီးပွားတက်တယ်၊ လာဘ်ကောင်းတယ် အစရှိတဲ့ ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောတတ်ကြတဲ့ အိမ်ရှင်တွေရဲ့ ကိုယ့်အိမ်ကို ချီးမွမ်းထောပနာ သံမျိုးမကြားရပဲ " ဒီအိမ်မှာ အစောင့်အရှောက်ရှိတယ်။ မဟုတ်တာ မကောင်းတာ လုပ်တာကိုမပြောနဲ့.. ပေါက်တတ် ကရတွေ ပြောဆိုလို့တောင် မရဘူးနော် " လို့ အိမ်ရှင်အိမ်ငှား စာချုပ်မချုပ်ခင်မှာ အသေ အချာ မှာလိုက်ခြင်းပါပဲ။ 
သူငယ်ချင်းတယောက်ရဲ့ အကိုဖြစ်သူက ဒီအိမ်လေးအကြောင်းကို တစွန်းတစပြောသွားတာလေးကလည်း အားရစရာပါ။
" မင်းတို့ခုငှားလိုက်တဲ့ အိမ်က အရင်တုန်းက မိန်းကလေးအဆောင်ကွ၊ တရက်တော့ အဆောင်က ကောင်မလေးတွေ အားလုံး ရုပ်ရှင်သွားကြည့်ကြတယ်။ သူတို့ထဲက တယောက်ကတော့ နေမကောင်းလို့ လား ဘာလို့လဲမသိပါဘူး မလိုက်သွားပဲ ကျန်နေခဲ့ရော...။ သူ့သူငယ်ချင်းတွေ အကုန်လုံး အပြင်ထွက် သွားပြီး တော်တော်ကြာတော့ အိမ်ထဲကနေ အော်ဟစ်ပြီး ထွက်ပြေးလာတာကို ငါတို့ရပ်ကွက်ထဲကလူတွေ တော်တော်များများ တွေ့လိုက်ကြတယ်။
ဖြစ်ပုံက သူတယောက်တည်း အိမ်မှာကျန်နေခဲ့တုန်း ၀တ်ဖြူစင်ကြယ်ဝတ်ထားတဲ့ အဖိုးကြီးတယောက် သူ့ရှေ့ တည့်တည့်မှာ ရုတ်တရက်ပေါ်လာတာကို မြင်လိုက်ရလို့ ကြောင်အားလန့်အားနဲ့ အိမ်ထဲကနေ ပြေးထွက် လာတာတဲ့ကွ.....။ အိမ်ပြင်ရောက်တော့ ကြောက်ကြောက်လန့်လန့်နဲ့ ဂယောင်ဂတမ်းတွေ ပြောပြီးအော်ဟစ်နေလို့ ပတ်ဝန်းကျင်က ခေါ်ထားလိုက်ရတယ်။ နောက်နေ့မနက်မိုးလင်းတော့ အဲ့ကောင် မလေး ရူးကြောင်ကြောင်ဖြစ်နေပြီ...။ ကျောင်းတောင်မှ ပြီးအောင်ဆက်မတက်လိုက်ရပဲ သူ့အိမ်က ပြန်လာခေါ်သွားရတယ်တဲ့။ နောက်လေးငါးခြောက်လလောက်ရှိမှ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကျောင်းပြန် တက်နိုင်တာ မင်းတို့လည်း အဲ့ဒီအိမ်မှာနေမယ်ဆိုရင် အနေအထိုင်တော့ ဆင်ခြင်နော်" တဲ့။ " သြော်... ဟုတ်ကဲ့ " လို့ပဲ သူ့စကားကို တုံ့ပြန်ပြီး စိတ်ထဲမှာ အမှုမဲ့အမှတ်မဲ့ ထားလိုက်ပါတယ်။
ကိုယ့်စိတ်တိုင်းကျနေလို့ရအောင်ဆိုပြီး ငှားဖြစ်လိုက်တဲ့ဒီအိမ်လေးမှာ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ကျွန်တော်တို့သူငယ်ချင်းလေးယောက်ရယ်၊ ကျွန်တော့်သူငယ်ချင်းတယောက်ရဲ့ ညီဝမ်းကွဲနဲ့ သူ့အပေါင်း အသင်းသုံးယောက်ရယ် စုစုပေါင်းရှစ်ယောက်တိတိ နေဖြစ်ခဲ့ကြပါတယ်။ အိမ်လေးကခပ်သေးသေး ဆိုပေ မယ့် ခြံဝင်းကတော့ အတော်လေး ကျယ်ကျယ်ဝန်းဝန်းရှိတော့ အားကစားလေ့ကျင့်ခန်းတွေဘာတွေ လုပ်ရတာ လည်း အဆင်ပြေသလို ကျွန်တော်တို့အိမ်နဲ့ မလှမ်းကမ်းမှာလည်း ကျောင်းသူတွေသီးသန့်နေတဲ့ အဆောင်တွေကလည်းရှိပြန်တော့ နေရထိုင်ရတာ အတော်လေး စိုစိုပြေပြေရှိတယ် ဆိုပါစို့။ အဆောင်နေ ကျောင်းသားမဟုတ်တော့ပဲ အပြင်မှာငှားနေခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ်နဲ့ ကျွန်တော်တို့ ဒုတိယနှစ်ကျောင်းတော်သားလေးယောက်က ညဆိုရင် ယမကာလေးမှီဝဲသုံးဆောင်ပြီးမှ ပြန်လာတတ်ကြ ပါတော့တယ်။ ပြန်ရောက်တာနဲ့ အိပ်ယာပေါ်ဒိုင်ဗင်ထိုးပြီး အိပ်လိုက်ကြတာများပါတယ်။ ပထမနှစ်ကျောင်း သားတွေကတော့ ကျောင်းကို စရောက်ခါစမို့ အပေါင်းအသင်းလည်း သိပ်မရှိသေးလို့ထင်ပါရဲ့။ ဟိုဟိုဒီဒီ သွားတာလာတာမျိုးသိပ်မတွေ့ရပဲ အိမ်မှာပဲနေတတ်ကြပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အကြီးလေး ယောက်က အပြင်ဆိုင်တွေမှာပဲ ဝမ်းရေးကို ဖြေရှင်းတတ်ကြပေမယ့် သူတို့ကတော့ အဆောင်မှာပဲ ထမင်းဟင်းချက်စားကြတယ်လေ။ ကျွန်တော်တို့ချာရာဏသီရွှေပြည်ကြီးရဲ့ လျှပ်စစ်မီးဆိုတာက အများသိ တော်မူကြတဲ့အတိုင်း ညကြီးအချိန်မတော် (၂)ချက်တီးလောက်မှပဲ မီးအားကကောင်းတတ်တာ ဆိုတော့ အဲ့ဒီအချိန်လေးချက်မှ ထမင်းကောင်းကောင်းရတယ်ဆိုပြီး သူတို့တွေခမျာ အဲ့ဒီအချိန်ကျမှ ဒုက္ခခံ၊ အိပ်ပျက် ခံပြီး အလှည့်ကျစနစ်နဲ့ ထမင်းထချက်ကြပါတယ်။
ဒီလိုနဲ့ သူတို့လေးယောက် ထမင်းဟင်းထချက်ကြတာ ပထမလမှာတော့ ဘာအသံဗလံမှမကြားရပဲ ပုံမှန်အတိုင်းပါပဲ။
တရက်တော့ဖိုးကျော်ဆိုတဲ့ ကောင်လေးအလှည့်ရောက်လာတယ်။ သူထမင်းထချက်နေတုန်း မီးဖိုခန်း တံခါးကို လာခေါက်ပါလေရော။ စဉ်းစားကြည့်လေ အချိန်မတော်ကြီးတယောက်တည်း ရှိနေတုန်း မှာ တံခါး ခေါက်သံကြားလိုက်ရတော့ တော်တန်ရုံသတ္တိကောင်းပါတယ်ဆိုရင်တောင်မှ အနည်းနဲ့အများတော့ လန့်သွားမှာပဲမဟုတ်လား။ တခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် သုံးလေးခေါက်လောက် တံခါးလာခေါက် နေတော့ သူလည်း အိပ်နေတဲ့လူတွေအကုန်လုံးကို လာနှိုးပါလေရော။ အိမ်ကို ဓါးပြများလာတိုက် သလားဆိုပြီး ထကြည့်ကြတော့လည်း ဘာမှမတွေ့ရပါဘူး။ ထကြည့်ကြတဲ့အထဲမှာ ကျွန်တော်တော့မပါ လိုက်ပါဘူး။ အမူးလွန်ပြီး အိပ်ပျော်နေလို့ မနက်ကျမှ သူတို့ပြန်ပြောလို့ သိရတာ။
နောက်လေးရက်မြောက်နေ့မှာတော့ မောင်ကောင်းအလှည့်ရောက်လာပြန်ပါတယ်။ သူ့ကိုလည်း ဖိုးကျော်တုန်းကလိုပဲ တံခါးလာခေါက်ပြန်ပါတယ်။ ဒါနဲ့ပဲ ထမင်းချက်ရင် နှစ်ယောက်တွဲစနစ်နဲ့ ချက်တဲ့ အခြေအနေကို ရောက်သွားတော့တာပဲ။ ဖိုးကျော်နဲ့ ဇေယျက တတွဲ၊ မောင်ကောင်းနဲ့ နောက်တယောက်က တတွဲဆိုပြီး သူတို့အချင်းချင်း စားတော်ကဲ အချိန်ဇယားနဲ့ ချက်ကြတာပါ။ မောင်ကောင်းတို့အတွဲ အလှည့် ကျရင် ဘာမှမထူးခြားပေမယ့် ဖိုးကျော်တို့အတွဲအလှည့်ကျပဟေ့ဆိုရင် ပြဿနာက ဝင်လာပြီ။ ဖိုးကျော်တို့ အတွဲထမင်းချက်တဲ့အချိန်မှာ အရိပ်မည်းမည်းတခုက မတ်တပ်ရပ်နေတာကို ဆန်ဆေးနေတဲ့ ဖိုးကျော်က မမြင်ပဲ ဇေယျက အရင်ဆုံးစမြင်ပါတယ်။ ဇေယျက " ဖိုးကျော် ... မင်းနားမှာ ဘာကြီးလဲ " ဆိုပြီးမေးတော့ ဖိုးကျော်ဆေးလက်စ ဆန်တွေထည့်ထားတဲ့ အိုးကို ပစ်ချပြီး ဇေယျနားကို ပြေးလာတော့တာပါပဲ။ ဇေယျ ခမျာလည်း ကြောက်လန့်ပြီးဖိုးကျော်နဲ့အတူတူ အော်ဟစ်ပြီး အိပ်နေတဲ့လူတွေကို လိုက်နှိုးတော့ တာပဲဗျို့။ ဒီတခေါက်တော့ ကျွန်တော်လည်း နိုးပါတယ်။ သူတို့ကို ဖျောင့်ဖျနှစ်သိမ့်ပြီး ပြန်အိပ်ကြပါတယ်။ မနက်မိုး လင်းတော့ ပထမနှစ်ကောင်လေးတွေက ကျွန်တော်တို့ကို အဆောင်ပြောင်းနေဖို့ လာပြောကြပါလေရော။ ဘယ်လိုမှကို ချော့ပြောလည်းမရ၊ ညှိလို့လည်းမရတော့ဘူး။ သူတို့လေးယောက်မရှိတော့ရင် ကျွန်တော်တို့ လေးယောက်တည်းနဲ့ အိမ်လခပေးရမယ်ဆိုလည်း တွက်ချေမကိုက်တော့တာမို့ သူတို့ကို နည်းအမျိုးမျိုးနဲ့ စည်းရုံးရေးဆင်းပေမယ့် မရရေးချ မရတော့ဘူးဗျာ။ " မင်းတို့ စိတ်ချောက်ချားလို့နေမှာပါကွ " ဆိုပြီး ဘာဘာညာညာတွေကို အကြာကြီးဝိုင်းပြောကြပေမယ့် သူတို့ ပြောလိုက်တဲ့ စကားတခွန်းတည်းကြောင့် ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ စည်းရုံးရေးကို လက်မြှောက်အရှုံးပေးလိုက်ရပါတော့တယ်။ အဲ့ဒါကတော့ ဒီအိမ်မှာရှိတဲ့ ရေစက်က ဘယ်သူမှမဖွင့်ပါပဲနဲ့ သဘောကောင်းလွန်စွာနဲ့ အလိုလိုနေရင်းနဲ့ ခဏခဏ သူ့အလိုလို ပွင့်ပြီးမောင်းနေတတ်တဲ့ အချက်ပါ။ တခါတလေဆိုရင် နေ့ခင်းနေ့လည်ပိုင်းတွေ မှာလည်း ရေစက်က အော်တိုငုတ်တုတ် ထလည်ရင် လည်နေတတ်ပါသေးတယ်။ ဘယ်သူတဦးတ ယောက်မှ မဖွင့်ပဲနဲ့ မီးမပျက်မချင်းလည်နေလိုက်တာများ တခါတုန်းကဆိုရင် ရေတွေ ခြံထဲအထိတောင် ရောက်နေတာကို ကြုံခဲ့ဖူးပါရဲ့။ အဲ့လို ခဏခဏကြုံရလွန်းအားကြီးလို့ ရေစက်ခလုတ်နားမှာတောင် "အိပ်ခါနီးရေစက်ပိတ်ရန်" လို့ စာရေးပြီး ကပ်ထားရတယ်ဗျာ။ ကျွန်တော်တို့အားလုံး သတိထားပြီး ခလုပ်ကို ပိတ်ကြပေမယ့် မနက်မိုးလင်းလာရင် ရေစက်ကို ဖွင့်လျက်သားနဲ့ တွေ့ရတတ်ပါတယ်။ အိမ်မပြောင်းဖို့ ဆွယ်တရားဟောနေတဲ့ ကျွန်တော်တို့ကို ဘာမှဆက်မပြောနိုင်တော့အောင် သူတို့လေးယောက်မေးခွန်း ထုတ်လိုက် ပုံကတော့ "အကိုတို့ပြောသလို သရဲမခြောက်ဘူးပဲ ထားပါတော့၊ ဒါဆိုရင် အကိုတို့ ရေစက်ကြီး အလိုလို ပွင့်မလာစေရဘူးလို့ အာမခံနိုင်မလား..?? အစ်ကိုတို့ အဲ့ဒီတချက်ကို အာမခံနိုင်မယ်ဆိုရင် ကျွန်တော်တို့လေးယောက် ဒီအိမ်မှာ အကိုတို့နဲ့အတူတူဆက်နေမယ်" တဲ့။ အဲ့ဒီတော့မှ ခက်ကုန်တော့တာ။ ညှိနှိုင်းလို့ ဘယ်နည်းမှမရတော့တဲ့ အဆုံးမှာတော့ သူတို့လေးယောက်လည်း ကျွန်တော်တို့အိမ်ကနေ တခြားအဆောင်တခုကို ပြောင်းသွားကြပါတော့တယ်။
သူတို့ပြောင်းသွားပြီးနောက်မှာတော့ ကျန်ရစ်သူကျွန်တော်တို့လေးယောက်အလှည့်ကို ရောက်လာပါ လေရောဗျို့။ တနေ့တော့ ကျွန်တော်နဲ့ ကျွန်တော်သူ့ငယ်ချင်းတယောက် ညဆယ့်တစ်နာရီထိုးလောက်မှ အဆောင်ကို ပြန်လာကြတယ်။
ကျန်တဲ့နှစ်ယောက်ကတော့ ပြန်မရောက်သေးပဲ ဘယ်အဆောင်ရှေ့မှာသွားပြီး မူးမူးနဲ့ ဂစ်တာတီးနေကြ တယ်မသိဘူး။ ကျွန်တော်တို့နှစ်ယောက် ခြံရှေ့ရောက်လို့ ခြံတံခါးသော့ကိုဖွင့်နေတုန်းမှာ အိမ်နောက်ကို လူရိပ်နှစ်ခုပြေးဝင်သွားတာကို ကျွန်တော်ရော၊ ကျွန်တော်နဲ့အတူတူပြန်လာတဲ့သူငယ်ချင်းပါ မြင်လိုက်ကြရတယ်။ ဘာများပါလိမ့်ဆိုပြီး အထိတ်တလန့်နဲ့ ကျွန်တော်တို့ဆိုင်ကယ်တွေတောင် ခြံထဲ မသွင်းပဲ ချက်ချင်းကို အဲ့ဒီအရိပ်နှစ်ခုပြေးဝင်သွားရာနောက်ကို အတင်းပြေးလိုက်သွားကြရော။ ခဏခဏ ရန်ဖြစ်တတ်လွန်းတဲ့ ကျွန်တော်တို့လေးယောက်မှာ ဘေးကင်းရန်ကာအနေနဲ့ သံတုတ်တွေကို လက်လှမ်း မီရာနေရာမှာ ထားတတ်တဲ့ အကျင့်ကရှိနေတော့ ထားနေကျနေရာက သံတုတ်တွေကပျာကယာဆွဲပြီး လိုက်သွားကြတာ အိမ်နောက်ကိုရောက်တော့ ဘာအရိပ်အယောင်မှ မတွေ့ရဘူး။ ကျွန်တော်တို့ခြံဝင်း ထဲမှာက မှောင်ရိပ်ခိုပြီး ပုန်းစရာ၊ ခိုစရာနေရာလည်း သိပ်မရှိပဲနဲ့ ခုလိုဖြစ်တော့ နည်းနည်းတော့ မထူးဆန်း ပေဘူးလားဗျာ။ ဒါနဲ့ပဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကို တယောက်ကြည့်ပြီး ခြံဝကိုပြန်ထွက်၊ ဆိုင်ကယ်တွေလည်း ခြံထဲကို မသွင်းတော့ပဲ အပြင်ကို ပြန်ထွက်လာခဲ့ကြပါတော့တယ်။ မှန်ရာကို မရှက်စ တမ်းဝန်ခံရရင်တော့ ကြောက်လို့ပါ။ အဲ့ဒီညက ကျွန်တော်တို့နှစ်ယောက် သူများအဆောင်မှာပဲ သွားအိပ် လိုက်ကြပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အိမ်ကိုပြန်လာပြီး အိပ်ကြပေမယ့် သူတို့နှစ်ယောက် ကတော့ ဘာမှ မဖြစ်လိုက်ကြပါဘူး။
နောက်ပိုင်းမှာလည်း အဲ့လိုပဲ ဟိုနားသည်နားကနေ အရိပ်အယောင်ပြတာမျိုး၊ အသံဗလံပေးတာမျိုးနဲ့ ခြောက်တာ လှန့်တာကို ခံရပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား အရမ်းကြီး ကြောက်လန့်ရလောက် အောင်တော့ မကြုံခဲ့ရပါဘူး။ စာသင်နှစ်ဝက်လေးလပြီးချိန်မှာတော့ လေးယောက်တည်းနဲ့ အဲ့ဒီအိမ်ငှားခကို ပေးနေရတာ ဘဏ္ဍာရေးအကြပ်အတည်းဖြစ်လာတာကတကြောင်း၊ အုပ်ထိန်းမယ့်သူမရှိတဲ့ ကျွန်တော် တို့တတွေ မကြာမကြာ ရန်ပွဲတွေနွှဲရတာများလာတာကလည်း တကြောင်း၊ အိမ်လုံးချင်းငှားနေတဲ့ ကျွန်တော်တို့ ဆီကို သူငယ်ချင်းတွေ အကြောင်းအရာမျိုးစုံနဲ့ လာလာပြီးနှိပ်စက်တဲ့ ဒဏ်ကိုမခံနိုင်ကြတော့ တာလည်းတကြောင်း အဲ့လိုအကြောင်းသုံးပါးကြောင့် နောက်နှစ်ဝက်မှာ အိမ်ပြန်အပ်မယ်လို့ တိုင်ပင်ဆုံးဖြတ် လိုက်ကြပါတော့တယ်။
ကျွန်တော်တို့လေးယောက်သား အိမ်ပြန်အပ်ဖို့ စီစဉ်နေတုန်းမှာ ကံဆိုးချင်တဲ့ မောင်ရှင်တအုပ်စု ပေါ်လာပါရော။ ကျွန်တော်တို့နဲ့မေဂျာတူသူငယ်ချင်းတယောက်က အဆောင်လုံးချင်းငှားနေချင်လို့ ရှိရင်လက်တို့ စမ်းပါလို့ ပြောထားတာကို သွားသတိရတော့ ကျွန်တော့်တို့လည်းသူ့ကို ကျွန်တော်တို့နေနေ တဲ့အိမ်ကို ဆက်ငှားချင် ငှားလို့ ပြောလိုက်တယ်။ အိမ်နဲ့ပတ်သက်ပြီးတော့ အခြောက်အလှန့်ရှိတယ် ဆိုတာကိုလည်း ကြိုကြိုတင်တင်ပြောဖြစ်လိုက်ပါသေး။ သူကလည်း ကိစ္စမရှိဘူး ရတယ်ဆိုပြီးတော့ နောက်နှစ်ဝက်မှာ အဲ့ဒီအိမ်ကို သူဆက်ငှားလိုက်ပါတယ်။ ပထမတစ်လမှာတော့ အေးအေးဆေးဆေးပါပဲ။ နောက်ပိုင်းတော့ သူတို့လူစုထဲက တယောက်ကို ခြောက်တယ်လို့ ကြားရပါတယ်။ ဘယ်လိုဘယ်ပုံ ခြောက် တယ်ဆိုတာတော့ ကျွန်တော်လည်း အသေအချာမသိပါ။ သရဲခြောက်ခံရတယ်ဆိုတဲ့ကောင် ပြောတာကို လည်း ကျန်တဲ့လူတွေက သိပ်ပြီးအရေးလုပ်ပုံမရပါဘူး။ ကျွန်တော်တို့နေတုန်းကထက် သူတို့က အင်အား တောင့်တော့လည်း သိပ်မကြောက်ကြတာလည်း ဖြစ်မှာပေါ့လေ။ တညမှာတော့ သူတို့တွေထဲက နှစ်ယောက်က အဲ့ဒီအိမ်ရဲ့ဧည့်ခန်းမှာ အရက်ထိုင်သောက်နေကြတယ်။ နောက်တယောက်ကတော့ အိပ်ခန်းထဲမှာ စာအုပ်ဖတ်နေတယ်တဲ့။ သောက်ရင်းနဲ့ ည (၁၀) နာရီကျော်လောက်ရောက်လာတော့ အရှိန်လေး ကလည်း ကောင်းလာရောဆိုပါတော့။ အဲ့ဒီမှာ အရက်သောက်နေရင်းနဲ့ ပေါက်တတ်ကရတွေ လျှောက်ပြော မိလာကြတော့တာပဲ။ " ဒီအဆောင်က သရဲခြောက်တယ်ပြောတယ်၊ တို့ကိုကြတော့ ဘာမှ လည်း မခြောက်ဘူး။ ရှိရင်ထွက်ခဲ့ အရိုးကျွေးမယ်" ဆိုပြီးတော့ သူတို့စားပြီးသား ကြက်ရိုးကို အိမ်ပေါက်ဝ ဘက်ကို လှမ်းပစ်လိုက်တယ်တဲ့ ခင်ဗျ။ သူတို့စကားဆက်ပြောနေကြတုန်းမှာပဲ ခဏလောက်နေတော့ ထမီရင်လျားနဲ့ အမျိုးသမီးတယောက် သူတို့အိမ်ပေါက်ဝမှာ သူတို့ကို ကျောခိုင်းပြီး မတ်တပ်ရပ်ပြပါတယ်။ သူတို့ စိတ်ထဲဇဝေဇဝေနဲ့ အရက်မူးနေလို့ ထင်ရောင်ထင်မှားဖြစ်လေသလားဆိုတဲ့အတွေးနဲ့ နောက်တကြိမ် သေချာအောင် ထပ်စမ်းမယ်ဆိုပြီးတော့ ထပ်ပြောလိုက်ပါတယ် " ခုတစ်ခါ အသားပါကျွေးမယ်လာခဲ့" ဆိုပြီးတော့ ဖိတ်ခေါ်လိုက်တော့ ဘာပြောကောင်းမလဲလေ။ တကယ်လာပါတယ်။ အဟုတ်လာပါတယ်။ ခုတစ်ခါတော့ နောက်ဖေးအပေါက်ဝမှာ တော်တော်ကြာအောင် မတ်တပ်ရပ်ပြ နေတာပါ။ ဟိုနှစ်ယောက် လဲ ကြောက်ပြီး အခန်းထဲက တစ်ယောက်ကို အော်ပြောပြီး ပြေးကြပါတယ်။ အခန်းထဲက တစ်ယောက်က အခန်းပြင်ထွက်လာပြီး အပေါက်ဝက မိန်းမကိုထပ်မြင်ပြီး ထပ်ပြေးရပါတယ်။ သူတို့ အဆောင်တူ သူငယ်ခြင်းတွေ ရှိတဲ့ လ္ဘက်ရည်ဆိုင်ထိ ထွက်ပြေးကြပါတယ်။ အဲဒီအဖြစ်အပျက်ကို ပြန်ပြောပြပြီး အဆောင်သား ၁၀ယောက်ကျော်ဟာ အဲဒီည အဆောင်ပြန်မအိပ်ရဲပဲ လ္ဘက်ရည်ဆိုင်မှာပဲ အိပ်လိုက်ကြပါ တယ်။ မနက်ကျတော့ သူတို့အဆောင်သစ်လိုက်ရှာပါတော့တယ်။ ခုထိဘယ်သူမှအဲဒီအဆောင်ကို မငှားတော့ဘူး လို့ကြားပါတယ်။
 
မယုံလို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ကြုံပြီး ဇာတ်လမ်းသစ်တွေ ပေးချင်ရင်ပဲဖြစ်ဖြစ် အဲ့ဒီအိမ်ကလေးကို ငှားနေချင်ကြရင်ဖြင့် ဒီဇာတ်လမ်းလေးပြန်ပြောပြတဲ့ ကို Wai Phyoe ကိုအိမ်လိပ်စာ မေးပြီး နေကြည့်ကြ ဖို့တော့ ချွန်တွန်းလုပ်ပါရစေ။
ဒါမှလည်း နောက်ထပ် နောက်ထပ် ဇာတ်လမ်းဖြစ်ရပ်မှန်တွေ မပြတ်တမ်းရမှာပေါ့ ဟုတ်ဖူးလား။ ခုတော့ တော်ကြဦးစို့ရဲ့။
ဇာတ်လမ်းပြောပြပေးတဲ့ ကို Wai Phyo ကို
စဉ်လာမပျက် ကျေးဇူးတင်လျက်
အိမ်လည်းငှားမနေ၊ ကြက်ကြော်လည်း မဝေမျှတော့သူ
Crdited >>>(အက်ဒမင်-ရွာတော်ရှင်)

လွမ်းငွေ့ဝေဝေ

0

Posted by Jelly Kit | Posted in | Posted on 6:30 PM





လွမ်းငွေ့ဝေဝေ

ကြည်ပြာတစ်ယောက် လေးလေးကန်ကန်လျှောက်နေမိသည်...။ ဟုတ်သည်..။ သူ အိမ်မပြန်ချင်...။ သူအခုပြန်ရမည့်အိမ်သည် သူတို့ မကြာခင်ကမှ ပြောင်းလာခဲ့သော တိုက်ကြီး၏ ဆယ့်သုံးလွှာမှာဖြစ်သည်..။ ဆယ့်သုံးဆိုသော ဂဏန်းကို ကြည်ပြာ မနှစ်မြို့နိုင်...။ အခန်းနံပါတ်ကလဲ ၁၃-၁၃၁၃ တဲ့... တိုက်တိုက်ဆိုင်ဆိုင်..။ တော်သေးသည်..။ တိုက်နံပါတ်က ဆယ့်သုံးမဟုတ်နေတာ..။ ဒါပေမယ့် ကြည်ပြာ အလုပ်လုပ်နေသော နေရာနှင့်တော့ ဆယ့်သုံးဂိတ်တိတိ ကားစီးရသည်..။ သူမုန်းသော ဆယ့်သုံး ဂဏန်းတွေ ကြီးစိုးနေသော ဒီနေရာကို ပြောင်းလာသော အဖေတို့ကိုလဲ သိပ်မကျေနပ်ချင်..။ တစ်ကယ်တော့ ဒီအိမ်ခန်းလေးသည် သူတို့ လို သုံးယောက်သာရှိသော မိသားစုလေးအတွက်တော့ အသင့်တော်ဆုံးပါ..။ အိပ်ခန်းနှစ်ခန်း၊ မီးဖိုနှင့် ဧည့်ခန်း..။ ကြည်ပြာ့မိဘတွေကတော့ အိပ်ခန်းမကြီးမှာ အိပ်ပြီး သူကတော့ သာမာန်အိပ်ခန်းလေးထဲမှာ အိပ်စက်ရသည်လေ..။
ဒီလောက် ဖြေးဖြေးဆေးဆေး လျှောက်နေတာတောင်မှ တိုက်အောက်သို့ ဘယ်လိုရောက်လာသည်မသိ..။ ကြည်ပြာတစ်ယောက် သက်ပြင်းမောကို ရှိုက်လိုက်ရင်း ဓာတ်လှေကားခလုပ်ကို နှိပ်လိုက်သည်..။ ည ခုနစ်နာရီကျော်ကျော်ပဲရှိသေးပေမယ့် အေးဆေးသော ရပ်ကွက်မို့ထင်သည် လူသွားလူလာ တိုက်နားတစ်ဝိုက်မှာ ကြိုကြားကြိုကြားသာတွေ့ရသည်..။ ကားလမ်းမနှင့် ဝေးရာ အတွင်းပိုင်းကျနေတာတစ်ခုကတော့ ကြည်ပြာ့ကို စိတ်ဖြေဖျောက်ပေးနိုင်ရာ တစ်ခုတည်းသောအချက်ဖြစ်လို့နေသည်လေ..။ ဓာတ်လှေကားမှ နံပါတ်တို့ လျော့ကျလာသည်ကို အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိသည်..။ စိတ်ထဲမှာတော့ ဓာတ်လှေကား ဆင်းလာတာ တအားမြန်တာပဲဟု စိတ်ချဉ်ပေါက်စွာ တွေးနေမိသေးသည်..။ အတွေးမှ မဆုံးသေး.. တစ်တီးတီး မြည်သံနှင့် တံခါးနှစ်ချပ်က ပွင့်လာသည်..။ သက်ပြင်းတစ်ချက်ကို ချရင်း မဝင်ချင်ဝင်ချင်နှင့် ဝင်လိုက်သည်..။ ဓာတ်လှေခါး တံခါးတို့ပြန်ပိတ်စ ပြုချိန်မှာ ပြေးလာသော လူရိပ်ကို တွေ့လိုက်ရ၍ တံခါးပြန်ဖွင့်ပေးလိုက်သည်။ သူနှင့်မတိမ်းမယိမ်းလောက်ရှိမည့် ကောင်လေးတစ်ယောက်ဝင်လာသည်။ ကျန်းမာရေးတော့ သိပ်ကောင်းပုံမရ..။ အသားရေက သွေးမရှိသလို ဖြူစွတ်နေသည်။ စကားပြောချင်စိတ်မရှိတာမို့ ကိုယ့်အလွှာနံပါတ်ကိုနှိပ်ပြီး နောက်ဆုတ်ပေးလိုက်သည်။ ထိုကောင်လေးက နံပါတ်ကို တစ်ချက်လှမ်းကြည့်ပြီး ရှေ့တူရှုကိုသာ ပြန်ကြည့်နေသည်။
ဘာရည်ရွယ်ချက်မှမရှိပဲ ကြည်ပြာ ထိုကောင်လေးကို ခြေဆုံးခေါင်းဆုံး ခိုးကြည့်မိသည်။ အရပ်က ခြောက်ပေနီးနီးရှိပြီး သာမာန် ကိုယ်လုံးကိုယ်ထည်မျိုးဖြစ်သည်။ အထူးခြားဆုံးမှာ ထိုကောင်လေး၏ မျက်ဝန်းတွေဖြစ်သည်။ မှိုင်းညို့ရီဝေနေပြီး ဘာကြောင့်မှန်းမသိ တစ်ခနလေး မြင်လိုက်ရတာတောင် ကြည်ပြာ့စိတ်တွေ ဝမ်းနည်းချင်သလိုဖြစ်သွားရသည်။ သုံးသပ်လို့မှ မဆုံးသေး ဓာတ်လှေကားက ဆယ့်သုံးလွှာမှ ရပ်သွားသည်။ တံခါးဖွင့်တော့ ကြည်ပြာ ခပ်သွက်သွက် ဦးအောင်ထွက်မိသည်။ ဘာကြောင့်မှန်းတော့မသိ... ခိုးကြည့်ချင်သလိုဖြစ်လာ၍ အသာလေး နောက်သို့ ငဲ့စောင်းကြည့်လိုက်တော့ ဓာတ်လှေခါးရှေ့မှာရပ်ပြီး သူ့ကိုရပ်ကြည့်နေတာကို တွေ့လိုက်ရသည်။ မျက်လုံးချင်းအဆုံ ထိုကောင်လေးက နှုတ်ခမ်းလေးတွန့်ယုံ ပြုံးပြပြီး သူနှင့်ဆန့်ကျင်ဘက်ကို လျှောက်သွားသည်။ ကြည်ပြာတစ်ယောက် ရင်တုန်ပန်းတုန်ဖြစ်သွားပြီး အခန်းဆီသို့ ခပ်သုတ်သုတ်လျှောက်မိသည်။ အိမ်ထဲဝင်ပြီး တံခါးပြန်မပိတ်ခင် ကြည့်ဖြစ်အောင် ကြည့်မိသေးသည်။ ထိုကောင်လေးသည် သူတို့အခန်းနှင့် မျက်နှာချင်းဆိုင် ဟိုဘက်အဆုံးက အခန်းထဲကို ဝင်သွားတာကို တွေ့လိုက်ရသည်။ ကြည်ပြာတစ်ယောက် ပြောင်းလာကတည်းက ခေါင်းကြီးငုံ့ပြီး ပတ်ဝန်းကျင်ကို မျက်စိမကစားပဲ သွားနေတတ်သူမို့ ဘယ်သူ ဘယ်အခန်းမှာရှိနေသည်ကိုပင်မသိ..။ အခုတော့ သူ့မှာ စောင့်ကြည့်စရာ ကောင်လေးတစ်ယောက် ရသွားခဲ့ပြီ..။ ဘာကြောင့်မှန်းမသိ.. ကျေနပ်သလိုဖြစ်သွား၍ ပြုံးမိသည်။ ဘယ်အချိန်ကတည်းက နောက်မှာရောက်နေမှန်းမသိသော အမေ့ထံမှ..
“အမယ်မယ်.. သမီးလေး ဒီရောက်ကတည်းက ပြုံးတာ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်...၊ ဘာတွေ သဘောကျလာတာလဲ..”
လူမိသွား၍ ကြည်ပြာ ရှက်အားပိုသွားမိသည်။
“အာ.. အမေကလဲ ပြုံးလို့မရဘူးလားဗျာ....”
“အေးပါ အေးပါ.. ပြုံးပါအေ.. အမေ့သမီးလေးက ပြုံးနေတော့ အရမ်းချစ်ဖို့ကောင်းလွန်းလို့ပါ...”
“သမီးအဝတ်လဲလိုက်ဦးမယ်.... အမေ...”
“အေးအေး...”
အမေ့ကို စကားစမြန်မြန်ဖြတ်ပြီး အခန်းထဲ ဝင်လာရသည်..။ မဟုတ်ကမလွယ်.။ အမေ့ သွယ်ဝိုက်မေးခွန်းတွေအောက်မှာ သူ ဘယ်လို နေရမည်မသိ..။ ကိုယ့်ကိုယ်ကို တစ်ခြားနေ့ကနဲ့မတူ သွက်လက်နေတာကိုတော့ ကြည်ပြာ သတိထားမိသည်။ မှန်တင်ခုံမှာ ကိုယ့်ကိုယ်ကို တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီး သီချင်းလေးတစ်အေးအေးဖြင့် ရေမိုးချိုးဖို့ လုပ်နေမိသည်။ ရေမိုးချိုး၊ ညစာစား၊ တောင်တောင်အီအီလုပ်ရင်း အချိန်တွေက ဘယ်လို ကုန်သွားသည်မသိ..။ ညအိပ်ချိန်ရောက်တော့ ဓာတ်လှေကားထဲမှာ မြင်ခဲ့ရသော ဆန့်ကျင်ဘက်ကမ္ဘာစွန်းမှ ကောင်းလေးမျက်နှာကို ပုံဖော်နေရင်း ကြည်ပြာအိပ်မောကျသွားခဲ့သည်။

xxxx xxxx xxxx xxxx

ဒီနေ့တော့ ထူးထူးဆန်းဆန်း နိုးစက်မမြည်ခင် ကြည်ပြာတစ်ယောက် အိပ်ယာက နိုးထလာသည်။ မနက်တိုင်းလုပ်နေကျ ထပြေးဖို့ ပြင်ရပြန်သည်။ မနက်တိုင်း ပြေးနေကျ။ ဒီအိမ်ကိုပြောင်းလာတော့ အိမ်နှင့်မလှမ်းမကမ်းမှာရှိသော ရေလှောင်ကန်ကြီးနှင့် ပန်းခြံထဲတွင် ပြေးဖြစ်သည်။ ကန်ကို ဖြတ်၍ တိုက်လာသော လေနုအေးကို ရှူရှိုက်ရင်းပြေးရတာ အရသာတစ်မျိုး...။ ဓာတ်လှေကားနှင့်မဆင်းခင် ကောင်လေး၏အခန်းဘက်သို့ မသိမသာ မျက်စိစွေကြည့်မိသေးသည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းတွေနှင့် အိပ်မောကျနေသူတွေထဲမှာ နှစ်သက်စွာ ပျော်ဝင်နေစဲဖြစ်မည်ထင်သည်။ နားကြပ်ကို နားပေါက်ထဲထိုးထည့်လိုက်ပြီး ကြည်ပြာတစ်ယောက် ကန်ဆီကို ဦးတည်ပြေးလာမိသည်။ လမ်းပေါ်ရောက်တော့ သူ့လို ကျန်းမာရေးကို လိုက်စားသူတွေနှင့် လမ်းမကြီးမှာ ဟိုနားတစ်ယောက် ဒီနားတစ်ယောက်ဖြင့် အသက်ဝင်နေသည်။ ကြည်ပြာကတော့ သူပြေးနေကျ လမ်းကြောင်းလေးအတိုင်း သီချင်းသံလေး တစ်ငြိမ့်ငြိမ့်ကိုနားဆင်ကာ ပြေးနေမိသည်။ ကန်ဘောင်ပြေးလမ်းအတိုင်း ပြေးနေရင်း ဘေးနားမှာ ခြေသံတွေလိုလို ကြားလာရသဖြင့် အသာလေး ငဲ့စောင်းကြည့်လိုက်တော့ မနေ့ကကောင်လေး..။ အရင်နေ့တွေက ပတ်ဝန်းကျင်ကို သတိမထားပဲ ကိုယ့်ဈာန်နှင့်ကိုယ်ပြေးနေ၍ မမြင်မိတာလားတော့မသိ..။ ဒီပတ်ဝန်းကျင်မှာ မမြင်ဖူးဘူးလို့တော့ထင်သည်။ အသစ်ပြောင်းလာတာလဲ ဖြစ်နိုင်သည်ပဲ..။ မနေ့က မျက်နှာချင်းဆိုင် တွေ့ဖူးတာကတစ်ကြောင်း၊ တစ်လွှာထဲနေသည့် အိမ်နီးချင်းဆိုသောအသိကတစ်ကြောင်း၊ ကိုယ်တိုင်လဲ ဘာမှန်းမသိ စိတ်ဝင်စားမိတာကြောင့်တစ်ကြောင်း ကြည်ပြာ အသာလေး ပြုံးပြ နှုတ်ဆက်မိသည်။ ကောင်လေးဆီမှ ထုံးစံအတိုင်း နှုတ်ခမ်းလေး တွန့်ယုံ အပြုံးနှင့် သူ့ကို ပြန်လည်အသိအမှတ်ပြုတာ တွေ့ရသည်။
တစ်ယောက်နှင့်တစ်ယောက် စကားမဆိုမိပဲ ဆက်ပြေးနေရင်း ကြည်ပြာ ကောင်လေး၏ သက်လုံကိုတော့ လေးစားသွားရသည်။ လူပုံကြည့်တော့ ဖြူဖျော့ဖျော့လေး။ အခု ကြည်ပြာတောင်မှ အသက်ရှူမြန်စပြုလာသည့်အချိန်မှာတောင် သူက အနေအထားမပြတ်.. ။ တိတ်ဆိတ်မှုကို ကြည်ပြာမှ မနေနိုင်စွာ စဖြိုခွဲလိုက်သည်။
"Hi"
ကောင်လေး လှည့်ကြည့်လာတော့..
"Are you new in our Block? I cannot recall seeing you in our flat."
သူ့ရင်ကို တစ်မျိုးဖြစ်စေတတ်လွန်းသည့် ထိုအပြုံးလွှလွှဖြင့် ကောင်လေး စကားပြန်လာသည်။
“ကျွန်တော် ... လူသစ်မဟုတ်ပါဘူး..။ ကျွန်တော့နာမည် ထက်ကောင်းပါ..။ နေထက်ကောင်းပေါ့ အပြည့်အစုံကတော့..”
ကြည်ပြာတစ်ယောက် ရုတ်တရက် ဆွံ့အသွားရသည်။ ကြည့်လိုက်ရင် မြန်မာတစ်ယောက်လို့ မထင်ရ..။
“ဟို... ဟုတ်... ကြည်ပြာ့ကို မြန်မာမှန်း ဘယ်လိုသိတာလဲ... ”
“မကြည်ပြာတို့ ပြောင်းလာတဲ့နေ့ကတည်းက ကျွန်တော် တွေ့နေတာပဲ...”
“ဟုတ်... အဲ... ဘယ်လိုလုပ် ကြည်ပြာ့နာမည်ကို သိနေတာလဲ..”
“ဗျာ... ခုနကပဲ မကြည်ပြာက ကြည်ပြာ့ကို မြန်မာမှန်း ဘယ်လိုသိတာလဲ လို့မေးတယ်လေ...”
“ဟယ်... ဟုတ်လား.. အဲ့လိုမေးမိတာလား... ”
ကြည်ပြာတစ်ယောက် နှုတ်ခမ်းကို ကိုက်ပြီး ခေါင်းငုံ့သွားမိသည်။ သေစမ်း. မိကြည်ပြာ...။
“ကျွန်တော့ကို ထက်ကောင်းလို့ပဲ ရင်းရင်းနှီးနှီးခေါ်နိုင်ပါတယ်..။ ကျွန်တော်လဲ မကြည်ပြာကို ကြည်ပြာလို့ပဲခေါ်မယ်လေ.. အိမ်နီးချင်းတွေပဲ .. ရတယ်မလား..”
“အဲ... ရပါတယ်.. ကိုထက်ကောင်း..”
ထို့နောက်တွင်တော့ ဘာစကားမှ ဆက်မပြောဖြစ်ပဲ အိမ်သို့သာ ပြန်လာဖြစ်သည်။ ထိုနေ့အလုပ်သွားတော့ ကြည်ပြာတစ်ယောက် သာမာန်ရက်တွေထက် တက်ကြွပြီးလုပ်နေသဖြင့် လုပ်ဖော်ကိုင်ဖက်တွေကတောင် မေးယူရသည်။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်တော့လဲ မရိုးမသားစိတ်ထက် ရင်းနှီးခင်မင် သံယောဇဉ်တွယ်တာစိတ်တွေက ပိုများနေတာကိုလဲ သတိထားမိသည်။ သွေးသားရင်းတစ်ယောက်လို တွယ်တာမိနေသည်။ ကြည်ပြာ သက်ပြင်းမောလေးရှိုက်မိသည်။ အခုမှ တွေ့တာ နှစ်ရက်ပဲ ရှိသေးသူအပေါ် ဘာလို့ တွယ်တာမိနေမှန်းလဲ နားမလည်နိုင်တော့..။ နေထက်ကောင်းဆိုသူထံမှ အန္တရာယ်အငွေ့အသက်ကို ရမနေတာတော့ သေချာနေလွန်းသည်။ သေချာတာတစ်ခုကတော့ ခါတိုင်းနေ့လို အိမ်ပြန်ဖို့ အချိန် သိပ်ဆွဲမိတော့မှာမဟုတ်တော့တာကိုပင်ဖြစ်သည်။

xxxxxxxxxx xxxxxxxxxxxx xxxxxxxxxxxxxxx

“အင်း... ဘာလိုလိုနဲ့ ကျွန်တော်တို့ ခင်တာ တစ်လတာင်ပြည့်ပြီနော်...”
“ဟုတ် ကိုထက်... ကြည်ပြာလေ.. အစက အဲဒီတိုက်မှာ အထီးကျန်တော့မယ် မှတ်နေတာ..”
“ဒီလိုပါပဲ ကြည်ပြာရယ်.. လူဆိုတာ တစ်ယောက်ထဲ နေတတ်အောင် ကြိုးစားထားရင် ပိုကောင်းတယ်..”
“ဘာလို့လဲ ကိုထက်ရဲ့..”
“တစ်ခါတစ်လေမှာ မထင်မှတ်ပဲ ကိုယ့်ဘဝထဲကနေ ကိုယ်အလေးထားတဲ့သူတွေ ပျောက်ကွယ်သွားရတာပဲမလား..”
“အာ.. အဲဒါကြီးတွေ မပြောနဲ့ကိုထက်ရာ.. ကြည်ပြာတော့လေ.. ကြုံခါမှကြုံပဲ... အပျော်တွေကို အဲလို စိတ်ဆင်းရဲစရာအတွေးတွေနဲ့ မရောထွေးပစ်ချင်ဘူး..”
“အေးပါ...အေးပါ...။ ဒါပေမယ့် ကြည်ပြာလဲ စိတ်ထဲမှာတော့ ပြင်ဆင်ထားပေါ့..”
“ဘာကိုလဲ ကိုထက်ရ...”
“သြော်... ဒီလိုပါပဲ .. တစ်ခါတစ်လေ ခွဲခွာခြင်းက မလိုချင်လဲ သတ်မှတ်ပြီးသားလိုဖြစ်နေတာမျိုးကိုး...”
“အာ.. ဘာတွေလဲ ကိုထက်ရာ..”
“ကြည်ပြာ့ကိုမေးမလို့.... မေးကြည့်တာနော်... တစ်ကယ်လို့ ကိုထက်မရှိတော့ဘူးဆိုရင် ကြည်ပြာဒီမှာ ဘယ်လိုဆက်နေမှာလဲ..”
ရုတ်တရက် မဖြေနိုင်သေးပဲ ကြည်ပြာ နေထက်ကောင်းကို ငေးကြည့်နေမိသည်။ စတာလား အတည်လား ဘာမှ အရိပ်ကိုဖမ်းမရနိုင်..။ ဒီလိုပဲ စကားပြောတိုင်း နေထက်ကောင်း၏ ခံစားချက်တို့ကို ဖမ်းလို့ကိုမရ..။ အမျိုးအမည်မသိ လွမ်းမောမှုတွေနှင့်သာ အဆုံးသတ်ရသည်ချည်း..။
“ဘယ်လိုလဲလို့ ကြည်ပြာ..”
“ကြည်ပြာ့ဘဝ အရင်ကထက် ပိုပြီး ခြောက်သွေ့သွားမှာတော့ သေချာတယ်...”
“အဲလို ဖြစ်လို့မရဘူးလေ ကြည်ပြာရ...”
“အာ... ဘယ်လို ထိန်းလို့ရမှာလဲ.. ကြည်ပြာ့မှာ ကိုထက်ပဲ ရှိတာ. ကြည်ပြာ ဘယ်သူ့ကိုမှ ရင်းရင်းနှီးနှီးမပေါင်းတော့တာ ကြာခဲ့ပြီလေကိုထက်..။ ကြည်ပြာ့ ယုံကြည်မှုတွေကို ဝိုင်းပြီး တစ်ပတ်ရိုက်သွားကတည်းက ကြည်ပြာ လူတွေကို မပေါင်းချင်တော့တာ..”
“အင်း... ကိုထက်သိတယ်လေ..။ ဒါပေမယ့် ကိုထက်ပြောဖူးသားပဲ..။ ကိုယ်ခံဖူးတာက ကိုယ့်အတွက် သင်ခန်းစာအနေနဲ့ သုံးပြီး လူတွေကို လေ့လာပေါင်းသင်းတဲ့အခါ ပိုပြီး ကြည့်တတ်မြင်တတ်အောင် နေလို့...။ အဲလိုမှပဲ ကြည်ပြာ့ဘဝ စိုပြည်မှာပေါ့..”
“အာ.. ကိုထက်ကိုတောင် မြင်မြင်ချင်းခင်သွားလို့တာ.. သွေးသားရင်းလို ခံစားမိလို့သာ စကားပြောတာ... မဟုတ်ရင် လှည့်တောင်မကြည့်ဘူး..”
“အင်းပါ.. သိပါတယ်.. ဓာတ်လှေကားထဲ တူတူစီးဖူးမှပဲ ကြည့်ဖော်ရတာ မြင်ဖော်ရတာ..။ မဟုတ်ရင် ဘေးကဖြတ်သွားတာတောင် ကြည်ပြာက သိတာမဟုတ်ဘူး..”
“အင်း.. ကြည်ပြာကအဲလိုပဲ..။ ဒါနဲ့ ကိုထက်ကို ပြောဦးမယ်..။ ဘာပဲဖြစ်ဖြစ် ကြည်ပြာ့ကို အဲလိုထပ်မမေးနဲ့..။ ကိုထက် ကြည်ပြာ့ကို ထားချင်ရင် ထားသွားလိုက်..။ အဲဒီတစ်နေ့မှပဲ ကြည်ပြာ ခံစားလိုက်မယ်..။ အခုကတည်းက ဝေးနိုင်တယ်ဆိုတဲ့အသိတွေနဲ့ ကြည်ပြာ့ကို မရက်စက်ပါနဲ့..။ ကြည်ပြာ ဒီအတိုင်းလေး ပျော်ပျော်နေချင်တယ် ကိုထက်ရာ..”
“အေးပါ... ဒါပေမယ့် ကြည်ပြာ့ကို ကြိုးစားစေချင်တယ်... ကိုထက်ပြောခဲ့တာတွေကလဲ ကြည်ပြာ့ဘဝအတွက်ပါ..”
“အေးပါဆိုနေကွာ.. တော်တော့ကွာ.. ကိုထက်... ကြည်ပြာ အပေါ်တက်တော့မယ်...”
“အင်းအင်း...”
စိတ်တော့ နည်းနည်းညစ်သွားရသည်။ နေထက်ကောင်းတစ်ယောက် ဘာတွေ လာပြောနေမှန်း ကြည်ပြာမသိ..။ သေချာတာတော့ နေထက်ကောင်းကို အကိုရင်းတစ်ယောက်လို တွယ်တာမိနေပြီဖြစ်သည်။ အဆုံးရှုံးမခံနိုင်..။ အခန်းထဲသို့ ဝင်ဖို့အလုပ်...
“သမီး.. ဘယ့်နှယ်.. တစ်ရက်တစ်ရက် အောက်က ပန်းခြံမှာ ဘာသွားထိုင်ထိုင်လုပ်တာလဲ...”
“ဒီလိုပါပဲ လေညှင်းခံတာ.. ”
“အင်.. ထူးထူးဆန်းဆန်းအေ..အမေတို့အထပ်က ဆယ့်သုံးလွှာပါ.. လေတိုက်တာမှ ဆင်တောင် ကြိုးနဲ့ချည်ထားမှ အိမ်မှာ မြဲမယ့်အပေါက်...။ ဒါတောင် အောက်မှာ လေညှင်းဆင်းခံတယ်.. အံ့ပါ့အေ..”
“အမေကလဲ ပြောလိုက်ရင်လေ... ”
“အေးအေး ..သွားသွား .. ခနနေရင် ညစာစားတော့မယ်.. ညည်းအဖေက ပြန်မလာနိုင်သေးဘူး..။ ဟိုဘက်အခန်းက အသည်းအသန်ဖြစ်နေတဲ့ လူနာကို သွားကြည့်နေတာတဲ့..”
“ဟုတ်လားအမေ.. ဒါနဲ့ ဘာဟင်းလဲ..”
“သမီးကြိုက်တဲ့.. ကြက်သည်းကြက်မြစ်ပြုတ်ကြော်... နောက်ပြီး ခရမ်းချဉ်သီးထောင်း.. နောက်ပြီးတော့ ငါးရံ့အူချက်..”
“အားပါးပါး.. အဲဒါကြောင့် မေကြီးကို ချစ်တာဗျ...”
အမေနားကပ်ချွဲလိုက်ရင်း ခုနက ညစ်နေသောစိတ်တွေကို ဆေးကြောလိုက်သည်။ အဖေကလဲ ချက်ချင်းပြန်မလာ၍ ညစာကို သားအမိနှစ်ယောက်ထဲ စားလိုက်သည်။ ထိုည ညတော်တော်နက်မှ အဖေပြန်လာတာကို သိသည်။ အိပ်နေပြီမို့ ထပြီး မေးမနေတော့..။ ညတော်တော်နက်သည်အထိ အဖေနှင့်အမေ မအိပ်သေးတာကိုတော့ သိသည်။ တီးတိုး စကားသံတွေကို နားထောင်ရင်း ကြည်ပြာတစ်ယောက် အိပ်ပျော်သွားသည်။

xxxxxxxxx xxxxxxxxx xxxxxxxxxxxxxx

“သမီးလေး.. သမီးလေး... နေမကောင်းဘူးလား.. အခုချိန်ထိအိပ်နေတယ်...”
အခန်းအပြင်ဘက်မှ ဆူညံသံများကြောင့် ကြည်ပြာ လန့်နိုးလာသည်။ မီးမထွန်းရသေးပဲ လင်းနေသောကြောင့် မနက်လင်းနေပြီဆိုတာ သိလိုက်သည်။ အလန့်တကြား နာရီကောက်ကိုင်ကြည့်လိုက်တော့ မနက် ခုနစ်နာရီ ခွဲတော့မည်..။ အိပ်ယာမှ လူးလဲထရင်း နိုးစက်ကို ကိုင်ကြည့်လိုက်သည်။ နိုးစက်က ဘယ်လိုလုပ် ဓာတ်ခဲအားကုန်သွားသည်မသိ..။ ဒီနေ့မနက်တော့ ထမပြေးရတော့..။ နေထက်ကောင်းတစ်ယောက်ထဲ ဖြစ်နေတော့မည်။ ကိုယ်လက်သန့်စင်တာကို ခပ်သွက်သွက်လေးလုပ်ပြီး အဝတ်အစားလဲကာ မနက်စာစားဖို့ပြင်ရသည်။
“သမီး နေမကောင်းဘူးလား..”
“ကောင်းပါတယ်အမေ... နိုးစက်က ဓာတ်ခဲကုန်သွားတာ..”
“သြော်... အဲ.. အရင်က နိုးစက်မမြည်ခင် သမီးနိုးနေကြပဲဟာကို...”
“ဟုတ်တယ်အမေရ.. ဒီတစ်ခါ နာရီဓာတ်ခဲနဲ့ လူဓာတ်ခဲ ရောကုန်သွားတယ်ထင်တယ်...”
“ဟားဟား ဖြစ်ရမယ်သမီးကတော့..”
“ဒါနဲ့ ဖေဖေရော...။ မနက်အစောကြီး မနက်စာမစားပဲ ဘယ်သွားလိုက်တာလဲ...”
“ဟိုဘက်အခန်းမှာသမီးရေ..။ စိတ်မကောင်းစရာပဲ..။ အဲဒီလင်မယားမှာ သားတစ်ယောက်ပဲရှိတာ...”
“ဟင်...”
“အေး... သူတို့သားလေး ဒီနေ့မနက်လေးနာရီမှာပဲ ဆုံးသွားတယ်တဲ့...”
“အယ်.. သနားပါတယ်....”
“အေးလေ.. သူတို့ကတော့ ပြင်ဆင်ထားပြီးသားပါ...။ သူတို့သား ကိုးမားနဲ့ လဲနေတာ တစ်လကျော်နေပြီလေ...”
“ဟုတ်လား... ဘယ်လိုဖြစ်တာလဲ...”
“ကား အက်ဆီးဒင့်ဆိုလားပဲ... ကောင်လေးက အစတုန်းကတော့ သာမာန်လိုပဲတဲ့..။ အက်ဆီးဒင့်ပြီး နှစ်ပတ်လောက်ကြာမှ ခေါင်းတွေ တအားပြန်မူးလာတယ်ပြောလို့ သွားစစ်တော့မှ ခေါင်းထဲမှာ သွေးစတွေ့တယ်ဆိုလား သွေးခဲတွေ့တယ်ဆိုလားမသိဘူး..။ အဲဒါ ခွဲတော့ မမှီတော့ဘူးပြောတာပဲ..။ ခွဲစိတ်ခန်းထဲက ထွက်လာပြီး သတိပြန်လည်လာသေးတယ်တဲ့..။ နောက်တော့ ကိုးမားဝင်သွားတယ်ပြောတာပဲ..။”
“အယ်... ဖြစ်ရလေ..”
“အင်း.. အမေတို့ ပြောင်းမလာခင်လေးတင် ဖြစ်တာလေ..။ သူမိဘတွေက ယူအန်မှာ တာဝန်ထမ်းဆောင်နေတော့ ကောင်လေးကို ဆေးရုံမှာပဲ ထားခဲ့ရတယ်လေ..။ အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံတက်ရတုန်းက ခွင့်တစ်လလောက်ယူပြီး ပြန်လာတာကိုး..။ ခွင့်ကုန်တော့ အလုပ်ထဲကို ပြန်သွားရရှာတယ်..။ သနားပါတယ်.. သူတို့ အလုပ်နဲ့ စာချုပ်က မနေ့ကကုန်တာမို့ မနေ့က အားချင်း ပြန်လာတာလေ..။ သူတို့သားကို အသက်မှီယုံလေးပေါ့...”
“အယ်... စိတ်မကောင်းစရာကြီးအမေရာ..။ အဖေက သွားကူနေတာလား..”
“အေး.. ဖြစ်ချင်တော့ ကောင်လေးအမေက သမီးအဖေရဲ့ ငယ်သူငယ်ချင်းလေ...”
“ဟုတ်လား... အင်းအင်း ညကျရင် အဖေနဲ့ သမီးလိုက်သွားလိုက်မယ်လေ... အခုတော့ အလုပ်ပြေးဦးမယ်..”
အခန်းမှအထွက် နေထက်ကောင်းတို့ အခန်းဘက်လှမ်းကြည့်လိုက်တော့ ထူးထူးဆန်းဆန်း အိမ်တံခါးမကို ဖွင့်ထားတာကိုတွေ့ရသည်။ နေထက်ကောင်း၏ အရိပ်အယောင်ကိုတော့ မတွေ့ရ...။ တစ်နေ့လုံး အလုပ်မှာလဲ စိတ်ကမကပ်..။ အခုမှ တစ်ခု သတိရမိသည်။ နေထက်ကောင်း၏ ဖုန်းနံပါတ်ကို အခုထိ တောင်းမထားမိ..။ ဖုန်းအကြောင်းကို စကားမစပ်မိကြ..။ တစ်လလုံးလုံး ကိုယ်နှင့် ဒီလောက်ရင်းနှီးနေသူ၏ ဖုန်းနံပါတ်ကို တောင်းဖို့ မေ့နေမိသော ကိုယ့်ကိုယ်ကိုလဲ အံ့သြမိသည်။ ညရုံးဆင်းတော့ ထုံးစံအတိုင်း နေထက်ကောင်းနှင့် ထိုင်စကားပြောနေကျ တိုက်အောက်က ကစားကွင်းလေးဆီဦးတည်မိသည်။ ထိုင်နေကျနေရာမှာ နေထက်ကောင်းကို တွေ့လိုက်ရသည်။ မျက်နှာက သိပ်မကောင်း..။
“ပြန်လာပြီလား ကြည်ပြာ..”
“ဟုတ်... ဒါနဲ့ ကိုထက် ကြားမိလား.. ကြည်ပြာတို့ အလွှာကပဲ ကောင်လေးတစ်ယောက် ဆုံးသွားတယ်တဲ့ ဒီနေ့မနက်..”
“အင်း... ကြည်ပြာ့ကို ပြော...”
“သနားပါတယ်နော်.... ဆုံးသွားတာလဲ တစ်မျိုးကောင်းပါတယ်.. ကိုးမားနဲ့ နေနေရတာ တစ်လကျော်နေပြီဆိုတော့.. တစ်ဒုက္ခငြိမ်းသွားတာပေါ့..”
“....................”
“တစ်ဦးတည်းသော သားဆိုလားပဲ.. သေချာတောင်မသိသေးပါဘူး... ညမှ ဖေဖေနဲ့ လိုက်သွားဦးမယ်..”
“ကြည်ပြာက မမြင်ဖူးဘူးလား...”
“အယ်.. ဒီတိုက်တစ်ခုလုံးမှာ ကိုထက်နဲ့ပဲ သိတာလေ...”
“ဟုတ်သားနော်....”
“ကိုထက်ကလဲ...”
“အင်း.. ကြည်ပြာ့ကိုပြောမလို့... ကိုထက် ခရီးခနထွက်ရမယ်...”
“ဟယ်... တစ်ကယ်လား... နောက်နဲ့နော်..”
“အင်း.. မနောက်ဘူး .. တစ်ကယ်သွားရမှာ...”
“အာ.. ဘယ်လောက်ကြာမှာလဲ...”
“သိပ်တော့ မကြာဘူးထင်တာပါပဲ..”
“လေသံကလဲကွာ.. အားရစရာပဲ.... ”
“အင်.. ဘာလို့လဲ...”
“ထားလိုက်ပါ.. ကိုထက်ကို တစ်ခုတောင်းရဦးမယ်...”
“ဘာလဲ...”
“ဖုန်းနံပါတ်... ဒီနေ့မှ ကြည်ပြာ သတိရတာ.. ကိုထက်ဖုန်းနံပါတ် မတောင်းရသေးဘူး..”
“ဟာ.. ဖုန်းက ယူသွားမှာမှမဟုတ်တာ ကြည်ပြာကလဲ..”
“အယ်.. ဘာပဲဖြစ်ဖြစ်ပေါ့.. ဘာလဲ ကိုထက်က မပေးချင်လို့လား..”
“မဟုတ်ပါဘူး.. သုံးလို့ရမှာမဟုတ်လို့ပါ..”
“အာ.. ပေးဆိုပေးကွာ...”
“အေးပါ အေးပါ... ဝအောင် ဂျီတိုက်ထား... တစ်ခါတည်း မှတ်... xxxxxxxxx”
“လွယ်လွယ်လေး.. ဒီမှာ အလွတ် ပြောပြမယ်... xxxxxxxx”
“တော်တယ်.. တော်တယ်.. စကားပြန်ကောက်မယ.်. ကိုထက် ခရီးထွက်မှာဆိုတော့ ကြည်ပြာ နေကောင်းအောင်နေနော်.. တအားတွေးမနေနဲ့.. ”
“အာ... ပြန်မလာတော့မှာ ကျနေတာပဲ..”
“ပြန်မလာဖြစ်တော့မှာ စိုးလို့မှာနေတာ...”
“အာ.. ကိုထက်... ပါးစပ်ပုတ်ကြီးနဲ့.... ”
“အေးပါ အေးပါ.. တက်တော့ .. ”
“အာ.. အခုမှ လာထိုင်တာ မောင်းထုတ်နေပြန်ပြီ...”
“ကိုထက်ပစ္စည်းတွေက သူငယ်ချင်းတွေ ယူသွားပေးပြီးပြီ.. အခုက ကြည်ပြာ့ကိုစောင့်နေတာ.. နာရီဝက်တောင်နောက်ကျနေပြီ.. အဲဒါမို့ပါ ကြည်ပြာရ..”
“သြော်.. ကွာ.. စောစောလဲမပြောဘူး ကိုထက်က... အခုတော့ ကောင်းကောင်းတောင် နှုတ်မဆက်ရ လိုက်မပို့ရဘူး..”
“ရပါတယ်.. လိုက်ပို့ရမှာပါ...”
“ဘာကြီး...”
“ဘာမှမဟုတ်ဘူး.. တက်တော့ လိမ္မာတယ်..”
“အင်း.. ကိုထက်က တက္ကဆီနဲ့ သွားမှာလား..”
“ဟုတ်တယ်.. ဟိုဘက်မှာစောင့်နေတယ်.. သွားတော့မယ်နော်...”
ပြောပြောဆိုဆို လှည့်ထွက်သွားသော နေထက်ကောင်းကို နားမလည်နိုင်စွာကြည့်မိသည်။ တစ်ခါတစ်လေ ထူးဆန်းလွန်းသော ဒီလူကိုမှ သူကလဲ အသေအလဲ သံယောဇဉ်တွယ်မိသည်ကိုး..။ အိမ်ထဲရောက်တော့ အမေက..
“သမီးရေ.. ထားစရာရှိတာထားပြီး အမေနဲ့လိုက်ခဲ့.. ဟိုဘက်အခန်းသွားမယ်..”
“ဟုတ်...”
စာရွက်စာတမ်းတွေကို ချလိုက်ပြီး ကြည်ပြာ အမေနောက် လိုက်ဖို့ပြင်သည်။
“အယ်.. အမေ ဘယ်သွားတာလဲ အမေပြောတော့ ဟိုဘက်အခန်းဆို..”
“အေးလေ.. ဟိုဘက်လေ.. ကပ်ရက်အခန်းလို့ ပြောလို့လား...”
“အင်.. ဟိုဘက်နဲ့ ကပ်ရက်နဲ့ မတူဘူးလား..”
“မတူဘူး.. ဟိုဘက်ဆိုတာ ဟိုမှာ ဟိုဘက်ထောင့်ဆုံးအခန်းကိုပြောတာ...”
“ရှင်..................”
ကြည်ပြာ့တစ်ကိုယ်လုံး အားတွေ မရှိတော့သလိုဖြစ်သွားရသည်။ တစ်ဦးတည်းသောသား၊ ကိုထက်များလား.. ဟင့်အင်း မဖြစ်နိုင်.. အခုလေးတင် စကားပြောခဲ့တာ...။ အမေကတော့ ပျက်ယွင်းသွားသော ကြည်ပြာ့ အနေအထားကို မသိပဲ ဆက်လျှောက်သွားသည်။ ခြေလှမ်းကို အနိုင်နိုင်ထိန်းရင်း ကြည်ပြာလိုက်ဝင်သွားသည်။
အခန်းထဲရောက်တော့ ဧည့်ခန်းထဲမှာ အဖေနှင့်အတူ အဖေ့အရွယ် မိန်းမတစ်ယောက်နှင့် ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရသည်။ ကောင်လေး၏ မိဘနေမည်ထင်သည်။ အခန်းထဲ မျက်စိဝေ့ကြည့်လိုက်တော့ နံရံထက်မှာ ချိတ်ထားသော ဓာတ်ပုံတွေကို တွေ့လိုက်ရသည်။ ဓာတ်ပုံတစ်ခုအရောက်တွင် ကြည်ပြာ့ မျက်လုံးတို့ ရပ်တန့်သွားရသည်။ ဓာတ်ပုံထဲမှ သူ့ကို စူးရဲသောမျက်လုံးတွေနှင့် စိုက်ကြည့်နေသော... နေထက်ကောင်း...။
“ကိုထက်.... ”
ကြည့်ပြာ့နှုတ်မှ ထွက်ကျသွားခဲ့သည်။ ကောင်လေး၏မိခင်မှ အလန့်တကြားမော့ကြည့်လာပြီး
“သမီးနဲ့ ကိုထက်နဲ့က သူငယ်ချင်းတွေလား...”
“ရှင်.............”
“သမီးနဲ့လေ.. ကိုထက်နဲ့က.... ဟို.. .အသိတွေလားလို့...”
“ဒီပုံထဲက တစ်ယောက်ကိုမေးတာလား အန်တီ...”
“အေးလေ...”
“သူက နေထက်ကောင်းမလား...”
“ဟုတ်တယ်လေ.. သမီးနဲ့သိလားလို့...”
“သမီးနဲ့ မောင်နှမလိုပဲလေ......”
“ဟင်.. သားမှာ မိန်းကလေး သူငယ်ချင်းရှိတယ်လို့ တစ်ခါမှလဲ မကြားဖူးပါဘူး...”
“ရှင်................. သူက အန်တီ့သားလား...ဒါဆို.. ဒါဆို...”
ကြည့်ပြာ့အမေးကို ချက်ချင်းမဖြေနိုင်ရှာ..။ အန်တီကြီးမျက်ဝန်းတွင် မျက်ရည်တို့ ဝေ့သီလာသည်။
“ဟုတ်တယ်သမီး.. ဒီနေ့မနက်ပဲ သားလေး ဆုံးသွားရှာပြီ....”
“ရှင်........................... မဖြစ်နိုင်ဘူး...”
“အေးပေါ့.. အန်တီတို့လဲ မဖြစ်စေချင်ပါဘူး...”
“မဟုတ်ဘူး... မဖြစ်နိုင်ဘူး...”
“စိတ်ထိန်းပါသမီးရယ်...”
ကြည်ပြာ့မိဘတွေကတော့ ပါးစပ်အဟောင်းသား...။
“မဟုတ်ဘူးအန်တီ.. ကိုထက် မသေပါဘူး ခရီးထွက်သွားတာပါ...”
“သမီးရယ်....”
“ဟုတ်တယ်.. ခုနလေးတင်ကမှ သမီးကိုနှုတ်ဆက်ပြီးသွားလိုက်တာ..”
“ဘယ်လို...”
“ဟုတ်တယ်... ကိုထက်နဲ့ သမီးခင်တာ တစ်လပဲရှိသေးတယ်...”
“ဟင်.... မဖြစ်နိုင်တာ...”
“ဟုတ်တယ်.. သမီးမနက်ပြေးတိုင်း ကိုထက် နဲ့ တူတူပြေးနေကြ.. ညနေပြန်လာရင်လဲ အောက်က ကစားကွင်းမှာ စကားပြောပြီးမှ သမီးတက်လာတာ..။ ဒီနေ့တောင် ကိုထက် ခရီးထွက်ရမှာမို့ သမီးစောစောတက်လာတာ...”
ကြည်ပြာပြောနေတုန်း အမေက ကြည်ပြာ့ကို ပုခုံးလာဖက်သည်။
“သမီးလေး ဘာတွေပြောနေတာလဲ.. သမီးလေး အောက်က ကစားကွင်းထဲမှာထိုင်တာ အမေသိတယ်.. ဒါပေမယ့် သမီးတစ်ယောက်ထဲ... ဘယ်သူမှ မရှိဘူး.. အဲဒါမို့ သမီးကိုတောင် အမေမေးသေးတယ်.. ဘာလုပ်တာလဲလို့.. သမီးမှတ်မိလား..”
“အမေရာ.. အမေမြင်တဲ့အချိန် အမေမျက်စိမှားတာနေမှာ..”
“မဟုတ်ဘူးသမီး.. သမီးအဲဒီအောက်မှာထိုင်ကတည်းက အမေစောင့်စောင့်ကြည့်နေတာ နေ့တိုင်းပဲ.. သမီး။ သမီးတစ်ယောက်ထဲ...”
ကြည်ပြာ .. တစ်ခုခုကိုနားလည်စပြုလာသည်။ ဟင့်အင်း.. မဖြစ်နိုင်.. ။ စိတ်ထဲက သိစပြုလာသော အသိတစ်ခုကို အသည်းအသန် ငြင်းဆန်မိသည်။
“အန်တီ.. ဒီနံပါတ်ကိုသိလား... xxxxxxxx”
“ဟင်... အဲဒါ သားလေးရဲ့ ဖုန်းနံပါတ်လေ.. သား ကိုးမားဝင်သွားကတည်းက အန်တီတို့ ပိတ်လိုက်ပြီးပြီ...”
“ရှင်.. အဲဒါ ကိုထက် အခုလေးတင်မှ သမီးကိုပြောသွားတာ... ”
“ဟင်......”
“ဒါဆို.. ကိုထက်...က... အမေ.. ကိုထက်က... ဟင့်.. ဟင့်..”
ကြည်ပြာပြောရင်း စိတ်မထိန်းနိုင်တော့..။ သေချာသွားခဲ့ပြီလေ...။ သူ ကိုထက်ကို တစ်ယောက်ထဲ မြင်နေခဲ့ရသည်ဆိုတာကို...။ ပုံကနည်း ခွေကျသွားခဲ့သော ကြည်ပြာ့ကို ဝိုင်းဝန်းနှာနှပ်ပေးရင်းမှ ချော့မေးကြရသည်။ ထိုအခါမှ ကြည်ပြာနှင့် နေထက်ကောင်းတို့၏ ထူးဆန်းသော တွေ့ဆုံပွဲကို သိလိုက်ရပြီး အခန်းလေးသည် လွမ်းမောခြင်းများဖြင့် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

Ref...>>စိုင်းမွန်း

လေ့လာကွင်းဆင်း ဆုံတွေ့ခြင်း

0

Posted by Jelly Kit | Posted in | Posted on 8:37 PM



လေ့လာကွင်းဆင်း ဆုံတွေ့ခြင်း

ဖြစ်ပျက်ခဲ့တဲ့နေရာလေးကတော့ ရှမ်းပြည်နယ် ရွာငံမြို့လေးရဲ့ ချောင်ကျကျ ဘုန်းတော်ကြီးကျောင်းတစ်နေရာပေါ့..။ အားလို့ သွားလည်တာတော့မဟုတ်ပါဘူး... ။ ကျွန်တော်တို့ ဘူမိဗေဒ နောက်ဆုံးနှစ်ကျောင်းသားတွေ လက်တွေ့ကွင်းဆင်းရတာပါ..။ အားလုံးပေါင်း အယောက် တစ်ရာလောက်တော့ရှိမယ်..။ ဘုန်းကြီးကျောင်းတော့ ပြိုတော့မှာပဲ မတွေးလိုက်ပါနဲ့..။ အဲဒီ ဘုန်းကြီးကျောင်းဝင်းထဲမှာ ကျွန်တော်တို့ လူအုပ်ကြီးကို သေချာဧည့်ခံပေးနိုင်မယ့် အဆောင်ကြီးတော့ရှိတယ်...။ ရွာငံဆိုတာက တောင်တွေကြားက မြို့လေးလေ..။ ဘုန်းကြီးကျောင်းကတော့ တောင်ကြားက ကုန်းကမူလေးပေါ်မှာပေါ့..။ အဆောင်က ခြေတံရှည်အဆောင်မျိုး..။ အဆောင်အောက်မှာက ညဘက်ဆိုရင် နွားတွေကို ချည်ထားတယ်.။ ကြမ်းခင်းပေါ့..။ အဆောင်ပေါ်တက်တဲ့ လှေကားနှစ်ခုရှိတယ်.။ တစ်ခုက ရွာဘက်သွားတဲ့ လမ်းမကြီးဘက်က.. တစ်ခုက ကျောင်းထိုင် ဘုန်းဘုန်းတွေ ကျိန်းတဲ့ဘက်..။ အဲဒီမှာ နေခဲ့တဲ့တစ်လျှောက်လုံးတော့ ဆရာတော် နှစ်ပါးပဲ တွေ့ဖူးတယ်.။
ပုံစံကို သေချာ မြင်စေချင်လို့ လေကန်နေရတာပါ..။ ကွင်းဆင်းရတယ်ဆိုတော့ သိတဲ့အတိုင်း မိန်းကလေးတွေလဲပါတယ်..။ အဆောင်က ဟောခန်းလိုကြီးဆိုတော့ အလယ်မှာ တာလပတ်စခြားပြီး မိန်းကလေးတစ်ဘက် ယောကျာ်းလေးတစ်ဘက် ကျောစန့်ရတယ်..။ ခြင်ထောင်အကြီးကြီးတွေထောင်ပြီး တစ်လုံးထဲမှာ သုံးလေးယောက် စုအိပ်ကြတယ်..။ ကြားထဲမှာ လူသွားလမ်းလေးတော့ ချန်ထားတာပေါ့..။ အတန်းလိုက် အိပ်ကြတာ..။ ကျွန်တော်ကတော့ ထိပ်ဆုံးမှာပေါ့..။ ကျွန်တော်တို့ အိပ်တဲ့နေရာနားမှာ ကြမ်းကို ခြောက်လက်မလောက် တစ်ဆင့်မြင့်ထားပြီး ဘုရားဆင်းတုတော်တွေ တန်းစီချထားတာရှိတယ်.။ ဘာအတွက်လဲတော့မသိဘူး..။ ကျွန်တော်တို့က ကွင်းဆင်းချိန်က မချောင်ဘူး..။ မနက်ခြောက်နာရီကနေ ညနေခြောက်နာရီအထိပဲ..။ အဲဒီတော့ မနက်ဆိုရင် ငါးနာရီလောက်ဆိုရင် ထရပြီ..။ ထမင်းကို အလှည့်ကျ တာဝန်ယူချက်ကြတယ်.။ ရွာငံက မနက် အေးချက်ကတော့ လက်လန်တယ်..။ မနက်မနက်ဆိုရင် ရေတိုင်ကီထဲက ရေမျက်နှာပြင်က ခဲနေတာ..။ အဲဒီ ရေခဲလွှာပါးပါးလေးကို ဖယ်ပြီးမှ မျက်နှာသစ်သွားတိုက်လုပ်ရတယ်..။ အေးချက်က ကိုးလောက်ရှိတယ်..။ လေ့လာရေးထွက်တော့ ငါးယောက်တစ်ဖွဲ့ ခြောက်ယောက်တစ်ဖွဲ့ အဲ့လို စုသွားကြတယ်..။ နေရာဒေသကို မှတ်တမ်းတင်၊ ပြန်ပြီး သတင်းပို့..။ ဒီလိုတွေပေါ့ဗျာ..။ ပျော်ဖို့တော့ကောင်းပါတယ်..။ ရောက်စ လေးငါးရက်တော့ ဘာမှ မဖြစ်ပါဘူး..။
အဲ ခြောက်ရက်မြောက်နေ့လောက်ထင်တယ်.. ညက တအားကို အေးတာ...။ ဘယ်လောက်တောင်အေးလဲဆိုရင် လန့်ပြီး နိုးတဲ့အထိပဲ..။ အဲဒီညက လန့်နိုးလာတော့ အဆောင်အောက်က နွားတွေရဲ့ ခလောက်သံကို နားထောင်နေမိတယ်.။ အမှုမဲ့ အမှတ်မဲ့ပေါ့..။ နောက်မှ သေချာနားထောင်ရင်း ခလောက်သံက ဂလောက် ဂလောက် နဲ့ စည်းချက်ကို ညီလို့..။ ဘယ့်နှယ် ခလောက်သံပါဆိုနေ မြည်ချင်တဲ့အချိန်မြည် တိတ်ချင်တဲ့အချိန် တိတ်ဖြစ်နေရမှာလေ..။ အဲလို ခလောက်သံကိုလဲ သတိထားမိသွားရော ကျန်တဲ့ မဟုတ်မဟတ်တွေကိုပါ သတိထားမိသွားတယ်.။ နောက်ထပ် သိလိုက်ရတာက ကြမ်းခင်းကြားကနေ လေအေးတွေ တိုးဝင်နေတာ...။ လေတိုက်လို့ ဝင်တဲ့ပုံအတိုင်း အတိုးအလျှော့တွေ သိပ်မရှိဘူး.။ တစ်ယောက်ယောက်၊ တစ်ခုခုနဲ့ မှုတ်ထဲ့နေသလိုပဲ..။ ခံစားရတာ ပြောပါတယ်..။ ကျောထဲကို စိမ့်နေတာပဲ.. ။ ကြားထဲက ဟိုး ရွာထဲက ခွေးတွေကလဲ တိုင်ပင်ထားသလို ထအူတာ..။ အူပုံကလဲ ကြည့်ဦး ရွာလယ်လောက်ကနေပြီးတော့ တစ်ဖြည်းဖြည်းနဲ့ လက်ဆင့်ကမ်း အူလာလိုက်တာ ကျောင်းနားရောက်လာတဲ့အထိပဲ..။ ကျောင်းနားရောက်တော့ အူသံတွေက ပိုပြီးတော့ ဆွဲဆွဲငင်ငင်ရှိလာတယ်.။
တစ်ယောက်ထဲ ကျွန်တော် ရွာတွေပျက်နေတာ..။ ဘာလုပ်ရမယ်မသိသေးဘူး.။ စိတ်ထဲမှာတော့ အားတင်းရတာပေါ့..။ ဒါတွေက ဖြစ်တတ်ပါတယ်လို့..။ အတွေးက မဆုံးသေးဘူး အဆောင်ရဲ့ ခေါင်မိုးပေါ်မှာ ရှဲရှဲ ရှဲရှဲဆိုတဲ့အသံကို ကြားလိုက်ရတယ်.။ လေကြမ်းလို့ သစ်ပင်က သစ်ကိုင်းတွေ လာပွတ်မိတာ နေမှာပါပေါ့..။ ကြောက်ပြီဆိုရင် သိတဲ့အတိုင်းပဲလေဗျာ နားပိုစိုက်ထောင်မိတယ်.။ အဲဒါ မှားတာပဲ..။ အဲဒီရှဲရှဲ ရှဲရှဲ အသံကြီးကို ကျွန်တော် သရုပ်ခွဲမိသွားတယ်။ တံမျက်စည်းလှဲနေတဲ့အသံမျိုးဗျ..။ ခေါင်းတွေ ကြီးထွက်လာတယ်..။ ကျောင်းဝင်းထဲမှာ လှဲနေတာဆိုရင်တောင် ဖြေတွေးတွေးလို့ရတယ်.။ အခုက ခေါင်မိုးပေါ်ကြီး..။ နောက်ပြီး အိပ်တဲ့အဆောင်ကလဲ ဘာလျှပ်စစ်မီးမှ ရှိတာမဟုတ်..။ အိပ်ပြီဆိုရင် တစ်ဆောင်လုံးမှောင်တယ်.။ ညနေမိုးချုပ်ရင် ဖယောင်းတိုင်လေး ထွန်းပြီးနေရတယ်.။ ညရေးညတာအတွက် လက်နှိပ်ဓာတ်မီးကို ဆောင်ထားရတယ်.။ တွေးတော့ တွေးမိသေးတယ်.။ ဓာတ်မီးနဲ့ ထိုးကြည့်လိုက်ရရင် ကောင်းမလားပေါ့.။ ဒါပေမယ့် မျက်စိထဲမှာ အဆောင်ခေါင်မိုးပေါ်မှာ ဇောက်ထိုးပြောင်းပြန်ကြီး တံမြက်စည်းလှဲနေပုံကို မြင်ယောင်မိတော့ အဲဒီအတွေးကို ပယ်ချလိုက်တယ်.။ မတော် ဇောက်ထိုးကြီး ပြုံးပြလာမှ ရွာတင်မကဘူး အသည်းပါ ပျက်သွားနိုင်တယ်.။
ကြောက်နေပြီဆိုရင် သိတဲ့အတိုင်းပဲ ..။ ဘယ်လို ထိုးအိပ်ထိုးအိပ် မျက်လုံးတွေ ပိုကျယ်လာတာပဲ အဖတ်တင်တယ်.။ အဲဒီတော့ ခံပေါ့ဗျာ.။ ခေါင်ပေါ် တံမြက်စည်း လှဲနေရာကနေ ပြတင်းတံခါးတွေကို လက်ထိပ်နဲ့ လာခေါက်တယ်.။ တောက်တောက် တောက်တောက်နဲ့..။ လေတိုက်လို့ လေထဲပါလာတဲ့ အသီးတွေမှန်တာပေါ့..။ စိတ်ဖြေရတယ်.။ ဒါပေမယ့် သေချာ သိနေတာက လူလက်နဲ့ ခေါက်တဲ့အသံမျိုးမှန်း..။ တွေးလို့မှမဆုံးသေးဘူး ငုတ်တုတ်ထထိုင်မိမတတ်ကို လန့်သွားအောင် ဝုန်းကနဲ တံခါးမကို လာထုတယ်.။ စဉ်းသာစားကြည့်ပေါ့ဗျာ..။ အိပ်တဲ့နေရာကလဲ တံခါးမကြီးနဲ့ ကပ်ရက်ထိပ်ဆုံးမှာလေ..။ အဲလို တိုင်တွေပတ်နေလိုက်တာ ဘယ်လောက်ကြာသွားမှန်းမသိဘူး ..။ ရုတ်တရက် ငြိမ်ကျသွားမှပဲ သက်ပြင်းချနိုင်တယ်.။
မနက်ထလာတော့ အဲဒီအကြောင်းကို ဘယ်သူနဲ့မှလဲ မပြောဖြစ်ဘူး.။ ဖာသိဖာသာနဲ့ပဲ တစ်နေ့ ကုန်သွားပြန်တယ်..။ အဲ ဒုတိယ မနက်နိုးလာတဲ့အချိန်မှာတော့ အချိန်ကို သတိထားမိသွားတယ်.။ မနက်နှစ်နာရီထိုးတာနဲ့ အဲဒီအသံတွေ လာနေပြီ..။ ဒီတစ်ခါ အပိုဆုပါရတယ်.။ အရင်နေ့ကလို ဖြစ်တဲ့အပြင် ကျွန်တော်တို့ ခြင်ထောင်တွေကြားထဲမှာ ချန်ထားတဲ့ လူသွားလမ်းတစ်လျှောက် လမ်းလျှောက်သံကို ကြားနေရတာ.။ အသံတင်လားဆို မဟုတ်ဘူးဗျ..။ တစ်လမ်း တစ်လမ်း လှမ်းလိုက်တိုင်း ကြမ်းပြင်မှာ တုန်ခါမှုတွေကိုပါ ခံစားနေရတာ..။ ကျွန်တော်တို့ ခေါင်းရင်း ဘုရားဆင်းတုတော်တွေ ထားတဲ့ အဲဒီ စင်မြင့်အထိပဲဗျာ..။ လမ်းသလားနေတာ.။ ဒါပေမယ့် မနက်လေးနာရီဆိုရင် ပြန်ထွက်သွားကြတယ်.။ နှစ်နာရီစာပဲဗျာ...။
နောက်တော့ မအောင့်နိုင်ကြတော့ဘူး..။ ကျွန်တော်တို့ ယောက်ျားလေးတွေ ခေါင်းချင်းရိုက်ပြီး မေးမိပြောမိကြတယ်.။ အဲဒီတော့မှ အားလုံးလဲ ကြုံရ ကြားရတယ်ဆိုတာ အတည်ပြုနိုင်တယ်။ မိန်းကလေးတွေကို မေးကြည့်တော့လဲ တူတူပဲ..။ အဲဒါနဲ့ ကျွန်တော်တို့လဲ စောင့်ပြီး ဖမ်းကြည့်ဖို့ တိုင်ပင်ကြတယ်.။ တောလဲရှိတော့ တိရိစ္ဆာန်တွေများလားပေါ့..။ အဲဒါနဲ့ အစီအစဉ်တွေဆွဲကြတယ်.။ ကျွန်တော်ရယ် ဘော်ဒါ ငါးယောက်ရယ် မီးဖိုဆောင်မှာ သွားအိပ်ဖို့ လုပ်တယ်.။ မီးဖိုဆောင်က ထရံကာ ဓနိမိုးပေါ့..။ မအိပ်တန်းစောင့်မယ်.။ အသံတွေ အဆောင်ဘက်ကကြားရင် ဓာတ်မီးနဲ့ အချက်ပြ၊ ကျွန်တော်တို့ကလဲ ဓာတ်မီးနဲ့ တစ်ပြိုင်ထဲ ထိုးပြီး ကျောင်းဝင်းတစ်လျှောက် ကြည့်မယ်ပေါ့..။ အဲလိုနဲ့ သဘောတူညီချက်တွေ လုပ်ကြတယ်.။
ညကျတော့ စောင့်တယ်.။ အခါးရည်လေး သောက်လိုက်၊ လေလေးဖောလိုက်နဲ့..။ အေးအေးနဲ့ စောင်အောက်မှာ စောင့်ရတာဆိုတော့ မှေးစင်းလာတဲ့ မျက်လုံးတွေကို မတော်လှန်နိုင်ဘူး..။ မှေးကနဲ ဖြစ်သွားတယ်.။ ဘော်ဒါတွေ လှုပ်နိုးတော့မှ ရုတ်တရက် နိုးလာတယ်.။ အဆောင်ဘက်ကို ကြည့်လိုက်တော့ ဓာတ်မီးအချက်ပြနေပြီ..။ အဲဒါနဲ့ အဆောင်တဝိုက်ကို ဓာတ်မီးနဲ့ ဝိုင်းထိုးကြည့်တယ်.။ ဘာမှမရှိဘူး.။ ကွင်းပြင်ကြီးပဲ.။ နောက် အောက်ကချည်ထားတဲ့ နွားတွေပဲ..။ အဆောင်ပေါ်ကတော့ အသံတွေ ကြားနေရတဲ့အကြောင်း အချက်ပြကောင်းတုန်း..။ ထူးဆန်းတာက ကျွန်တော်တို့ မီးဖိုဆောင်ဘက်မှာ ဘာမှ မဖြစ်တာပဲ..။ ပွဲသာပြီးသွားတယ် ကျွန်တော်တို့ ဘာမှ မတွေ့ရဘူး.။ နောက်နေ့တွေကစပြီး ကျွန်တော်တို့လဲ မနက်မနိုးအောင်ပဲ ဆုတောင်းဖြစ်တယ်.။ သူတို့ လာတတ်တဲံ နှစ်နာရီအချိန်လောက် နိုးသွားရင်လဲ အသံပလံတွေကို ကြိတ်မှိတ်နားထောင်ပြီး အိပ်ရတာပေါ့..။ အောင်မယ်လေးဗျာ.။. ကွင်းဆင်းတဲ့ရက် နောက်ဆုံးရက်များ ဘယ်လိုပျော်မှန်းမသိ..။ လွတ်ပြီကျွတ်ပြီဟေ့ဆိုပြီးတော့လေ.။ အခုထက်ထိ ကျွန်တော်တို့ အတူတူ ကွင်းဆင်းခဲ့တဲ့ သူငယ်ချင်းတွေကြုံရင် အဲဒိအကြောင်းပြောမိတုန်း..။ အသံတွေချည်းချည်းမဟုတ်ပဲ အိမ်သာဘက်မှာ အကောင်လိုက် ကြုံလိုက်ရတဲ့ ဘော်ဒါတစ်ယောက်လဲရှိတယ်.။ ဒီနေ့အထိ မေးလို့ကို မရဘူး.။ ဘာမှန်း ပြန်မပြောပြဘူး.။ အသဲအသန်ဖြစ်လိုက်တာပဲ သိရတယ်.။ ဒါကတော့ ကိုယ်တွေ့လေးပါဗျာ.။ ဒီနေ့အထိ ဘာမှန်းလဲ မသိဘူး.။


စိုင်းမွန်း

ကြွေလွင့်ခြင်း၏ ကောက်ကြောင်း

0

Posted by Black Magic | Posted in | Posted on 1:06 PM



ကြွေလွင့်ခြင်း၏ ကောက်ကြောင်း
ကျော်ကျော်နဲ့ မေသူဆိုတဲ့ မိတဆိုး ကလေးလေးနှစ်ယောက်ဟာ ရွာမှာ လူတိုင်း ဂရုဏာသက်ရတဲ့ မောင်နှမနှစ်ယောက်ပါ..။
တစ်နှစ်ပဲ ကွာတဲ့ သူတို့ မောင်နှမနှစ်ယောက်ဟာ ငယ်ငယ်ကလေးကတည်းက အမေလုပ်သူ ဒေါ်မြသက် မျက်ကွယ်ပြုသွားကတည်းက အဖေလုပ်သူ ဦးချမ်းသာရဲ့အနွံအတာကို ခံပြီး ဘဝကို ကျောင်းနေကြတဲ့ ဆယ်နှစ်တောင် မပြည့်သေးတဲ့ ကလေးတွေပါ..။ မျက်စိနည်းနည်း ရှုပ်သွားမလားပဲ.။ ဟုတ်ပါတယ်..။ ကိုချမ်းသာဟာ နာမည်နဲ့ ဘာမှမဆိုင်အောင် ငွေကြေးမပြည့်စုံတဲ့ကြားက ထန်းရည်လေးက တမြမြနဲ့ အလုပ်အကိုင် လက်ကြောတင်းသူ မဟုတ်ပါဘူး..။ မမြသက်ဆုံးပါးသွားရတာလဲ မိုးထဲ ရေထဲ သားသမီးတစ်ဖက် လင်ဆိုးတစ်ဖက် ဝမ်းရေးခက်တာမို့ မနေမနား အလုပ်လုပ်ရင်းကနေ အပြင်းဖျားပြီး ပြုစုပေးမယ့်သူ သေချာမရှိတာမို့ အရွယ်မရောက်သေးတဲ့ သားသမီးနှစ်ယောက်နဲ့ လင်ဆိုးရဲ့ ဒဏ်ကနေ အပြီးအပိုင် ကျောခိုင်းသွားခဲ့ရတာပါ..။
မယားဖြစ်သူ တိမ်းပါးသွားလို့ အမြင်မှန်ရလာမယ့်အစား ကိုချမ်းသာဟာ ပိုလို့တောင် ဆိုးပေနေခဲ့ပါတယ်.။ မကြည့်ရက်တဲ့ အိမ်နီးချင်းတွေက ကလေးတွေကို တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းပြီး ဂရုစိုက်ပေးခဲ့လို့ သူတို့လေးတွေ လူလားမြောက်လာရတာပါ..။ ဒါပေမယ့် ဖခင်ဆိုးကို အပြစ်မမြင်ပဲ သောင်းကျန်းရင် မျက်ရည်လေးတွေ ကျပြီး တိတ်တိတ်လေး ဖက်ငိုနေကြတဲ့ မောင်နှမနှစ်ယောက်ရဲ့ အသွင်က မြင်ရသူ ရင်နဲ့ မချိအောင် ခံစားရစေပါတယ်..။
မိတဆိုးကလေးတွေဖြစ်ပြီး အုပ်ထိန်းမယ့်သူ သေချာမရှိပေမယ့် ကလေးတွေရဲ့ စာရိတ္တဟာ လူအများ အံ့သြချီးကျူးရလောက်အောင်ကို ကောင်းမွန်လွန်းနေပါတယ်.။ တစ်ခါက ရွာလည်ဈေးနားက လဘက်ရည်ဆိုင်သေးသေးလေးမှာ ဆိုင်ရှင် ကိုသံချောင်းဟာ သူ့ရဲ့ စားပွဲထဲက ငွေစတစ်ချို့ပျောက်လို့ ဆူပူသောင်းကျန်းပြီး တရားခံရှာပါတယ်.။ ဖြစ်ချင်တော့ ကျော်ကျော်တို့ မောင်နှမဟာ အဲဒီဆိုင်ကို ရေဆွဲပေးနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်.။ ရေစည်ကလဲ ငွေသိမ်းတဲ့ စားပွဲဘေးဆိုတော့ ကိုသံချောင်းရဲ့ မသင်္ကာစိတ်က အဲဒီမောင်နှမနှစ်ယောက်အပေါ် ကျပါလေတော့တယ်.။ အဲဒါနဲ့ပဲ ကိုသံချောင်းဟာ ရေဖြည့်နေတဲ့ မောင်နှမနှစ်ယောက်ကို နင်ပဲငဆ တိုင်းထွာ ဆဲရေးပြီးတော့ လူရှေ့မှာ ရိုက်ပုတ်ပြီး အပြစ်ကို ဝန်ခံစေတော့တယ်.။ ကလေးနှစ်ယောက်ကို သနားတဲ့ ပတ်ဝန်းကျင်ကလူတွေက ဘယ်လိုပဲ ဝင်ပြောပြော ကိုသံချောင်းက ကလေးတွေကို မာန်မဲရိုက်နက်ပါတော့တယ်.။ အဲဒီအချိန်မှာ ကိုချမ်းသာတစ်ယောက် လဘက်ရည်ဆိုင်နားရောက်လာပါတယ်.။ သူ့သားသမီးတွေ အရိုက်အပုတ်ခံနေရတာ ဝင်ဆွဲမယ်ထင်နေကြတာနဲ့ ဆန့်ကျင်စွာပဲ တံတွေးကို ထွီကနဲ တစ်ချက်ထွေးပြီး ချာကနဲ လှည့်ထွက်သွားတယ်.။ တီးတိုး ကျိန်ဆဲသံတွေထွက်လာပေမယ့် ပျောက်သွားတဲ့ငွေကိုလဲ တာဝန်မယူချင်တာကြောင့် ပရိတ်သတ်တွေကလဲ အားမတန်မာန်လျှော့ ဒီတိုင်းကြည့်နေရတယ်.။ ကိုသံချောင်းရဲ့ အမေးကို ကျော်ကျော် ဖြေလိုက်ချိန်မှာတော့ ကိုသံချောင်း ဒေါသတို့ ယမ်းပုံမီးကျ ပေါက်ကွဲသွားတော့တယ်.။ ကိုသံချောင်းမေးတာက ပိုက်ဆံကို ဘယ်နားထားလဲ မေးလိုက်တာ။ ကျော်ကျော်က ကိုသံချောင်းမိန်းမ မမီး ယူတာလို့ ပြောလိုက်လို့လေ..။
လက်ပြန်ရိုက်ချက်နဲ့အတူ ချာကနဲ ကျော်ကျော် ခွေကျသွားတယ်.။ အဲဒီမှာပဲ ကိုသံချောင်းရဲ့ မိန်းမ မမီး အပြေးအလွှားရောက်လာတယ်.။ ဖြစ်ကြောင်းကုန်စင်သိတဲ့အခါ ကိုသံချောင်းကို ဆူပူရိုက်နက်ပါတော့တယ်.။ ကျော်ကျော်ပြောတာ မမှားပါဘူး.။ မမီးဟာ ဈေးအသုံးလိုတာကြောင့် ပိုက်ဆံကို လာနှိုက်သွားတာပါ.။ ကိုသံချောင်း မရှိနေတဲ့အတွက် ရှာမနေပဲ ပြန်လာမှ ပြောမယ်ဆိုပြီး ထွက်သွားလိုက်တာပါ.။ တရားခံရှာတွေ့သွားတော့ လူတွေက စိတ်ဝင်စားနေတာပေါ့.. ။ ဘာဆက်ဖြစ်မလဲဆိုတာ.။ ကိုသံချောင်း ဘာမှ မပြောရသေးခင် ကျော်ကျော်လေးက လဲနေရာကထပြီး ပြောရှာတယ်.။ ကျွန်တော်တို့ကို ရေဆက်ခပ်ခွင့် ပေးပါနော်တဲ့..။ မျက်ရည်မခိုင်သူတွေဆီကနေ ရှိုက်သံသဲ့သဲ့လေး ထွက်လာတယ်.။ ဒီလောက် အပြစ်မရှိပဲ ဆူပူရိုက်နက်တာတောင် စိတ်မဆိုးအားပဲ အလုပ်မလုပ်ရမှာကို စိုးကြောက်နေပုံက အရွယ်နဲ့မမျှလိုက်တာ..။
အဲဒီနေ့ကစပြီး ကိုသံချောင်းလဲ ကျော်ကျော်တို့အပေါ်မှာ တင်သွားတဲ့ အပြစ်ကြွေးတွေအတွက် ရှက်ရွံ့သွားပုံပဲ..။ ဘာကြောင့်လဲဆိုရင် ကျော်ကျော်တို့ မောင်နှမကို လုပ်ခပေးတဲ့အပြင် ဆိုင်မှာ ထမင်းပါ အလကားကြွေးလို့လေ..။ တစ်ရက်တော့ ကျော်ကျော်တို့ မောင်နှမနှစ်ယောက် ပျောက်သွားတယ်..။ တစ်နေကုန် ဘယ်ရောက်သွားမှန်းမသိဘူး.။ ရွာထဲကလူတွေကလဲ စိတ်ပူစပြုနေပြီ..။ ဒီလိုနဲ့ နေဝင်ရီတစ်ရောအချိန်ကျတော့ မောင်နှမနှစ်ယောက်ကို အဝတ်လေးတွေ ပေတိပေစုတ်လေးနဲ့ ပြန်လာတာကို တွေ့လိုက်ရတယ်.။ သူတို့ အလုပ်ကူလုပ်ပေးနေကြ အိမ်တွေကို တစ်အိမ်တက်ဆင်း တောင်းပန်နေတာ.။ ထိပ်ဆုံး ရွာထိပ်က အရီးမြအိမ်ကို ဝင်တယ်..။ အရီးမြထွက်လာတော့ ထင်းခြောက်တွေ ကောက်ပေးနေကြ တောထဲကအကြောင်းကို ပြောပြတယ်.။ တောရဲ့ အရှေ့ဘက်မှာ သစ်ခြောက်ပင်တွေ များတာမို့ အဲဒီဘက်မှာ မပင်မပမ်းပဲ သစ်ခြောက်တွေ ရနိုင်တဲ့အကြောင်း..။ သူတို့မကောက်ပေးနိုင်တဲ့အခါ ကိုယ်တိုင်ရှာရင် လွယ်အောင်လို့ဆိုပြီးပြောရှာတယ်.။ အရီးမြကလဲ ကျော်ကျော်တို့ကို အပြစ်မတင်တဲ့အကြောင်း ပြန်ပြောရတာပေါ့.။ ဒီလိုနဲ့ ကျော်ကျော်တို့ဟာ ရွာလယ်က ဒွေးလေးညိုတို့ အိမ်ကို ဝင်ပြန်တယ်.။ ဒွေးလေးညိုတို့က တစ်ပိုင်တစ်နိုင် ကြက်မွေးတယ်လေ..။ ကျော်ကျော်တို့က ညနေစောင်းရင် ကြက်သိမ်းပေးနေကြ..။ ဒွေးလေးညိုကိုလဲ မှာပြန်တယ်.။ ကြက်သိမ်းချိန်ရောက်ရင် ရွှေလည်ဆံကြီးကို အရင် ခြံထဲသွင်းလိုက်ပါပေါ့..။ ကျန်တဲ့ကြက်တွေ သူ့ဟာသူ လိုက်ဝင်လာမယ့်အကြောင်းပြောတယ်.။ ပြီးတော့ သူတို့ဟာ ညနေစာပြင်ပြီး စောင့်နေတဲ့ ကိုသံချောင်းတို့ဆီကိုသွားတယ်.။ ညနေစာ မစားဖြစ်တော့တဲ့အကြောင်း၊ ရေလိုရင်တော့ ကိုဖိုးစီကိုပဲ ရေဆွဲခိုင်းဖို့အကြောင်းပြောတယ်.။ ထမင်းစားဖို့ခေါ်တော့ အဖေမျှော်နေတော့မယ်ဆိုပြီး အိမ်ကို ကဆုန်စိုင်းပြေးသွားကြတယ်.။
အိမ်ကိုရောက်တော့ ကိုချမ်းသာဟာ ထုံးစံအတိုင်း အိမ်လယ်မှာ မူးပြီး ခွေနေပြီ..။ ကျော်ကျော်က သူ့အဖေကို လှုပ်နိုးတယ်.။ ကိုချမ်းသာ အိပ်မှုံစုံမွှားနဲ့ ထလာတော့ ကျော်ကျော်နဲ့ မေသူတို့ဟာ ကိုချမ်းသာကို လက်အုပ်ချီကန်တော့ရှာတယ်.။ ပြီးတော့ အဖေ ကျွန်တော်တို့ကို ရှင်ပြုနားသ မလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မနေပါနဲ့တဲ့..။ ကလေးတွေ အမူအယာထူးဆန်းလို့ လိုက်ကြည့်ကြတဲ့ ရွာသားတွေအတွက်ကတော့ တော်တော်လေးကို ထူးဆန်းတဲ့မြင်ကွင်းဖြစ်နေတာကိုး.။ ကျော်ကျော်လေးအဲလိုပြောတော့ ကိုချမ်းသာ သူ့သားကို တွေတွေကြီးကြည့်ပြီး မျက်ရည်တွေကျလာတယ်.။ ပြီးတော့ သား.. ဆိုပြီးခေါ်တယ်။ ရွာသားတွေအဖို့ ပထမဆုံး ကြားဖူးတဲ့ ခေါ်သံပေါ့..။ ကျော်ကျော်အတွက်လဲ ပထမဆုံး ဖြစ်မယ့်ပုံပါ..။ ကျော်ကျော်က လက်အုပ်လေးချီပြီး အဖေပြန်အိပ်တော့နော်ဆိုပြီး ပြောတယ်.။ ကိုချမ်းသာလဲ ပြန်ပြီး အိမ်လယ်မှာ လဲအိပ်လိုက်တယ်.။ ကျော်ကျော်တို့ မောင်နှမလဲ တဲအိမ်ရဲ့ မလုံ့တလုံ တံခါးလေးကို စေ့လိုက်တယ်.။ ဒါဟာ ရွာသားတွေအဖို့ ကျော်ကျော်တို့ မောင်နှမကို နောက်ဆုံးမြင်လိုက်ရခြင်းပါပဲ.။
မနက်မိုးလင်းတော့ ရွာထဲကို သူစိမ်းတွေဝင်လာတာကို ရွာသားတွေတွေ့လိုက်ရတယ်.။ လူစိမ်းလေးငါးယောက်လောက်ဟာ ဟိုလူမေး ဒီလူမေးနဲ့ ရွာသူကြီး ဥိးဖိုးထောင်အိမ်ကို ရောက်သွားကြတယ်.။ နောက်တော့ ရွာသူကြီး ဦးဆောင်ပြီး အဲဒီသူစိမ်းနဲ့ ရွာသားလေးငါးယောက်ဟာ ကိုချမ်းသာရဲ့ တဲဘက်ကို ထွက်သွားကြတယ်..။ သိချင်စိတ်တွေနဲ့ ကျန်တဲ့ရွာသားတွေလဲ လိုက်သွားကြတာပေါ့..။ တဲရှေ့ရောက်တော့ မနေ့ကအတိုင်း စေ့လျက်လေး..။ သူကြီးက မောင်ချမ်းသာ နိုးပြီလားဟေ့ လို့ခေါ်တယ်..။ သုံးလေးခါ အော်တော့ ခေါင်းစုတ်ဖွားနဲ့ အရက်နံ့တွေဟောင်ထနေတဲ့ ကိုချမ်းသာ ထွက်လာတယ်.။ ခနနေတော့ လူစိမ်းတွေနဲ့ ရွာသူကြီးတို့ ကိုချမ်းသာကို တစ်ခုခု ကပ်ပြောနေတယ်.။ ဘာ... မဟုတ်တာတွေ .. ဆိုပြီး အော်ထည့်လိုက်တဲ့ ကိုချမ်းသာအသံကြောင့် ဝိုင်းဝန်းစပ်စုနေသူတွေပါ လန့်ကုန်တယ်.။ နောက်တော့ မြေပေါ်ကို ဒူးထောက်ကျသွားပြီး ရှိုက်ကြီးတငင်ကို ကိုချမ်းသာငိုနေတော့တယ်.။ တီးတိုးတီးတိုးနဲ့ ပြောသံကြားမှ ရွာသားတွေ ဇာတ်ရည်လည်သွားတယ်.။ မနေ့မနက်ပိုင်းက ရွာကဘေးနားမှာရှိတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ထင်းခြောက်တွေသယ်လာတဲ့ ကလေးနှစ်ယောက်ကို ကားတစ်စီးဝင်တိုက်မိတယ်တဲ့.။ တိုက်မိတဲ့အရှိန်ပြင်းတာမို့ ကလေးနှစ်ယောက်လုံး လမ်းပေါ်မှာပဲ အသက်ပါသွားတယ်တဲ့.။ အသက်မှီလိုမှီငြားနဲ့ အနီးကမြို့ရဲ့ ဆေးရုံကို တင်ခေါ်သွားပေမယ့် လမ်းမှာပဲ ဆုံးသွားတာတဲ့.။ ဘယ်ရွာက ကလေးတွေမှန်းလဲမသိတော့ ဆေးရုံမှာပဲ ခွင့်တောင်းပြီး ရင်ခွဲခန်းထဲ ထည့်ထားရတယ်တဲ့.။ အဲဒီမှာ လုပ်နေတဲ့ ရွာသူ မခင်ထွေးက မြင်တော့မှ ဒီရွာက ကိုချမ်းသာရဲ့ သားသမီးတွေမှန်းသိလို့ လိုက်လာတာတဲ့.. ။ ကြားလိုက်ရတဲ့သတင်းဆိုးကြီးကြောင့် စုတ်တသပ်သပ် ဖြစ်ကုန်တာပေါ့.။ နောက်ပြီး နေဝင်ရီတရောကမှ ရွာကို ပြန်ရောက်လာတဲ့ ကျော်ကျော်တို့ မောင်နှမအကြောင်းကို ပြန်ဆက်စပ်မိသွားပြီး ရှိုက်ငိုသံတွေ ဆူညံကုန်တယ်.။ သူတို့အားလုံးထဲမှာ စိတ်အထိခိုက်ဆုံးကတော့ ကိုချမ်းသာဆိုတာ ပြောဖို့တောင် လိုမယ်မထင်ဘူး.။ လူစိမ်းတွေက လျော်ကြေးပေးမယ် ကျေနပ်သလို ဖြည့်ဆည်းပေးမယ် ပြောတာတောင် လက်မခံပဲ ရွာကထွက်သွားတယ်..။ နောက်ပိုင်း ကုန်သည်တစ်ချို့ပြောပြလို့သိရတာ ကိုချမ်းသာတစ်ယောက် အရက်နဲ့ လူဝတ်ကြောင်ဘဝကို စွန့်လွှတ်ပြီး သာသနာ့ဘောင်ထဲ ဝင်သွားတဲ့အကြောင်းပေါ့.။ သူ့နောက်ဆုံး ဆုံးရှုံးလိုက်ရတဲ့ သားသမီးတွေက သူ့ကို မိုက်တွင်းထဲက ထွက်သွားအောင်တော့ ဆွဲဆောင်နိုင်ခဲ့တယ်လေ..။ ရွာထဲက ကိုသံချောင်းလဲ သူ့လဘက်ရည်ဆိုင်သေးသေးလေးကို ကျော်ကျော် လဘက်ရည်ဆိုင်ဆိုပြီး နာမည်ပြောင်းလိုက်တယ်.။ ဒွေးလေးညိုလဲ ကြက်မမွေးတော့ဘူး..။ ရွာလယ်လမ်းမမှာ ကလေးတွေ ပြေးလွှားဆော့ကစားတာမြင်တိုင်း ကျော်ကျော်တို့ မောင်နှမပုံရိပ်ကို မြင်ယောင်ပြီး ရွာသူရွာသားတွေ ခုထိ လွမ်းလို့ကောင်းတုန်း...။

ကြားဖူးနားဝကို ပြန်လည်ပြင်ဆင်ရေးသားပါသည်။

Ref.....>>>စိုင်းမွန်း

ဝတ္တရားမပျက်

0

Posted by Jelly Kit | Posted in | Posted on 3:37 AM





ဝတ္တရားမပျက်

ဈေးက ပြန်ရောက်လာတာနဲ့ ဒေါ်ငွေကြည်တစ်ယောက် ဈေးခြင်းတောင်းကို င်္မီးဖိုထဲ သွားထားလိုက်ပြီး ဧည့်ခန်းထဲမှာ ခနထိုင်ပြီး အမောဖြေနေလိုက်တယ်...။ အပြင်မှာ နေက မီးထတောက်မတတ်ကို ပူနေတာမလား..။ မျက်နှာကျက်က ပန်ကာလေကလဲ အပူဓာဏ်ကို ခံနိုင်လောက်တယ်ဆိုယုံလောက်သာ စွမ်းနိုင်တာလေ..။ ယပ်ပါခတ်နေရရင် ပိုပူတော့မှာမို့ ဒီအတိုင်း ပန်ကာလေနဲ့ နားရင်း ဒေါ်ငွေကြည်တစ်ယောက် မှေးကနဲ တစ်ချက်ဖြစ်သွားတယ်.. ။ မီးဖိုထဲက အသံပလံ တစ်ချို့ကြားမှပဲ ဒေါ်ငွေကြည်တစ်ယောက် လန့်နိုးလာတယ်.. ။ ကမန်းကတန်း နာရီကို ကြည့်လိုက်တော့ ညနေငါးနာရီ..။
(သေစမ်းဟ...)
တစ်ယောက်ထဲ ရေရွတ်မြည်တမ်းရင်း ဒေါ်ငွေကြည်တစ်ယောက် မီးဖိုကို ကမန်းကတန်းပြေးရတယ်..။ ဟုတ်တယ်လေ.. ။ တစ်အိမ်လုံးစားဖို့ ညစာကို စီစဉ်ရဦးမယ်မလား..။ မီးဖိုထဲရောက်တော့မှ သက်ပြင်းချလိုက်နိုင်တယ်..။ တော်ပါသေးတယ်လေ..။ ထမင်းချက်ကြီး ဒေါ်စာဥ ရောက်နေလို့..။
(ဘုရား.. တော်ပါသေးရဲ့ မစာဥရယ်...။ ကျွန်မက နောက်ကျပြီလို့ ထင်နေတာ..)
(......................... )
တိတ်တတ်ဆိတ်ဆိတ်ပဲ သူ့ကို လှည့်ပြီး ပြုံးပြတယ်..။
(အဲ.. ဒါနဲ့ မစာဥက နေမကောင်းလို့ ခွင့်ယူထားတယ်မလား..။ ရွာခနလဲ ပြန်ဦးမယ်ဆို..။ တစ်ပတ်ပဲရှိသေးတာ ပြီးပလား...)
(... ဟုတ်.... အင်း.... ပြီးပါတယ်..)
ဒေါ်စာဥဟာ သည်လိုပါပဲ..။ စကားပြောရင် လေးလုံးပြည့်အောင် သိပ်မပြောသလို အနေလဲ အေးလွန်းတယ်လေ..။ ဒါပေမယ့် ထမင်းဟင်းချက်တဲ့နေရာမှာတော့ တော်ဝင် စားဖိုမှူးတွေ ထိုင်ငိုလောက်အောင် လက်ရာကောင်းလှသူပါ..။ နောက်ပြီး အလုပ်ကိုလဲ ဇယ်ဆက်သလို ဆက်တိုက်လုပ်သွားနိုင်သူလေ..။ အခုလဲ ဒေါ်ငွေကြည် မှေးကနဲ ဖြစ်သွားတဲ့ အချိန် တစ်နာရီသာသာလောက်အတွင်းမှာကို ဟင်းလေးမျိုးလောက် ပြီးနေပြီ..။
(ကဲကဲ.. မစာဥရယ်.. နားလိုက်ပါ..။ ပြန်ရင်လဲ ပြန်တော့.. ညနေစောင်းနေပြီ... )
(ရပါတယ်....)
(ရပါတယ်လုပ်မနေနဲ့..။ ဒီနေ့ ရောက်လာတာတောင် ကျေးဇူးတင်လှပေါ့..။ သွားလိုက်တော့ နားလိုက်တော့ မစာဥရေ..။ ခွင့်ကိုလဲ အပြည့်ခံစားပါ..။ ကျွန်မက လုပ်အားခ မဖြတ်ပါဘူး.။ တမင် နားစေချင်လို့ပါ... သွားသွား..)
(ဟုတ်.. )
ခပ်တိုတိုလေးပဲ တစ်ချက်ဖြေပြီး ဒေါ်စာဥ မီးဖိုထဲက ထွက်သွားတယ်.။ ဒေါ်စာဥသွားလိုက်တော့မှ မငွေကြည်လဲ ကျန်တာလေးကို လက်စသတ်ရင်း ထမင်းဝိုင်းကို ပြင်ရတယ်..။ သားအဖတွေ ပြန်ရောက်ချိန် နီးလာပြီမလား..။ ခူးခပ်ပြင်ဆင်လို့ ပြီးယုံရှိသေး...
(ငွေကြည်ရေ... တံခါးဖွင့်ဦးဟ... )
အိမ်ရှေ့က လင်တော်မောင် ကိုချစ်ထွန်းရဲ့ အသံကို ကြားလိုက်ရတယ်..။
(လာပြီတော်ရေ..................)
တံခါးကို ဖွင့်ပေးနေရင်း
(တော်တို့ သားအဖတွေ တော်တော်လဲ အနံ့ခံကောင်း..။ ခုပဲ ခူးခပ်ပြင်ဆင်ပြီးတာ...)
(ဖြစ်ရမယ်လေ..။ လာသား.. အဖေတို့ လက်သွားဆေးရအောင်.. ပြီးရင် ပူပူလေး လွေးကြမယ်..)
သားငယ် ပြည့်စုံအောင် လက်ကို ဆွဲပြီး မီးဖို ရေစင်ဘက်ထွက်သွားသော ခင်ပွန်းသည် ကိုချစ်ထွန်းကို မျက်စိတစ်ဆုံး လိုက်ကြည့်ပြီးမှ ဒေါ်ငွေကြည်တစ်ယောက် တံခါးကို ပြန်ပိတ်လိုက်တယ်..။ အဲဒိနောက် မိသားစု သုံးယောက် ပျော်ပျော်ပါးပါး လက်ဆုံစားကြပါလေရော..။ ရယ်သံတွေ ဝေစည်လို့ ထမင်းဝိုင်းမှာ..။
စားသောက်ပြီးသွားတော့
(သားရေ.. အပေါ်တက် စာသွားလုပ်တော့.. )
ထူးထူးခြားခြား ထမင်းစားစားပြီးချင်း သားကို အပေါ်တက်ခိုင်းလိုက်တော့ ဒေါ်ငွေကြည်တစ်ယောက် အံ့အားသင့်သွားတယ်..။ ကိုချစ်ထွန်းမျက်နှာကို ကြည့်လိုက်တော့ လေးနက်နေတာကို တွေ့လိုက်ရတော့ အရေးကြီးတာ တစ်ခုခု ပြောတော့မယ်ဆိုတာတော့ ရိပ်မိလိုက်တယ်..။
(ငွေကြည်ရေ.. စိတ်မကောင်းစရာ ပြောရဦးမယ်..)
(ဘာလဲ တော်.. မထိတ်သာ မလန့်သာ...)
(အင်း.. စိတ်ခိုင်ခိုင်ထား.. တရားနဲ့ဖြေ... ဒီနေ့မနက် အလုပ်ကို သာဦးလာသွားတယ်...)
သာဦး... သာဦးဆိုသည်မှာ ဒေါ်စာဥရဲ့ သား...။
(အင်... သာဦးနဲ့ စိတ်မကောင်းစရာနဲ့ ဘယ်လိုလဲ ရှင်ကလဲ..)
(အင်း.. သာဥိးလာပြောတာ သူ့အမေ ဒေါ်စာဥ ဆုံးပြီတဲ့...)
(ဟင်................... ဘယ်လို)
ကြားလိုက်ရသော စကားကို ဒေါ်ငွေကြည်တစ်ယောက် မယုံလိုက်နိုင်..။
(မဖြစ်နိုင်တာ.. ရှင်ဘာတွေ လျှောက်ပြောနေတာလဲ ကိုချစ်ထွန်း...)
(အင်း.. ဒီလို ဖြစ်မယ်ဆိုတာ သိသားပဲ...။ ဒေါ်စာဥ ဆုံးရှာပြီ...။ ဒီနေ့မနက်စောစော လေးနာရီလောက်မှာ ဆုံးတယ်တဲ့..)
(ဟာ.. မပြောကောင်းတာတွေတော်..။ ရှင်ဘယ်လို ဖြစ်နေတာလဲ..)
(ဟ.. ငွေကြည်ရယ်.. လူတစ်ယောက်ဆုံးတယ်ဆိုတာ နောက်စရာမှမဟုတ်တာကွာ..)
(အေးလေ.. အဲဒါမို့ ရှင့်ကို ပြောနေတာပေါ့... ရှင် ဒီညစာ စားတာ အရသာကိုတောင် သေချာ မခံဘူးလား..)
(ဟင်.. ဘာလဲ .. ဘာဆိုင်လို့လဲ ငွေကြည်ရ...)
(ဆိုင်တာပေါ့.. ကျွန်မလက်ရာနဲ့ မစာဥ လက်ရာ တစ်ခြားဆီပဲဟာ...)
ဒေါ်ငွေကြည်ပြောမှ ဦးချစ်ထွန်း တွေကနဲ ဖြစ်သွားတယ်..။ ဟုတ်တယ်..။ ဒီနေ့ညစာလက်ရာက ဘယ်တော့မှ မရိုးနိုင်တဲ့ ဒေါ်စာဥရဲ့ လက်ရာ... ။
(ဟင်... ဒါဒါဆို... ဒီညစာက..)
(ဟုတ်တယ်..။ မစာဥ လာချက်ပေးသွားတာ..။ ကျွန်မ ဈေးက ပြန်လာပြီး မောမောနဲ့ ဧည့်ခမ်းမှာ မှေးကနဲ ဖြစ်သွားတုန်း လာချက်ပေးတာ..)
(ဘယ်လို..။ ဧည့်ခန်းမှာ မှေးကနဲ အိပ်တုန်း..။ ဒါဆို အိမ်ရှေ့တံခါး မပိတ်ပဲ မှိန်းတာပေါ့..)
ဦးချစ်ထွန်း စကားအဆုံးမှာ ဒေါ်ငွေကြည် တွေကနဲဖြစ်သွားတယ်..။
(အယ်.. ဟုတ်သားပဲ..။ ကျွန်မ သေချာ ပိတ်တယ်လေ..။ ဒါကြောင့်ရှင့်ကိုတောင်လာဖွင့်ပေး......)
စကား တစ်ပိုင်းတစ်စနဲ့ ဒေါ်ငွေကြည်ရပ်သွားတယ်.။ သူ တံခါး ပိတ်ထားတယ်ဆိုရင် ဒေါ်စာဥတစ်ယောက် ဘယ်အပေါက်ကနေ ထွက်သွားတာလဲ..။ အိမ်ထဲက ထွက်ဖို့က ဒီတစ်ပေါက်ထဲရှိတာ..။ အဲဒီတံခါးကလဲ အထဲကနေ သော့ခတ်ထားတာ..။ အပြင်ကနေ လက်လျှိုလို့မရအောင် သေချာ လုပ်ထားတာမို့ အပြင်ဘက်ကနေ ပြန်ပိတ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့တံခါး..။
(အို... ကိုချစ်ထွန်း... မစာဥ တစ်ကယ် လာသွားတယ်...)
အခြေအနေကို ဦးချစ်ထွန်းလဲ ရိပ်စားမိလိုက်တယ်.။
(ဖြစ်ရလေ...။ နေ့လည်ကပဲ ဒေါ်စာဥအိမ်ကို သွားလိုက်သေးတယ်.။ သူ့ကို ဧည့်ခန်းထဲမှာ အလောင်းတောင် စံထားပြီးပြီ...)
ဦးချစ်ထွန်း စကားအဆုံးမှာတော့ ဒေါ်ငွေကြည့် မျက်ဝန်းအိမ်မှာ မျက်ရည်တွေ စီးကျလို့ လာတော့တယ်..။
(မစာဥရယ်..................................)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.