Showing posts with label Adds-on. Show all posts
Showing posts with label Adds-on. Show all posts
iOS Theme For Google Chrome
0
Posted by Black Magic | Posted in , | Posted on 1:02 PM
Chrome User တွေအတွက် iOS Theme လေးပါ...၊
https://chrome.google.com/webstore/detail/ios-7-new-tab-page/nhbfhddhlcdaijmhfngbpihbhnbhjhgj
Adobe Flash Player v11.9.900.170 Final For Firefox And IE
0
Posted by Black Magic | Posted in , | Posted on 3:49 PM
Flash Player ကိုတော့ လိုတိုင်းသိမှာပါ..၊ Computer သုံးတဲ့သူတိုင်းလိုပါတယ်...၊ Phone အတွက်လည်း လိုတာပါပဲ..၊ Online မှာ Video ကြည့်ချင်လို့ပဲဖြစ်ဖြစ် ..၊ Game ဆော့ချင်လို့ဘဲဖြစ်ဖြစ် Flash Player လိုပါတယ်..၊ Flash Player မရှိရင် အောက်ကလို ပေါ်မှာပါ..၊ အခုဟာကတော့ Windows အတွက်တင်ပေးလိုက်တာပါ..၊ 
သင့် Browser ကို အလုပ်အတွက် App တစ်ခုအဖြစ်အသွင်ပြောင်းလိုက်ပါ
0
Posted by Black Magic | Posted in , , | Posted on 3:07 AM
သင့်ရဲ့ အလုပ်အားလုံးကို App တစ်ခုကနေ အခြားတစ်ခုပြောင်းလဲ အသုံးပြုစရာမလိုဘဲ 
တစ်နေရာထဲကနေအသုံးပြုနိုင်ရင် တော်တော်အဆင်ပြေပြီး အလုပ်တွင်ကျယ်မှာဖြစ်ပါတယ်။ Email, 
Messenger, Browser , Facebook , To-Do List, Writing App စတာတွေကို တစ်နေရာထဲ ကနေ 
အသုံးပြုနိုင်တဲ့နည်းတွေရှိပါတယ်။ ဒီနေ့ခေတ်မှာ နေ့စဉ်နေ့တိုင်းအသုံးပြုနေကြတဲ့ Browser ကို Apps 
အားလုံးကို အသုံးပြုနိုင်တဲ့ Tool အဖြစ်ပြောင်းလဲနိုင်ပါတယ်။ ဒီဆောင်းပါးမှာ ရေးသားမယ့် Browser က 
Firefox ဖြစ်ပြီး Chrome အတွက်လည်း အနည်းငယ် ထည့်သွင်းရေးသားပေးထားပါတယ်။
Firefox ကို Chrome User Interface နှင့်အသုံးပြုခြင်း
0
Posted by Black Magic | Posted in , , | Posted on 10:23 PM
Firefox  ရဲ့  UI ကိုငြီးငွေလို့ စွန့်ခွာစရာမလိုတော့ပါဘူး...၊ Chromifox ဆိုတဲ့ Addon က Firefox ကို Chrome လိုအသုံးပြုနိုင်အောင်ကူညီပေးမှာပါ
Google Search Result များကိုတိုက်ရိုက်လင့်နှင့်ရယူခြင်း
0
Posted by Black Magic | Posted in , , | Posted on 7:08 PM
ကျတော်အခုgoogleနဲ့ပတ်သက်ပြီးတော့tipsတစ်ခု ရေးပြပါမယ်အသုံးမဝင်ဘူးလို့ထင်ရပေမယ့်
တချို့လိုင်းမကောင်းတဲ့နေရာမှာတော့အချိန်ပြုန်း တီးမှုကိုလျော့ချနိုင်မှာပါgoogleမှာတစ်ခုခု
ကိုရှာလိုက်ပါပြီးတော့ထွက်လာတဲ့resultထဲက လင့်တစ်ခုကိုကော်ပီကူးကြည့်ပါတိုက်ရိုက်ရိုက်လင့်
မထွက်ပါဘူးရှုပ်ထွေးပြီးတော့ရှည်လျားတဲ့လင့် ကြီးတွေထွက်တာပါတိုက်ရိုက်လင့်ကိုသိနိုင်ဖို့ redirectလုပ်ချိန်ကိုစောင့်ရတာတစ်ခါတစ် လေမှာအလုပ်ပိုပါတယ်ခုလိုတိုက်ရိုက်လင့်တန်း
မထွက်တာဟာ googleကကကျတော်တို့ရှာတဲ့ အကြောင်းအရာတွေကိုခြေရာခံချင်တဲ့အတွက်
ကြောင့်ပါ
ဥပမာ- https://www.google.com/url?sa=t&rct=j&q=&esrc=s&source=web&cd=1&cad=rja&ved=0CDAQFjAA&url=https%3A%2F%2Fgetsatisfaction.com%2Ffeedly%2Ftopics%2Fcan_feedly_be_viewed_offline&ei=p5ZNUoDVCqqA4gTOtoD4Ag&usg=AFQjCNHFdp4VJ4lbI9jk8xIzIwr26iLXOw&sig2=IGpzaoLrfxzFtZD4VTelgQ&bvm=bv.53537100,d.bGE
search result ထဲကလင့်တစ်ခုကိုကော်ပီကူးလိုက်ရင် ဒီလိုကြီးထွက်လာတာပါ...
တိုက်ရိုက်လင့်ထွက်နည်းကိုအခုရေးပြပါမယ်။။
၁.Chrome အတွက်ဆိုရင်Tampermonkey ကို install လုပ်ပါ
၂.Firefox အတွက်ဆိုရင် Greasemonkey ကို install လုပ်ပါ
၃. ဒီလင့် ကိုသွားပါ install ကိုနိတ်လိုက်ပါ
အခုဆိုရင်ကျတော်တို့ search result တိုင်းကိုတိုက်ရိုက်လင့်နှင့်ရယူနိုင်ပါပြီခင်ဗျာ
Chrome ရဲ့ Memory Usage ကိုလျှော့ချပေးမယ့် Extension 4 ခု
0
Posted by Black Magic | Posted in , | Posted on 6:49 PM
ကျတော်အင်တာနက်သုံးရင်အရင်တုန်းကတော့ Firefox သမားပါ.... အခုတော့ Chromeကိုပဲစွဲပြီးတော့သုံးဖြစ်ပါ
တယ် .... Page Loadingပိုင်းမှာ Chrome ဟာ Firefox ထက်အများကြီးပိုပြီးတော့မြန်ပါတယ်... ပြီးတော့ Google Accountတစ်ခုနဲ့ SignIn လုပ်ပြီးတော့သုံးမယ်ဆိုရ င်ကျတော်တို့သိမ်းသမျှ Bookmark တွေကိုအလို
အလျောက်သိမ်းပေးတဲ့အတွက်ကြောင့် Browser  ကို Uninstallလုပ်မိရင်တောင်မှတစ်ခါပြန်ပြီးတော့
SignIn ဝင်လိုက်ရင်အကုန်ပြန်ရပါတယ်...၊ Chrome ရဲ့ကောင်းကွတ်တွေပေါ့ဗျာ...၊
 ဒါပေမယ့်RAMအသုံးပြုမှုကတော့ပိုပါတယ်...၊
အခုပြသနာကိုကျတော်တင် ပေးမယ့် Extensionလေးခုကဖြေရှင်းနိုင်မှာပါ
1.One Tab
ဒီextensionကကျတော်တို့ဖွင့်ထားတဲ့tabတွေကိုtabတစ်ခုထည်းဖြစ်အောင်စုစည်းပေးမှာပါပြီးတော့လိုအပ်တဲ့tabကိုrestoreလုပ်နိုင်မှာပါ
2.The Great Suspender
သူကတော့အချိန်အတိုင်းအတာတစ်ခုကိုရောက်တဲ့အခါမှာမလိုအပ်တော့တဲ့တွေကိုဆက်ပြီးတော့loadingမလုပ်အောင်ရပ်တန့်ပေးမှာပါ
3.Tab Hibernation
သူကတော့အသုံးမပြုတဲ့tabတွေကိုခဏအိပ်ပျော်စေမှာပါ(hibernate)သူ့ကိုတော့ကျတော်သဘောကျပါတယ်တကယ်လည်းမိုက်ပါတယ်
4.Foo-Tab
The Great Suspender နဲ့ဆင်တူပါတယ်chrome store မှာမရှိပါဘူးဒေါင်းလို့ရတဲ့ဖိုင်ကိုextension ထဲ့ကိုdragဆွဲပြီးတော့install လုပ်ပေးရမှာပါ
404 Error တက်နေသော Site ကိုကြည့်နည်း
0
Posted by Black Magic | Posted in , , | Posted on 2:25 PM
ကိုယ်ကစာမျက်နှာတစ်ခုကိုကြည့်ချင်လို့ဖွင့်လိုက်ရင် 404 Error Pages Not Found ဆိုပြီးတော့တက်လို့လှည့်ပြန်ရတဲ့အဖြစ်မျိုးတစ်ခေါက်မဟုတ်တစ်ခေါက်တော့ကြုံဘူးမှာပါ......၊
အဲ့လိုကြုံခဲ့ရင်ဘယ်လို့ဖြေရှင်းမလဲ
Google Search Engine  မှာ Cache ဖိုင်အဖြစ်ထား ထားတဲ့ ဟာကိုဝင်ကြည့်လို့ရပါတယ်...၊ ကိုယ်ဘာကိုသွားရင်တော့ အလုပ်ရှုပ်ပါလိမ့်မယ်......၊ အောက်မှာပေးထားတဲ့ Extension လေးကိုအသုံးပြုပြီးတော့ကြည့်လို့ရပါတယ်ဗျာ......၊ Firefox အတွက်ပါ
Chrome Extension တွေကို Offline Install လုပ်လို့ရအောင် Download ဆွဲနည်း...။
0
Posted by Black Magic | Posted in , , , | Posted on 1:43 PM
Chrome Extension တစ်ခုသွင်းချင်တယ်ဆိုရင်ပုံမှန်အတိုင်း ဆိုရင်တော Chrome Webstore မှာတိုက်ရိုက် Intall လုပ်ပေးရတာပါ...၊ ဒါပေမယ့် လိုင်းမကောင်းတဲ့အခါ မျိုးမှာဆိုရင်တော့ ခက်တော့တာပေါ့...၊  အဲဒီတော့ Online မဟုတ်ဘဲနဲ့ ကိုယ် လိုတဲ့အချိန်မှာ Ofline Install လုပ်ချင်တယ်ဆိုရင်တော့ Crx File ကို Download ဆွဲထားဖို့လိုပါမယ်...၊ Down နည်းကတော့ အောက်ကအတိုင်းလိုက်လုပ်လိုက်ပါ...၊
ကျတော်တို့ Download ချချင်တဲ့ Extension ရဲ့ Address Bar ပေါ်က URL ကိုကူးလိုက်ပါ
ဥပမာ-https://chrome.google.com/webstore/detail/onetab/chphlpgkkbolifaimnlloiipkdnihall
ပေါ့ဗျာ
ပြီးရင် အောက်က Link ကို သွားပြီးတော့ Link ထည့်လိုက်ပါ...၊ ပြီးရင် Download Extension ကိုနိပ်ပြီးတော့ Down လို့ရပါပြီ... :)
http://chrome-extension-downloader.com
Chrome Extension ကို Firefox မှာသုံးလို့ရအောင်ပြောင်းမယ်..၊
0
Posted by Black Magic | Posted in , , | Posted on 1:35 PM
Firefoxကကောင်းပါတယ်ဒါပေမယ်အခုအချိန်မှာChormeကိုလည်းတဖြည်းဖြည်းနဲလူသုံးများလာတာကိုလည်း ငြင်းလို့မရပါဘူးသူဟာနဲသူတော့ကောင်းပါတယ်ကိုယ်က Firefox User တစ်ယောက်ဖြစ်နေပေမယ့်လည်း တစ်ခါတစ်လေ  Firefox မှာ မရှိတဲ့ Chrome Extension တွေကိုတွေရတဲ့အခါမှာ စိတ်အနှောက်အယှက်တော့ ဖြစ်သွားမှာပါ.....၊ ကိုယ်မှသုံးလို့မရတာကိုး.....၊ အခုတော့ ဘယ်လို့မှ အနှောက်အယှက် ဖြစ်တော့မှာ မဟုတ်ပါဘူး....၊ကျတော့်ပြောပြမယ်နည်လေးနဲပြောင်းပြီးတော့သုံးလိုက်ယုံနှင့်အဆင်ပြေသွားမှာပါ.......၊ Chrome ပြောင်းသုံးစရာလည်းမလိုတော့ပါဘူး
Google Chrome Store မှာကိုယ်ကြိုက်တဲ့ extension ကိုတွေရင်သူ့ကို Install လုပ်လို့ရမယ့်
URL ကို Browser ရဲ့ Address Bar ကနေ ကော်ပီကူးလိုက်ပါ
ဥပမာ-
https://chrome.google.com/webstore/detail/hipbfijinpcgfogaopmgehiegacbhmob?utm_source=chrome-ntp-launcher  
ဆိုပါတော့...၊ သူ့ကို Copy ကူးပြီးတော့ အောက်က Link ကိုသွားလိုက်ပါ....၊ 
ပြီး ခုနတုန်းက Link ကိုထည့်ပြီးတော့ပြောင်းလဲနိုင်ပါတယ်....၊ Link မထည့်ချင်ရင် crx file ကို upload လုပ်ပြီးပြောင်းလို့ရပါတယ်
URL  =  (Uniform Resource Locator) 
Flash Player မရှိဘဲ Youtube ကြည့်နည်း
0
Posted by Black Magic | Posted in , | Posted on 1:25 PM
ကျနော်အရင်တုန်းကလည်းအခုလိုမျိးနည်းတစ်နည်းကိုတင်ပေးခဲ့ဘူးပါတယ်VLCကိုသုံးပြီးတော့ကြည့်နည်းပါဒါ
ပေမယ်နည်းနည်းအလုပ်ရှုပ်ပါတယ်ခင်ဗျဘာဖြစ်လို့တုန်းဆိုတာ့ကိုယ်ကြည့်မယ်အရေးကိုVLCကိုထပ်ပြီးတော့ဖွင့်
ပေးနေရတာကိုဗျအခုတော့ဘာမှကိုလုပ်စရာမလိုဘူးအခုနည်းကအသာလေးထိုင်ကြည့်နေယုံတင်မကဘူးဒေါင်းလို့ပါရပါတယ်
အရင်ဆုံးမိမိသုံးမယ်Browserများကိုလို့အပ်တာလေးတွေပြင်ဆင်ပါတယ်
Firefoxသမားများအောက်ကAddonလေးကိုသွင်းထားပါ
Chromeသမားများအတွက်ကတော့အောက်ကExtensionလေးကိုသွင်းပေးထားပါ
အကုန်လုံးအဆင်သင့်ဖြစ်ပြီထင်ပါတယ်
အဆင်သင့်ဖြစ်ပြီဆိုရင်အောက်ကကျနော်ပေးထားတဲ့လင့်လေးကိုသာClickလိုက်ဗျာ.....၊ ဘာလာလာOKပေါ့စာလေးဖတ်ပြီးတော့သာလုပ်သွားလိုက်အဆင်ပြေမှာပါ
Youtube ကြည့်နေစဉ်အတွင်းသီချင်းစာသားများကိုအလိုအလျောက်ရယူနည်း
0
Posted by Black Magic | Posted in , | Posted on 1:11 PM
တကယ်ဟုတ်လားမဟုတ်လားဆိုတာကျနော်စမ်းထားတဲ့ပုံလေးကိုပဲတစ်ချက်ရှိုးလိုက်ပါတွေရပါလိမ့်မယ်လိုင်း
ကအရမ်းကောင်းနေတာ့ဆုံးအောင်တောင်မကြည့်လိုက်ပါဘူးဗျာကိုယ်ဘလော့တင်ဖို့လိုတဲ့screenshotလေး
ရတာနဲတမ်းထွက်ခဲ့တာအခုစမ်းသပ်ထားတာတော့chrome အတွက်ပါစိတ်မပူပါနဲfirefoxကောIEအတွက်ပါတင်ပေးထားပါတယ်
ဘယ်လိုအသုံးဝင်တာလဲဆိုတာတော့ပြောမနေနဲတော့Youtubeကသီချင်းတွေအမြဲတမ်းကြည့်ဖြစ်တဲ့သူအတွက်ကတော့ရွေပေါ့ဗျာသီချင်းစာသားကိုထက်ရှာစရာမလို့တော့ဘူးနောက်ပြီးlistening skill လေးလည်းတိုးတက်တာပေါ့
ဒီနည်းကအင်္ဂလိပ်စာလေ့လာတဲ့နေရာမှာအထောက်အကူဖြစ်မယ်ဆိုရင်သားကိုမမေ့နဲနော် :P
နည်းကတော့ဘာမှမဟုတ်ဘူးBrowserမှာaddonလေးတွေထက်ထည့်လိုက်ရုံပဲ
အောက်ကလင့်မှာရယူနိုင်ပါတယ်
Fox Tab (For 3D Style Firefox)
0
Posted by Black Magic | Posted in , | Posted on 1:07 PM
Mozilla Firefox ကို 3D Style သုံးချင်တဲ့ဘော်ဒါတွေအတွက်---
https://addons.mozilla.org/en-US/firefox/addon/foxtab/
Mozilla Firefox ရဲ့  Tabs တွေကို အရောင်စုံသုံးရအောင်
0
Posted by Black Magic | Posted in , , | Posted on 9:03 AM
Mozilla Firefox ရဲ့ Tabs တွေကို အရောင်စုံ လေးနဲ့  သုံးရအောင်  ဒီကနေ သွားလိုက်ပါ .....၊
Add to Firefox ဆိုတာကိုနှိပ်ပြီး ဆက်လုပ်သွားပါ လွယ်ပါတယ်
နောက်တစ်မျိုး  Personas for Firefox ပါ မိမိကြိုက်နှစ်သက်တဲ့ ပုံကို ရွေးပြီး  Wear this Persona  ကိုနှိပ်လိုက်ပါ......၊ ပြီးရင် install လုပ်ပြီး  Firefox ကို Restart လုပ်လိုက်ရင်ရပါပြီ  ဒီကနေ  သွားလိုက်ပါ ။
 မိမိ စိတ်ကြိုက် လှလှလေးသုံးလို့ ပြီ ခင်ဗျာ
အကောင်းဆုံး လုံခြုံရေးဆိုင်ရာ Firefox add-ons များစုစည်းမှု
0
Posted by Black Magic | Posted in , , | Posted on 2:31 AM
ဒီနေ့ခေတ်မှာ အွန်လိုင်းသုံးသူတိုင်း ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် သတိထားရမဲ့အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် အောက်မှာ အကောင်းဆုံး လုံခြုံရေးဆိုင်ရာFirefox addons ( 7 )မျိုး ကိုဖော်ပြလိုက်ပါတယ်။
Chrome ကနေ Goal Score ကို အလွယ်တကူသိနိုင်မယ့် 365
0
Posted by Black Magic | Posted in , | Posted on 10:12 PM
ဘောလုံးပွဲတွေ ရဲ့ Goal Score ကို Website တွေဝင်မကြည့်ဘဲ Chrome ကနေ အလွယ်တကူသိနိုင်ဖို့ အတွက်အကောင်းဆုံး extention လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်....၊ အရမ်း မိုက်ပါတယ်..၊ ဘာမှမခဲယဉ်းပါဘူး အရင်ဆုံး " ဒီကို " သွားလိုက်ပါ Add to Chrome ကိုနှိပ်လိုက်တာနဲ့ဒေါင်းပြီး Install အလိုလိုလုပ်နေမှာပါ .. ပြီးရင်တော့ browserရဲ့ ညာဘက်က 365 အကွက်လေးကိုနှိပ်ပြီး မိမိကြိုက်နှစ်သက်ရာ အသင်းနဲ့League ကို ရွေးလိုက်ပြီး ကြည့်ရှုနိုင်ပါပြီခင်ဗျာ.....၊
အကယ်၍ ဘောလုံးပွဲကျင်းပနေစဉ် Goal ခဲ့ပါက noti လေးတက်လာပြီး အချက်ပြပါသေးတယ်...၊
ဟဟ အဆင်ပြေပြီပေါ့ ။။။
Mozilla ကို ပိုကောင်းစေမယ့် Tweaks 'n' Addons
0
Posted by Black Magic | Posted in , | Posted on 8:52 PM
clip_image001
“I’ll be careful.I promise”  ကို နှိပ်ပါ။ပြုပြင်ချင်တဲ့ Entry ကို Search Box ကနေရှာပြီး Double Click နှိပ်ပြီး ပြောင်းလဲပေးရမှာပါ။ 
Continue At Your Own Risk
clip_image002
Extension တွေ အင်စတောလုပ်တဲ့အခါ မှာ အချိန်စောင့် ခိုင်းတာကို Disable လုပ်ပါ။
clip_image003
Extension တစ်ခုကို အင်စတောလုပ်တဲ့အခါမှာ Firefox  က သင့်ကို ငါးစက္ကန့် စောင့်ခိုင်းပါတယ်။အဲလို မစောင့်ချင်ရင် about:config page မှာ အောက်က စာသားကိုရှာပါ။security.dialog_enable_delayသူ့ ရဲ့ Value ကို 0  ပြောင်းလဲပေးပါ။
Awesomebar Dropdown က  Number of Suggestions ကို တိုးမြှင့် ပါ။
clip_image004
Firefox ရဲ့ Awesomebar မှာ တစ်ခုခုရိုက်လိုက်ရင် Suggestions (၁၂) ခုကိုပဲဖော်ပြပေးပါတယ်။ဒီထက်ပိုပြီးဖော်ပြစေချင်ရင်အောက်က Entry ကိုရှာပါ။
browser.urlbar.maxRichResults
Search Results တွေကို New Tab မှာ ဖွင့်ပါ။
clip_image005
Firefox ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Search Box ကနေ တစ်ခုခုကိုရှာလိုက်ရင် လက်ရှိဖွင့်ထားတဲ့ Tab မှာ Search Results တွေကို ပြပေးမှာပါ။အဲဒီအတွက် လက်ရှိဖွင့်ထားတဲ့ Tab ကိုဆုံးရှုံးမှာပါ။ Search Box ကနေရှာလိုက်ရင် Tab အသစ်တစ်ခုဖွင့်ပြီး Search Results တွေကို ပြပေးဖို့ ပြုလုပ်နိုင်ပါတယ်။ဒီိလိုလုပ်ဖို့ 
browser.search.openintab
ကိုရှာပြီး Double Click နှိပ်ပါ။ သူ့ ရဲ့ Setting ကို True ပြောင်းပေးပါ။
Extensions တွေအတွက် Compatibility Checking လုပ်တာကို Disable လုပ်ပါ။
clip_image006
Firefox က Extension တွေအတွက် Compatibility Checking ပြုလုပ်ပါတယ်။Compatibility Checking မပြုလုပ်စေချင်ရင် Disable လုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် about:config page ကိုသွားပါ။လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New>Boolean  ကိုနှိပ်ပါ။ပြီးရင်အောက်ကစာသားကိုဖြည့်ပေးပါ။
extensions.checkCompatibility
သူ့ ရဲ့  Value ကို False သတ်မှတ်ပေးပါ။
Tabs တွေကို Preview ကြည့်ပါ။
clip_image007
Windows Programs တွေကို Alt+Tab နှိပ်ပြီးပြောင်းလဲ ကြည့်လို့ ရသလို Firefox မှာလည်း Tabs တွေကို  Ctrl + Tab နှိပ်ပြီးပြောင်းနိုင်ပါတယ်။ဒါပေမယ့် Tabs တွေကိုပဲပြောင်းပေးမှာဖြစ်ပြီး Preview ကြည့်လို့ ရမှာမဟုတ်ပါဘူး။ Preview ကြည့်ချင်ရင်တော့
browser.ctrlTab.previews
ရဲ့ Value ကို True ပြောင်းပေးပါ။
New Tab Page မှာ Rows,Columns တွေကို ထပ်ဖြည့်ပါ။
clip_image008
Default အားဖြင့် Firefox New Tab Page မှာ Websites ကိုးခုကိုပဲဖော်ပြပေးပါတယ်။Websites တွေပိုပြီးပြပေးစေချင်ရင်
browser.newtabpage.rowsbrowser.newtabpage.columnsအဲဒီနှစ်ခုရဲ့ Numbers တွေကို ပြောင်းလဲသတ်မှတ်ပေးပါ။အပေါ်မှာဖော်ပြပေးထားတဲ့ Tweaks တွေက ကောင်းနိုးရာရာ အနည်းငယ်ကိုသာဖော်ပြပေးထားတာပါ။ About:config Entries တွေအကြောင်းကို ပြည့်ပြည့်စုံစုံ သိချင်ရင် Mozilla ၀က်ဆိုက်မှာလေ့လာနိုင်ပါတယ်။
ဒါကတော့ About:config နဲ့ ပါတ်သက်တဲ့ Tweak တွေပါ....၊ နောက်တစ်ခုကတော့ Firefox အတွက် အသုံးဝင်မယ် Add-ons တွေကို ပြောပေးမှာပါ...၊
Firefox For Android အတွက် အသုံးဝင် Addons များ။
Ashampoo_Snap_01
Firefox Browser က Desktop ရော Android Version မှာပါ Addons တွေကိုအသုံးပြုလို့ ရတဲ့ Browser တစ်ခုဖြစ်ပါတယ်။ Android အတွက် Addons တွေကတော့ Desktop လောက်မများသေးပေမယ့် အသုံးဝင်တဲ့ Addons တွေ ရှိပါတယ်။
Full Screen Mobile
Mobile Devices တွေမှာ Screen ကသေးငယ်တဲ့အတွက် ကြည့်ရတာအဆင်မပြေလှပါဘူး။ Full Screen Mobile Addon က Firefox Menu မှာ Full Screen ကြည့်ဖို့  Option ကို ဖြည့်ပေးမှာဖြစ်ပြီး Website တွေကို Full Screen ကြည့်နိုင်ပါတယ်။Full Screen ကြည့်ရင် Android Noti Bar နဲ့  Firefox’s Interface ကို Hide လုပ်ပေးထားမှာဖြစ်တဲ့အတွက် ၀က်ဆိုက်တွေကို ကောင်းမွန်စွာကြည့်နိုင်ပါတယ်။Full Screen Mode ကနေ Exit လုပ်ဖို့ အတွက် Menu Button ကနေ ပြုလုပ်နိုင်သလို Screen ကို Long-Press ဖိထားလို့ ရပါတယ်။
clip_image001
PhonyPhony
က User Agents ကိုပြောင်းပေးနိုင်တဲ့ Addon ဖြစ်ပါတယ်။ သင့် Android Phone မှာ ၀က်ဆိုက်တွေကို ကြည့်ရင် Android Version အနေနဲ့ ပဲကြည့်နိုင်မှာပါ။ Desktop , iPhone,iPad Versions တွေ နဲ့  ကြည့်ချင်ရင် Phony ကိုသုံးပါ။ Phony ကိုသုံးရင် သင့် Android Phone ကနေ ၀က်ဆိုက်တွေကြည့်နေပေမယ့် iPhone,iPad,Desktop ကနေကြည့်သလို မြင်တွေ့ ရမှာပါ။နောက်အသုံးဝင်တဲ့ အချက်တစ်ခုကတော့ တစ်ချို့ ဝက်ဆိုက်တွေက iPhone,iPad စတဲ့ Device တွေကနေကြည့်မှကြည့်လို့ ရတာဖြစ်ပါတယ်။ Phony ကိုသုံးရင် သင့် Android Device မှာ အဲဒီကြည့်မရတဲ့ဆိုက်တွေကို ကြည့်နိုင်မှာပါ။Phony ကို အင်စတောလုပ်ပြီးရင် Firefox Menu ကနေ Phony ကိုနှိပ်ပါ။Desktop Firefox,Android(Phone),Android(Tablet),iPhone,iPad စတဲ့  User Agents တွေကိုတွေ့ မြင်နိုင်ပြီး အသုံးပြုနိုင်ပါတယ်။
clip_image002
URL Fixer
Android Device တွေ ဟာ Screen သေးငယ်တဲ့အတွက် စာရိုက်ရတာ အဆင်မပြေလှပါဘူး။ စာမှားပြီးရိုက်မိတဲ့ အဖြစ်အပျက်တွေ ခနခန တွေ့ ကြုံရမှာပါ။ URL Fixer က မှားရိုက်မိတဲ့ Web Address တွေကို အလို လို ပြုပြင်ပေးနိုင်ပါတယ်။
clip_image003
YouTube Embed2Link
Firefox Browser ကနေ YouTube Video တွေကြည့်ရတာ YouTube App ကနေကြည့်ရသလောက်အဆင်မပြေလှပါဘူး။YouTube Embed2Link က Browser က YouTube Video တွေကို YouTube App ကနေကြည့်လို့ ရအောင်ပြုလုပ်ပေးနိုင်ပါတယ်။
clip_image004
RememberPass
Firefox မှာ Passwords တွေကို မှတ်သားပေးနိုင်ပြီး Websites တွေ Login ၀င်တဲ့အခါအလိုလို ဖြည့်ပေးနိုင်ပါတယ်။ဒါပေမယ့် တစ်ချို့ ဝက်ဆိုက်တွေက အဲဒီ Option ကို Block လုပ်တတ်ကြပါတယ်။RememberPass ကအဲဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ဝက်ဆိုက်တွေမှာ Login  ၀င်တဲ့အခါမှာ Firefox က Password ကိုမှတ်သားပေးဖို့  Message ကျမလာတဲ့အခြေအနေကြုံတွေ့ နေရရင်တော့ RememberPass ကိုသုံးပါ။ 
clip_image005
Stylish
နာမည်ကြီး Addon တစ်ခုဖြစ်ပြီး Facebook အပါအ၀င် ၀က်ဆိုက်တွေကို သင်နှစ်သက်ရာ ဒီဇိုင်းနဲ့ ကြည့်လို့  ရအောင်ပြုလုပ်ပေးနိုင်ပါတယ်။Stylish က Desktop Browsers တွေမှာလည်းသုံးနိုင်ပြီး အသုံးပြုနည်း ကိုရေးပေးဖူးပါတယ်။ Android မှာလည်း Stylish ကို သုံးလို့ ရလာပြီဖြစ်ပါတယ်။
clip_image006
Adblock Plus
နာမည်ကြီး Addon တစ်ခုဖြစ်ပြီး Desktop Browsers တွေမှာလည်းသုံးလို့ ရပါတယ်။ Desktop Browsers တွေမှာအသုံးပြုနည်းကိုရေးပေးထားပြီး ဒီဆောင်းပါး မှာလေ့လာပါ။အခုတစ်ခါ Firefox Android  မှာသုံးလို့ ရလာပါပြီ။ Adblock Plus က ၀က်ဆိုက်တွေ က ကြော်ညာတွေကို Block လုပ်ပေးနိုင်တဲ့အတွက် ၀က်ဆိုက်တွေ ကြည့်ရတာအဆင်ပြေသလို ၊ ကြော်ညာတွေကို ပိတ်ထားခြင်းအားဖြင့် ကွန်နက်ရှင်ကို ကောင်းစေမှာပါ။Adblock Plus က ကြော်ညာတွေကို အလိုလို Block လုပ်ပေးမှာပါ။ တစ်ခြား အနှောင့်အယှက်ဖြစ်စေတဲ့ ပုံတွေ ၊ Elements တွေကိုလည်း Manual Block လုပ်နိုင်ပါတယ်။
clip_image001
Android အတွက် Firefox Addons တွေကို Firefox Browser က Menu > Add-ons ကနေ ဒေါင်းလုပ်လုပ်နိုင်သလို ၀က်ဆိုက်ကနေ တစ်ဆင့်လည်း ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Visit Firefox Addons Page For Pc
Visit Firefox Addons Page For Android
REF : Ko Thura
Facebook မှာ မိမိ သုံးတဲ့ password ကို ကြည့်မယ်
0
Posted by Black Magic | Posted in , | Posted on 3:03 PM
ကဲကဲ..Facebook မှာကိုယ်သုံးတဲ့ password ကို ပြန်မကြည့်ချင်ကြဘူးလား
Firefox မှာတော့ကြည့်လို့ရပါတယ် ခင်ဗျာ
Add on လေးတခု့ထည့်ပေးရမယ် မကြောက်ပါနဲ့ အဲ့ဒီ Add On က Firefox ကပေးတဲ့ Add on ပါ
Add on ကို ဒီနေရာ မှာ ယူလိုက်ပါ
ဆိုဒ်ထဲရောက်ရင် Add to Firefox ကိုနှိပ်လိုက်ပါ
ဒေါင်းပြီးရင် install လုပ်ပေးရပါမယ်
install လုပ်ပြီးရင်ကြည့်လိုက်ပါ password ရိုက်တဲ့အကွက်ရဲ့ဘေးမှာ
show ဆိုတာလေးပါ ပါတယ် ကြည့်ချင်ရင် show ကိုနှိပ်လိုက်ပါ
ပြန်ဖျောက်မယ်ဆို hide လို့ပေါ်ပါတယ်
အာဆို password လွဲ မှာမကြောက်ရတော့ဘူးပေါ့နော် ..ဟီးဟီးဟီး
ဒါလေးပါပဲခင်ဗျာ
ကိုလတ်(ကျွဲဆင်း)
Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ရှာဖွေခြင်း။
0
Posted by Black Magic | Posted in , | Posted on 8:04 PM
download
Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက  သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့ Extension တွေအစားပေါ့ပါးတဲ့ Extension တွေကို အသုံးပြုရင် Browser ကိုမြန်မြန်ဆန်ဆန်အလုပ်လုပ်စေမှာပါ။ ဒီဆောင်းပါးမှာ Browser Extension တွေရဲ့ Memory Consumption,CPU Usage စတာတွေကို သိနိုင်မယ့်နည်းတွေကို ရေးပါမယ်။
Mozilla Firefox
Firefox မှာ Browser Extensions တွေ ရဲ့ Memory Usage ကိုသိနိုင်ဖို့  အတွက် နည်းလမ်းမရှိပါဘူး။ Extension တစ်ခု ကို ထပ်ပြီးအသုံးပြုမှသာသိနိုင်ပါတယ်။ about:addons-memory extension ကို Firefox မှာ အင်စတောလုပ်ပါ။ပြီးရင် Address Bar ကနေ about:addons-memory လို့ ရိုက်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် အင်စတောလုပ်ထားတဲ့ Extensions တွေကို တွေ့ မြင်ရမှာဖြစ်ပြီး Memory အသုံးပြုမှုအလိုက် စီထားတာတွေ့ ရမှာပါ။ Memory အသုံးပြုမှုများတဲ့ Extension တွေ ကို သိရှိနိုင်ပြီး Disable လုပ်နိုင်ပါပြီ။
clip_image002
Google Chrome
Task Manager ကိုဖွင့်ဖို့ အတွက် Chrome’s Menu Button ကိုနှိပ်ပါ။Tools>Task Manager ကိုနှိပ်ပါ။ Ctrl+Escape ကိုနှိပ်ပြီးဖွင့်လည်းရပါတယ်။
ဒါဆိုရင် Extensions,Web Apps တွေ ရဲ့  Memory Usage တွေကိုတွေ့ မြင်နိုင်ပြီးသင့် Browser ကိုနှေးကွေးစေတဲ့ Extension တွေကို Disable လုပ်နိုင်ပါပြီ။
clip_image004
Browser’s Safe Mode ကိုအသုံးပြုပါ။
Mozilla Firefox
Firefox button ကိုနှိပ်ပြီး Help>Restart with Add-ons Disabled ကိုနှိပ်ပါ။
clip_image006
Google  Chrome
Chrome icon ကို right click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Shortcut tab ကိုသွားပါ။ Target မှာ အောက်ကပုံမှာလို --disable extensions ဆိုတဲ့စာသားကို နောက်ဆုံးမှာဖြည့်ပေးပြီး Ok နှိပ်ပါ။ Chrome Browser ကိုပိတ်ပါ။ System Tray က အိုင်ကွန်ကိုလည်းပိတ်ပါ။ ပြီးရင် Shortcut ကိုအသုံးပြုပြီး Chrome ကိုဖွင့်ပါ။ Safe Mode ကို Disable လုပ်ဖို့  Shortcut မှာ Edit ပြန်လုပ်ပြီး Chrome ကို Restart လုပ်ပါ။
clip_image008
Browser Extensions တွေ ဟာ အသုံးဝင်ပေမယ့် တစ်ခြား Software တွေလို ပဲ သင့်ကွန်ပြူတာမှာ Run နေတာပါ။ Extension တွေ အများအပြားအသုံးပြုခြင်းဟာ Browser ကိုလေးစေပါတယ်။အဲဒီအတွက် တကယ်အသုံးလို တဲ့ Extension တွေကို ပဲအင်စတောလုပ်သင့်သလို ၊ Memory အသုံးပြုမှုနည်းပါးတဲ့ Extension တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်
လိုချင်တာရှိရင်အော်ခဲ့နော် !
Don't Forget to Like & Follow
Daily Email Updates
Subscribe to Get Latest Updates Free
Check IP
IP
ask4linksask4pc
ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?
ယနေ့ငွေလဲနှုန်း
DMCA.com Protection
Powered By:
Black Magic © 2013 - All Rights Reserved.