Showing posts with label ဟာသများ. Show all posts
Showing posts with label ဟာသများ. Show all posts

“ကျနော့် ယောက္ခမကြီး”

0

Posted by Black Magic | Posted in | Posted on 3:13 PM





1.
ချစ်သူကို ကျနော့်ဘဝထဲ ခေါ်ဆောင်ပေးခဲ့တဲ့အတွက် မမ ကို ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် မမရယ်၊ မ.ဆ.လ လက်ထက် သမဆိုင်က ဆပ်ပြာနဲ့သကြား တွဲပေးသလိုမျိုး၊ ဘာလို့များ မချစ်ရသူကိုပါ တွဲလျက်ကြီး ခေါ်ဆောင်ခဲ့ရတာလဲဗျာ

2.
မမ ဆိုတာက MR လို့ အတိုကောက်ခေါ်တဲ့ Myanmar Railway ခေါ် ‘မြန်မာ့မီးရထား’ ကို ပြောတာပါ။
အဲဒီနေ့က ကျနော်နဲ့မိုးကြီး ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့ပြန်ခဲ့ကြတယ်။
ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်ခုံမှာက လမင်းလေးတစ်စင်းရယ်၊ နေမင်းကြီးတစ်စင်းရယ် ပါလာတယ်။
လမင်းလေးဆိုတာက နောင်မှာ ကျနော့်ချစ်သူဖြစ်မယ့် ထားထားရင် ဆိုတဲ့ ကောင်မလေးပါ။
နေမင်းကြီးဆိုတာက သူ့အမေ ဒေါ်ခင်ခင်မကြီးပေါ့၊
နောင်တော့ ကွယ်ရာမှာ နာမည်ပြောင်ပေးထားလိုက်တယ် ‘ဖူးငုံထွေး’…. လို့
သမီးချောလေး ပါလာရတဲ့အထဲ မျက်နှာချင်းဆိုင်မှာက လူငယ်နှစ်ယောက်ဆိုတော့ မျက်နှာကြောကြီး တင်းထားလိုက်တာများ ပြတ်ထွက်ပြီး လူလာမှန်မှာတောင် ကြောက်ရတယ်။
ကိုယ်ကလည်း ဝါသနာအရ ကောင်မလေးချောချောဆို အရောဝင်ချင်ပေမယ့် သူ့ကြောက်တာနဲ့ မလှုပ်ရဲဘူး။
ရထားထွက်လို့ တော်တော်လေးကြာတော့ ပြူတင်းပေါက်က လေဝင်လို့ထင်ပါရဲ့ ကောင်မလေးက ထပိတ်တယ်။
ဖြစ်ချင်တော့ တံခါးကကြပ်နေတယ်၊ ကောင်မလေးအားနဲ့ ပိတ်မရဘူး။
အရောဝင်ဖို့ လမ်းစရပြီဆိုပြီး ကိုယ်က ထပိတ်ပေးမလို့လုပ်လိုက်တယ်…
“ဖယ် ဖယ် ညီမလေး၊ အကိုပိတ်ပေးမယ်”
အဲဒီမှာ ဖူးငုံထွေးက(အဖွားကြီးက) ကန့်ကွက်တယ်… …
“နေ နေ မောင်ရင်၊ ငါ့ဟာငါ ပိတ်လိုက်မယ်”… တဲ့
ကိုယ့်ရဲ့ကြိုးစားမှု မအောင်မြင်ဘူးဖြစ်သွားတယ်။
သူလည်း အတော်ကြီးကို အားစိုက်ပြီး ဆွဲချလိုက်မှ တံခါးက ကျလာတာ
ကျလာသော်ငြားလည်း လေကဝင်နေတုန်းပဲ
ဝင်မှာပေါ့၊ တံခါးက အလယ်မှာ တံခါးရွက်မရှိတော့ဘူး၊ ဘောင်ချည့်ပဲ ရှိတော့တာ၊
‘ပိတ်လျက်နဲ့ ပွင့်နေသောတံခါးများ’ ဆိုတာ မြန်မာ့မီးရထားမှာပဲ ရှိမယ်ထင်တယ်

3.
ည ၉နာရီလောက်ကျတော့ ဖူးငုံထွေးက အိမ်သာသွားမလို့ ပြင်တယ်။
မသွားခင် သူ့သမီးကို သတိပေးသွားလိုက်သေးတယ်… …
“မေမေအိမ်သာ သွားလိုက်အုံးမယ်၊ ကိုယ့်ဟာကို နေနော် သမီး”
“ဟုတ်ကဲ့ မေမေ”
တွေ့ကြပြီပေါ့ ဒေါ်ခင်ခင်မကြီးနဲ့ မြန်မာ့မီးရထား အိမ်သာနဲ့။
ကျနော်က အဲဒီအိမ်သာပြသနာကို ညနေကတည်းက ခံထားရပြီးသား…
အိမ်သာတံခါးက အတွင်းဖွင့်၊ လူက အထဲဝင်လိုက်ရင် တံခါးက ပိတ်မရဘူး။
တံခါးသွားမယ့် လမ်းကြောင်းနဲ့ မလွတ်တော့ လူက တဖက်နံရံကို ကျောနဲ့ကပ်လိုက်မှ ပိတ်လို့ရတယ်။
ပြန်ဖွင့်ရင်လည်း နံရံကိုကျောကပ်ပြီးမှ ဖွင့်ရတာ။
ရထားမောင်းနေတုန်း အခင်းကြီးသွားလို့ကတော့ ရွာလည်ပြီမှတ်။
ဆောင့်ကြောင့်ထိုင်ရင်း လဲကျမှာစိုးလို့ ရှေ့က လက်ကိုင်ကိုင်းကို လက်နှစ်ဘက်နဲ့ ခြေကန်ပြီးဆွဲထားရတယ်။
ဖင်ကလည်း ရထားယိမ်းတဲ့ အရှိန်အတိုင်း ကမုတ်ပေါ်မှာ ဝဲနေလိုက်တာ ကြိပ်ဆုံလှည့်နေသလားမှတ်ရတယ

်။
ကမုတ်က အပေါက်နဲ့ ကိုယ့်ကျည်ဆံနဲ့ အံကျတည့်တဲ့အချိန်ကို စောင့်ပြီး ပစ်ရတာ။
တိုင်မင်မကိုက်လို့ကတော့ ကျည်ဆံကအပေါက်ထဲ မကျဘဲ ကမုတ်ပေါ်တင်ပြီသာမှတ်
တော်ရုံ ကျွမ်းကျင်မှုရှိယုံနဲ့ ရထားအိမ်သာ တက်လို့ မရဘူး
ခု ချစ်လှစွာသော ဖူးငုံထွေးအလှည့်…
စိတ်မကောင်းပါဘူး၊ အချိန်ကတော့ အနည်းဆုံး နာရီဝက်တော့ ကြာလောက်မယ်။
သူမရှိတုန်း လမင်းလေးကို ရင်းနီးအာင် ကြံရတာပေါ့…
…သမီးလိမ္မာလေးကလည်း အမေ့စကားနားထောင်ပါတယ်။
သူ့အမေမရှိခိုက် ခဏလေးအတွင်းမှာပဲ ကျနော်နဲ့ ရင်းနီးသွားလိုက်တာ၊ နာမည်၊ နေရပ်၊ အလုပ်အကိုင် အကုန်သိလိုက်ရပြီ။
ခဏနေတော့ အဖွားကြီး ချွေးသံရဲရဲနဲ့ပြန်လာတယ်၊ ပါးစပ်ကလည်း ပွစိပွစိနဲ့ပြောလို့…
“အမလေးအေ၊ တံခါးက အထဲကနေဖွင့်မရလို့ အိမ်သာထဲတင် ညအိပ်ရပြီမှတ်တာ၊ ညစ်ပတ်လိုက်တာကလည်း လွန်ရော”
ကိုယ်လည်း ရီချင်စိတ်ကို မနည်းထိန်းပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်
4.
မန္တလေးရောက်ပြီး နောက်ရက်တွေကျတော့ လမင်းလေးတို့ ရပ်ကွက်ကို သွားရတာပေါ့။
သူတို့နေတဲ့ ၆၃လမ်းဘေးက ကျားကွက်သစ်မှာ ငယ်သူငယ်ချင်း စန်းမောင်မောင် ရှိတယ်။
ရပ်ကွက်ထဲ အတော်နှံ့စပ်တဲ့ကောင်ဆိုတော့ သူ့ကိုပဲ အားကိုးရမှာ။
ဒါနဲ့ စန်းမောင်မောင်ကိုခေါ်ပြီး လမ်းထိပ်လဘက်ရည်ဆိုင် ထိုင်ကြတယ်။
သူက မေးတယ်… …
“မလာစဘူး အလာထူးလို့ ဘာကိစ္စလဲ ဟေ့ကောင်”
“ငါနဲ့ ရထားပေါ်မှာ ခင်လာတဲ့ကောင်မလေးက မင်းတို့ရပ်ကွက်မှာ နေတာကွ၊ သူ့ကို လာခြောင်းတာ”
“ဘယ်သူလဲ၊ ဘာလုပ်တာလဲ”
“ထားထားရင် တဲ့၊ ကုန်စုံဆိုင်ဖွင့်ထားတယ် ပြောတယ်”
“ဘုရား ဘုရား၊ ဒေါ်ခင်ခင်မကြီး သမီးလေး မဟုတ်လား”
“ဟုတ်တယ်”
“စိတ်လျော့လိုက်တော့ ငါ့ကောင်”
“ဘာလို့လဲ”
“သူ့အမေကြီးက အပေါက်ဆိုးလွန်းလို့ ငါတို့ရပ်ကွက်က လူငယ်တွေကြားထဲမှာ ဆိုရိုးစကားတစ်ခုတောင် ရှိတယ်”
“ဘာတဲ့လဲ”
“ထားရင်ကို ကြိုက်မည်လော၊ ကျားဖင်ကို နှိုက်မည်လော… တဲ့”
“အဲဒီတော့ ဒီရပ်ကွက်က လူငယ်တွေ ဘယ်လမ်းရွေးကြလဲ”
“တစ်ရပ်ကွက်လုံး ကျားဖင်နှိုက်ကြတယ်”
“ဟင်…”
“ငါတို့ရပ်ကွက်တောင် ကျားကွက်သစ်ကနေ ကျားဖင်နှိုက်ကွက်သစ်လို့ နာမည်တွင်နေတာ အဲဒီ ထားထားရင် ဆိုတဲ့ ကောင်မလေးကြောင့်ပေါ့”
“ကြားရတာ အားရှိစရာပဲ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ ထားရင်ကိုပဲ နှိုက်မယ်”
“ဘာရယ်…”
“အဲလေ ထားထားရင်ကိုပဲ ကြိုက်မယ်လို့ ပြောတာပါကွာ”
“ဒါတော့ မင်း သူ့အမေကြီးကို မကြောက်ရင်လုပ်ပေါ့”
“မကြောက်ဘူးကွ၊ မင်းကလည်း ကူညီပေးအုံးလေ”
“ငါတော့ အပေါင်းအသင်းမှားပြီ”

5.
လမင်းလေးကို မြင်ချင်တွေ့ချင်တော့ သူ့ဆိုင်ရှေ့က ဖြတ်ဖြတ်လျှောက်ရင်း ကြည့်ရတယ်။
ဖြတ်လျှောက်တုန်း ဖူးငုံထွေးမြင်ရင် မျက်စောင်းကြီးနဲ့ လှမ်းထိုးတယ်။
သူ့ဆိုင်ရှေ့ကိုယ်ဖြတ်တုန်း ခွေးတစ်ကောင်တစ်လေများ အကြောင်းတိုက်ဆိုင်ပြီး အနားမှာရှိနေလို့ကတော့ နာပြီဗျာ၊ စောင်းဆဲတော့တာ…
“ဟဲ့ ခွေး၊ အော်… ဒီခွေးလေးနှယ် နေစရာမရှိဘူးထင်ပ့ါ၊ သူများဆိုင်ရှေ့ပဲ လာလာနေတယ်”
ကဲ… ခက်ဘူးလား၊
ဒါ့ကြောင့်လည်း ဒီရပ်ကွက်က လူငယ်တွေ ကျားဖင်ပဲနှိုက်ကြတာ။
တရက်ကတော့ ကံကောင်းတယ်ဗျို့…
ဆိုင်ရှေ့ကဖြတ်အလျှောက် လမင်းလေးတစ်ယောက်ထဲ ဈေးရောင်းနေတာ တွေ့တယ်၊ ဖူးငုံထွေးရဲ့ အရိပ်အယောင်မမြင်ဘူး။
ဒါနဲ့ အခွင့်အရေးရတုန်း စကားပြောဖို့ ဆိုင်ထဲဝင်သွားလိုက်တယ်…
ဘုရားဘုရား၊ လန့်ထှာဗျာ၊ ဖူးငုံထွေးက ဒီဘက် ပုဏ္ဏကွယ်က စားပွဲခုံမှာ ထမင်းစားနေတာကိုးဗျ
လူကိုမြင်တော့ မျက်လုံးပြူးကြီးနဲ့ကြည့်ရင်း ထလာတယ်၊ ပြီးတော့ အသံမာမာနဲ့ လှမ်းမေးတယ်… …
“ဘာကိစ္စလဲ”… တဲ့
ကိုယ်လည်း ကြောက်လန့်ပြီး ဘာပြောလို့ပြောရမှန်း မသိဘူး
ခြင်ဆေးခွေဘူးတွေ ထပ်ထားတာ မျက်စိရှေ့မြင်တော့ အယောင်ယောင်အမှားမှားနဲ့ ပြောမိပြောရာပြောလိုက်တယ်… …
“ဟို… ဟို ခြင်ဂွေးရှည် ရှိလားဟင်”
“ဘာတွေ လာပြောနေတာလဲ၊ ခြင်ဂွေးရှည်လည်း မရှိဘူး၊ ခြင်ဂွေးတိုလည်း မရှိဘူး”
“ဗျာ၊ ဟိုဒင်းဗျာ၊ ဆင်ချေးခွေ ဆင်ချေးခွေကို ပြောတာ”
“ဘာ… ဒီမှာ စားသောက်နေတာဟဲ့၊ ချေးအကြောင်း သေးအကြောင်းတွေ လာမပြောနဲ့”
“မ.. မဟုတ်ပါဘူး အန်တိန် အဲလေ အန်တီ၊ ဟို ဟို ခြင်ဆေးခွေ ရှိလားလို့ ဒါ… ဒါပြောတာပါ အဟီး”
“ရှိတယ်၊ ဘယ်လောက်တန် ယူမှာလဲ”
အဲ… ဘယ်လောက်တန်ယူမှာလဲတဲ့ မေးနေပြီ၊
ဟင် ပိုက်ဆံရောပါရဲ့လားမသိ၊
အိတ်ထဲနှိုက်ကြည့်လိုက်တော့ ပိုက်ဆံထွက်မလာဘဲ စာရွက်ပိုင်းလေးပဲ ထွက်လာတယ်
ဖတ်ကြည့်လိုက်တော့ ဖေဖေက နှစ်လုံးထီထိုးခိုင်းလိုက်တဲ့ စာရွက် ဖြစ်နေတယ်
ဟုတ်သားဟ၊ မေ့တော့မလို့ အပြန်ဝင်ထိုးရအုံးမယ်။
အဲလို စဉ်းစားနေတုန်းကို ဖူးငုံထွေးက ထအော်တယ်… …
“ဟဲ့… မေးနေတယ်လေ၊ ဘယ်လောက်တန် ယူမှာလဲလို့”
“အင်း… အဲ… ၃ဝဝ ဖိုး R လိုက်ပါ အန်တီ”
“ဘာ… ဘာပြောတယ်… ငါရိုးရိုးသားသား ဈေးရောင်းနေတာ၊ ချဲရောင်းစားနေတာ မဟုတ်ဘူး၊ ချဲထိုးချင်ရင် ရာအိမ်မှုးဆီသွား”
“ဗျာ၊ ရာအိမ်မှုးက ချဲရောင်းသလား”
“မရောင်းဘူး၊ နင် သွားဝယ်ရင် အဖမ်းခံရအောင်လို့ ပြောနေတာဟေ့ သိပြီလား”
မေတ္တာထားတော်မူပ့ါ မတော်ရသေးတဲ့ ချစ်မေမေရယ်…

6.
ဒီလိုနဲ့ သုံးနှစ်သုံးမိုးလောက် ကျားဖင်မနှိုက်ဘဲ ထားရင်ကို ကြိုက်လိုက်တာ၊ ဝိရိယအကျိုးလေး ခံစားလိုက်ရပါတယ်။
ဖူးငုံထွေးလည်း အာရုံနောက်လာတယ်ထင်ပါရဲ့၊ စိတ်လျော့လိုက်ပြီး သူ့သမီးကို လူကြီးစုံရာနဲ့ လာတောင်းဖို့ ပြောတယ်။
မတောင်းခိုင်းလို့ကလည်း မဖြစ်တော့ဘူးလေ။ ဒီကောင်ကလည်း မိုးလင်းကမိုးချုပ် သူ့ဆိုင်ရှေ့ကမပြန်တော့ ရပ်ကွက်ကပြောလှပြီ
ဆိုင်ရှေ့က ဖြတ်လျှောက်လွန်းလို့ ချောင်းပေါက်မတတ်ဆိုတာထက် မြစ်ပေါက်မတတ်တောင် ဖြစ်နေပြီ။
တရုတ်တွေသာသိရင် စာချုပ်ချုပ်ပြီး ရေအားလျှပ်စစ် လာဆောက်မှာတောင် စိုးရသေးတယ်….
မင်္ဂလာဆောင်ပြီးတော့ သူ့အိမ်မှာ ကပ်နေရတယ်။
စိတ်ဆင်းရဲချက်တော့ ပြောမနေနဲ့ ငရဲကျနေသလားမှတ်ရတယ်ဗျာ
ထားရင်ဆိုတဲ့ လမင်းလေးရဲ့ မျက်နှာသာမရှိရင် အဲဒီအိမ်နဲ့ ဝေးရာကို ထွက်ပြေးမိမှာ။
သိပ်မကြာမှီမှာဘဲ ကျနော်လျှောက်ထားတဲ့ အလုပ်က ခန့်စာရတယ်၊ ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေး ကုမ္မဏီတစ်ခုက ခန့်လိုက်တာ…
ဆိုတော့ ရန်ကုန်မှာ သွားနေရတာပေါ့၊ ပျော်လိုက်တဲ့ ဖြစ်ခြင်းဗျာ၊ ငရဲတွင်းက လွတ်တာကိုး
ထားထားရင် ကိုခေါ်ပြီး ရန်ကုန်မှာ တိုက်ခန်းတစ်ခန်း ငှားနေလိုက်တယ်၊ မိန်းမကိုလည်း ကုမ္မဏီသူဌေးက ငွေစာရင်းဌာနမှာ စာရင်းကိုင် ခန့်ပေးထားတော့ အစစ အဆင်ပြေတယ် ပြောရမှာပေါ့။
ဖူးငုံထွေးခမျာတော့ သမီးမရှိတော့လို့ တောမှာနေတဲ့ သူ့အကိုကြီးကို အဖော်ခေါ်ထားရတယ်။
သူ့သမီးကို ရန်ကုန်မှာ ဘတ်စ်ကားတိုးစီးရမှာ စိုးလို့တဲ့၊ ပတ်ပလစ်ကာကားလေးတစ်စင်း ဝယ်ပေးလိုက်သေးတယ် သာဓုပါဗျာ

7.
“ကိုကို…မေမေက မနက်ဖန် Air Bagan နဲ့ လိုက်လာမယ်တဲ့၊ အဲဒါ လေဆိပ်မှာ လာကြိုဖို့ နေ့လည်က ဖုန်းဆက်တယ်”
“ဟင်… သူက ဘာလာလုပ်မှာတဲ့လဲ”
“ဘာလာလုပ်ရမှာလဲ ကိုကိုရယ် သမီးကို မတွေ့တာကြာလို့ပေါ့”
အင်း… ဒုက္ခ ဒုက္ခ မငြိမ်းသေးပါလား၊
နောက်နေ့ကျတော့ လေဆိပ်ကိုသွားကြိုရတယ်။ မကြိုချင်ဘူးလို့လည်း ပြောလို့မရဘူး၊ မိန်းမက ကားမောင်းတတ်တာမဟုတ်တော့ ကိုယ်တိုင်ပဲ မောင်းပို့ပေးရတာလေ…
ပြည်တွင်းဆိုက်ရောက်မှာ စောင့်နေတုန်း လေယာဉ်ဆိုက်လာတယ်…
အံမယ်လေး ထွက်လာပါပြီဗျာ….
အမယ်အမယ်… ချစ်မေမေက ပြောင်းဖူးမွေးလောက်ရှိတဲ့ သူ့ရဲ့ဆံပင်တွေကို ဆေးဆိုးပြီး ကောက်ထားပါလား၊
မျက်နှာမှာလည်း မိတ်ကပ်တွေ အဖွေးသားနဲ့၊ မင်္ဂလာဆောင်မယ့် သတို့သမီးတောင် အဲဒီလောက်လိမ်းမှာ မဟုတ်ဘူး၊
လိမ်းထားတာကလည်း မညီမညာနဲ့ဆိုတော့ တပိဿာဝင်စဉ့်အိုးကို ရွံနဲ့ပက်ထားတာကမှ ကြည့်ကောင်းအုံးမယ်ထင်ရဲ့
မကြီးမငယ်နဲ့ ဘယ်သူကများ မြှောက်ပေးလိုက်တာပါလိမ့်ဗျာ၊ ဖြစ်မှဖြစ်ရလေ…
“မေမေ…”
“သမီး ထားရင်…”
တွေ့ကြပြီ သမီးနဲ့ အမေ…ရုပ်ရှင်ထဲမှာလိုပဲ ပြေးပွေ့လိုက်ကြတာ…
အင်း… …တော်လှန်ရေးတုံးက ရဲဘော်ဟောင်းတွေ မမျှော်လင့်ဘဲ ပြန်ဆုံကြလို့ ဝမ်းသာအားရဖြစ်နေသလား မှတ်ရတယ်…
အင်းလေ သားအမိခြင်း မတွေ့တာကလည်း ရက်ပေါင်း ၃၆၀ လောက် ရှိရှာပြီကိုး……
“သမီးလေးနေကောင်းရဲ့လား”
“ကောင်းတယ်၊ မေမေရော နေကောင်းတယ်မလား”
“ကောင်းပ့ါ သမီးရယ်”
“မေမေက ခုလိုဆံပင်တွေ ကောက်လိုက်တော့ အရမ်းငယ်သွားလိုက်တာ၊ သမီးဖြင့် မှတ်တောင် မမှတ်မိဘူး”
“ဟင်း..ဟင်း… အဲလောက်လည်း မဟုတ်ပါဘူး သမီးရယ်”
အင်း… ကိုယ့်ငါးချဉ်တော့ ကိုယ်ချဉ်နေပဟ
“ကိုကိုရေ၊ မေမေ့ကို ကြည့်စမ်းပါအုံး၊ ငယ်သွားတယ်လို့ မထင်ရဘူးလား”
အမယ်…တေနာမလေး၊ ကိုယ့်အမေ ကိုယ့်ဟာကို မြှောက်ပြောလို့ အားမရဘူး၊ ကြည့်မရတဲ့လူကို စစ်ကူလာတောင်းနေသေးတယ်…
မေးတော့လည်း ပြောရသေးတာပ့ါလေ… ..
“ဟာ…ဟုတ်ပ့ါ အန်တီရယ်၊ အရမ်းငယ်သွားလိုက်တာ၊ မသိတဲ့လူက လမ်းမှာတွေ့ရင် ကလေးလေးမှတ်ပြီး နို့ဘူးဖမ်းတိုက်နေမှာတောင် စိုးရတယ်”
“ဘာကွဲ့ မောင်ဦး၊ မင်းက လှောင်တာလား”
“မလှောင်ရက်ပါဘူး အန်တီရယ်၊ ကျနော့်အမြင်ပြောတာပါ… ဟီး ဟီး”
“ငယ်တာတော့ ငယ်ပေါ့၊ ဒါပေမယ့် နို့ဘူးတိုက်တဲ့အထိ ငယ်တာတော့ မကောင်းဘူးပေါ့ကွဲ့”
“ဟုတ်ကဲ့”
ဟိ.. အရသာရှိထာ…
ဒါနဲ့ သူ့အိတ်တွေကူဆွဲပြီး ကားရှိရာကို အသွားမှာ အဖွားကြီးက မေးပါလေရော… …
“မောင်ဦး မင်းဟာကလည်း အဝတ်အစားဝတ်တာ ပေတီးပေစုပ်နဲ့ ကောင်းကောင်းကန်းကန်းလေးများ ဝတ်ပါအုံး”
“ရပါတယ် အန်တီရယ်၊ ဟိုနားဒီနားလာတာပဲဟာ၊ ကျနော်ကလည်း ဒီလိုပဲ နေတတ်လို့ပါ”
“မင်း အဲလိုနေတတ်တာက အရေးမကြီးဘူး၊ လူတွေက မင်းကို အိမ်ကဒရိုင်ဘာလို့ ထင်နေမယ်”
ဟာ… လက်နက်ကြီးနဲ့ ထုပဟေ့…
“ထင်ပါစေ အန်တီရယ်၊ ကိစ္စမရှိပါဘူး”
“ဘာလို့ ကိစ္စမရှိရမှာလဲ၊ င့ါသမီး သိက္ခာကျတာပေါ့ ဟဲ့”
“ဘာကျစရာရှိလဲ အန်တီရယ်၊ သူ လှလှပပ ဝတ်စားနေရင် ပြီးတာပဲ မလား”
“ဘယ်ပြီးမလဲဟဲ့၊ မင်းတို့လင်မယား မြို့ထဲအတူတွဲသွားရင် ပတ်ဝန်းကျင်က ဘာထင်မလဲ၊ ဒီသူဌေးကတော်နှယ်၊ အိမ်က ဒရိုင်ဘာနဲ့မှ ဖောက်ပြန်နေရတယ်လို့ ထင်ကြမှာပေါ့”
ဟိုက်… သူ့ကို နို့ဘူးလေး ပေးတိုက်မိတာ လက်နက်ကြီးတွေနဲ့ တစ်လုံးပြီးတစ်လုံး ပြန်ထုနေရောပါလား၊ ဘာမှဆက်မပြောဘဲနေမှ သက်သာနိုင်မယ်…
ဟင်…ငဦး ငဦး ခံပေအုံးတော့ သူမပြန်မခြင်း ခံပေရော့
ဟိုကနင့်ကိုငယ်နိုင်၊ မတူရင်မတုရဘူး

8.
ဒီလိုနဲ့ အချိန်တွေ တဖြည်းဖြည်းကုန်လွန်သွားလိုက်တာ ကျနော်တို့ရဲ့ သားဦးလေး ‘မောင်ထွန်းညိုမှူးရင်’ တောင် သုံးနှစ်ထဲရောက်လာပြီ။
တရက်တော့ဗျာ၊ စိတ်မကောင်းစရာပါ၊ မန္တလေးမှာ ကျနော့်ယောက္ခမကြီးနဲ့ အတူလာနေပေးတဲ့ သူ့အကိုကြီး ဆုံးလို့တဲ့၊ ဖုန်းဆက်ပြီး အကြောင်းကြားလာတယ်…
မန္တလေးကို ဆင်းကြရတာပေါ့
ခက်တာက ထားထားရင်က တခါထဲ လိုက်လို့မရဘူး ဖြစ်နေတယ်၊
ကုမ္မဏီရဲ့ နှစ်ပတ်လည်ငွေစာရင်းရှင်းတမ်းတွေ အရေးကြီးနေလို့ အပြီးလုပ်ပေးခဲ့ရမယ်
နောက်နှစ်ရက်နေမှ လိုက်လာနိုင်မှာ၊
ကျနော်နဲ့ သားလေးက အရင် သွားနှင့်ရတာပေါ့
မန္တလေးအိမ်ရောက်တော့ ….
ဧည့်သည်တွေကို ဧည့်ခံနေတဲ့ ယောက္ခမကြီးက ကျနော့်တို့ကိုလည်း မြင်ရော ပြေးလာပြီး ငိုပါလေရောဗျာ…
ငိုလည်းငို ပါးစပ်ကလည်းပြောပေါ့… …
“အမလေး မောင်ဦးရေ၊ အကိုကြီးလာနေပြီလေ၊ ထ ကြည့်ပါအုံးလား မောင်ဦးရဲ့”
ဟမ်…. ဘယ့်နှယ့် ဘယ့်နှယ့် အဲလိုတော့ မနောက်ပါနဲ့ အန်တီရယ်
အကိုကြီးရေ မောင်ဦးလာနေပြီ ထကြည့်ပါအုံး လို့ ငိုရမှာမဟုတ်ဘူးလားဂျာ။
ဘယ်အညိုးနဲ့များ မှားငိုလေသလဲ အန်တီရယ်၊
ဘုရား ဘုရား၊ လွဲပါစေ ဖယ်ပါစေ…
နာရေးဖိတ်စာမှာကော ငါ့နာမည် မှားရိုက်ထားသေးလား မသိ ဟူး…

9.
အဲ…ညအိပ်တော့မှ ပြဿနာဗျို့…
သားတော်မောင်ပေါ့၊ ည ည အိပ်ရင် သူ့အမေချက်ကို နှိုက်ပြီး အိပ်နေကျ၊ ခု သူ့အမေပါမလာတော့ ချက်မနှိုက်ရလို့တဲ့ မအိပ်ဘူးဆိုပြီး ငိုယိုဂျီကျနေပါလေရော… …
ဖေဖေချက်ကို နှိုက်ပြီးအိပ်ဆိုတော့လည်း လက်မခံဘူး၊ လက်မခံရတဲ့ အကြောင်းကလည်း ရှိသကိုး…
“ပေပေ့ချက်က အတီးလုံးလေး (အသီးလုံးလေး)၊ မေ့မေ့ချက်လို့ တွင်းလေးမဟုတ်ဘူး”… တဲ့
အာ… မအေပေးလေးက၊ အရေးထဲ ချက်ထီးချက်မ ရွေးနေသေးတယ်
ဒါနဲ့ သူ့ဖွားအေက သူနဲ့လာအိပ် သူ့ချက်ကိုနှိုက်ပြီးအိပ်လို့ ပြောတော့…
“ဖွားဖွားချက်ကို အရင်ပြ”… ဆိုလို့ နမူနာပြရသေးတယ်၊
သေချာစစ်ဆေးကြည့်ရှုပြီးမှ သဘောတူပြီး လိုက်အိပ်တယ်…
ညလယ်လောက်ကျတော့ အဖွားကြီးအခန်းဘက်က စီကနဲ အော်သံကြားလိုက်တယ်… ….
“ဟဲ့… ဟဲ့၊ သားသား သားသား၊ အဲဒါ ချက်မဟုတ်ဘူး… ချက်မဟုတ်ဘူးဟဲ့၊ ဟောတော် ဒီကလေး ခက်တော့တာဘဲ”
ခဏနေတော့ အိပ်ခန်းထဲကနေ ဒေါနဲ့မောနဲ့ ထွက်လာတယ်၊ သားလေးကိုလည်း ကျနော့်ဆီပြန်လာပို့တယ်… …
“မောင်ဦး၊ နင့်သားနင် ခေါ်အိပ်တော့”
“ဘာလို့လဲ အန်တီ”… လို့ မေးတော့ ပြန်မဖြေဘူး၊
ဇောင့်ဇောင့်နဲ့ ထွက်သွားတယ်။
တော်သေးတာပေါ့… သားသားကလည်း အိပ်ချင်မူးတူးဖြစ်နေတော့ ချက်နှိုက်ချင်ကြောင်း မပြောတော့ဘဲ ပြန်အိပ်ပျော်သွားလို့…နောက်ညကျတော့လည်း ဒီကောင် မနေ့က ဘာမြင်ပြီး လန့်လာတယ် မသိဘူး၊ ချက်အကြောင်း ဂျီမကျတော့ဘူးရယ်
သူ့အမေလိုက်လာတော့ ချက်ကိစ္စက ပြဿနာမဟုတ်တော့ဘူးလေ…
မလွယ်ဘူး ကလေးများကလည်း သူ့အစွဲနဲ့သူ

10.
နောက်ဆုံးတော့ ယောက္ခမကြီးလည်း သူ့ဆိုင်ကိုပိတ်၊ သူ့အိမ်ကိုပါရောင်းပြီး ကျနော်တို့နဲ့ပဲ လိုက်နေတော့တယ်။
စိတ်တွေလည်း လျော့လိုက်ဟန်တူပါရဲ့၊ အရင်က ဒေါ်ခင်ခင်မကြီးရဲ့ မာန်တွေဟန်တွေ မတွေ့ရတော့ဘူး။
သားသားကိုလည်း ချစ်လိုက်တာမှ တုန်လို့၊ သူ့ရှိသမျှပိုင်ဆိုင်မှုတွေ သူ့မြေးနာမည်နဲ့ အကုန်လွဲထားတယ်။
ကျနော့်အပေါ်လည်း ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံလာတယ်။
တဦးကစေတနာ တဦးကမေတ္တာ ဆိုတာလို ကျနော်ဘက်ကလည်း မိခင်အရင်းတယောက်လို့ သဘောထားလိုက်ပါတယ်။
အန်တီလို့တောင် မခေါ်တော့ဘဲ ထားထားရင် ခေါ်သလို “မေမေ” လို့ ပြောင်းခေါ်ခဲ့တယ်။
ခုတော့လည်း အားလုံးငြိမ်းချမ်းရေးရလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဘဝတွေကို ဖြတ်သန်းနေကြတယ်

11.
အင်း…ဟိုအရင် တွေ့စကတော့…သူ့ကိုမြင်ရင် မုန်းလွန်းလို့ဗျာ (ကန်တော့ပါရဲ့) ချေးနဲ့ငုံပြီးတောင် သူ့မျက်နှာကို ဖူးကနဲ ထွေးလိုက်ချင်တာ
ဒါ့ကြောင့် “ဖူးငုံထွေး” လို့ ကွယ်ရာမှာ ခေါ်ခဲ့တာပေါ့။
အမယ်…နောက်မှသိရတာက သူကလည်း ကျနော့်ကို နာမည်ဝှက်ပေးထားသေးတယ်…
“ခြောက်စောင်း”… တဲ့
ဘာလို့လဲဆိုတော့…ဆိုင်ရှေ့ကနေ အခြောက်တိုက် ဖြတ်ဖြတ်သွားပြီး ဆိုင်ဘက်ကို စောင်းစောင်းပြီး ကြည့်သွားလို့တဲ့…
ကောင်းပ့ါ
‘ဖူးငုံထွေး’ နဲ့ ‘ခြောက်စောင်း’
ကျေရော… …။ ။

မှတ်ချက်။ ။ ကိုယ်တွေ့ဟာသများကို ပြန်လည်အသုံးပြုခွင့်ပေးသော mmcybermedia မှ သူငယ်ချင်းများနှင့် ‘မန်းပုံရိပ်’ မှ @Thin Thin Yu, သုဂတ လုင် တို့အား ကျေးဇူးတင်ပါသည်။

Fun For Joy

0

Posted by Black Magic | Posted in | Posted on 10:03 PM



မိုက်ကယ်တစ်ယောက် ရုံးပိတ်ရက် ၂ ရက်၊ ၃ ရက်လောက် အရေးတကြီးလိုအပ်နေပါတယ်။ ကုမ္မဏီကနေလည်း ရုံးပိတ်ရက်ရဖို့ ခက်ခဲနေတာကြောင့် အကြံတစ်ခု ထုတ်ပြီး အကောင်အထည်ဖော်ပါတော့ တယ်။


အလုပ်စားပွဲခုံပေါ်တက်ပြီး မက်တပ်ရပ်နေပါတယ်။ ဒါကိုမြင်တဲ့ စာရင်းကိုင် အမျိုးသမီးက “ရှင်ဘာလုပ်နေတာ လဲ” လို့မေးတော့ ပြန်ဖြေပါတယ်။ “သူဌေးလာပြီး င့ါကိုမေးတဲ့အခါ ငါက မီးသီးတစ်လုံးဖြစ်တယ်လို့ပြော လိုက်မယ်။ ဒါဆိုရင် စိတ်ပင်ပန်းပြီး ရူးကြောင်ကြောင်ဖြစ်နေလို့ဆိုပြီး င့ါကို နားရက် ပေးလိမ့်မယ်”

ဒါနဲ့ပဲ သူဌေးက ရုံးထဲ ရောက်လာပါတယ်။ စားပွဲခုံပေါ် မက်တပ်ရပ်ပြီး ငြိမ်ငြိမ်း သက်သက်ရှိနေတဲ့ မိုက်ကယ်ကို ကြည့်ပြီး သူဌေးက ဘာလုပ်နေတာလဲလို့မေးပါတယ်။ ဒီတော့ မိုက်ကယ်က စီစဉ်ထားတဲ့အတိုင်းပဲ “ကျနော်ဟာ အလင်းရောင်ပေးနေတဲ့ မီးလုံးတစ်လုံးပါ။ တစ်ရုံးလုံးမီးရအောင် ထွန်းလင်းနေပါတယ်”လို့ ပြန်ဖြေ ပါတယ်။

ဒါနဲ့ စိတ်မကောင်းဖြစ်တဲ့ သူဌေးက “အေး။ မိုက်ကယ် မင်းအလုပ်ကြောင့်မို့ စိတ်ဖိစီးတာ အတော်များနေပြီ ထင်ပါတယ်။ အိမ်ပြန်နားတော့။ ၄ ရက်လောက် နားပြီးမှ ရုံးပြန်တက်” လို့မှာလိုက်ပါတယ်။ ဒါနဲ့ပဲ မိုက်ကယ် တစ်ယောက် ပျော်ရွှင်စွာပဲ အိမ်ပြန်သွားပါတယ်။ သူအိမ်ပြန်တာကို မြင်တဲ့ စာရင်းကိုင်မကလည်း အိတ်ထဲ ပစ္စည်း ထည့်လို့ ရုံးဆင်းဖို့ ပြင်ပါတယ်။ ပြင်ဆင်နေတဲ့ အမျိုးသမီးကိုကြည့်ပြီး သူဌေးက မေးတော့ ယခုလို ပြန်ဖြေပါတယ်။

“မီးသီး မရှိပဲ ကျမဘယ်လို အလုပ်လုပ်ရမလဲ၊ အဲဒါကြောင့်ပြန်တာပါ”

--------------------------------X---------------------------------------


သင်္ချာဆရာမက ဂျော်နီကို အောက်ပါမေးခွန်း မေးပါတယ်။

"လယ်ကွင်းထဲက သစ်ပင်တစ်ပင်မှာ ငှက် ၅ ကောင် နားနေတယ်။ တစ်ကောင်ကို သေနတ်နဲ့ ပစ်သတ်လိုက်တော့ အပင်မှာ ဘယ်နှစ်ကောင် ကျန်မလဲ" 

ဂျော်နီက " တစ်ကောင်မှ မကန်ပါဘူး ဆရာမ" လို့ဖြေတဲ့အခါ ဆရာမက 

"မှားတယ်ကွယ့် သားလေးရဲ့  ၄ ကောင်ကျန်မယ်။ ဒါပေမယ့် မင်းတွေးပုံလေးကို သဘောကျပါတယ်" လို့ပြန်ဖြေပါတယ်။

ဒီတော့ ဒါကို မကျေနပ်တဲ့ ဂျော်နီက ဆရာမကို မေးခွန်းတစ်ခုမေး ခွင့်တောင်းတဲ့အခါ ဆရာမက မေးခွင့်ပေးလိုက်ပါတယ်။ 

ဂျော်နီ အမေး - 

"အမျိုးသမီးကြီး သုံးယောက် ပန်းခြံထဲမှာ ထိုင်နေပြီး ရေခဲမုန့်ကိုယ်စီ စားနေကြပါတယ်။ ပထမ တစ်ယောက်က ရေခဲမုန့်ကို အပေါ်က စားပြီး ဒုတိယ တစ်ယောက်က ဘေးအသားကနေ စားပါတယ်။ နောက်ဆုံး တစ်ယောက်ကတော့ အောက်ကနေ စားပါတယ်။ ဘယ် အမျိုးသမီးက အိမ်ထောင်ကျပြီးပြီလို့ ထင်ပါသလဲ ဆရာမ"

ဆရာမ အဖြေ - 

"အပေါ်ကနေ စားတဲ့ တစ်ယောက်က အိမ်ထောင်ရှင် အမျိုးသမီးဖြစ်မှာပေါ့"

လို့ဖြေတဲ့အခါ ဂျော်နီက ယခုလို ပြန်ဖြေပါတယ်။

"မှားပါတယ် တီချယ်။ လက်သန်းကြွယ်မှာ လက်စွပ် စွပ်ထားတဲ့ တစ်ယောက် အိမ်ထောင်ရှင်ပါ။ ဒါပေမယ့် တီချယ်တွေးပုံလေးကိုတော့ သဘောကျပါတယ်"


--------------------------------X---------------------------------------


သူငယ်တန်း ကျောင်းသား ဂျော်နီ တစ်ယောက် အတန်းထဲမှာ စာသင်နေတုန်း ဆရာမကို စကား သွားပြောပါတယ်။

"ဆရာမ... တား သုံးတန်း တက်ချင်ပါတယ်။ အိမ်က တား အမထက် စာပိုရလို့ သုံးတန်း ပို့ပေးပါ"

ဒီတော့ အံ့သြသွားတဲ့ ဆရာမက သူ့ကို ကျောင်းအုပ်ကြီး ရုံးခန်းထဲ ခေါ်သွား ပြီး အကျိုးအကြောင်း ရှင်းပြပါတယ်။ ဒါနဲ့ပဲ ကျောင်းအုပ်ကြီးက ကလေးကို ဥာဏ်စမ်းပါတော့တယ်။

ကျောင်းအုပ်ကြီး - ၃ နဲ့ ၃ မြောက်ရင် ဘာရလဲ။

ဂျော်နီ - ၉

ကျောင်းအုပ်ကြီး - ၆ နဲ့ ၆ မြောက်ရင်

ဂျော်နီ - ၃၆

ကျောင်းအုပ်ကြီး - ဒီကလေး တော်သားပဲ ဆရာမရဲ့ ။ သုံးတန်းပို့ပေးလိုက်ပါ။

ဆရာမ - အို။ ဆရာကြီးက လွယ်တဲ့ မေးခွန်းတွေ မေးတာကို။ ကျမလည်း မေးကြည့်ဦးမယ်။
ကဲဂျော်နီ .. နွားမှာ လေးချောင်းပါတယ်။ ဆရာမ မှာ တစ်ချောင်းမှမပါဘူး..၊ အဲဒါဘာလဲ။

ဂျော်နီ - အမြှီှး

ဆရာမ - ဆရာမ ထဘီ အောက်မှာ မရှိဘူး။ သားဘောင်းဘီအောက်မှာ ရှိတယ် .. အဲဒါ ဘာလဲ။

ဂျော်နီ - အိတ်ကပ်

ဆရာမ - C နဲ့ စတယ် T နဲ့ဆုံးတယ်။ လုံးဝိုင်းတယ်။ အရသာ ရှိတယ်။

ဂျော်နီ - Coconut

ဆရာမ - လွယ်လွယ်နဲ့ မထွက်ဘူး။ ထွက်တော့လည်း ချွဲကျိကျိနဲ့။

(ကျောင်းအုပ်ကြီး မျက်လုံးပြုးနေပါပြီ)

ဂျော်နီ - ဆပ်ပြာပူပေါင်း

ဆရာမ - အမွေးထူတယ်... အစေ့ကတော့ စားလို့ကောင်းတယ်။

ဂျော်နီ - ပြောင်းဖူး

ဆရာမ - ကဲ။ ဒါဆိုလည်း F နဲ့စပြီး K နဲ့ ဆုံးတဲ့ အင်္ဂလိပ်စကားလုံးက ဘာလဲ။

ဂျော်နီ - Firetruck

ဆရာမ - သားက တော်သားပဲ..၊ ဆရာကြီး သူ့ကို သုံးတန်းပို့လိုက်တော့မယ်နော်..။

ကျောင်းအုပ်ကြီး -  ၆ တန်းသာ တင်ပေးလိုက်ပါတော့ဆရာမ။ ဆရာမ မေးခွန်းတွေကို ကျွန်တော်လိုက်ဖြေတာ တစ်ခုမှ မမှန်ဘူး..၊

--------------------------------X---------------------------------------

ဆရာမ - ဂျော်နီ၊ မင်းအိမ်ထောင်ပြုမယ့် အမျိုးသမီးကို ဘယ်လို အမျိုးအစား ထဲကလိုချင်လဲ။

ဂျော်နီ - လ လို မျိုး မိန်းကလေးပါ ချာမ။

ဆရာမ - အံမယ်။ ဂျော်နီက ကဗျာ ဆန်လို့ပါလား။ လလို အေးချမ်းတဲ့ မိန်းခလေးမျိုးလား။

ဂျော်နီ- မဟုတ်ပါဘူး ချာမ။

ဆရာမ - မှောင်နေချိန်မှာ အလင်းပေးမယ့်သူလား။ 

ဂျော်နီ - မဟုတ်ပါဘူး ချာမ။ 

ဆရာမ - လ လေးလိုပဲ လုံးလုံးဝိုင်းဝိုင်းနဲ့ ချစ်စရာ ကောင်းသူလား 

ဂျော်နီ - ဟုတ်ပါဘူးချာမ။ 

ဆရာမ - ကဲ။ ဒါဆိုရင် နင်ယူမယ့် မိန်းခလေးကို ဘာကြောင့် လနဲ့ နှိုင်းရသတုန်း။

ဂျော်နီ - ညမှာ ရောက်လာပြီး နေ့ခင်းကျ ပျောက်စေချင်ပါတယ် ချာမ။ 
-
Boys will be boys!

--------------------------------X---------------------------------------

စာသင်ခန်းထဲမှာ ကလေးနှစ်ယောက်ငြင်းခုံနေပါတယ်။ 

ဒါကြောင့် ဆရာမ ရောက်လာပြီး မေးတဲ့ အခါ ကျောင်းသား နှစ်ယောက်က ခုလို ပြန်ဖြေပါတယ်။ 

"သားတို့ နှစ်ယောက် ပိုက်ဆံ ၅ထောင်တန်ကို တူတူကောက်ရထားပါတယ် ဆရာမ။ အဲဒါ အလိမ်ပြောတတ်ဆုံးလူကို ပိုက်ဆံပေးကြေး ငြင်း ခုံ ပြိုင်နေကြတာပါ"

ဆရာမ  ။      ။  " မင်းတို့ကွယ်။ ပိုက်ဆံငါးထောင်ကို အလကား မလိုချင်စမ်းပါနဲ့။ ဆရာမတောင် ငယ်ငယ်လေးကတည်းက ဒီအရွယ်ထိ ငွေ တစ်ကျပ်တောင် လိမ်မယူခဲ့ဘူး"

ဒီတော့ ကျောင်းသား နှစ်ဦးက ဆရာမကို ငါးထောင်တန်ပေးလိုက်ပါတယ်။ 

--------------------------------X---------------------------------------

နောက်ဆုံးမှာတော့ ဝယ်နိုင်ခဲ့ပါပြီ...

0

Posted by Black Magic | Posted in | Posted on 9:45 PM

ကျနော် ပိုက်ဆံစုလို့ ဝယ်နိုင်ခဲ့သော အရာ

Posted by Aung Khamkyaw at 3:12 PM


ပုံလေးကို မြင်ကြတဲ့ အတိုင်းပါပဲ။ ကျနော် ဒီလို ရဖို့ အတွက် အတော်လေး ကြိုးစား လိုက်ရတယ်။ နေ့ရော၊ ညပါ ဒီလိုလေး ရဖို့ အတွက် အမြဲလို ဆုတောင်း ခဲ့ရပြီး ကြိုးစားခဲ့တယ်။


သူများတွေ အလုပ်ကြိုးစားတာထက် ပိုကြိုးစားတယ်။ သူများ နားချိန် လည်း  မနားဘူး။ အချိန်ပိုလုပ်တယ်။ ငွေရရင် ရနိုင်တဲ့ နည်းလမ်း အလုပ်လုပ်တယ်။ မလျော့သော ဇွဲပဲ ပြောရမှာပေါ့။ ညအိပ်တိုင်းလဲ ငါ ဒါကို ရကို ရရမယ် ဆိုတဲ့ စိတ်လေးက အမြဲ တမ်း စွဲလမ်း ဝင်ရောက် နေခဲ့တယ်။ နှစ်ပေါင်း များစွာ ကို ကြိုးစား ခဲ့ရတယ်။ ရင်းနှီးခဲ့ရတယ်။

ယခုတော့ ကျနာ် လုပ်နိုင်ခဲ့ ပါပြီ။ ယခုလို ပုံကောင်းကောင်း ထွက်ရှိဖို့ အတွက် ကင်မရာ တစ်လုံး လိုနေခဲ့တာ အမှန်ပါပဲ။ အခုတော့ ကျနော် ဝယ်နိုင်ခဲ့ ပါပြီ။ မလျော့သော ဇွဲနဲ့ ကြိုးစားလို့ ကင်မရာ တစ်လုံး ရခဲ့ ပါတယ်။
.
Ref:medic job
အောင်ခမ်း 

Pro Vs Noob

0

Posted by Black Magic | Posted in , | Posted on 1:55 AM

အခု မှ ပြန်စရေးရမှာဆိုတော့ ဘာရေးရမလည်း မသိလို့ သူများဟာ ကူးချပေးလိုက်တယ်ဗျာ.. :P
MM Dota က Bro တစ်ယောက်ရေးထားတာကို Share ထားတာပါ..၊

ကဲ ... ဒီဟာကတော့ ဟာသလေးပါ။ ကျွန်တော်တို့ ကိုယ်တိုင် တစ်ခါတစ်လေ မှားမှန်းမသိပဲ မှားခဲ့တာလေးတွေကို ဟာသအဖြစ်နဲ့ ရေးထားတာလေးပါ။ ကျွန်တော့်ဘာသာ ရေးထားတာလဲ မဟုတ်ပါဘူး။ ဘာသာ ပြန်ထားတာပါ။ ဘာပဲဖြစ်ဖြစ် ရယ်ရပါတယ်။ ပရို နဲ့ ကဒတ် ကွာခြားချက်များ ပေါ့ဗျာ.။

(english လိုတော့ ယဉ်ယဉ်ကျေးကျေးဆိုရင် newbie လို့ ခေါ်ပီး ရိုင်းရိုင်းပြောရင်တော့ Noob ပေါ့ဗျာ။)

အဲ့ဒါလေးကို ဟာသလေးအနေနဲ့တင်လိုက်ပါတယ်။
 MMDG မှ ညီအစ်ကိုများအားလုံး ပျော်ရွှင်ကြပါစေ ... (^_^)

Noob ။ ။ ငါလုပ်ချင်တာ ငါလုပ်မယ်။
Pro ။ ။ ငါလုပ်သင့်တာ ငါလုပ်မယ်။

Noob ။ ။ ဘာပဲဖြစ်ဖြစ် ငါ့ အစီအစဉ်တွေ ပေါ်တင်လုပ်မှာပဲ။
Pro ။ ။ ငါ့ရဲ့ အစီအစဉ်ကို လုပ်ဆောင်ဖို့ အတွက် ဟာကွက်မရှိတဲ့ အချိန်ထိရောက်အောင် စိတ်ရှည်ရှည်နဲ့စောင့်မယ်။

Noob ။ ။ ဒီကောင်တွေက ကြမ်းတယ်။ အဲ့ဒီ့တော့ Pick တယ်ကွာ။ ဒါပဲ!!!
Pro ။ ။ ဒီကောင်တွေကို ယူထားရမယ်။ ဘာလို့လဲဆိုတော့ ဒီကောင်တွေမှာ အကောင်းဆုံး combo flow တွေရှိတယ်။ တစ်ဖက် carry ကို counter လုပ်နိုင်တယ်။

Noob ။ ။ တောက်! ငါသေသွားပီ။ ငါ့ဘက်ကကောင်တွေကို အပြစ်ပြောဖို့ အချိန်ပဲ။ " !@#$% ပဲကွာ.. မင်းတို့ @#$ သုံးကို မကျဘူး " !!
Pro ။ ။ ဟူးးးး သေသွားပီ။ နောက်တစ်ခါမှာ ဒီထက်ပိုပီး ဂရုစိုက်မှဖြစ်မယ်။

Noob ။ ။ ဟာ! ဟိုဘက်ကကောင်တွေက ကြမ်းတယ်ဟ။ တော်ပီ။ ဒီပွဲကထွက်ပီး ငါ့ထက်ပိန်းတဲ့ကောင်တွေနဲ့ပဲ ရှာဆော့တော့မယ်။
Pro ။ ။ ငါ့ထက် အများကြီးကြမ်းတယ်။ သူတို့ကစားကွက်တွေကို သင်ယူရမယ်။ ပီးတော့ အတက်နိုင်ဆုံး နဲ့ အမြန်ဆုံးနိုင်အောင် ကြိုးစားပီးဆော့မယ်။

Noob ။ ။ ခွီးပဲ! ငါ့နောက်မှာ ganker တွေလိုက်လာပီဟ။ သွေးကန်ကို right-click ထောက်ပီးဆုတောင်းမှပဲ။ ဘုရား ဘုရား.... မသေပါစေနဲ့ မသေပါစေနဲ့ မသေပါစေနဲ့ (ချွေးပြန်လာပီ)။
Pro ။ ။ Ganker တွေ လိုက်လာပီ။ သစ်ပင်ဘက်ကို မျှားခေါ်လှည့်ပတ်ပီးပြေးမယ်။ ငါ့ရဲ့ အသက်ရှင်ဖို့ chance များလာမှာပဲ။ ပိုက်ဆံတွေ အလကားမဖြစ်အောင် item တွေ ၀ယ်ထားရမယ်။ ဒီအချိန်အတွင်းမှာ ငါ့ရဲ့ allies တွေရောက်လာဖို့ အချိန်ဆွဲသင့်သလောက်ဆွဲထားမယ်။
(spell သုံးပီး hero အမြန် kill တဲ့ nuker အဖွဲ့ကို ganker လို့ ခေါ်ပါတယ်)

Noob ။ ။ ဟာ! ရန်သူတွေ လမ်းတိုးလာပီဟ။ သူတို့ ကြည့်ရတာ တော်တော်ကြမ်းမယ့်ပုံပဲ။ ငါဘာလုပ်ရမလဲ မသိတော့ဘူး။ မထူးဘူး ချကွာာာာာာာာ !!! တိန် ! ငါ တေတွားပီ ။
Pro ။ ။ ဟိုဘက်အသင်းက လမ်းတိုးလာပီ။ သူတို့ အသင်းရဲ့ creep ကို ဦးတည်ပီးသတ်နိုင်မယ့် နေရာကောင်းကို ယူထားမယ်။ ငါ့ allies တွေ အားလုံး နေရာယူပီးတဲ့အထိ စိတ်ရှည်ရှည်နဲ့စောင့်ရင်း creep ရှင်းမယ်။

Noob ။ ။ ဟိုကောင် သွေးတစ်စက်လေးနဲ့ လာကဲနေတယ်။ ခလုတ်တိုက်ရင်တောင် သေမယ့် sexy သွေးလေး။ တောက် ! ငါ့မှာ mana လဲ မကျန်တော့ဘူး။ လိုက်ကွာ! ရှုပ်တယ်။ အဲ့ဒီ့ကောင် ကဒတ်ပဲဖြစ်ရမယ်။ အသေလိုက်သတ်ပေးလိုက်မယ်။ XD
Pro ။ ။ အဲဒီ့ သေခါနီးကောင်လေးကို ဖြစ်နိုင်ချေမရှိပဲ လိုက်သတ်လို့ မဖြစ်ဘူး။ ငါ့ကိုယ်ငါ အန္တရာယ် တွင်းထဲပို့သလိုဖြစ်သွားလိမ့်မယ်။ စိတ်လျော့။

Noob ။ ။ ဟာာာာ! ငါတို့ ဝင်ချလိုက်တိုင်း ဟိုကောင်တွေက fall သွားတယ်။ တောက် ! တင်းလာပီ။ မတရားဘူးကွာ။ hack ထားတဲ့ မြေပုံကြီး ... !!!
Pro ။ ။ ဟိုဘက်က ob ထောင်ထားတာ ဖြစ်ရင်ဖြစ်မယ်။ မဟုတ်ရင် တော်တော်ကို alert ဖြစ်တဲ့ရန်သူပဲ။ သတိထားမှ!!! sentry ဝယ်ပီး ob တွေ ချိုးမယ်။ အဲ့ဒါမှ ဒီကောင့်ကိုသတ်ဖို့ အဆင်ပြေတော့မယ်။

Noob ။ ။ Battle ဖြစ်နေပီဟ။ ငါ့ရှေ့မှာလဲ စားစရာ creep တွေ အများကြီးပဲ။ ဟဲဟဲ... portal မဝယ်ရသေးဘူးလို့ အကြောင်းပြလိုက်မယ်... ဟိဟိ။
Pro ။ ။ ငါ့ကောင်တွေနဲ့ ဟိုဘက်နဲ့ battle ဖြစ်တော့မယ်။ ဒါဟာ portal ကို သုံးဖို့ အသင့်လျော်ဆုံး အချိန်ပဲ။

Noob ။ ။ ဘာ!!! ob ! ဟုတ်လား? မဝယ်ဘူးကွာ။ ပိုက်ဆံ ၂၀၀ အလကား ဆုံးတယ် ... X-(
Pro ။ ။ သေပီး ၂၀၀ ကုန်သွားတာထက်စာရင် ၂၀၀ ရတာနဲ့ ob ၀ယ်ထားမယ်။ ob cooldown မြန်မြန်ပြန်တက်တော့ အသင်းအတွက် အကျိုးရှိတယ်။

Noob ။ ။ stun ခံရတယ်။ stun ပီးရင်း stun ခံနေရတယ်။ တောက်! ခွီးပဲ! ဒီလမ်းမှာ အသက်ရှင်ဖို့ နည်းလမ်းမရှိတော့ဘူး ... T_T။
Pro ။ ။ ဒီလမ်းက ကောင်တွေရဲ့ combo ကြီးကို ငါသိနေတာပဲ။ သူတို့က ဒီလို combo ကို သုံးမှတော့ ငါလဲ အဲ့ဒီ combo ကို counter လုပ်ဖို့ အကောင်းဆုံးနည်းလမ်းကို ငါ ကြိုတင်တွေးတောထားမယ်။

Noob ။ ။ hero များများချိန်စားရမယ်။ ဒါမှ ငါနာမည်ကြီးမှာ ... ။
Pro ။ ။ ငါကိုင်ထားတာ supporter ။ ငါစားလိုက်တာထက် ငါ့ carry ကို ပေးကျွေးလိုက်ရင် သူ့အတွက် ပိုက်ဆံပိုရတော့ တစ်သင်းလုံးအကျိုးရှိတယ်။

Noob ။ ။ တောက်!!! စောင့်နေရတာ တင်းလာပီ။ အချိန်အလကား ကုန်တယ်ကွာ။ စိတ်မရှည်တော့ဘူး။ သူ့နောက်မှာ tower ရှိလဲ ၀င်သတ်မယ်ကွာ။ သေပေတော့ ...။
Pro ။ ။ အခွင့်မသာမချင်း ပေတေပီးစောင့်မယ်။ မဟုတ်ရင် ငါ့ရဲ့ချောင်းမြောင်းတိုက်ခိုက်မှုကြီးက အကျိုးမရှိပဲ အလကားသေသွားရလိမ့်မယ်။

Noob ။ ။ တိုက်ပွဲဝင်ဖို့ အချိန်ပဲဟေ့။ ဟာ ! Bristleback ကြီးပါလား။ -ီးကွာာာာာာာာာာာ !!!
Pro ။ ။ သူတို့ဘက်က tanker နဲ့ မျှားနေပီ။ သတိထားရတော့မယ်။ အဲ့ဒီ tanker ရဲ့နောက်ကွယ်က အန္တရာယ်ရှိတဲ့ hero ရဲ့ တိုက်ခိုက်မှုကို သတိထားရတော့မယ်။ Damage နည်းနည်းနဲ့ hp များများ hero ကိုအရင်သတ်ဖို့ ကြိုးစားတာ ညဏ်မရှိသလိုဖြစ်သွားမယ်။

Noob ။ ။ င့ါရန်သူတွေက အကုန် hitter တွေ ချည်းပဲ။ ငါကလဲ BKB ဆက်ဖို့ စဉ်းစားထားတယ်။ ဘာလို့လဲဆိုတော့ ShowT က အဲ့ဒီရန်သူ့ hero နဲ့ ချတုန်းက BKB ဆက်တယ်လေ။ ရှုပ်တယ်။ ပီးအောင် ဆက်မယ်။
Pro ။ ။ armor တက်တဲ့ item ဝယ်လိုက်တာ ပိုအဆင်ပြေမယ်။ ဒါမှ သူ့ရဲ့ damage hit ကို လျော့နိုင်မယ်။ BKB ၀ယ်တာ ပိုက်ဆံ ၃၉၀၀ ကို အလကားဆုံးရှူံးစေမယ်။ hp တက်တဲ့ item လေးတွေ ဝယ်ရမယ်။

(ShowT ကတော့ အားလုံးသိတဲ့ မြန်မာ့ဂုဏ်ဆောင် G7 က pro ရဲ့ နာမည်ပါ။ နာမည်ကို အစားထိုးသုံးလိုက်ခြင်းဖြစ်ပါတယ်)

ဒီ စာတမ်းလေးက ဟာသလေး ဆိုပေမယ့် သေချာစဉ်းစားကြည့်ရင် အကျိုးလဲ ရှိတဲ့ စာတမ်းလေးဖြစ်တယ်ဆိုတာ အားလုံးလဲ ခံစားမိမှာပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ ဒီလိုလူတွေအများကြီးရှိတာ အားလုံးလဲအသိပါ။ သဘောကတော့ "ဆေးထိုးတဲ့ကောင်တွေ" ပေါ့ဗျာ။ တစ်ချိန်က ကျွန်တော်တို့ ဒိုတာစစခုတ်ချင်း beginner ဘဝမှာ ဒီလိုမျိုးအတွေးတွေ ရှိခဲ့တယ်ဆိုတာ ဝန်ခံစရာမလိုအောင် မှန်ခဲ့မယ်လို့ပြောရဲပါတယ်။ အခုတော့ ရယ်စရာကြီးပေါ့ဗျာ.... XD
နောက်လဲ အကျိုးရှိလောက်မယ့် post လေးတွေ တင်ပါဦးမယ်။ အနည်းငယ်လေး အကျိုးရှိတယ်ဆိုရင်တောင် ပင်ပန်းရကျိုးနပ်ပါပီဗျာ။ ဘာပဲဖြစ်ဖြစ် ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် (^_^)
*** ပျော်ရွှင်စရာနေ့များကို ပိုင်ဆိုင်နိုင်ကြပါစေ **

ကျေးညို နဲ့ ၄ စက္ကန့်

0

Posted by Black Magic | Posted in | Posted on 9:50 PM



McLaren ပြိုင်ကားအသင်းက သူတို့အသင်းရဲ့ ကားဘီးလဲတဲ့အဖွဲ့ကို သိပ်သဘောမကျဘူး။
ကားဘီးလဲတာ နှေးလို့တဲ့
ပြိုင်ပွဲကျင်းပနေစဉ်မှာ ကားဘီးလဲတဲ့ အဖွဲ့ရဲ့လျင်မြန်မှုကလည်း ကားပြိုင်ပွဲရဲ့အနိုင်အရှုံးကို ဆုံးဖြတ်နိုင်စွမ်းရှိတာကိုး။

ဒါနဲ့ အဲဒီလူတွေကို အလုပ်ကထုတ်လိုက်ပြီး လူသစ်ရှာတယ်။
သတင်းစာမှာ ကြော်ငြာထည့်လိုက်တယ်... ...
"ကားဘီးလေးလုံးကို လေးစက္ကန့်အတွင်း လဲပေးနိုင်သူ အလိုရှိသည်"... ဆိုပြီး။

လူပေါင်းများစွာ အလုပ်လာလျှောက်ကြတယ်။
လူတွေ့စစ်ဆေးပြီး လက်တွေ့လုပ်ခိုင်းကြည့်တော့ ဘယ်သူမှ လေးစက္ကန့်အတွင်း ပြီးအောင်မလဲနိုင်ဘူး။

အဲဒီမှာ...
ကျေးညိုဦးဆောင်တဲ့ အဖွဲ့ကလည်း အင်တာဗျူးလာဖြေတယ်
အင်တာဗျူးတဲ့လူက မေးတာပေါ့... ...
"မင်းတို့ကြည့်ရတာ ပေစုပ်စုပ်နဲ့၊ ဟုတ်ကောဟုတ်ပါ့မလား"
"လက်တွေ့ကြည့်ကြည့်ပေါ့ဗျာ..."
"အေး... ကြည့်တာပေါ့"
... ဆိုပြီး ပြိုင်ကားတစ်စီးနဲ့ လက်တွေ့လုပ်ခိုင်းတယ်... ...

"ကဲ... စ"... လို့လည်း ပြောလိုက်ရော...
ဘာပြောကောင်းမလဲ ဘိုညိုနဲ့အဖွဲ့ တက်ညီလက်ညီနဲ့ လုပ်လိုက်တာ....
အဲဒီ ပြိုင်ကားကို ၄ စက္ကန့်အတွင်း ကားဘီလဲရုံတင်မကဘူး ဆေးဟောင်းကိုခွာ၊ ဆေးသစ်ပြန်သုတ်ပြီး တခြားအသင်းမှာ သူခိုးဈေးနဲ့တောင် သွားရောင်းစားပစ်ခဲ့တယ် တဲ့။

မြန်ဘူးလား... ...

သန်၎ကို-ရမ်းဘာသာပြန်သည်။

လက်ပေါက်ကပ်တာလား..? တော်တာလား..?

0

Posted by Black Magic | Posted in | Posted on 3:02 AM


မယားငယ် - ဟယ်လို၊ ဦး.... ရဲ့ မိန်းမပါလား

မိန်းမ - ဟုတ်ပါတယ် ဘယ်သူပါလဲ

မယားငယ် - ကျွန်မ သူ့ချစ်သူပါ။ ရှင့်ယောက်ျားကို ကျွန်မ ချစ်မိသွားလို့ရှင့်။ အဲဒါ သူနဲ့လက်ထပ်မလို့။

မိန်းမ - ကောင်းတာပေါ့။ Congratulation ပါ။ ဒါပေမယ့် အဲဒါရှင့်ကိစ္စလေ

မယားငယ် - သူမကွာရှင်းဘဲနဲ့ ကျွန်မက သူနဲ့ ဘယ်လိုလက်ထပ်လို့ရမှာလဲ

မိန်းမ - Sorry. အဲဒါသူ့ကိစ္စပါ

မယားငယ် - သူကရှင့်ကိုတောင် မချစ်တော့တဲ့ဟာ ရှင်မကွာပေးဘူးလား။ ရှင့်နေရာမှာ ကျွန်မသာဆို အစောတည်းက ကွာပေးလိုက်ပီ

မိန်းမ - သြော်ဟုတ်လား။ ကွာတာမကွာတာ ကျွန်မကိစ္စပါ


မယားငယ် - ရှင်ငကြောင်ပဲ

မိန်းမ - သူခိုးကလူဟစ်လို့ရှင်

မယားငယ် - ရှင်မကွာပေးဘဲ နေတော့ရော သိသိကြီးနဲ့ ရှင်ဒီလို နေရတာကောင်းမလားရှင့်

မိန်းမ - ဒါကျွန်မကိစ္စပါ။ ကျွန်မကျေနပ်တယ်။ ဘာဖြစ်လဲ

မယားငယ် - ကျွန်မသူနဲ့ နေ့တိုင်းတွေ့တယ်။ အရမ်းချစ် အရမ်းကို ယုယကြင်နာတာ နေ့တိုင်းပဲ

မိန်းမ - အဲဒါရှင်တို့ကိစ္စလေ။ ကျွန်မကို အစီရင်ခံနေစရာမလိုပါဘူး။ ဒါပေမယ့် ရှင်အစီရင်ခံမှတော့ ကျွန်မက ခွင့်ပြုပေးရမှာပေါ့။ တစ်ခုပဲ သတိပေးလိုက်မယ်။ နောက်ကလေးရှိမှ မီးဖွားစရိတ်မရှိဖြစ်နေအုံးမယ်နော့

မယားငယ် - ကျွန်မတို့မှာ ကလေးမွေးစရာ ပိုက်ဆံမရှိဘူးလို့ ရှင့်ကို ဘယ်သူပြောလဲ။

မိန်းမ - သိတာပေါ့။ ကျွန်မယောက်ျားရဲ့ ပိုက်ဆံတွေအကုန် ကျွန်မကို သူအပ်ရတာလေ။ ရှင့်ကို ပေးတာရှိခဲ့မယ်ဆိုရင်တောင် အဲဒါ ကျွန်မ နှုတ်ဆိတ်ခွင့်ပြုခဲ့တဲ့ ပိုက်ဆံပဲ။ ယောက်ျားတွေဆိုတာ ဒီလိုပဲလေ ထမင်းစားရတာ များတော့လည်း အချို အချဉ်လေး ပြောင်းစားချင်ကြတာပေါ့။ အမှိုက်တွေမှန်း သိပေမယ့်လည်း ကိုယ့်စိတ်ကိုယ် ထိန်းနိုင်ကြတာမဟုတ်ဘူးလေ။ ဒီတော့ ကျွန်မကလည်း သူ့ကို အဲဒီ အမှိုက်စားဖို့ မုန့်ဖိုးလောက်တော့ ပေးရတော့တာပေါ့။ နောက်ပြီး ရှင်ကရော သူရှင်နဲ့ တကယ် ကလေးမွေးချင်ပါတယ်လို့ ရှင်ထင်နေတာလား

မယားငယ် - ကျွန်မမွေးကို မွေးဦးမယ်။ ရှင်ကွာမလား မကွာမလား စောင့်ကြည့်ကြတာပေါ့။

မိန်းမ - မကွာပါဘူး။ ရှင်မွေးပီးတဲ့ အခါမှသာ။ ကျွန်မကို ဖုန်းဆက်လိုက်။ ကျွန်မ တရားရုံးကသူတွေနဲ့ လာခဲ့မယ်။ လင်ခိုးမှုနော်။ ရှင်သုံးခဲ့တဲ့ ပိုက်ဆံတွေ အကုန်ကျွန်မကို ပြန်ပေးရမှာ......ရှင့်ကလေးကို မွေးပီးမှ ကျွေးမွေးစောင့်ရှောက်တဲ့သူမရှိ ဖြစ်မှာမကြောက်ဘူးဆိုရင် မွေးသာမွေး။ အဲဒါ ရှင့်ကိစ္စပဲ

မယားငယ် - ရှင့်ယောက်ျား အခြားမိန်းမနဲ့ အတူတူနေတာကို ရှင်လက်ခံနိုင်လို့လား။

မိန်းမ - လက်ခံနိုင်တာပေါ့။ ပိုက်ဆံမပေးရတဲ့ကြက်က ပိုက်ဆံပေးရတဲ့ကြက်ထက် အများကြီးသက်သာတယ် မဟုတ်လား။ ကျွန်မ ယောက်ျားက အဲလိုချွေတာလိုက်လို့ ပိုထွက်လာတဲ့ ပိုက်ဆံနဲ့ ကျွန်မလည်း ကြက်ကလေး ဘာလေးဝယ်ပေါင်း ပြီး ကိုယ့်ကိုကိုယ် အားဖြည့်လို့ရတာပေါ့

ဒီမှာတင်ပဲ မယားငယ်ဟာ ငိုပြီးဖုန်းချသွားသတဲ့ကွယ်

(This is How You Talk My Sisters )

Credit To Yu Hninn Liu

ဒိုင်နိုဆောနဲ့ တိုက်ခိုက်ခဲ့တဲ့ London က ရှဥ့် ☺

0

Posted by Black Magic | Posted in , , | Posted on 9:29 PM


Epic battle: A squirrel uses it natural wiliness to get the drop on his ferocious T-Rex opponent in this hilarious set of pictures
လန်ဒန်၊ Teddington မြို့နယ်က ဓာတ်ပုံဆရာ Max Ellis ရဲ့ ခြံဝိုင်းထဲ မှာ ဖြစ်ပါတယ်။

T-Rex ( ဒိုင်နိုဆော) အရုပ်သေးလေး တစ်ရုပ်ကို ပန်းခြံတစ်နေရာမှာ ထောင်ထားပြိး သူ့ပတ်ဝန်းကျင်မှာ အစာ အနည်းငယ် ချထား ပါတယ်။

ချဥ့်ငယ်လေး အနေနဲ့ သူ့ရဲ့အစာလုဖက် အကောင်တစ်ကောင်လို့ ထင်သွား ပြီး အရင်ဆုံး တိတ်တဆိတ်ချဉ်းကပ် ပါတယ်။ ဘေးပတ်လည် ကြည့်ပြီး ယခုလို ဝင်ရောက် တိုက်ခိုက် ပါတယ်။ ယခုလို ချစ်စဖွယ် ဓာတ်ပုံ များကို ဓာတ်ပုံ ဆရာ Max Ellis ဟာ သေချာ ရိုက်ကူး နိုင်ခဲ့ပြီး လက်တလော အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစား နေပါတယ်။

ဒိုင်နိုဆော အရုပ်ငယ်ကို ဝင်ရောက် တိုက်ခိုက်နေတဲ့ ရှဥ့်ရဲ့ ဓာတ်ပုံတွေကို အောက်မှာ ကြည့်နိုင်ပါတယ်..၊
Offical Link မှာလည်း ဝင်ကြည့်ရှု နိုင်ပါတယ်။
http://www.dailymail.co.uk/news/article-2556013/That-never-happened-Jurassic-Park-Feisty-squirrel-runs-rings-ferocious-tiny-T-Rex-garden-showdown.html

I'm not scared of you: The scenes were captured using a T-Rex model and food to lure out the squirrel. They were captured by illustrator Max Ellis

Brave stand: 'The squirrel was a bit nervous at first, as I suppose he hadn't seen a Tyrannosaur before,' said Mr Ellis

Duck! In this photo, the rodent appears to be avoiding the powerful crushing jaw of the dinosaur


Fearless: The squirrel gets up close and personal with the T-Rex, which could generate an estimated 60,000 Newtons - equivalent to a medium-sized elephant sitting on you - with its back teeth


Credit - Yoe Yar Lay

Where is .....?

0

Posted by Black Magic | Posted in | Posted on 1:54 PM

တစ်ခါက နိုင်ငံတစ်ခု၏ အကျဉ်းထောင်တစ်ခုအတွင်းတွင် အကျဉ်းသားအသစ် (၄)ဦးတို့ တွေ့ဆုံ ကြလေသည်။ ထုံးစံအတိုင်း တစ်ဦး နှင့် တစ်ဦး မည်သည့် အမှုဖြင့် ထောင်ကျရသည်ကို မေးမြန်းကြလေသည်။

ပထမအကျဉ်းသားက ဒုတိယအကျဉ်းသားကို ဘာအမှုဖြင့် ထောင်ကျသလဲဟု မေးရာ ဒုတိယ အကျဉ်းသားက “ကျွန်တော်က လယ်သမားပါ၊ ကျွန်တော့်ရဲ့ လယ်မြေတွေကို အသိမ်းခံရလို့ ကုမ္ပဏီကို တရားစွဲတာ ကုမ္ပဏီက တရားပြန်စွဲလို့ အမှုရှုံးပြီး ထောင်ထဲရောက်လာတာပါ” ဟု ပြန်ဖြေပြီး - ခင်ဗျားကရော ? ဟု ပထမလူကို ပြန်မေးလေသည်။

ပထမလူက “ကျွန်တော်လည်း ခင်ဗျားလိုပါဘဲ။ စက်ရုံတစ်ခုက အလုပ်သမားပါ။ အလုပ်ရှင်က အချိန်ပိုတွေ ခိုင်းပြီး လုပ်ခမပေးလို့ တရားစွဲတာ အလုပ်ရှင်က တရားပြန်စွဲလိုက်လို့ အမှုရှုံးပြီး ထောင်ချခံလိုက်ရတာပါ” ဟု ပြန်ဖြေလေသည်။

ထို့နောက် သူတို့ (၂)ဦးသည် တတိယအကျဉ်းသားကို မေးမြန်းစုံစမ်းရာ တတိယ အကျဉ်းသားက “ကျွန်တော်ကတော့ ဂျာနယ် သတင်းထောက်ပါ။ အစိုးရဌာနတစ်ခုရဲ့ လာဘ်စားမှုကို အမှန်အတိုင်း သတင်းရေးမိလို့ တရားစွဲခံရပြီး ထောင်ချခံလိုက်ရတာပါ” ဟု ပြန်ဖြေလေသည်။

ထို့နောက် သူတို့ (၃)ဦးသားသည် သူတို့ကို ကျောပေး ထိုင်နေသော နောက်ဆုံး အကျဉ်းသားကို “ဗျို့ ဆရာကြီး ခင်ဗျားကရော ဘာမှုလဲဗျ” ဟု မေးမြန်းရာ ထိုအကျဉ်းသားသည် ချက်ခြင်းမဖြေဘဲ ကောင်းကင်သို့ ငေးမောကြည့်နေလေသည်။ ထို့နောက်မှ ထို စတုတ္ထအကျဉ်းသားသည် သူတို့ (၃)ဦး ရှိရာသို့ တဖြည်းဖြည်းခြင်း လှည့်လာပြီး သူတို့ (၃)ဦးလုံးကို ၀မ်းနည်းကြေကွဲစွာဖြင့် ကြည့်လိုက်လေသည်။

ထိုအခါ ကျန်အကျဉ်းသား (၃)ဦး စလုံးသည် “ဟင်ကနဲ” “ဟာကနဲ” ဖြစ်အောင် အံ့အားသင့် သွားကြလေသည်။

အဘယ်ကြောင့် ဆိုသော် ထို စတုတ္ထအကျဉ်းသား ဖြစ်သူမှာ သူတို့ (၃)ဦးစလုံးဘက်မှ အခမဲ့ အမှုလိုက်ပေးခဲ့သော “လူ့အခွင့်အရေး ရှေ့နေလေး” ဖြစ်နေသောကြောင့်တည်း။

Shared @ လူဗိုလ်ဟူသည်

အပျင်းပြေ..၊

0

Posted by Black Magic | Posted in | Posted on 1:04 PM

 

============
1. ပုံမှန်မှ မဟုတ်တော့
============
ဂဏန်းလေး နဲ့ ပုဇွန်ထုပ်မလေး ချစ်သူတွေဖြစ်သွားတယ်။
သူ့သမက်လောင်း ဂဏန်းက လမ်းလျှောက်ရင် 'ဘေးတိုက်' လျှောက်လို့တဲ့ ပုဇွန်ထုပ်အဖေကြီးက သူ့သမီးနဲ့ သဘောမတူဘူး။
ဒါနဲ့...
ဂဏန်းလေးခမျာ လမ်းအတည့်လျှောက်တတ်အောင် ကြိတ်ပြီးလေ့ကျင့်လိုက်တာ အောင်မြင်သွားတယ်။
နောက်ရက်ကျတော့ သူ့ယောက်ခမကြီးကို သွားတွေ့တယ်။
သူ ပုဇွန်ထုပ်တွင်းထဲ ဝင်လာတာကို မြင်လိုက်တဲ့ ပုဇွန်ထုပ်အဖေကြီးက မျက်မှောင်ကုပ်ကြည့်ပြီး သူ့ကို လှမ်းငေါက်တယ်... ...
"ဟေ့ကောင်... အရက်မူးလာရင် အိမ်ထဲမဝင်နဲ့".... တဲ့။

======
2. ကံဆိုးသူ
======
လူတစ်ယောက်ကို သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းလို့ ယာဉ်ထိမ်းရဲက ဖမ်းတယ်။
ဒီတော့ အဲဒီလူက မကျေမနပ်ပြောရော... ...
"ဒီလမ်းပေါ်သွားနေတဲ့ ကားတွေထဲမှာ တချို့ဆို ကျနော့်ထက်တောင် မြန်သေးတယ်၊ ကျနော်တစ်ယောက်ထဲ အမြန်မောင်းတာ မဟုတ်ဘူး၊ ဖမ်းချင်ရင် အကုန်ဖမ်းမှ တရားမှာပေါ့"
ဆိုတော့ ရဲက ပြန်မေးတယ်... ...
"မင်း... ငါးမျှားဖူးလား"
"မျှားဖူးတယ်"
"ကန်ထဲမှာ ငါးဘယ်နှကောင်ရှ်ိလဲ"
"အများကြီးပေါ့ဗျ"
"မင်း... အကုန်လုံး ဖမ်းမိလား"
"ဘယ် ဖမ်းမိမှာတုန်း"
"အေး... ခုလည်း အဲဒီလိုပဲကွ"
"ဂျာ..."

===========
3. မြန်သလားမမေးနဲ့
===========
ကလေး ၂ယောက် အကြွားပြိုင်နေတယ်။
ပထမကလေးက ကြွားတယ်... ...
"ငါ့ဦးလေးက အလေးမသမား"
"ဟုတ်လား..."
"နောက်ဆုံးပြိုင်ပွဲမှာ ပေါင်ချိန် ၈၀၀ မ,ပြီး စံချိန်တင်လိုက်တယ်"
"တော်ပါပေတယ်"

ဒုတိယကလေးအလှည့်... ...
"ငါဦးလေးကတော့ အပြေးသမား"
"ဟုတ်လား..."
"နောက်ဆုံးပြိုင်တဲ့ မာရသွန်ပြိုင်ပွဲမှာ မိုင် ၃၀ကို မိနစ် ၃၀ ပဲကြာတယ်"
"မြန်လိုက်တာနော်..."
"ဒါတောင် တာထွက်ပြီး မိနစ်၂၀ လောက်က သူငယ်ချင်းတစ်ယောက်နဲ့ တွေ့လို့ ရပ်ပြီး စကားပြောနေသေးတာ"
"ငင်..."

သန်၎ကို-ဘာသာပြန်သည်။

"ပေါက်ကရဘာသာပြန်-ဟာသများ"

0

Posted by Black Magic | Posted in | Posted on 8:11 PM

Photo: "ပေါက်ကရဘာသာပြန်-ဟာသများ"

===========
1. များနေသေးတယ်
===========
မောင်ကျေးညိုတစ်ယောက် လပတ်စာမေးပွဲမှာ 'သုည' ရလာတယ်။
ဒါကို သူ့အမေက မကျေနပ်တော့ ဆရာမကို လာတွေ့တယ်... ...

"ကျမသားလေး စာမေးပွဲမှာ သုည ရတာ မလွန်လွန်းဘူးလား"

ဒီတော့ ဆရာမက ပြန်ပြောတယ်... ...

"ဒီထက်နည်းအောင်တော့ ပေးလို့ မရတော့ဘူး အစ်မကြီး"
"ရွှမ်..."

===========
2. စိတ်ဝင်စားတာက
===========
ယောက်ျားက နာမည်ကြီး စာရေးဆရာ။
သူရေးတဲ့ စာအုပ်တွေကို သူ့မိန်းမက လှန်တောင်မကြည့်ဘူး။
ဒီတော့ ယောက်ျားလုပ်သူက မေးတယ်... ...

"မင်း... င့ါရဲ့ စာအုပ်တွေထဲမှာ ဘယ်စာအုပ်ကို သဘောအကျဆုံးလဲ"

မိန်းမက တစ်ခွန်းထဲ ပြန်ပြောတယ်... ...

"ဘဏ်စာအုပ်"

=========
3. မမြင်တော့ဘူး
=========
လေးနှစ်အရွယ် ကလေးလူနာကို စစ်ဆေးဖို့ အခန်းထဲကို ဆရာဝန် ဝင်လာတယ်။
ဆရာဝန်က ကလေးရဲ့ ကုတင်ဘေးမှာလည်း ရပ်လိုက်ရော ကလေးလေးက ထပြီး အော်ငိုပါလေရော…

“ဝါး မမြင်ရဘူး၊ မမြင်ရဘူး၊ အီးဝါး ဝါး”

ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတဖြစ်သွားရှာတယ်ဆိုပြီး ဆရာဝန်လည်း ကလေးကို တော်တော်သနားသွားတယ်။
ဒါနဲ့ ဘေးနားက ကလေးအမေကို မေးကြည့်တယ်… …

“ကလေးက ဘယ်တုန်းက မမြင်တာလဲဗျ”
“ခုလေးတင်လေ ဆရာရဲ့”
“ဟင်… ဘာဖြစ်လို့ ချင်ခြင်းကြီး မမြင်ရ ဖြစ်သွားတာလဲ”

ဒီတော့ ကလေးအမေက အေးဆေးပဲ ပြန်ပြောတယ်… …

“ဆရာက သူကြည့်နေတဲ့ တီဗွီရှေ့မှာ ကွယ်လိုက်တာကိုး”
“ဂျာ…”



သန်၎ကို-ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

===========
1. များနေသေးတယ်
===========
မောင်ကျေးညိုတစ်ယောက် လပတ်စာမေးပွဲမှာ 'သုည' ရလာတယ်။
ဒါကို သူ့အမေက မကျေနပ်တော့ ဆရာမကို လာတွေ့တယ်... ...
"ကျမသားလေး စာမေးပွဲမှာ သုည ရတာ မလွန်လွန်းဘူးလား"

ဒီတော့ ဆရာမက ပြန်ပြောတယ်... ...

"ဒီထက်နည်းအောင်တော့ ပေးလို့ မရတော့ဘူး အစ်မကြီး"
"ရွှမ်..."

===========
2. စိတ်ဝင်စားတာက
===========
ယောက်ျားက နာမည်ကြီး စာရေးဆရာ။
သူရေးတဲ့ စာအုပ်တွေကို သူ့မိန်းမက လှန်တောင်မကြည့်ဘူး။
ဒီတော့ ယောက်ျားလုပ်သူက မေးတယ်... ...

"မင်း... င့ါရဲ့ စာအုပ်တွေထဲမှာ ဘယ်စာအုပ်ကို သဘောအကျဆုံးလဲ"

မိန်းမက တစ်ခွန်းထဲ ပြန်ပြောတယ်... ...

"ဘဏ်စာအုပ်"

=========
3. မမြင်တော့ဘူး
=========
လေးနှစ်အရွယ် ကလေးလူနာကို စစ်ဆေးဖို့ အခန်းထဲကို ဆရာဝန် ဝင်လာတယ်။
ဆရာဝန်က ကလေးရဲ့ ကုတင်ဘေးမှာလည်း ရပ်လိုက်ရော ကလေးလေးက ထပြီး အော်ငိုပါလေရော…

“ဝါး မမြင်ရဘူး၊ မမြင်ရဘူး၊ အီးဝါး ဝါး”

ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတဖြစ်သွားရှာတယ်ဆိုပြီး ဆရာဝန်လည်း ကလေးကို တော်တော်သနားသွားတယ်။
ဒါနဲ့ ဘေးနားက ကလေးအမေကို မေးကြည့်တယ်… …

“ကလေးက ဘယ်တုန်းက မမြင်တာလဲဗျ”
“ခုလေးတင်လေ ဆရာရဲ့”
“ဟင်… ဘာဖြစ်လို့ ချင်ခြင်းကြီး မမြင်ရ ဖြစ်သွားတာလဲ”

ဒီတော့ ကလေးအမေက အေးဆေးပဲ ပြန်ပြောတယ်… …

“ဆရာက သူကြည့်နေတဲ့ တီဗွီရှေ့မှာ ကွယ်လိုက်တာကိုး”
“ဂျာ…”

သန်၎ကို-ရမ်းဘာသာပြန်သည်

A Chinese guy calls to U.S..

0

Posted by Black Magic | Posted in | Posted on 9:07 PM


A Chinese guy calls to U.S..

Caller : Hello, can I speak to Annie Wan ?
Operator : Yes, you can speak to me.
Caller  : No, I want to speak to Annie Wan!
Operator : Yes I understand you want to speak to anyone.You can speak to me. Who is this?
Caller  : I'm Sam Wan. And I need to talk to Annie Wan! It's urgent.
Operator : I know you are someone and you want to talk to anyone! But what's this urgent matter about?
Caller : Well... just tell my sister Annie Wan that our brother Noe Wan was involved in an accident. Noe Wan got injured and now Noe Wan is being sent to the hospital. Right now, Avery Wan is on his way to the hospital.
Operator : Look, if no one was injured and no one was sent to the hospital, then the accident isn't an urgent matter! You may find this hilarious but I don't have time for this!
Caller : You are so rude! Who are you?
Operator : I'm Saw Ree.
Caller : Yes! You should be sorry. Now give me your name!!
Operator : That's what I said. I'm Saw Ree ..
Caller : Oh.. shit!

သိုင်း

0

Posted by Black Magic | Posted in | Posted on 8:58 PM

သူသည် သိုင်းသင်သောသူ ။ 
သုံးသိန်းသုံးသောင်းသော သိုင်း သူ သိသည် ။ 
သို့သော် သူ သုံးသော သိုင်းသည် သွေးသောက်သိုင်းသာ သီးသန့် သူ သုံးသည် ။ 
သွေးသောက်သိုင်း သုံးသော် သုသာန်သို့ သွေး သွားသွား သွန်သည် ။ 
သူသည် သန်သည် , သွက်သည် , သူ့ သားသည် သန့်သည် ... 
သို့သော် သေးသေးသွယ်သွယ် 
သူသည် ....သူ့သား သူ သွန်သင်သည်....
 “ သွေးသောက်သိုင်းသင် ... သား ... ” 
သို့သော် သူ့သားသည် သေးသောက်သိုင်း သာသင်သည် ။ 
သေးသောက်သိုင်း သင်သော် သေးသွန်သည် သူ့သားသည် သဲသောင်သို့ သေး သွားသွား သွန်သည်..၊
သဲ သယ်သောသူ သိုသိုသိပ်သိပ် သတ်သော် သူ့သား သေသည်
ူ သိသော် သဲသောင်သို့သူသွားသည် ။
သဲ သယ်သောသူ သုံးသောသိုင်းသည် သွေးသိုးသွေးသောက် သိုင်း...
သို့သော် သွေးသောက်သိုင်း သာ သည် ။
သူ သွေးသောက်သိုင်း သုံး သုတ်သင်သည် ။
 သဲ သယ်သောသူသေသည် ။
 သူ့သားသေသွားသော် သုသာန်သို့ သူသယ်သွားသည် ...
- သူ သုံးသပ်သည် ... သူ သိသွားသည်
“သေသောသူသည်သုသာန်သို့ သက်သက်သာသာ သွားသေသည်သာ.....
 Credit - သိုင်း သစ် သင် သူ

ဘရာဇီးက ဒီ အမျိုးသမီး ဘောလုံးပွဲ [Funny]

0

Posted by Black Magic | Posted in , | Posted on 12:44 AM



ဘရာဇီးနိုင်ငံက အမျိုးသမီး ဘောလုံးပွဲ တခုပါ။ အကြောတွေပြေပြီး စိတ်လက် ပေါ့ပါးသွားမယ့် ဘောလုံးပွဲဖြစ်တာကြောင့် အားပေးကြည့်လိုက်ပါဦး။



ကို လော ဘ

0

Posted by Black Magic | Posted in | Posted on 12:47 PM



မင်္ဂလာဦးညမှာ ဇနီးသည်ဖြစ်သူက ခင်ပွန်းသည်လေးနားကပ်ပြီး သူတို့ရဲ့ ပထမဆုံး ချစ်ရည်လူးပလူး (having sex) တဲ့ အထိမ်းအမှတ်အနေနဲ့ ဒေါ်လာ ၂၀ တောင်းတယ်။
စိတ်ဝင်စားစရာကောင်းတာနဲ့ ကောင်လေးက ချက်ချင်းသဘောတူလိုက်တယ်။
အဲ့လိုပဲ . .သူတို့အိမ်ထောင်သက် အနှစ်( ၃၀ ) ကျော်သည့်တိုင် ချစ်ရည်လူးတဲ့အခါတိုင်းအဲ့ဒီအလေ့အကျင့်လေးကို ယူသွားဖြစ်လိုက်တယ်။

လိုချင်တာလေးတွေ ဝယ်ဖို့၊ သုံးဖို့စွဲဖို့ တောင်းတာပဲဖြစ်မှာပါဆိုပြီး ကောင်းလေးက မှတ်ချက်ပြုထားတာပေါ့။ ကောင်မလေးရဲ့ချစ်စရာ အပြုအမူလေးတစ်ခုမို့လည်း ကြည့်ကြည့်ဖြူဖြူပေးခဲ့တာပေါ့။

တစ်ရက်တော့ နေလယ်လောက်မှာ အလုပ်ကနေ အရက်တွေအရမ်းမူးပြီးပြန်လာတဲ့ ခင်ပွန်းသည်ကိုတွေ့တော့ ဇနီးသည်အံ့သြသွားတယ်။
တစ်ခါမှ ဒီလို အချိန်မှာ မသောက်စဖူးထူးခြားနေတာပေါ့။
အိမ်ထဲရောက်ပြီးခဏအကြာမှာ ဇနီးသည်လေး မမေးခင် အကြောင်းစုံကိုဖွင့်ပြောပြလိုက်တယ်။

"" ကို တို့ အလုပ်ရှင်က လုပ်ငန်းတွေ ကျဆင်းလာတဲ့အတွက် ကိုယ့်ကို အလုပ်ကနေ ဖြုတ်ပစ်လိုက်တယ်ကွာ အသက် ( ၅၉ ) နှစ်အရွယ်ရောက်ပြီဆိုတော့ အလုပ်သစ်ရှာနိုင်မယ့်ပုံလည်း မပေါ်တော့ပါဘူး။ ကုမ္ပဏီတွေကလည်း အလုပ်ခန့်မယ် မထင်တော့ပါဘူး မိန်းမရာ။ အားကိုးစရာ သားသမီးလည်း မရှိတော့ ရေရှည်မှာ စားဝတ်နေရေးအဆင်မပြေ မှာစိုးတယ်ကွာ။"

ဆိုပြီး မျက်ရည်လေးဝဲပြီး ဝမ်းနည်းစွာ ပြောပြနေရှာတယ်။

ဇနီးဖြစ်သူက အေးဆေးတည်ငြိမ်စွာပဲ ယောက်ျားကို နှစ်(၃၀) ကျော်သက်တမ်းရှိတဲ့ ဘဏ်စာအုပ် ထုတ်ပြလိုက်တယ်။ စာအုပ်ထဲမှာတော့ ကာလကြာရှည်ထားရှိလို့ ရလာတဲ့အတိုးအမြတ်တွေ ပေါင်းရင် ဒေါ်လာတစ်သန်း နီးပါးရှိတယ်။
နောက်ထပ် ဒေါ်လာ နှစ်သန်းကျော်စာရင်းရှိတဲ့ ဘဏ်စုငွေ လက်မှတ်တစ်ခုကိုလည်း ထပ်ပြလိုက်တယ်။
ယောကျာ်းဖြစ်သူ မျက်လုံးဝိုင်းသွားတယ် ပြီးတော့ သူဘာမှမပြောနိုင်သေးခင်မှာ ဇနီးသည်က ထပ်ရှင်းပြတယ်။

"ဒီပိုက်ဆံတွေဟာ ချစ်ရည်လူး(having sex)တဲ့ခါတိုင်း တောင်းထားတဲ့ပိုက်ဆံတွေပါ။ အဲ့ဒီပိုက်ဆံတွေကို ဘဏ်ထဲမှာ နှစ်သုံးဆယ်ကျော်ကြာ အောင် မှန်မှန်စုဆောင်းလာနိုင်ခဲ့လို့ ခုလို အများကြီးဖြစ်လာတာပေါ့။ ကျွန်မတို့ ဒီပိုက်ဆံတွေနဲ့ ကောင်းကောင်း ရင်းနှီး လုပ်ကိုင်စားလို့ ရတယ် မဟုတ်လား ကို ရဲ့။"

ယောကျာ်းဖြစ်သူ စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားတယ်။ နှောင်ရေးအတွက် အိုစာမင်းစာ လေးမစုဆောင်း မိခဲ့ပါလားဆိုတဲ့ နောင်တတွေလည်း လိမ္မာ ပါးနပ်တဲ့ မိန်းမရဲ့ အမျှော်အမြင်ကြီးမှုအောက်မှာ ပျောက်သွားတယ်။
အရမ်းဝမ်းသာသွားပြီး အမှတ်မထင် စကားတစ်ခွန်းကို အားရပါးရ ပြောလိုက်မိတယ်။

ဒီလိုမှန်းသိရင် ဆယ်ယောက်လောက်ယူထားပါတယ်ကွာ တဲ့ ခိခိ

Credit to Origianl

ဘာပါလိမ့်လို့

0

Posted by Black Magic | Posted in | Posted on 4:40 PM


ကဲ .. လင်း အားတုန်းလေး စလိုက်ကြစို့ .

ဟုတ်ကဲ့.. မောင် ..

ကဲ .. မျက်လုံးလေးမှိတ်ထားနော် လင်း
မောင် စပီး ထည့်ပီနော် ..

ဟင် .. မောင် မောင် .. သာသာထည့်နော်..
လင်းကြောက်တယ် .....

အယ် မကြောက်ပါနဲ့ လင်းရဲ့
ဘာမှဖြစ်ပါဘူး ကဲ ထည့်ပီ .....

ဟင် .. မောင့်လက်ကြီးနဲ့ ကိုင်ထည့်မှာလား .. ဟင်

အော် ချစ်ရယ် .. မောင့်လက်နဲ့ကိုင်မထည့်လို့
သူများ လက်နဲ့ ကိုင်ထည့်ရမှာလားလို့ .. .....
ကဲ ၀င်သွားပြီနော် .. ခုတော့ဘာမှမဖြစ်ဘူးမို့လား ..

အင်း .. အဲ ဘာမှမဖြစ်သလိုလို ..
အင်း .. အား .. မောင် တမျိုးကြီး ..
တမျိုးကြီးပဲကွာ .. လင်း စိတ်ထဲ တမျိုးပဲ ..
မနေတတ်တော့ဘူး .. အား....
မောင် ဘာလို့ မွှေနေတာလဲလို့ ..အား
မောင် ... တော်ပီ တော်ပီမောင် ..
ဆက်မမွှေတော့နဲ့ ..ယားတယ်.. အား.......

အမလေး .. မောင့်ချစ်သူရယ် ဂွမ်းလေးနဲ့ ..
နဖာကလော် ပေးတာပဲ ..
ဒီလောက်အဖြစ်သည်းရသလားလို့ ..
ရော့ ဒီမှာကြည့်ဂွမ်းစမှာ အညိုလေးတွေ
အဲတာ လင်း နားထဲဝင်နေတဲ့ ဖုန်မှုန့်တွေပေါ့ကွ ..
နောက်ဆိုမောင်တစ်ပတ်တစ်ခါလုပ်းပေးမယ်သိလား

ဟုတ် .. ဟုတ်ကဲ့ဘာမောင် ...........


ခွက်ဒစ် အာဘွား မွမွှပြွတ်ပလွတ် ရတနာမောင်

ဂွတ်ဒီဆင်ပါ့ခ်ကိုပြန်ဖို့ တက္ကစီ ငှားနေတဲ့ မိုရက်စ်

0

Posted by Black Magic | Posted in , , | Posted on 1:22 AM

ဂွတ်ဒီဆင်ပါ့ခ်ကိုပြန်ဖို့ မိုရက်စ် တက္ကစီ ငှားနေပြီ

စပါးကို ပရီးမီးယားလိဂ်မှာ ရှုံးတယ်.....။
ဆွမ်ဆီးကို ရှုံးလို့ အက်ဖ်အေဖလား တတိယအဆင့်ကနေ ထွက်ရတယ်.....။
ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ် ပ-ကျော့မှာ ဆန်းဒါးလန်းကို ထပ်ရှုံးပြန်တယ်.....။
(၇)ရက်အတွင်း ပရိသတ်တွေအသည်း(၃)ခါခွဲတဲ့ မန်ယူအကြောင်း သတင်းတော်တော် ထွက်ခဲ့သလို မိုရက်စ်ကို နည်းပြရာထူးက ထုတ်ပယ်မယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ပေါက်ခဲ့ ပါတယ်.....။
အခုတော့ မိုရက်စ်တစ်ယောက် ဂွတ်ဒီဆင်ပါ့ခ်ကို ပြန်ဖို့ အငှားကားတားနေပါပြီ.....။
ဒီပုံကို ဖန်တီးခဲ့တာက အင်္ဂလန်မီဒီယာတွေ မဟုတ်သလို မန်ယူ ပရိသတ်တွေလည်း မဟုတ်ခဲ့ပါဘူး.....။ ဆန်းဒါးလန်းကို မန်ယူရှုံးပြီး ခဏအကြာမှာ အာဆင်နယ်ကွင်းလယ်လူ ဖရင်းပေါင်က သူ့ရဲ့ Instagram မှာ တင်ခဲ့တာပါ...။ အသင်းဟောင်း အဲဗာတန်ကို ပြန်ဖို့ မိုရက်စ် တက္ကစီငှားနေတယ်ဆိုပြီး သရုပ်ဖော်ထားတဲ့ပုံကို like လုပ်သူ ၂၆၈၉ ရှိခဲ့ပေမယ့် ခဏအကြာမှာပဲ ပြန်ဖျက်ခဲ့တယ်လို့လည်း သိရပါတယ်။

Credit to Yoe Yar Lay

ဟာသ

0

Posted by Black Magic | Posted in | Posted on 1:15 PM



*"အစက ပြောသားနဲ့"*

ကျနော်နဲ့ကျနော့်မိန်းမ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို အလည်ရောက်ခဲ့စဉ်ကပေါ့။
တည်းခိုတဲ့နေရာကလည်း ပဲရစ်မြို့ရဲ့နာမည်ကျော် "ချစ်သူလမ်းကြား" အနီးကဟိုတယ်တစ်ခုမှာလေ။
ညနေစောင်းလဲရောက်ရော ကျနော့်ဇာတိက ပြ လာတယ်၊ အဲဒီ "ချစ်သူလမ်းကြား" ထဲကိုသွားကြည့်ချင်တာလေ။ ဝါသနာပါတာကိုး။
ဒါနဲ့ မိန်းမကိုလှည့်ပတ်ပြောခဲ့ပြီး သူ့ကို ဟိုတယ်အခန်းမှာ ခဏထားခဲ့လိုက်တယ်၊
ပြီးတာနဲ့ ချစ်သူလမ်းကြားတလျှောက် အစုံအဆန်လိုက်ကြည့်မိတယ်... ...
အားပါးပါး...မိန်းမလှလေးတွေဗျာ၊ ပလက်ဖောင်းပေါ်မှာ၊ တိုက်နံရံဘေးမှာ၊
လှေခါးအဆင်းနေရာလေးတွေမှာ...ပေါမှပေါ ချောမှချော။
အသားလေးတွေများ ဝင်းစိုအိဖတ်နေလိုက်တာ..ခြေသလုံးလေးတွေဆိုရင် ပြေးပြေး ဟပ်
လိုက်ချင်တယ်..တကယ်။ မနေနိုင်တာနဲ့ ကောင်မလေးတစ်ယောက်ကို ကပ်ပြီး မေးကြည့်လိုက်တယ်...

"မိန်းကလေး...ဘယ်ဈေးလဲကွ"

"ရိုးရိုးဆိုရင် ဒေါ်လာ ၂၀၀၊ အစုံဆိုရင် ဒေါ်လာ ၂၅၀"

"ဟင်...အဲလောက်တောင် ဈေးကြီးတာလား၊ ငါ က ၂၅ ဒေါ်လာလောက်ဘဲ ထင်နေတာ"

"အဲဒါဆိုရင်တော့ ...ရှင် ဟိုဘက်တစ်လမ်းကျော်ကိုသွား၊ အဲဒီမှာ ၂၅

ဒေါ်လာတန်တွေရှိတယ်၊ ဒါပေမဲ့ စုပ်ပြတ်နေတာတွေဘဲ ရမှာနော်"

"အော်...အေးပါကွာ၊ မသွားတော့ပါဘူး၊ ပြန်တော့မယ်"

"ကြွ...ကြွ"

ဟူး...မလွယ်ဘူး၊ သွားပြီး စပ်စုမိတာ အကောခံလိုက်ရတာ အဖတ်တင်တယ်။ အခန်းပြန်မှ။

ဒါနဲ့ ဟိုတယ်ကိုပြန်၊ ရေမိုးချိုး၊ မိန်းမကို လက်ဆွဲပြီး

နှစ်ယောက်သားညစာစားဖို့ လမ်းမအတိုင်း ဆိုင်လိုက်ရှာရွေးနေတုံး...

ကံများဆိုးချင်တော့ ခုနက မိန်းကလေးနဲ့ မျက်နှာခြင်းဆိုင်တိုးပါလေရောဗျာ။

သူကလည်းမှတ်မိတယ်၊ မှတ်မိတာထက်ဆိုးတာက သူ ပြောလိုက်တဲ့ စကားဗျ... ...

"အော်..ခုတော့ ၂၅ ဒေါ်လာတန်ကြီး မ, လာတယ်ပေါ့လေ၊ ကျမ မပြောဘူးလား၊

စုပ်ပြတ်နေတာပါလို့"
"တိန်"
.........................................

-------------------------------

တစ်နေ့သ၌.......

ယောက်ျားဖြစ်သူ------> မိန်းမရေ မင်းငယ်ငယ်က ကိုနဲ့မရခင် ရိုက်ထားတဲ့အထဲက ဓါတ်ပုံလှလှလေးတစ်ပုံလောက် ကိုယ့်ကို ပြန်ရှာပေးပါလားကွာ....

မိန်းမဖြစ်သူ------> အဟတ် အဟတ်ဟတ် ယောက်ျားရယ်! ရှင်ကတော့ လုပ်ပြီ ငယ်မူတွေပြန်နေပြန်ပြီတော်..... ဒီအရွယ်ကြီးကြမှ..

ယောက်ျားဖြစ်သူ------> ပြန်ရှာပေးပါကွာ အလှဆုံးပုံလေးရွေးပေးနော် မိန်းမ။
ကိုယ်အင်တာနက်မှာ facebookက group တစ်ခုမှာ တင်ချင်လို့ပါ
မင်းငယ်ငယ်ပုံသာဆို လူတွေစိတ်ဝင်စားပြီး likeတွေလည်း အများကြီးရမှာ မိန်းမရဲ့

မိန်းမဖြစ်သူ------> အဟိ ဟိ ခိ ခိခိ...ကောင်းပါပြီကောင်းပါပြီ တော်.....ခုပဲ ပြန်ရှာပေးပါ့မယ်
ကျုပ်က ရှက်တော့ရှက်သားတော့ .... ဒါနဲ့ တင်မယ့် group လည်း ကျုပ်ပြောထားဦး ..ကျုပ်လည်း ၀င်ကြည့်ချင်လို့

ယောက်ျားဖြစ်သူ------> အဲ့ဒါဆို facebook က...
''မိမိ အသုံးမလိုသည့်ပစ္စည်းများ အလကားပေးကြမည်´´
ဆိုတဲ့ group မှာ မန်ဘာအရင်ဝင်ထားလိုက်လေ မိန်းမ...

မျက်မမြင်ကို သရဲမခြောက်ရတဲ့အကြောင်း

0

Posted by Black Magic | Posted in | Posted on 9:54 PM


တစ်ခါကလူနှစ်ယောက်ရှိတယ် တစ်ယောက်ကမျက်စိမမြင်တဲ့သူ ဒါပေမဲ့ဥာဏ်တော့ရှိတယ် သူ့နာမည်က ဥာဏ်ကောင်းတဲ....့ နောက်တစ်ယောက်ကတော့ ဗလကောင်းကောင်းနဲ့လူပဲသူကတော့ဥာဏ်မရှိဘူး သူ့နာမည်က ဗလ တဲ့...သူသိတာက ဖိုးဥာဏ်ကောင်း ကိုဆရာတင်ရမယ်ဆိုတာပဲ...

ဗလ က ဖိုးဥာဏ်ကို ကုန်းပိုးပြီးသွားတတ်သလို...ဖိုးဥာဏ်ကတော့ ဗလ ပြောတာနားထောင်ပြီးဆုံးဖြတ်ပေးတတ်တယ်.... ဘယ်လောက်တောင်လဲဆိုတော့ တစ်ခါကသူတို့ညပိုင်းကြီးပြန်လာလာတာ ဗလ က...
ဟေ့ကောင် ..ဖိုးဥာဏ်..ငါတို့ဆီကို ခပ်လင်းလင်းဟာကြီး..နှစ်ခုဝင်လာတယ်ကွ...

ဖိုးဉာဏ်ကစဉ်းစားပြီး.....ဘယ်လိုဟာလဲဟ...

ခပ်လင်းလင်းနဲ့ပြီးတွောအသံတွေလည်းထွက်နေတယ်... အသံကြီးနဲ့ငါတို့နဲ့တောင်နီးလာပြီး...လင်းလည်းလင်းတယ်....အသံလည်း ထွက်နေတယ်...
" ဟုတ်လား,"
" အေ....ငါတို့နဲ့တောင်သိပ်မကွာတော့ဘူး..... ဘယ်လိုအသံလဲကွ.... တတီတီ တပွမ်ပွမ်နဲ့ကွ....""
ဟား..မင်းအဘ....အဲဒါကားဟ....ရှောင်ရှောင်...အသေအလဲရှောင်လို့...မ တိုက်မိပေမဲ့....နှစ်ယောက်လုံးလမ်းဘေးကို ဒိုင်ပင်ပစ်လိုက်တာ...အကွဲကွဲအပြဲပြဲ.ဖြစ်ကုန်တယ်...အဲ့လို..နှစ်ယောက်ပါ..... ဒါပေမဲ့...အပေးအယူကဖြောင့်လို့.....

အဲလိုနဲ့....ညတစ်ညမှာ..သူတို့အိမ်အပြန်မှာအပင်ကြီးတပင်အောက်ကနေ ဖြတ်ပြန်ရတယ်.... အဲဒီအပင်မှာ ညဂျုတီကျတဲ့....သရဲတစ်ကောင်ရောက်နေတယ်....သူ့တာဝန်က ဒီညမှာ...ဒီအပင်အောက်ဖြတ်တဲ့လူနှစ်ယောက်ကိုခြောက်ရမှာ........ တစ်ခါတည်း နှစ်ယောက်ကိုတွေ့တော့...ပိုင်ပြီပေါ့......ဒါကြောင့်ဝုန်းကနဲ...အပင်ပေါ်မှခုန်ချပြီး..သရဲက.. .ဲကြောက်စရာကောင်းတဲ့ လက်တွေကိုဆန့်ထုတ်လိုက်တယ်...
ဗလက..သူ့ရှေ့ရောက်လာတဲ့သရဲကို သေချာကြည့်ပြီး..... ဖိုးဥာဏ်ရေ....ငါတို့ရှေ့ကို အဖြူရောင်အဝတ်နဲ့လူတစ်ယောက်...လက်ကားယားလုပ်နေတယ်ဟ... ""

ဟေ...မော်တော်ပီကယ်နေမှာပါကွာ...သူတို့ဖလားကြီးတောင်ပါဦးမယ်... ""

အဖြူရောင်အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ကွ....

"" အော် ဝန်ထမ်းနေမှာပေါ့""

မျက်လုံးပြူးကြီးနဲ့ဟ.....

"" ဝေဖန်ရေး ဆရာနေမှာပါဟ""..

လျှာကလည်း...တတောင်လောက်ထွက်နေတယ်... ""

ကြူရှင်ဆရာနေမှာပါကွား.."

" သူတို့တွေပြောနေတာတွေ ကြားပြီး...ကြာတော့သရဲလဲ စိတ်မရှည်တော့ဘူး..
"" ဟိတ်..လူတွေကြောက်ကျလေဗျာ .....ကျုပ်က သရဲပါ...ခင်ဗျားတို့ကို ခြောက်နေတာ ......

ဖိုးဥာဏ်ရေ ငါတို့ကိုသူက သရဲခြောက်နေတာတဲ့...... "" အာ..သူကသရဲဆိုတိုင်း..ယုံလို့မရဘူးကွ...ဒီခေတ်ကြီးကအလိမ်အညာတွေများတယ်... သူ့မှာဘာအထောက်အထားပါလဲ.....မေးကြည့်ကွား....

သရဲလည်းအတော်တင်းနေပြီး..ဒါနဲ့ သူ့ရဲ့...သရဲမှတ်ပုံတင် ကဒ်ပြားကိုပြလိုက်တယ်.....

ဗလကမှတ်ပုံတင်ကိုကြည့်ပြီး...."" ကဒ်ပြားကတော့ဟုတ်တယ် ပုံကဝါးနေတယ်ကွ ....
" အင်း...ပုံကဝါးနေတော့ယုံလို့မရသေးဘူး"
" ဗလ ဒီကောင်ကိုကြည့်ရတာ မသင်္ကာစရာပဲကွ.....ကြာတယ် ဒီကောင်ကို မင်းချုပ်ထားလိုက်စမ်း...
ဒါမျိုးကတော့ ဗလတို့ ဘာသွက်သလဲမမေးနဲ့ ချုပ်ထားလိုက်တာ သရဲခမျာ ယက်ကန်းယက်ကန်နဲ့မိပါလေရော.... ....
" ဟေ့. လူတွေကျုပ်ကသရဲနော်...ကျုပ်ကိုင်လိုက်ရမလား.... " အောင်မာ...ခုထိသရဲကတစ်ပြားမှလျှော့မပေးသေးဘူး.....အေး...မင်းကို ငါမေးမယ်...
မင်းသရဲဆိုသိရမယ်...လူတွေသေရင် ဒွါရကိုးပေါက်ကအသက်ထွက်တယ်....
မင်းကသေဖူးတဲ့သရဲဆိုတော့သိရမယ်. ပြောမင်းဘယ်အပေါက်ကထွက်သလဲ...အသက်"

သရဲလည်းအတော်ညစ်သွားတယ် ကိုယ့်ဟာကိုဘယ်ကထွက်မှန်း....မသိဘူး ဒါနဲ့ရမ်းပြီးပြောလိုက်တယ်.... နား....နား....နားကထွက်တာ..

ဒီတစ်ခါဖိုးဥာဏ်က"" တောက်"" တစ်ချက်ခေါက်ပြီး... "" လူ့ရဲ့မြင့်မြက်တဲ့နား..နှားခေါင်းကထွက်ရင်ကောင်းကင်ဘုံရောက်တယ်ကွ.....

ဟေ့ကောင်ဗလ...ဒီကောင်လူလိမ်ကွ ...ချကွာ.... ဘာပြောကောင်းမလဲ...ဗလ ဗျင်း လိုက်တာသရဲခမျာ ခွေခွေလေး မြော့ပီးကျန်ခဲ့တယ်.....
ဒီဇာတ်လမ်းကပြီးမသွားခဲ့ဘူး.... သရဲတွေရဲ့ လောကမှာ ဂယက်ထသွားခဲ့တယ်..... သရဲတွေကကိုယ့်ကိုကိုယ်ပြန်မေးနေကြတယ်....ငါတို့ကဘာတွေလည်း...ဘာကောင်တွေလည်း...ကွာ....ဆောက်တည်ရာမရဖြစ်ကုန်တယ်..စုံစမ်းရေးကော်မရှင်တွေဖွဲ့ တယ်..နိုင်ငံတကာ သရဲ အဖွဲ့ အစည်းတွေနဲ့ တိုင်ပင်တယ်

သရဲအကြီးအကဲကတော့ဖြေရှာတယ်... တိုတွေဟာ သရဲတွေပါသံသယမရှိကြပါနဲ့..... ဒါပေမယ့်...သူ့စကားကို ဘယ်သူမှနားမထောင်ကြဘူး....ခေါင်းဆောင်ကြီးလည်းတဖွဖွပြောရင်း သူ့ဘဝနောက်ဆုံးအချိန်ရောက်တော့.....သေတမ်းစာမှာ မှာခဲ့တယ်......

မျက်စိမမြင်တဲ့သူနဲ့ဥာဏ်နည်းတဲ့သူတွေကိုဘယ်တော့မှမခြောက်ပါနဲ့တဲ.........
ဒါကြောင့် ခုချိန်ထိဘယ်မျက်မမြင်...ဘယ်အရူး..ကိုမှ သရဲခြောက်တယ်လို့မကြားတာအမှန်ပါပဲ......,

Credit - Htut Myat

ဟာသ Collection

0

Posted by Black Magic | Posted in | Posted on 9:51 PM

တစ်နေကုန် ပင်ပမ်းထားသမျှ အိပ်ခါနီးလေးမှာ အမောပြေအောင်လို့ ဟာသလေးတွေ တင်ပေးလိုက်တယ်ဗျာ..၊ အားလုံးပျော်ရွှင်နိုင်ကြပါစေ..၊







အရူးမှမဟုတ်တာ

စိတ်ေ၇ာဂါ ခံစားနေရသော လူနာများကို ခရိုင်စည်းရုံးရေးမှူးမှ ပြည်ခိုင်ဖြိုးပါတီ ကောင်းကြောင်းကို အာဘောင်အာရင်းသန်သန်ဖြင့်ဟောပြောသည်။
စည်းရုံးပီး မဲဆွယ်၏။လွတ်တော့မဲ့ လူနာများကလည်း ပါတာကိုးဗျ။

ဟောပြောပွဲ ပီးသောအခါ နားထောင်သူ ပရိတ်သတ်များ.. အားလုံးလိုလို လက်ခုပ် တီးကြသည်။

တယောက်သော သူ သာ လက်ခုပ် မတီး ပဲနေ၏။

ဒါကို အမာခံ မြို့နယ် စည်းရုံးရေးမှူးမှ မြင်သောအခါ ၌ မေး၏။

” ခင်ဗျား။ ဘာဖြစ်လို့ လက်ခုပ် မတီး ပဲနေတာလဲ ”

ထိုအခါ ထိုသူ ပြန်ပြောလိုက်တာက…….

” ကျနော်က အရူးမှ မဟုတ်တာ…..ဆေးရုံမှာ မီးပျက်တာကိုလာပြင်တဲ့ လျှပ်စစ်မီးပြင်သမား ဗျ “

Credit - Original Writer


 
ကိုယ်ချင်းစာတဲ့ သူ

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။

မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။

ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။

မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။

အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစား လိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"

နိုင်းနိုင်းစနေ


ကိုယ့်အတတ်ကိုယ်စူး

လူတစ်ယောက်ဆီကို သေမင်းရောက်လာပီး ယခုလို စကားဆိုပါတယ်။

"မိတ်ဆွေ၊ ဒီနေ့ဟာ မင်းလူ့လောကကို စွန့်ခွာရမယ့်အချိန်ပဲ"

ဒါနဲ့ ယင်းလူသားဟာ "ဟင့်အင်း။ ကျနော် အဆင်သင့်မဖြစ်သေးဘူး" လို့ ပြန်ပြောပါတယ်။

ဒီတော့ သေမင်းက "မတတ်နိုင်ဘူး။ မိတ်ဆွေရဲ့ အမည်က ထိပ်ဆုံးမှာပဲလေ" လို့ဆိုပါတယ်။

ဒါကြောင့် လူသားက သေမင်းကို ယခုလို မျက်နှာချိုသွေးပြီး ဧည့်ခံစကား ဆိုပါတယ်။

"ဟုတ်ပြီလေ။ ဒါနဲ့ ခဏစောင့်ပါအုံး။ ထိုင်ခုံမှာ အေးဆေးထိုင်ပါအုံးဗျာ။ လူကြီးမင်းကို ကျနော်ပြုစုချင်သေးလို့ပါ"

ဒါနဲ့ သေမင်းကလည်း ထိုင်ခုံမှာထိုင်ပြီး လူသား ကျွေးသမျှ မုန့်၊အစားအစာ များကို စားသုံးပါတယ်။  အချိုရည်ထဲမှာ အိပ်ဆေးတစ်လုံး ထည့်ထားလိုက်ပါတယ်။ ဒါကြောင့် အိပ်ဆေးမိတဲ့ သေမင်းဟာ အိပ်ပျော်သွားပါတယ်။

ဒါနဲ့ လူသားက သေမင်းရဲ့  စာအုပ်ကို ယူပြီး သူ့နာမည်ကို ဖျက်လိုက်ပါတယ်။ ပြီးတော့ အောက်ဆုံးမှာ ပြန်ထည့်ရေးလိုက် ပါတယ်။

နောက်တော့ သေမင်းက အိပ်ယာက နိုးလာပြီး ယခုလို စကားဆိုပါတယ်။

"မိတ်ဆွေဟာ ကျနော့အပေါ် အင်မတန်ကောင်းမွန်တဲ့ လူသားပဲ။ ဒါကြောင့် စာရင်းကို အောက်ကနေပဲ စကောက်ပါတော့မယ်"

Ref:everyjoke

 
မောင်ကျွမ်း

ကျောင်းကပြန်လာတဲ့ မူလတန်းကျောင်းသား မောင်လှကို ကျောင်းမတက်တဲ့ သူငယ်ချင်း မောင်မြက မေးတယ်။

မောင်မြ ။ ။ ” ကျောင်းမှာ ဘာတွေ သင်သလဲကွ ”

မောင်လှ။ ။ “မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ”

မောင် မြ ။ ။ “ဒါဆို မင်းက အင်္ဂလိပ်စကား တတ်သလား ”

မောင်လှကလည်း ခပ်ကြွားကြွားနဲ့ ပြန်ဖြေတယ်။ “

“တတ်တာပေါ့ကွ”

မောင် မြ ။ ။ “ဒါဆို ဒီကိုလာ ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောသလဲ ”

မောင်လှ။ ။ “ဒါလေးများ လွယ်လွန်းလို့။ Come here လို့ ပြောရတယ် ”

မောင် မြ ။ ။ “အလဲ့  တယ်ဟုတ်ပါလား။ ဒါဆို ဟိုကိုသွား ဆိုရင်ရော ”

ဆရာမ သင်ပေးတဲ့အထဲမှာ အဲဒါမပါသေးတော့ မောင်လှအခက်တွေ့သွားတယ်။ ဒါပေမယ့် ခပ်တည်တည်နဲ့ ပြန်ဖြေလိုက်တယ်။

“ဒါလေးများ လွယ်လွန်းလို့။ ဟိုဘက်ကိုသွားပြီးတော့ Come here လို့ပြောလိုက် ”

ဟဟ
========================

စောင့်နေသူ

တစ်ခါက အရူးဆေးရုံတစ်ခုရဲ့ ဆေးရုံအုပ်ကြီးက လူနာတွေရဲ့ အခြေအနေကို သိချင်တဲ့အတွက် စမ်းသပ်မှုတစ်ခု လုပ်တယ်။ သူစမ်းသပ်ပုံက လူနာတွေကို လ္ဘက်ရည်ခွက်တခွက်စီ ပေးလိုက်တယ်။

“ကဲ မင်းတို့ကို လ္ဘက်ရည်တိုက်မယ်။ အားလုံးတန်းစီ ”

လူနာတွေအားလုံး တန်းစီကြတယ်။ အဲဒီမှာ ဆေးရုံအုပ်ကြီးက ဘာမှထည့်မထားတဲ့ ဓာတ်ဘူး အလွတ်တစ်လုံးနဲ့ လ္ဘက်ရည်တွေ လိုက်ထည့်ပေးတဲ့ ပုံစံလုပ်လိုက်ပြီးတော့ …

“ကဲ လ္ဘက်ရည်ထည့်ပြီးပြီ။ အားလုံး သောက်လို့ရပြီ ” လို့ ပြောလိုက်တယ်။ လူနာတွေကလည်း ဘာမှမရှိတဲ့ လ္ဘက်ရည်ခွက်ကို အားရပါးရ မော့သောက်လိုက်ကြတယ်။

အဲဒီအထဲမှာ လူနာတစ်ယောက်ကတော့ မသောက်ဘဲနဲ့ လ္ဘက်ရည်ခွက်ကို စိုက်ကြည့်နေတာကို ဆေးရုံအုပ်ကြီးကမြင်တော့
“အင်း ဒီလူနာကတော့ အတော်လေးရောဂါသက်သာသွားပြီ ထင်တယ်”လို့တွေးလိုက်မိပြီး လူနာကို မေးလိုက်တယ်။

“သူများတွေ အားလုံး လ္ဘက်ရည် သောက်နေကြပြီ။ မင်းကဘာလို့ မသောက်ဘဲ လ္ဘက်ရည်ခွက်ကို ကြည့်နေတာလဲ ”

လူနာက ပြန် ဖြေလိုက်တယ်။

“ပူနေသေးလို့ခင်ဗျ ”

တိန်

TL

တော်ချက်

“ငါ့ညီအမှုဖြစ်တာ ရှေ့နေငှားမှ ထောင်လုံးလုံးကျမယ့် ကိန်းဆိုက်နေပြီ”
“ငါ အမှုဖြစ်တုန်းက ငှားခဲ့တဲ့ရှေ့နေက ဘာတော်သလဲ မမေးနဲ့”
“ဟုတ်လား၊ ဆိုပါဦး ရှေ့နေပြောင်းသင့်ရင် ပြောင်းရအောင်လို့”
“ငါမွေးထားတဲ့ ခွေးက လူတစ်ယောက်ကို ကိုက်မိလို့ အတိုင်ခံရတော့ အဲဒီရှေ့က
ထုချေချက်ပေးခဲ့တာ နောက်ဆုံးမှာ ငါ့ခွေးက ကိုက်တာ မဟုတ်တော့ဘဲ အဲဒီလူက
ငါ့ခွေးကို ကိုက်တာဖြစ်သွားတယ်ကွ”

cr & thz>>> original writer


အဲ့လိုအငြင်းခံခဲ့ရတာပါ

ဘာ............ကျွန်မကိုချစ်တယ်ဟုတ်လား...နေစမ်းပါဦး
ရှင်က လန်ခရူဆာ စီးနိုင်လို့လား
ကျွန်တော် >> မ..မ...စီးး..
ကောင်မလေး>> နေဦး လုံးချင်းတိုက် နဲ့ ကော နေနိုင်လို့လား
ကျွန်တော် >> ဟိုဟို...ဟိုလေ....
ကောင်မလေး>> ဟို တွေ ဒီတွေ မလုပ် နဲ့ လစာက ကော ဘယ်နှပြားရလို့လဲ
ကျွန်တော် >> လစာရယ်လို့တော့ သတ်သတ်မှတ်မှတ်မ မ... ရှိပါဘူး
ကောင်မလေး >>အဟက်....... ဒါနဲ့ များ ကျွန်မကို ချစ်တယ် ပြောသေး ရှင့်လို လူမျိုးတစ်သက်လုံးမစဉ်းစားဘူး ဟုဆိုကာ ချာကနဲ လှည့်ထွက်သွားသည်။

ကောင်မလေးထွက်သွားတော့ ကျွန်တော် ခေါင်းကုတ်ပြီး
စဉ်းစားတယ်... နေပါဦး ငါ့မှာ အဖေ၀ယ်ပေးထားတဲ့ ဖာရာရီ ကား ၂ စီး Bmw x6 တစ်စီး နဲ့Porsche Cayman တစ်စီးရှိနေတာလန်ခရူဆာ ဘာလို့ထပ်ဝယ်ရမှာလဲ ဧက ၁၂၀ Villa နဲ့ ခြောက်ထပ် ကွန်ဒို ရှိနေတာ လုံးချင်းတိုက် နဲ့ နေဖို့လိုလို့လား
နောက်ပြီးငါကကုမ္ပဏီမှာChairmanပဲလေဘယ်သူကငါ့ကို
လစာပေးမှာလဲ...ဟူးးးး
cr >> original writer

ဘော်ဒါတွေ

ခရီးသည်တစ်ယောက်က သဲကန္တာရထဲမှာ ရေငတ်နေတဲ့အတွက် ရေရှာရင်းနဲ့ တဲလေးတစ်လုံးဆီကို ရောက် လာ ပါတယ်။ အဲဒီတဲမှာ ခုံလေးတစ်လုံးနဲ့ လည်စီးတွေ ထိုင်ရောင်းနေတဲ့ လူတစ်ယောက်ကိုပဲ တွေ့လိုက် ရတယ်။

ခရီးသည် ကျေးဇူးပြု၍ဗျာ၊ ကျွန်တော်သေမလောက်ကို ရေငတ်နေပါတယ်။ ရေလေး များ ရနိုင်မလားလို့ပါ။

ဆိုင်ရှင် ရေတော့မရှိဘူးဗျ၊ ဒါပေမယ့် လည်စီးလေး ဝယ်သွားပါလားဗျာ။ ဒီတစ်ခုက ဆိုရင် ခင်ဗျားအခုဝတ် ထားတဲ့ ဝတ်စုံနဲ့လဲ သိပ်လိုက်တာပဲ။

ခရီးသည် (စိတ်တိုစွာဖြင့်) အရူးလားဗျ။ လည်စီးလိုချင်တာမှ မဟုတ်တာ။ ရေသောက် ချင်နေပါတယ် ဆိုမှ။

ဆိုင်ရှင် ရပါတယ်။ မဝယ်နဲ့ပေါ့။ ဒါပေမယ့် ကျွန်တော် ခင်ဗျားအပေါ် ဘယ်လောက် ကောင်းတယ်ဆိုတာ ခင်ဗျားမကြာခင် သိလာမှာပါ။ ဟောဟိုမှာ တောင်ကုန်းကလေး တွေ့တယ်မဟုတ်လား။ အဲဒီ အပေါ်မှာ စားသောက်ဆိုင် တစ်ဆိုင်ရှိတယ်ဗျ။ (၅)မိုင်လောက်တော့ ဝေးတယ်။ အဲဒီအထိ လျှောက်သွား ရင်တော့ ခင်ဗျားရေသောက်ရမှာပါ။

ခရီးသည် ကျေးဇူးတင်တယ်ကွာ။

ခရီးသည်ဟာ တောင်ကုန်းလေးဆီကို လျှောက်သွားခဲ့တယ်။ နောက် (၃)နာရီလောက်ကြာတဲ့အခါ တဲလေးဆီ ကို ခရီးသည် ရေဆာနေတဲ့ပုံစံနဲ့ပဲ ပြန်ရောက်လာပါတယ်။

ဆိုင်ရှင် ကျွန်တော်ပြောတာက စားသောက်ဆိုင်က (၅)မိုင်လောက်ပဲ ဝေးတာပဲလေ။ ခင်ဗျားရှာမတွေ့ခဲ့ ဘူးလား။

ခရီးသည် တွေ့ပါတယ်ဗျာ။ ဒါပေမယ့် သူတို့ဆိုင်က ကျွန်တော့်ကို လည်စီးမပါလို့ဆိုပြီး ပေးမ၀င်ဘူးဗျ .

cr & thz >>original writer

လိုက်လျောမိလို့ ( 18 + ) (funny)

အီဂျစ်နိုင်ငံတွင်ဖြစ်သည်။ မိန်းကလေးတစ်ဦးသည် မြေကြီးများကို အပျင်းပြေတူးဆွနေသည်။ နောက်တော့ မထင်မှတ်ဘဲ ခပ်မာမာ သတ္တုကိုယ်ထည်တစ်ခုကို သွားစမ်းမိသည်။ သိချင်စိတ်နှင့် မြေကြီးများကို ကြိုးစားယက်ထုတ်ရာ ရှေးခေတ် ခေါင်းတလားကြီးတစ်လုံး ဘွားကနဲပေါ်လာသည်။ ပထမတော့ ကောင်မလေးက ခေါင်းကိုမဖွင့်ရဲချေ။ နောက်တော့ ကြောက်စိတ်ကို စပ်စုချင်သောစိတ်က အနိုင်ယူသွားသည်။ အခေါင်းဖုံးကို မနိုင်မနင်းနှင့် ကြိုးစားပမ်းစားဖွင့်လိုက်သည်။

အခေါင်းထဲတွင်တော့ ရှေးခေတ် ဖာရိုးဘုရင်လေးတစ်ပါး၏ ရုပ်အလောင်းရှိသည်။ အလောင်းမှာ မပုပ်မသိုး အကောင်းအတိုင်းပင် ရှိနေ၏။ ဘုရင်ကလေးမှာ နုနုငယ်ငယ်လေးဖြစ်ရုံမျှမက ရုပ်လဲအလွန်ချော၏။ ကောင်မလေးမှာ ဘုရင်လေးကိုကြည့်ရင်း သနားသွားသည်။ သူမမျက်လုံးထဲမှ မျက်ရည်များစီးကျလာပြီး ဘုရင်ကလေး၏ ရင်ဘတ်ပေါ်သို့ကျသွားသည်။ အလွန်အံ့ဩစရာကောင်းသော အရာများဖြစ်လာသည်။

ဖာရိုးဘုရင်လေးသည် မျက်လုံးများတဖြည်းဖြည်း ပွင့်လာပြီး ခေါင်းတလားထဲမှ ထထိုင်သည်။ ထို့နောက် မိန်းကလေး၏လက်ကို မဟာဆန်ဆန် အသာအယာဆုပ်ကိုင်ပြီး ညင်သာသောအသံဖြင့် မင်းဟာ သိပ်ကြင်နာတတ်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ။ မင်းမျက်ရည်ကြောင့် ငါကိုယ်တော်မြတ် ပြန်လည်နိုးထလာနိုင်ခဲ့ပြီ။ မင်းအလိုရှိရာ ဆု (၁၀) ခုတောင်းပါ။ ငါကိုယ်တော်မြတ် ကျေးဇူးဆပ်တဲ့အနေနဲ့ ဖြည့်ဆည်းပေမယ်။

အလွန်အံ့ဩနေသောမိန်းကလေးသည် ပထမတော့ကြောင်ပြီး စကားတစ်ခွန်းမျှပြန်မပြောနိုင်ချေ။ နောက်တော့မှ ထစ်ထစ်ငေါ့ငေါ့နှင့် တိုးတိုးလေးပြောသည်။ ဆု (၁၀) ခုဆို များလွန်းပါတယ်။ ဆုတစ်ခုပဲတောင်းပါ့မယ်။ ဒါပေမယ့် (၁၀) ခါ ဖြည့်ဆည်းပေးရမယ်နော် ဘုရင်လေးက ကတိအတိုင်းလိုက်လျောသည်။ သို့သော် (၇) ခါမြောက်တွင် ဘုရင်လေး ပြန်အသက်ထွက်သွားလေသည်။

Credit - Original Writer


တပတ်ရိုက်ချက်

ဇနီးသည် ရေချိုးပြီးလျှင် ပြီးချင်း ခင်ပွန်းသည်ဟာ ရေချိုးဖို့ အခန်းထဲ ဝင်သွားတယ်။ အဲဒီအချိန် လူခေါ် ခေါင်းလောင်း မြည်လာတာကြောင့် ဇနီးသည်ဟာ ခန္ဓာကိုယ်ကို တဘက်နဲ့ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ သူ တံခါးဖွင့်လိုက်တော့ ဟိုဘက်အိမ်က မောင်ဇော်ကို မတ်တပ်ကြီး မြင်လိုက်ရတယ်။ သူ ဘာမှ စ မပြောခင်မှာပဲ မောင်ဇော်က
"ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ရင် အခု ပါလာတဲ့ ဒေါ်လာ ၈၀၀ ပေးမယ်"
လို့ ကမ်းလှမ်းလိုက်တယ်။

ခဏတာ စဉ်းစားလိုက်ပြီး အမျိုးသမီးဟာ ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ပြီး ကိုယ်ဗလာနဲ့ မောင်ဇော်အရှေ့မှာ ရပ်နေလိုက်တယ်။ နည်းနည်းကြာမှ မောင်ဇော်က သူ့မှာ ပါလာတဲ့ ဒေါ်လာ ၈၀၀ကို လှမ်းပေးလိုက်ပြီး အိမ်ပြန်သွားတယ်။ အမျိုးသမီးဟာ ကြမ်းပြင်ပေါ်က တဘက်ကို ပြန်ကောက်ပတ်လိုက်ပြီး အိမ်ပေါ် ပြန်တက်လာတယ်။ သူ အခန်းထဲ ရောက်တော့ သူ့ ခင်ပွန်းသည်က "အောက်က ဘယ်သူလဲ" လို့ လှမ်းမေးလိုက်တယ်။ "တစ်အိမ်ကျော်က မောင်ဇော်ပါ" လို့ ပြန်ဖြေလိုက်တယ်။ အဲဒီတော့ ခင်ပွန်းသည်က အားရဝမ်းသာနဲ့ ပြောလိုက်တာက
"ဟေ ... ဟုတ်လား။ ငါ့ကို ပေးစရာရှိတဲ့ ဒေါ်လာ ၈၀၀ နဲ့ပတ်သက်ပြီး ဘာပြောသွားသေးလဲ" တဲ့။


ဆဒမ်ဟူစိန်သေတော့ ငရဲကျရော...
ငရဲပြည်မှာက နိုင်ငံအလိုက်ငရဲခန်းတွေရှိတယ်
ကိုယ်ကြိုက်တဲ့ ငရဲခန်းကို ရွေးချယ်ခွင့် ရှိတယ်။

ငရဲမင်းကြီးက ဆဒမ်ဟူစိန်ကို ငရဲပြည်အနှံ့လိုက်ပြပြီး ကြိုက်တဲ့ငရဲခန်းကို ရွေးချယ်ခိုင်းတယ်

ပထမဆုံးတွေ့တာက အမေရိကန်ငရဲ
ဒီငရဲမှာနှိပ်စက်နည်းက...
လျှပ်စစ်ကုလားထိုင်ပေါ်မှာ တစ်နာရီကြာအောင် ရှော့တိုက်ခံရမယ်
သံချွန်တွေပေါ် တစ်နာရီကြာအောင် အိပ်ရမယ်
ပြီးရင် ကျန်တဲ့တနေ့လုံး အမေရိကန်ငရဲသားတွေက ကြာပွတ်တွေနဲ့ လာရိုက်တယ်

နောက်တခုက ဂျာမဏီငရဲ
ဒီငရဲမှာနှိပ်စက်နည်းကလည်း...
လျှပ်စစ်ကုလားထိုင်ပေါ်မှာ တစ်နာရီကြာအောင် ရှော့တိုက်ခံရမယ်
သံချွန်တွေပေါ် တစ်နာရီကြာအောင် အိပ်ရမယ်
ပြီးရင် ကျန်တဲ့တနေ့လုံး ဂျာမန်ငရဲသားတွေက ကြာပွတ်တွေနဲ့ လာရိုက်တယ်

နောက်ငရဲတွေလိုက်ပြတော့လည်း နှိပ်စက်ပုံတွေက အတူတူချည်းဆိုတော့ ဘာရွေးရမှန်းမသိဘူး ဖြစ်နေတယ်

အဲ
တနေရာရောက်တော့ လူတွေအများကြီး တန်းစီနေတဲ့ ငရဲတခုကို တွေ့ပါလေရော
နှိပ်စက်နည်းတွေများ သက်သာလို့လားဆိုတော့ မသက်သာဘူး
ရှေ့ကငရဲတွေနဲ့ ပုံစံတူနှိပ်စက်နည်းတွေပဲ

ဒါနဲ့ ငရဲမင်းကြီးကို မေးကြည့်တာပေါ့... ...

"နှိပ်စက်တဲ့နည်းခြင်း အတူတူကို ဘာလို့ဒီငရဲကျမှ လူကြိုက်များရတာလဲ"

ဒီတော့ ငရဲမင်းကြီးက ရှင်းပြတယ်... ...

"ဒါမြန်မာပြည်ငရဲကွ၊ ဘာလို့လူကြိုက်များလဲဆိုရင် လျှပ်စစ်ကုလားထိုင်က မီးမလာတော့ ရှော့တိုက်လို့ မရဘူးကွာ၊ သံချွန်တွေကလည်း ဈေးကောင်းရလို့ ပိသာချိန်နဲ့ ရောင်းစားလိုက်ကြပြီကွာ"
"ဒါဆို ကြာပွတ်နဲ့ပဲ အရိုက်ခံရတာပေါ့နော်"
"မခံရဘူး"
"ဘာလို့လဲဗျ"
"ကြာပွတ်နဲ့ ရိုက်တဲ့ ငရဲသားတွေကလည်း ဝန်ထမ်းတွေဆိုတော့ ရုံးတက်လက်မှတ်ထိုးပြီးတာနဲ့ တနေကုန် လဘက်ရည်ဆိုင် သွားထိုင်နေကြရော"
"ကောင်းဗျာ"

ဦးမောင်ကြီး
cr>> သန်၎ကို


ဗေဒင်

ဗေဒင်ဆရာ။ ။ ခင်ဗျားမှာ ကလေးသုံးယောက်ရှိရမယ်။

မေးသူ။ ။ ဟင့်အင်း ။ ဒါဆိုဆရာမှားသွားပြီ
ကျွန်တော့်မှာ စုစုပေါင်းကလေး ငါးယောက်တောင် ရှိပါတယ်။

ဗေဒင်ဆရာ။ ။ဘာလဲ ခင်ဗျာက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကို ထင်နေတယ်ပေါ့လေ။

~ပေါ့ပေါ့ပါးပါး ဟာသများ~
----------------------------------------

ခင်ဗျားအထက်လူကြီးကိုကုလားထိုင်တွေနဲ့ဝိုင်း
ရိုက်နေကြတာကိုဒီအတိုင်းကြည့်နေခဲတယ်ဆို...

ဟုတ်ပါတယ်ကုလားထိုင်နောက်ထပ်မရှိတော့လို့ ပါ

မှက်လေ


အာဏာရှင် ခေတ်ကဖြစ်သည်။ တောရွာမ အဘွားအို သည် အာဏာရှင် ဦးသန်းရွှေ ၏ လုပ်ရပ်များကို အလွန်မုန်းသည်။ ထိုကြောင့် သူ တစ်ခုခုအဆင်မပြေဖြစ်တိုင်း

``သန်းရွှေ သေပါစေ´´ဟုေ၇ရွတ်တတ်သည်။ ထိုရေရွတ်သံကြားပြီး သူမွေူးထားသော ကြက်တူေ၇ွးက သံယောင်လိုက်ကာ ``သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ´´ဟု အားတိုင်းေ၇ရွတ်နေတတ်သည်။

တရက်မှာတော့ ဦး သန်းရွှေ နှင့် စစ်သားများ ၄င်းရွာသို့ ချီတက်လာ၏။ စစ်တပ်ကြီးကိုမြင်သည်နှင့် ကြက်တူေ၇ွးက သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ ဟုထအော်သည်။စစ်တပ်ကြီးရပ်သွားပြီးး ဗိုလ်တစ်ဦး အိမ်ထဲဝင်လာကာ

``အဘွားကြီး ဒါခင်ဗျား ကြက်တူေ၇ွးလား?´´

``ဟုတ်ပါတယ် ဗိုလ်ကြီးရယ် နောင်မဖြစ်စေရပါဘူး အမေ တောင်းပန်ပါတယ်…´´

``အေး မနက်ဖြန် လာစစ်မယ်၊ မနက်ဖန်မှာ အဲဒီသောက်ကြက်တူရွေး အဲဒီစကားပြောရင် ခင်ဗျားကြီးရော အဲဒီကြက်တူရွေးကော နုတ်နုတ်ဆင်းပစ်မယ်…´´

စစ်တပ်သည် ပြောပြီး ဆက်လက်ချီတက်သွားသည်။ ကြံရာမရသည့်သနားစရာ အမယ်အိုက ရွာဘုန်းကြီးထံပြေးပြီး အကူအညီတောင်းသည်။ ရွာဘုန်းကြီးက သူမွေးထားသော ကြက်တူရွေးနှင့်လဲထားရန် အကြံပေးသည်။ အဘွားအိုက ကြက်တူေ၇ွးချင်းလဲထားမှာ စိတ်ချ လက်ချ နေနိုင်တော့သည်။

နာဇီတပ်နောက်တနေ့တွင်ပြန်ေ၇ာက်လာသည်။ စစ်သားများက အဘွားအို၏ အိမ်သို့ ၀င်ပြီး ကြက်တူရွေးအခြေအနေ ကို ကြည့်သည်။ ယနေ့ ကြက်တူရွေးက တဆိတ် အိနြေ္ဒရလွန်းနေသည် ။ စစ်သားများက ဆွပေးကြသည်။

``ဟေ့ကောင်ကြီး ပြောဦးလေကွာ၊ သန်းရွှေ ဘာဖြစ်တယ်ဆိုလား´´
ကြက်တူရွေးက ငဲ့စောင်းတောင်မကြည့်။

``ဟေ့ကြက်တူေ၇ွး ပြောဦးလေ၊ သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ´

ထိုသို့မှ ကြက်တူေ၇ွးက မျက်လွှာချကာအိနြေ္ဒနှင့် ခပ်အေးအေးပြောသည်။

``တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ ချစ်သား….´´

Credit - Original Writer


အဲမှာ စတွေ့ တာပဲလေ. ..
အဖွဲ့အစည်းတစ်ခု၏ အတွင်းရေးမှုးထံသို့ အဖွဲ့ဝင်တစ်ယောက်၏ဇနီးရောက်လာပြီး ၄င်း၏ယောင်္ကျားဖောက်ပြန်
နေကြောင်း လာရောက်တိုင်ကြားသည်။

“ဖြစ်နိုင်ပါ့မလားဗျာ။ ကျွန်တော်သိရသလောက် ခင်ဗျားယောင်္ကျားဟာ လူရိုးတစ်ယောက်ပါ”
“အထောက်အထားရှိလို့ ကျွန်မစွပ်စွဲတာပါ” ဟုဆို၍ သူမယောင်္ကျားထံမှ ရရှိထားသော အမျိုးသမီးအတွင်းခံ
ဘောင်းဘီတစ်ထည်ကိုထုတ်ပြသည်။

“ဒါဆိုလည်း အဲဒီဘောင်းဘီထားခဲ့ဗျာ။ သူ့ကိုခေါ်ပြီးမေးကြည့်ပေးမယ်”
ထိုသို့ ကတိပေးပြီးနောက် အတွင်းရေးမှုးသည် ဘောင်းဘီထုပ်ကို အံဆွဲထဲထည့်ထားလိုက်သည်။
ထို့နောက် ကော်မတီဝင်များ လာရောက်မည်ဟု သတင်းရသဖြင့် ၄င်းအထုပ်ကို လက်ဆွဲအိတ်ထဲသို့ ပြောင်းထည့်
လိုက်လေသည်။ ထိုနေ့က အစည်းအဝေးများဖြင့် ပင်ပန်းခဲ့သောအတွင်းရေးမှုးသည် ၄င်းလက်ဆွဲအိတ်ကိုဆွဲ၍
အိမ်ပြန်လေသည်။ အိမ်သို့ရောက်သောအခါ သားဖြစ်သူက ရုပ်ရှင်သွားကြည့်ပါရစေဟု ပူစာလေသည်။
“ဖေဖေ့လက်ဆွဲအိတ်ထဲမှာ ပိုက်ဆံရှိတယ်။ မင်းအမေကို ယူခိုင်းလိုက်”
အတွင်းရေးမှုး၏မိန်းမသည် သားအတွက် ပိုက်ဆံယူရန် အတွင်းရေးမှုး၏လက်ဆွဲအိတ်ကို ဖွင့်လိုက်လေသည်။
အိတ်အတွင်းမှ အထုပ်တစ်ထုပ်ကိုတွေ့၍ ဖွင့်ကြည့်ရာ အတွင်းခံဘောင်းဘီဖြစ်နေသည်ကိုတွေ့ရလေသည်။
အတွင်းရေးမှုး၏ဇနီးသည် ၀မ်းသာအားရလေသံဖြင့်

“ကျွန်မအတွင်းခံဘောင်းဘီပျောက်လို့လိုက်ရှာနေတာ အခုမှပဲ တွေ့တော့တယ်။
ရှင်က လက်ဆွဲအိတ်ထဲ ထည့်ပြီး ယူယူသွားနေတာကိုး”

Credit - Original Writer




အချဉ်လေးနဲ့ကျတော့ အရသာရှိတာပေါ့စ်

ဖုန်စုပ်စက် အရောင်း/မာကတ်တင်း တစ်ဦးဟာ အိမ်တစ်အိမ်ရဲ့  တံခါး ပေါက်ကို သွားခေါက်ပါတယ်။
အိမ်ရှင်မ အမျိုးသမီးက တံခါးပေါက်ဖွင့်ပေးရုံပဲ ရှိသေးတယ်။ အရောင်း အမျိုးသားက အိမ်ထဲ တန်းဝင်လာပြီး ဧည့်ခန်း အလယ်တည့်တည့်မှာပဲ အသင့်ပါလာတဲ့ နွားချေးထုပ် ကို ဖြေလို့ သွန်ချ လိုက်ပါတယ်။ ပြီးတော့ အောက်ပါအတိုင်း စကားဆိုပါတယ်။

အရောင်းဝန်ထမ်း - အစ်မကြီး မျက်စိရှေ့ မှာ မြင်နေရတဲ့ ဒီနွားချေးကို ဒီဖုန်စုပ်စက်နဲ့ ၃ မိနစ်အတွင်း ကျနော်ရှင်းမယ်။ မရှင်းနိုင်ရင်၊ မပြောင်ရင် ကျန်တဲ့နွားချေးကော၊ ရှင်းပြီးသားကော ကျနော်အကုန်စားမယ်။

အိမ်ရှင်မ - အင်း. အချဉ်ရည် ယူဦးမလား.။

အရောင်းဝန်ထမ်း - ဘာဖြစ်လို့လဲ အစ်မကြီးရဲ့  ။

အိမ်ရှင်မ - ကျမအိမ်မှာ အခုချိန်ထိ မီးမလာတာ ၂ ရက်ရှိပြီ။

cr >> original writer


သိပ်ကောင်း

ရထားပေါ်တွင်ဖြစ်သည်။
ကကသ်လစ်ဘုန်းကြီးနှင့် ဂျူးဘာသာရေးတရားဟောဆရာတို့ တစ်ခန်းထဲ ထိုင်လာကြသည်။
ကက်သလစ်ဘုန်းကြီးက ဂျူးဘာသာရေးတရားဟောဆရာကို ပြောသည်။
“ကျနော့်မှာ ၀က်ပေါင်ခြောက် ပါတယ်၊ စားပါဦးလား”
“ကျနော်တို့ ဘာသာရေးက ၀က်သားမစားရလို့ တားမြစ်ထားပါတယ်”
“အင်း၊ ၀မ်းနည်းစရာပဲ၊ သိပ်အရသာရှိတာဗျ”
ဘူတာသို့ ရောက်သောအခါ ဂျူးဘာသာရေးတရားဟောဆရာက မဆင်းခင် ကက်သလစ်ဘုန်းကြီးကို ပြောသည်။
“ဖာသာရဲ့ ဇနီးကို ဦးညွတ်တယ်လို့ ပြောပေးပါ။”
“ကျနော့်မှာ ဇနီးမရှိဘူး၊ ကျနော်တို့ဘာသာရေးက ကျနော်တို့ကို မိန်းမ မယူရဘူးလို့ တားမြစ်တယ်။”
“ဟုတ်လား ၊ ၀မ်းနည်းစရာပဲဗျာ၊ သိပ်အရသာရှိတာဗျ”


သမီးလိမ္မာ

"သမီး.... ညိ ချစ်သူက နမ်းဖို့ကြိုးစားလာရင် Don't လို့ပြော"

"ဟုတ်..မာမီ"

"လက်က ဟိုကိုင် ဒီကိုင်လုပ်လာရင်
Stop လို့ပြော...မိန်းခေးဆိုတာ ကိုယ့်ကိုကိုယ်ထိန်းမှတန်ခါကျတယ်"

"ဟုတ်ကဲ့ပါ မာမီ ...သမီးလိုက်နာပါ့မယ်"


ဒီလိုနဲ့
ဘဲဘဲ နဲ့ချိန်းတွေ့တယ့်ည

ငနဲသားက ဖက်ရက်နမ်းတယ့်အပြင်
လက်ကလည်း တပြိုင်တည်း ကမြင်း
နေရာ..

ကောင်မလေးလည်း အမေ့စကားမြေဝယ်မကျနားထောင်ရင်း
ဆင်တိုက်အော် နေတော့တယ်....

"Don't stop.. !
..Don't stop !!
Don't stoooop!!! "

>ksn




ဘယ်ကြွက်က အတော်ဆုံးလဲ ..

တစ်နေ့မှာ ကြွက်သုံးကောင် စကားစမြည်ပြောနေကြတယ်

ပထမကြွက်.... "ငါက ကြွက်သတ်ဆေးတွေကို ကျွှဲရိုင်းလို သောက်ပြီး ခွန်အားဖြည့်နေတာပေါ့"

ဒုတိယကြွက်..... "ငါကတော့ ကြွက်ထောင်ချောက်နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တယ်"

တတိယကြွက်.... "ဟိုကြောင်မ ဗိုက်ကြီးနေတာ မင်းတို့တွေ့လား? အဲဒါ ငါ့ရဲ့ မတော်တဆအဖြစ်ပေါ့ကွာ"

Credit - Original Writer

အူကိုလှိမ့်နေတာပဲ .. ( 18+ )

ဆေးခန်းတစ်ခုတွင်ဖြစ်သည်။

“စိတ်ချပါရှင် ကျမက ပရိုဖက်ရှင်နယ်ပီသပါတယ်၊
လုပ်သက်နှစ်(၂၀)အတွင်း ဘယ်လူနာကိုမှ မရယ်ဖူးပါဘူး”
သူနာပြုဆရာမလေးက ကတိပေးသည်။
...

“ဒါဆိုလည်း ပြီးတာပဲဗျာ”

ကိုအုပ်စိုးက ဘောင်းဘီကို လျှောချလိုက်ရင်း သူ၏ ပဲမြစ်ကို ပြလိုက်သည်။
အရွယ်ကား AAA ဓါတ်ခဲအရွယ်အတိုင်း ကွက်တိ။
သူနာပြုဆရာမလုပ်သက်တလျှောက် မြင်ဖူးသမျှတွင် အသေးဆုံးပင်။

စိတ်ကိုထိန်းထားသည့်ကြားက မနေနိုင်၍ ခစ်ခနဲ ရယ်မိသဖြင့် မျက်နှာကို မနည်းထိန်းကာ
“ဆောရီးနော်၊ ဘယ်လိုဖြစ်သွားမှန်းမသိဘူး၊ နောက်မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ်။ ကဲ ပြောပါအုံး... ဘာဖြစ်လို့လဲ”

“ယောင်နေလို့ပါ”

သူနာပြုဆရာမလေးလည်း အူကိုနှိပ်လျှက် ထွက်ပြေးလေ၏။

Credit - Original Writer


အတိုဆုံးဝတ္တုတိုပြိုင်ပွဲ

ဌာနတွင်း ၀တ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုတို တွင် ဤ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။
- ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။
- တော်ဝင်ဆန်ရမည် ။
- လိင် သဘောသဘာဝ ပါရှိရမည်
- လျို့ဝှက်ဆန်းကြယ်ရမည် ။

ဆုရသွားသော ၀တ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။

*“ဆုရသွားသောဝတ္တုတို”

“အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။ “ငါ ကိုယ်ဝန်
ရှိနေပြီ” ၊ “ဘယ်သူနဲ့
ရတာပါလိမ့်” ဟု ငြီးတွားသည် ။



ငါ့ဟာကွ

ဟိုတယ်တစ်ခုတွင် နှစ်ယောက်အိပ်ခန်းကိုငှားရမ်းပြီးမှ တစ်ယောက်အိပ်ခန်းသို့ပြောင်းပေးပါရန် ဟော်တယ်မန်နေဂျာက တောင်းပန်သဖြင့် ကိုမြငွေတစ်ယောက် တစ်ယောက်အိပ်ခန်းသို့ပြောင်းပေးရလေသည်။ ကိုမြငွေ ဧ။် နှစ်ယောက်ခန်းအား သမီးရည်းစားစုံတွဲအား ငှားရမ်းလိုက်လေ သည်။
ကိုမြငွေတစ်ယောက် မိမိအခန်းရောက်မှ ဟိုဘက်ခန်းတွင်မိမိ ဧ။် ထီးကောက်မေ့ကျန်နေခဲ့ကြောင်း သတိရလေဧ။် ။ ထိုအခါမှ ဟိုဘက်ခန်းသို့ ထီးပြန်ယူ ရန်သွားလေသည်။ အခန်းရှေ့ရောက်သောအခါ အခန်းတွင်းမှ သမီးရည်းစား တို့ဧ။် စကားပြောသံများကြားသဖြင် ခဏနားစွင့်ကြည့်မိလေသည်။
`ခင်ရေ... ဟောဒီ့ ရွှေရောက်မျက်လုံးလေးက ဘယ်သူ့ဟာလေးလဲ ဟင်´ ၊ အော် .... မောင့်ရယ် .. မောင့်ဟာပဲပေါ့ကွယ်´
`ခင်ရယ် .. ဟောဒီ့ သမင်မျက်လုံးလေးက ကော´ ´အော်... မောင့်ဟာပဲပေါ့´
`ဒီ နှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကကော.. ` .. `အို... မောင့်ဟာ ... မောင့်ဟာ´
`ဒီ ဆင်စွယ်ရောင် လက်မောင်းလေးကကော.. ´အို.... မောင့်ဟာပါဆို ´
ထိုသို့မေးလာရာ အားလုံးကုန်သလောက်ရှိသွားပြီ ဖြစ်ရာ ကိုမြငွေစိုးရိမ် စိတ်ဝင်လာလေသည်။ ထို့ကြောင့်အချိန်မနှောင်းခင် ကြိုတင် အော်ပြောလိုက်ပုံက
`အထဲ ကကျေးဇူးရှင်လေးရေ .... ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ထီးကောက်ကြီးကတော့ မင်းဟာမဟုတ်ဘူးကွ .. အဲဒါငါ့ဟာ... ငါ့ဟာကွ... ´









ယောက်ျား Vs မိန်းမ

နေ့လည်စာ ထွက်စားခြင်း
Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက်သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။ ( ကျနော့်ကိုတော့ နာမည်ပြောင် လီမင်ဟို လို့ ခေါ်ကြတယ်ဗျ )
Female- သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။ ( တခါတလေ ဆို သဲ တို့ ချစ်တို့ တောင် ခေါ်သေးတယ် )

ပိုက်ဆံရှင်းချိန်
Male  - 3600 ကျတယ်။ တစ်ယောက် ထောင်တန် တရွက်စီထုတ်လိုက်တယ်။ ပြန်အမ်းဖို့ ပိုက်ဆံလဲဘယ်သူမှ တောင်းမနေဘူး။
Female - 3600 ကျတယ်။ ဘယ်သူကဘယ်လောက် ဆိုပြီး အသေးစိတ် အတိအကျခွဲတယ်။ အဲဒီအတိုင်း ပိုက်ဆံစုပြီး ရှင်းလိုက်တယ်။

ပစ္စည်းဝယ်ခြင်း
Male  - လိုအပ်လာရင် ၅၀၀ တန်ပစ္စည်းကိုလည်း ၁၀၀၀ ပေးဝယ်တယ်။
Female - မလိုအပ်သော်လည်းပဲ ၁၀၀၀ တန်ပစ္စည်းကို ၅၀၀ ရရင် ဝယ်ထားလိုက်တယ်။

ရေချိုးခန်း
Male  - သွားတိုက်တံ၊ ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပုဝါ အဲဒီ(၅)မျိုးလောက်ပဲရှိတတ်သည်။
Female - အနည်းဆုံး (၁၀)မျိုးနှင့်အထက်ရှိတတ်သည်။ အချို့ပစ္စည်းများမှာ ယောက်ျားလေးများ မသိသော ပစ္စည်းများ ဖြစ်နေတတ်သည်။ ( Cosmetic တွေ က အများသားကိုး )

အချစ်
Male  - လိုချင်တာတစ်ခုတည်း ဒါပေမယ့် မိန်းမတွေအများကြီးဆီက။
Female - လိုချင်တာအများကြီး ဒါပေမယ့် ယောက်ျား တစ်ယောက်တည်းဆီက။

လက်ထပ်ခြင်း
Male  - မိန်းမတစ်ယောက်ကို မပြောင်းလဲလောက်ဘူးလို့ ယူဆပြီးလက်ထပ်လိုက်ပေမယ့် ပြောင်းလဲသွားတယ်။
Female - ယောက်ျားတစ်ယောက်ကို ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆပြီး လက်ထပ်လိုက်ပေမယ့် မပြောင်းလဲသွားဘူး။

အဝတ်အစား ကောင်းကောင်းဝတ်ခြင်း
Male - မင်္ဂလာဆောင်သွားချိန်နှင့် အသုဘလိုက်ပို့ချိန်မှာသာ ဝတ်သည်။
Female - ဈေးဝယ်ထွက်ချိန်၊ အမှိုက်သွန်ချိန်၊ ဖုန်းပြောချိန်၊ သစ်ပင်ရေလောင်းချိန်၊ စာတိုက်ပုံးထဲမှာ စာသွားယူချိန်၊ စာအုပ်ဖတ်ချိန်၊ ဖေ့ဘုတ်ပေါ် ဓာတ်ပုံတင်ချိန် ၊ မည်သည့် ပွဲလမ်းသဘင်မဆိုတက်ချိန်

ကလေးများ
Male - အိမ်မှာ ကလေးတစ်ယောက် မရှိချိန်မှပဲ ဖခင်ဖြစ်သူက သတိထားမိတယ်။
Female  - မိခင်ဖြစ်သူက ကလေးအပြင်၊ ကလေးရဲ့ သူငယ်ချင်းတွေ၊ ကျောင်းသင်ခန်းစာတွေ၊ ကြိုက်တတ်တဲ့အစားတွေ၊ ဆေးခန်းရက်ချိန်းတွေကအစ မှတ်မိတယ်။

စကားများခြင်း
စကားများတိုင်း မိန်းမဖြစ်သူရဲ့ စကားနဲ့ပဲ အဆုံးသတ်တယ်။ အကယ်၍ ယောက်ျားဖြစ်သူက ထပ်ပြောမိရင် အဲဒါက နောက်ပြဿနာတစ်ခုရဲ့ အစဖြစ်သွားရော။

နေ့စဉ်ကိစ္စ
ယောက်ျားတစ်ယောက် ကအပြစ်တစ်ခုလုပ်မိရင် မေ့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတာ့ တူညီတဲ့ကိစ္စတစ်ခုကို မှတ်မိဖို့ လူနှစ်ယောက်မလိုဘူး။ မိန်းမက အမြဲမှတ်မိနေတော့ မလိုတော့ဘူးလေ။

Credit - Original Writer

ကြက်ပုံပြင်

0

Posted by Black Magic | Posted in | Posted on 9:10 AM

အခန်း - ၁

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီး ဖြတ်တိုက် သွားသည်။

ဒါကိုမြင်သော

အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။

အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကို မကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင် သွားတာ။

လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံး နေရ ခက်နေတော့ မှာပါ။

လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်း ရှာတယ်။ ဟို စကားပုံ အတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ် လပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊ တစ် သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ်-တဲ့။
အင်း ..ကြက်ဖခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့ တူပါတယ်။င်္

အခန်း - ၂

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးလိုက်လာ သော ကြက်ဖကို ကားတိုက်သွား သည်။

အပျိုလေးအတွေး – အင်း- ကြက်မကို လိုက်ဖို့ ကြက်ဖတစ်ကောင် တော့
ထပ်ရှာရ ဦးမှာပဲ။

အပျိုကြီးအတွေး – ရှေ့မ ကြည့် နောက်မကြည့် လိုက်တာကိုး။
သေတာတောင် နည်းသေး။

လူပျိုလေးအတွေး – အချစ် အတွက် အသက်ကို ပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။

လူပျိုကြီးအတွေး – ဟီဟိ- ဟို ကြက်မတော့ ကြက်ဖမရှိရင် တစ် သက်လုံး နေရခက်ပြီ။

အခန်း - ၃

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်မိ မမိ ရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များမြန်နေလား။

ကံဆိုးစွာပင် ပြေးနေသောနှစ် ကောင်လုံးကို ကားဖြတ်တိုက်သွား သည်။

အပျိုလေးအတွေး – အစက တည်းက ကြက်ဖ မီအောင်လိုက်သင့် တယ်။

အပျိုကြီးအတွေး – ကြက်မ အပြစ်မဟုတ်ဘူး၊ ကြက်ဖအပြစ်။

လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန်လျှော့သင့် တယ်။

လူပျိုကြီးအတွေး – ဟီဟိ.. အေးရော၊ ဟင်းစားတော့ရပြီ။င်္

အခန်း - ၎

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။

ကြက်များခေါင်းထဲတွင် ထိုမျှ သာရှိသော်လည်း

လူတွေက မျိုးစုံ တွေး မျိုးစုံပြောနေကြလေသည်။

(အကြည်တော်)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.