Showing posts with label Ways For Android. Show all posts
Showing posts with label Ways For Android. Show all posts

Galaxy Grand2 SM-G7102 ကို root လုပ်ခြင်း

0

Posted by Unknown | Posted in , , | Posted on 2:50 PM

အဆင့်(၁) download-samsung-usb-drivers  ကိုအရင် download ဆွဲပီးကွန်ပြူတာမှာ Install လုပ်ထားလိုက်ပါ..သွင်းပီးသားဖြစ်နေရင်တော့ကျော်သွားလိုက်ပေါ့နော်
အဆင့်(၂)odin နဲ့ tar ဖိုင်ကို ဒီမှာယူပါ

အဆင့်(၃)ဖုန်းကိုပိတ်လိုက်ပါ
အဆင့်(၄) Download mode ၀င်ပါ..Download mode ၀င်ဖို့အတွက်..Volume up,Volume down,Power ခလုတ်သုံးခုကို ၅-၈ စက္ကန့်လောက်တစ်ပြိုင်နက်တည်းဖိနှိပ်ထားပါ
အဆင့်(၅)Download Mode ထဲမှာ Warning လေးပေါ်လာတဲ့အခြေအနေဆိုရင်Volume upကိုနှိပ်ပီး
continue လုပ်ပေးပါ..မပေါ်ရင်တော့မလုပ်နဲ့ပေါ့လေ..(:P)


အဆင့်(၆)Odin3 v 3.09 ကို ဖွင့်ပါ ပီးရင်ကွန်ပြူတာနဲ့ဖုန်းကို ချိတ်ပါ...ဖုန်းက download mode အနေအထားမှာနော်
အဆင့်(၇)ဖုန်းနဲ့ကွံန်ပြူတာချိတ်ပီးတာနဲ့odinမှာဒီလိုမျိုးလေးလာပြပါမယ်"Added" ဆိုပီးတော့
အဆင့်(၈)ဖုန်းက detect သိသွားပီဆိုတာနဲ့PDA နေရာမှာ..ဒီမှာတော့AP ပေါံ့နော် အဲ့button လေးကို တစ်ချက်နှိပ်ပီးSystem.tar ကိုရွေးပေးပါ

အဆင့်(၉) အားလုံးပီးရင်တော့ flash လုပ်ဖို့ start button ကိုနှိပ်လိုက်ပါ
အဆင့်(၁၀)ဒီလို pass ပုံလေးပေါ်လာရင်တော့ flash လုပ်ခြင်းပြီးဆုံးပါပီ


ပီးရင် ဖုန်းက reboot ကျသွားပါမယ်...အဲ့လိုကျသွားရင်တော့ကွန်ပြူတာနဲ့ disconnect လုပ်လို့ရပါပီ
ဖုန်းကိုပြန်ဖွင့်ပီးအောက်က လို super user လေးပေါ်လာရင်တော့ Grand2 ကို root လုပ်ခြင်းပီးဆုံးပါပီ
MgminLukaLay
ဒါလေးက ကျွန်တော့နေရာ

Viber အတွက် Animated Message လုပ်နည်း

0

Posted by Black Magic | Posted in , , | Posted on 4:13 AM


Viber Animated Message ကို Android အတွက်ရော IOS အတွက်ပါရယူလို့ရပါတယ်။
Viber animated message ကိုဘယ်လိုရယူမလဲဆိုတာမပြောခင် နဲနဲလောက်ရှင်းပြချင်ပါတယ်။
Viber ကို Update လုပ်ပေမဲ့ New version မှာဘာလို့ Animated Message မပါဘာတာလဲ ? ဆိုတာလေးကိုပြောပြချင်တာပါ။ အမှန်တစ်ကယ်တော့ Viber New Version 4.2.1 မှာ Animated Message ဆိုတဲ့ Feature မပါဝင်ပါဘူး။
Viber က သပ်သပ်
Zoobe – 3D animated messages ဆိုတဲ့ Apk ကသပ်သပ်ပါ။
Viber သွင်းထားပြီးသား ဖုန်းမှာ Zoobe – 3D Animated Message Application ထပ်မံထည့်သွင်း လိုက်ခြင်းကြောင့် Viber မှာ Plug-in တစ်ခုအနေ အသုံးပြုလို့ရသွားတာပါ။
Zoobee ကို Viber မှာတင် သုံးလို့ရတာမဟုတ်ပါဘူး တခြား Tango, Upptalk, WhatsApp, Freepp စတဲ့ Message ပို့တဲ့ Application တော်တော်များများမှာ အသုံးပြုလို့ရပါတယ်။ Viber မှာတော့ သူက Icon တစ်ခုအနေနဲ့ ပို့လာလို့ Viber Animated Message ဖြစ်သွားရခြင်းပဲဖြစ်ပါတယ်။
Zoobe ကို Play Store မှာ Free ဒေါင်းနိုင်ပြီး နိုင်ငံပေါင်း ၅၀ ကျော်က လူကြိုက်အများဆုံး စာရင်းမှာ 5 Stars ရထားပါတယ်..။Zoobe ဟာ Viber ရှိမှ ရပ်တည်လို့ရတာမဟုတ်ပဲ Zoobe Application တစ်ခုတည်း အနေနဲ့လဲ Video တွေပြုလုပ်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။

ဘာမှမခက်ပါဘူး..၊  Viber v4.2+  ကို Install လုပ် Zobe ကို Install လုပ်..
ကျန်တာ ကြည့်ကျက်လုပ်ရုံဘဲ..၊

Requirements

အနိမ့်ဆုံးအနေနဲ့ Viber Version 4.2.1 လိုပါတယ်..၊ Upgrade မလုပ်ရသေးရင် အောက်မှာဒေါင်းလိုက်ပါ၊
[Download Viber v4.2.1] (19 MB)
Download Link - 1        |         Download Link - 2

Zoobe – 3D Animated Message Application ကို အောက်မှာဒေါင်းလိုက်ပါ..၊။

[Download Zobe v2.1.5] (4.96 MB)

ကြည့်ကျတ်မလုပ်တတ်ရင် အောက်က စာအုပ်လေး ဒေါင်းလိုက်ဗျာ..၊
[Download]              [Download]

Android Application Maker Collection

0

Posted by Black Magic | Posted in , , | Posted on 12:24 AM


Android Application ကိုယ်တိုင်ဖန်တီးချင်တဲ့ သူငယ်ချင်းများအတွက်အဆင်ပြေမယ့် Software တွေ

ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

Offical Link မှာလည်းဒေါင်းယူနိုင်ပါတယ်

Offical Link က ဒေါင်းတဲ့သူတွေကတော့ Patch ဖိုင်ကိုအောက်က အဆင်ပြေမယ့် Link ကနေ 

ဒေါင်းလိုက်ပါ..၊ Patch File မသုံးတတ်တဲ့သူတွေအတွက် အောက်ဆုံးမှာ Patch ချိုးနည်း ပါပါတယ်..၊

Android Version 4.3 အထက် Samsung တွေကို မြန်မာစာမှန်စေမယ့် SmartZawgyi 4.3 Batch File

0

Posted by Black Magic | Posted in , , , | Posted on 3:19 AM



Samsung Android V4.3 အထက်များကို ကလစ်တစ်ချက်နှိပ်ယုံနဲ့
+ မြန်မာဖောင့်ရခြင်း  + မြန်မာစာမှန်သော 4.3 အတွက်ဖောင့်ဖြစ်ခြင်း 
+ ဖုန်းတစ်ခုလုံး မြန်မာစာစနစ် ပြောင်းလို့ရခြင်း  
+ စမ်ဆောင်းရဲ့ မြန်မာကီးဘုတ်ပါ ပါခြင်း  
+ နေရာတိုင်း မြန်မာစာမြင်ရခြင်း   
+ ဘယ်ဖောင့်မှလဲ မပျောက်ခြင်း  

မြန်မာဖောင့်ပါပြီး မြန်မာစာလွဲနေတဲ့ 4.3 အထက်ဖုန်းတွေလဲ မြန်မာစာမှန်သွားပြီး ပြောထားတဲ့အချက်တွေအတိုင်းဖြစ်သွားမှာပါ :)
4.3 အထက်ဖုန်းမှာ ( -ျ ) ( -ု ) ( -ူ ) ( -ာ ) ( -် ) ( -့ ) တွေ အထဲကိုဝင်နေတဲ့ပြသနာကို ကျနော်အနည်းငယ်ဖြေရှင်းထားလို့ စာကိုတည့်မှန်စွာမြင်ရမှာဖြစ်ပါတယ် ။

အောက်တွင်ဖော်ပြထားသည့်  ပထမပုံကတော့ ဖောင့်မထည့်ခင်ကပုံပါ ။ ဒုတိယပုံကတော့ ဖောင့်ထည့်ပြီးပုံပါ :)

Root Genius (4.71 MB)

0

Posted by Black Magic | Posted in , | Posted on 11:29 PM


iMobile နဲ့ MTK CPU သုံးတဲ့ ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ Root Tool လေးပါ..၊
[Download]
အသုံးပြုနည်းကတော့ လွယ်ပါတယ်..၊ ဒါပေမယ့် မသိတဲ့သူတွေလည်းရှိမှာမို့လို့ ထည့်ပေးလိုက်ပါတယ.်..၊၊

System Application ပျက်သွားရင် ပြန်သွင်းနည်း

0

Posted by Black Magic | Posted in , | Posted on 12:17 PM





မသိသေးသူများအတွက် ဗဟုသုတအဖြစ် ရည်ညွှန်းပါတယ်
ကျွန်တော့်ဖုန်းစ၀ယ်ပြီး ၁လလောက်ကြာတော့ Gallery Apk လေးက Force Stop ပြပြီး ၊ ဖွင့်လိုက်ရင် စက်ပါ အရမ်း ဟန်းသွားတယ်..အဲဒါနဲ့ ကျွန်တော်လည်း ဒီကောင်လေးကို Uninstall လုပ်ပြီးအသစ်ပြန် သွင်းမယ် အကြံနဲ့ Backup လုပ်ပစ်လိုက်ပါတယ်။ဘာနဲ့လုပ်သလဲဆိုတော့ DX Toolbox လေးနဲ့ပါ။ ယူပြီးတော့ အဲကောင်လေးကို DX Toolbox လေးနဲ့ပဲ Uninstall လုပ်ပြစ်လိုက်ပါတယ် ။ ပြီးတော့ ကျွန်တော်ခုနက backup လုပ်ထားတာကို Install လုပ်လိုက်တော့ Not Install ကြီးပဲပြနေပါတယ်။ ဘယ်လိုမှသွင်းမရခဲ့ဘူး အဲဒါနဲ့ အခြား Gallery Apkတွေပဲ ဒေါင်းပြီး သုံးနေပါတယ် (လုပ်ရမှာပျင်းလို့ပါ။ ဒီနေ့တစ်ယောက်က ဖုန်းဆက်မေးပါတယ် သူ့ဖုန်းက Dial, Message တွေ ပျောက်သွားတယ်..၊ ဘယ်လိုပြန်လုပ်ရမလဲတဲ့..၊ ကျွန်တော် အကြံပေးလိုက်ပါတယ်..။အခြား ကိုယ့်ဖုန်းနဲ့တူတဲ့ တစ်လုံးကနေ Backup ယူပြီးပြန်သွင်းလိုက်ပါလို့...။ လွယ်လွယ်လေး ပြောလိုက်ပါတယ် သူလုပ်တတ်မယ်ထင်လို့ပါ။ ဒါပေမယ့် System App တွေက လွယ်လွယ်သွင်းလို့မရပါဘူး။ဒီသွင်းနည်းလေးသိဖို့တော့လိုအပ်ပါတယ်။ အဓိကကတော့ System ကို ကလိပြီဆိုကတည်းက Toot Access ရထားဖို့လည်း လိုအပ်ပါတယ်။နောက် Root Explorer ဆိုတဲ့ Apk လေးလည်းလိုအပ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ အခြားဖုန်းထဲက ကိုယ်လိုချင်တဲ့ system apkကို DX toolbox လေးသုံးကာ Backup ယူလိုက်ပါ ပြီးရင် ကျွန်တော်တို့ဖုန်းရဲ့ SD ကဒ် တစ်နေရာမှာသိမ်းထားလိုက်ပါ ။ ထို့နောက် Root Explorerလေးကို ဖွင့်လိုက်ပါ ဖွင့်တဲ့အခါ Root Access တောင်းရင် Allow လုပ်ပစ်လိုက်ပါ။ နောက်ပြီး Root explorer လေးကို R/W လုပ်ရပါမယ်၊ ဒါမှ Write လုပ်နိုင်မှာမို့ပါ။အဲဒီ Root Explorer ထဲကနေပြီးတော့ System ထဲက App ထဲကိုသွားပါ..၊ ခုနက ကျွန်တော်တို့သိမ်းထားခဲ့တဲ့ System App လေးတွေကို နာမည်လုံးဝမပြောင်းပဲနဲ့ Copy Here လုပ်ပေးလိုက်ပါ..၊ ပြီးရင် အဲဒီ App ကို အကြာကြီး ဖိထားကာ Permission ကိုရွေးလိုက်ပါ အဲမှာ Owner ရဲ့ Read ရော Write ရော မှတ်ခြစ်လေးလုပ်ထားပေးလိုက်ပြီး OK နှိပ်လိုက်ပါ ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ် မတက်လာခဲ့ရင်ဖုန်းကို Restart လုပ်ကြည့်လိုက်ပါ OK သွားပါလိမ့်မယ်ခင်ဗျာ
Download Root Explorer v3.1.5 * [1.88 MB]
Download DX Toolbox (Optional) [7.42 MB]

Require : : Root ထားရပါမယ် , Root Explorer , DX toolbox လေးများ ရှိထားရင် ကောင်းပါတယ်။ APK တွေကို နာမည်မပြောင်းပါနဲ့ သူ့မူလ အတိုင်းပဲ ထားပါ../
Credit To Aung Kyaw

Transfer Data between Android Phones [38.34 MB]

0

Posted by Black Magic | Posted in , , | Posted on 9:02 PM

ဒီ Software က Phone တစ်လုံးနဲ့ တစ်လုံးက Data , Contacts, Messages, Call History, Photos, Music, Videos And Applications စတာတွေကို ခဏအတွင်း  Copy လုပ်ပေးနိုင်တဲ့Softwareပါ။
Support လုပ်နိုင်တဲ့ဖုန်းအမျိုးအစားပေါင်း 2,000 ကျော်ပါတယ်။အသုံးပြုနည်း Video လည်းပါပါတယ်..၊
Software ကို Install လုပ်လိုက်တာနဲ့ပုံမှာမြင်ရတဲ့အတိုင်းပေါ်လာ
ရင် ကိုယ်ကူးမယ့် Phone နှစ်လုံးကို Computer ကိုချိတ်ဆက်လိုက်ပါ။ “Flip” ကိုနှိပ်ပြီး ဘယ်ဖုန်း
ကနေဘယ်ဖုန်းကိုကူးမယ်ဆိုတာကိုရွေးပါ။ပြီးရင်ကူးမယ့်အမျိုးအစားတွေကို အမှန်ခြစ်ပေးပါ။
ပြီးရင် “Start Copy” ကိုနှိပ်ပြီးခဏစောင့်နေလိုက်ပါ။အခက်အခဲမရှိပါဘူး။လိုအပ်ရင် Movie
ကိုကြည့်ပြီး လုပ်ကြည့်ပေါ့။ လိုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းဗျာ..၊

Solidfiles     |     Zippyshare     |     One2Up     |     Direct Download

Support 2,000+ devices from Samsung, Apple, Nokia, HTC, Moto, LG, Sony...

Android Devices
Samsung
GALAXY S4/S3/S2/S, GALAXY Note 3/2/1,
GALAXY NEXUS/R/Y/Tab/Captivate/Exhibit/Plus/Mini/Fit/Ace, all Android devices
HTC
HTC ONE X, WILDFIRE S A510E, DESIRE, DESIRE HD A9191, WILDFIRE, DESIRE HD, ONE V, SENSATION Z710E, all Android devices
LG
OPTIMUS G/Plus/L9/Elite/M+/One/Slider/V..., P500, E400, P970, P509, VM670, GT54, P920, all Android devices
Sony
Xperia LT18I, ST18I, LT26I, MT11I, E15I, LT22I, SK17I, ST15I, all Android devices
Motorola
MB860, MB525, MB526, XT910, DROID RAZR, DROID3, DROIDX, DROID BIONIC, all Android devices
HUAWEI
U8825D, IDEOS, U8815, U8818, U8860, U8650, U8661, C8812, all Android devices
ZTE
U8825D, IDEOS, U8815, U8818, U8860, U8650, U8661, C8812, all Android devices
Acer
LG-E400, E1109_V73_GQ1002_CTP, LIQUID, E310, E400, A50, E1108_V73_JBL1, LIQUID MT, all Android devices
Others
All Android phones and tables...
iOS Devices
iPhone
iPhone 3G, iPhone 3GS, iPhone 4, iPhone 4S, iPhone 5, iPhone 5C, iPhone 5S, iOS 7
iPad
iPad, iPad 2, The New iPad, iPad mini, iPad with Retina display, iPad mini with Retina display, iOS 7
iPod
iPod touch (the 2/3/4/5nd generation)
Nokia (Symbian)
N Series
N8, N97/mini, N96, N79, N78 ...
E Series
E6, E72, E75, E52, E7-00 ...
C Series
C5-00, C6-00, C7-00, C5-03 ...
Others
5230, X6, 5800 XpressMusic, 5320 XpressMusic ...
Credit To Kyaw Swar Thwin (Moriba) & Djjoe Man

ROOT Huawei (U8661)(8818)(U8815)(C8812)(C8655)

0

Posted by Black Magic | Posted in , | Posted on 1:31 PM



  Huawei (U8661)(8818)(U8815)(C8812)(C8655) Root လုပ်နည်းလေပါ

Root လုပ်နည်းတွေကအတူတူပဲမို့ တစ်ခါတည်းတင်ပေးလိုက်တာပါ
အရင်ဆုံး Huawei Driver ကိုဒေါင်လုပ်ဆွဲပါ

>>> Download Here <<<

ဆွဲပြီးရင် Computer မှာ Install လုပ်ထားလိုက်ပါ..၊ ပြီးရင် Root လုပ်ဖို့အတွက်ကို အောက်မှာဒေါင်းပါ..၊
>>> Download Here <<<

ဒေါင်းလို့ရလာတဲ့ Zip ဖိုင်ကို ဖြည်လိုက်ပါ...၊ဖြည်လို့ရလာတဲ့ထဲက install-superrecovery-windows.bat ဆိုတဲ့ Batch Fil ကို Run လိုက်ပါ။ ပြီးရင် Phone ကို Power ပိတ်ပြီး Battery ဆွဲဖြုတ်လိုက်ပါ။

10s လောက် ထားလိုက်ပြီးရင် Battery ကို ပြန်တပ်  VOL DOWN + POWER ကို တွဲ နှိပ် ပါ။
Bootloader မှာရပ်နေ ပါလိမ်မယ်... USB ကြိုးတပ်လိုက်ပါ.. ပြီးသွားလျှင် Battery ကိုဆွဲဖြုတ်လိုက်ပါ..
Battery ကိုပြန်တပ်ပြီး VOL UP +POWER ကို တွဲ နှိပ်ပါ။ Android အရုပ်လေးတက်လာပြီး    
5s  လောက်နေရင်  Recover Mode တက်လာလိမ့်မယ် တက်လာရင်  Recovery MODE မှ Reboot System Now ကို နှိပ်လိုက်ပါ   Restart ကျပြီးပြန်တတ်လာရင် Root လုပ်တာပြီဆုံးသွားပါပြီ။
 Myanmar Font ထည့်တာကတော့  Zawgyi Installer တစ်ခုခုနဲ့ ထည့်နိုင်ပါတယ်..။

Credited : Mobiles Software Developer

Install Google Play For China Phones

0

Posted by Black Magic | Posted in | Posted on 1:09 PM


Google Play Store App မပါတဲ့ China Android ဖုန်းတွေကို Play Store ထည့်လို့ရနိုင်လားဆိုပြီး မေးနေကြလို့ လက်လှမ်းမှီသလောက် မျှဝေပေးလိုက်ပါတယ်...။

 များသောအားဖြင့် တရုတ်ကလာတဲ့ Android ဖုန်းတွေမှာ Google Play Store Market ပါမလာတတ်ပါဘူး... ဒီအတွက် Play Store ကို အသုံးပြုနိုင်အောင် ပြုပြင်ပေးလို့ရနိုင်ပါတယ်..။

အရေးကြီးတာက Play Store ထည့်သွင်းမဲ့ Android ဖုန်းက Root ဖြစ်ထားဖို့လိုပါတယ်...။

Samsung တွေမှာ Root မလုပ်ဘဲ Myanmar Font ထည့်နည်း

0

Posted by Black Magic | Posted in , | Posted on 11:25 PM



Samsaung Galaxy Mini S3 မှာ မြန်မာစာ မထည့်တတ်လို့ပါဆိုပြီး မေးနေလို့ နားလည်လွယ်အောင် အနည်းငယ်ပြင်ဆင်ပြီး တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

 Samsaung Galaxy S3 Mini GT-i8190,GT-i8190n...ect များမှာ Root မလုပ်ပဲ Setting , Display က Font Style ပါတဲ့  Samsaung Series တွေမှာ လွယ်ကူစွာ မြန်စာဖေါင့် ထည့်သွင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။ Android, Cupcake, Donut, Eclair, Froyo, Gingerbread, Honeycomb, Ice Cream Sandwich....ect Android Version တွေမှာ မြန်မာမစလုံးများကို Root မလုပ်ပဲနှင့်  Setting , Display က Font Style ပါတဲ့  Samsaung Series တွေမှာ ထည့်သွင့်တာ ကောင်းမွန်စွာ တွေ့မြင်ရမှာပါ..။

ဒါတွေကိုလည်း မသုံးချင်ဘူးဆိုရင်တော့ မိမိ၏ Android Smart ဖုန်းကို Root လုပ်ပြီး သုံးနိုင်ပါတယ်..။ Root လုပ်ပြီးရင်တော့ မြန်မာစာလုံးများကို ကောင်းမွန်စွာ မြင်လို့ရတော့မှာပါ။ အခုကျနော် ပြပေးမှာကတော့ Android Smart ဖုန်းကို Root မလုပ်ချင်သူများအတွက် နည်းလမ်းကောင်းလေးကို ပြပေးပါမယ်။

အရင်ဆုံးလိုအပ်တဲ့ File တွေကို Download ရယူပါ။

၁။ Download ZawGyi One TTF.apk
၂။ Download Frozen Keyboard Pro

iOS 7 jailbreak & AppSync 7.0.+ ထွက်ရှိ

0

Posted by Black Magic | Posted in , | Posted on 4:16 PM

iOS 7 များ jailbreak ရပြီးသည့်နောက်မှာ ။ အပြင်က iPA ဖိုင်များကို iTools နဲ့ဖြစ်ဖြစ် သွင်းတဲ့အခါမှာ သွင်းခွင့်ရဖို့ရန် မိမိ iDrive ထဲမှာ AppSync ဆော့ဝဲရှိထားဖို့ လိုအပ်ပါတယ် ။
AppSync ရှိထားမှသာလျှင် အပြင်က မိမိထည့်လိုသော App များကို လက်ခံထည့်သွင့်ခွင့် ရမှာပါ ။
iOS 7 အတွက် AppSync For 7.0.+ ကို လိုချင်သူများအတွက် Free တင်ပေးထားတဲ့ Repo လေးကို တင်ပေးလိုက်ပါတယ် ။ ထည့်တတ်မယ်လို့ထင်ပါတယ် ။
ကျနော့်ပုံမှာ အပြင်က iPA ဖြစ်တဲ့ Cut The Rope 2 ဖူးဗားရှင်း Crack ကို iTools နှင့်ထည့်ပြထားပါတယ်
a

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

jailbreak ရပြီးသည့်နောက်မှာ မိမိ iDrive ထဲသို့ ဒေါင်းယူထားတဲ့ iPA ဖိုင်များဖြစ်တဲ့ App များကို သွင်းခွင့်ထည့်ခွင့်ရဖို့ရန်
AppSync ရှိထားမှ App များကို လက်ခံထည့်သွင့်ခွင့် ရမှာပါ ။

iOS 7.0.+ အဆင့်တွေအတွက် ထို Repo ကို အပ်လိုက်ပြီး ဒေါင်းယူလိုက်ပါ ။

http://cydia.myrepospace.com/lod1/

ဆိုပြီး Cydia ထဲမှာ Add လိုက်ပြီး AppSync For 7.0.+ ကို ဒေါင်းယူလိုက်ပါ ရသွားပါပြီ :)

Add နည်းကို အလွယ်ရှင်းပြပါမယ် ။ ။ Cydia ထဲဝင်လိုက်ပါ  >>>
Manage >>> Sources >>> Edit >>> Add >>> Repo ထည့်ဖို့ Box လေးထွက်လာပါမယ် ။
အပေါ်က လင့်ကိုထည့်ပေးပြီး Add Source ဆိုတာလေးကို နှိပ်ပါ ပြည့်ရင် Repo ဝင်သွားပါပြီ ။
ပြီးရင် အဲဒီ  Repo လင့်ထဲကို ဝင်လိုက်ပါ...။  AppSync For 7.0.+ ဆိုတာကိုတွေ့ပါမယ် ဒေါင်းလိုက်ပါ ပြီးပါပြီ :)

အားလုံးပဲ ဖူးဗားရှင်း Crack App များကို iTools ဖြင့် သွင်းနိုင် အသုံးပြုနိုင်ပါပြီ :)

iTools ကို လိုချင်သေးတယ်ဆိုရင် မူရင်းလင့်မှာ သွားရောက်ဒေါင်းယူနိုင်ပါတယ် သီချင်းတွေ ပုံတွေ ဆော့ဝဲတွေ ကြိုက်ရာကိုထည့်နိုင်တဲ့ ဆော့ဝဲပါ ။
http://www.itools.cn/multi_lang_pc_download.htm

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မှတ်ချက် ။ ။ iOS 7 အတွက် မြန်မာဖောင့် မြန်မာကီးဘုတ် Update မလာသေးသည့်အတွက် မထည့်ကြပါနဲ့ဦး သိပ်အဆင်မပြေကြသေးပါဘူး ။
jailbreak ထွက်ရှိလာတာ 2 ရက်ပဲရှိသေးတဲ့အတွက် Myanmar Font / Keyboard Update ထွက်တာကို စောင့်ကြပါဦး ခဏပါပဲ :)

C8813 C8813D Y300C G610COOတို.ကို Network Unlock Code မလိုပဲ Lock ဖြည်နည်း

0

Posted by Black Magic | Posted in , | Posted on 4:56 PM

အကိုကျွန်တော့ G 610 CDMA နဲ့ GSM နှစ်ကတ်သုံး b122firmware တင်လိုက်တာ network lockကျသွားလို့ဘယ်လိုဖြေရှင်းရမလဲနော်ကူညီပေးပါ  ဆိုပြီး ကျနော်မေးလ်ထဲမှာလာမေးထားလို့ပါ။ သက်ဆိုင်မယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ အဆင်မပြေရင် ပြန်ပြောပါနော် ။ ဒါလေးကတော.ကိုကျော်စွာသွင်ရဲ.လက်ရာကိုကျနော်ကလိထားတာလေးတွေပါခင်ဗျာ Huawei hacker tool လေးနဲ. C8813 C8813D Y300C G610COOတို.ကို Network Unlock Code မလိုပဲlockဖြည်လို.ရပါပြီခင်ဗျာ ပထမဆုံးလိုအပ်တာကိုယ်NETWORK UNLOCK ဖြည်မယ်.ဖုံးမှာ Rootလုပ်ထားဖို.လိုပါလိမ်.မယ် ဒုတိယအဆင်.က ဖုန်းမှာ usb debugging ,unknown source onပါ တတိယအဆင်.ကတော.ကွန်ပျူတာနဲ.usb connectလုပ်ပါ ကွန်ပျူတာမှာ adb driverသိသွားပြီဆိုရင် Huawei hacker toolkitကိုဖွင်.ပါ Bootloader/Network lock ဆိုတဲ.နေရာကိုသွားပါ Restore OEM_INFO ကိုနှိပ်ပါ Box တစ်ခုကျလာပါလိမ်.မယ် ကျနော်တင်ပေးထားတဲ.ထည်းက ကိုယ်ဖြည်မဲ.ဖုန်းနဲ.သက်ဆိုင်တဲ. IMAGEဖိုင်ကိုရွေးပေးလိုက်ပါ ဖုန်းက Restartကျပြီးပြန်တက်လာရင် 910,73,MEC ကိုယ်ကြိုက်ရာဆင်းကတ်ထည်.သုံးလို.ရပါပြီ ကျနော်စမ်းသပ်ပြီးသားပါ 100%အဆင်ပြေပါတယ်ခင်ဗျာ (Build numberတော.ရွေးတယ်နော်)Build Nunberတွေထည်.ပေးထားပါတယ် http://www.mediafire.com/download/2z44bpqcxvxq2tv/Huawei+Hacker+Toolkit.zip http://www.mediafire.com/download/bxvy1v67kx9aczp/network+unlock+for+huawei+c8813%2C8813d%2Cy300%2Cg610C00%282%29.7z

Credit to Android LuLin

Samaung android phone များအား GSM Network unlock ပြုလုပ်နည်း

0

Posted by Black Magic | Posted in , | Posted on 1:48 PM

Root မလိုပဲ GSM Network unlock ဖြည်တဲ့နည်းပါ။  Samsung တော်တော်များများ မှာ  ရပါတယ်ခင်ဗျာ လုပ်ပုံလုပ်နည်းခြင်းကတော့  အားလုံးက တူချင်မှတူမှာပါ။ ဟုတ်ကဲ့ပါ အရင်ဦးဆုံး စာဖတ်သူရဲ့ဖုန်းကို ဖွင့်ပြီး ဖုန်းခေါ်ဆိုသောနေရာသို့ ၀င်လိုက်ပါ မိမိ ဖုန်း Dial Pad  မှတဆင့်  *#197328640# ကိုနှိပ်ပါ က Service Mode သို့ရောက်ပါသွားပါလိမ့်မယ်။ထို့နောက် UMTS ကိုနှိပ်ပေးပြီး    Debug screen ကိုနှိပ်ပေးပါ..
(မှတ်ချက်။ ။တချို့သောဖုန်းများ တွင် UMTS နှိပ်စရာမလိုဘဲ  Debug screen သို့တန်းရောက်ပါသည်။) Phone Control  ကိုနှိပ်ပါ။ထို့နောက် Network Lock ကိုနှိပ်ပါ။ ထိုအထဲမှ
Perso SHA256 OFF ကိုနှိပ်ပြီးခနစောင့်ပါ။ယင်းနောက် ပြန်ထွက်လိုက်ပါ(With  Back Key )  NW Lock NV Data Initiallize ကိုနှိပ်ပြီးခနစောင့်ပါ ။ ပြီးရင်တော့ဖုန်းကို Reboot ပြန်ချပေးလိုက်ပါ။ အဲဒါဆိုရင် အဆင်ပြေမယ်ထင်ပါတယ်..၊

Credit to Android Lu Lin

Ring Tune သုံးတဲ့သူတွေ 2000 မဖြတ်အောင်

0

Posted by Black Magic | Posted in , , | Posted on 10:40 PM


 Cover art

My Ring Tune 'ဒါမှမဟုတ်' Y-Tune သုံးတဲ့သူတွေအတွက် တစ်ခု ၂၀၀၀ ပုံမှန်မဖြတ်အောင်လုပ်နည်းလေးပါ..၊ အရင်တုန်းက Bill ဆောင်ရတာ တစ်လတစ်ခါဆိုတော့ ၂၀၀၀ ဖြတ်တာမသိသာပေမယ်..၊ အခုများတော့ ထည့်တာကမှ ၅၀၀၀ ...၊ ဖြတ်သွားတာက ၂၀၀၀ ဘာသွားသုံးရမှာတုန်း..၊ ဒါတောင် Voice Mail ဖြုတ်ထားလို့ သက်သာနေတာ..၊
ကဲ စလိုက်ရအောင်ဗျာ.. ၊နည်းလေးက လွယ်ပါတယ်..၊ Hack တာလည်းမဟုတ်ပါဘူး..၊ သူတို့ရဲ့ Coding အားနည်းချက်ပါ..
Step - 1
Phone ရဲ့ Setting ထဲကို ဝင်ပါ..၊
Step - 2
Call ထဲကိုဝင်ပါ..၊ Version တစ်ခုနဲ့ တစ်ခုတော့ တူမှာမဟုတ်ပါဘူး..၊ ဒါပေမယ့် ခပ်ဆင်ဆင်တွေပါဘဲ..၊ ရှာကြည့်လိုက်ပါ..၊
Step -3
Additional Setting ထဲဝင်ပြီးတော့ Caller ID ကိုနှိပ်လိုက်ပါ..၊ Box တစ်ခုပေါ်လာပါလိမ့်မယ်..၊ ရွေးစရာသုံးခုထဲကမှ အလယ်က Hide Number ကိုရွေးပေးလိုက်ပါ..၊
ပြီးပါပြီ..
ရှင်းအောင်လို့ အောက်မှာ ပုံနဲ့ ရှင်းပြလိုက်တယ်နော်..

HD Movies For iDevices (Need No Jailbreak)

0

Posted by Black Magic | Posted in , | Posted on 9:36 PM

နိုင်ငံတစ်ကာမှ ရုပ်ရှင်ဇာတ်ကား အသစ်များကို HD quality နှင့် တိုက်ရိုက်ကြည့်ရှုနိုင်မယ့် Application တစ်ခုဖြစ်ပြီး App Store မှာ ဝယ်ယူလို့ မရနိုင်ပါဘူး။ Jailbroken iDevice များတွင်သာ ထည့်သွင်း အသုံးပြုနိုင်ခဲ့ပါတယ်...

ယခုတော့ HDmovies ကို Non Jailbrake iDevice များတွင်ပါ ထည့်သွင်းနိုင်ဖို့ Idea တစ်ခုကို စဉ်းစားမိရာက ကျွန်တော့်ရဲ့ iOS 7.0.3 iPad မှာ အောင်မြင်စွာ စမ်းသပ်သွင်းယူနိုင်ခဲ့ပါပြီ..

>> HDmovies အကြောင်း ဖတ်ရှုရန် (For Jailbreak Devices)

အေးမြတဲ့ဆောင်းရာသီမှာAndroid iconလေးတွေကိုChristmasဦးထုပ်ဆောင်းပေးမယ်..

0

Posted by Black Magic | Posted in , | Posted on 1:56 PM



ထိုဆော့ဝဲကို Play Store ကနေ ဝယ်ယူပြီး Apk Backup ထုတ်ပေးသူကတော့ Ko Kyawthettun ဖြစ်ပါတယ် ။ 

ကျေးဇူးအရမ်းတင်ပါတယ် Merry Christmas ပါ Ko Kyawthettun :)

---------------------------------------------------------------------------------------
ထိုဆော့ဝဲကို အသုံးပြုရန်အတွက် မိမိဖုန်းမှာ Root ရှိထားဖို့ လိုအပ်ပါတယ် ။
( Root ရှိခဲ့ပါက Unicon ထဲကနေ သွားချိန်းပေးလိုက်ရင် ။ ဖုန်းရဲ့ Popup အဖြစ်ထွက်လာတဲ့ အိုင်ကွန်နှင့် Noti မှ တတ်လာသော App မက်စေ့များကိုပါ ထိုအိုင်ကွန်များနှင့် ဖော်ပြပေးမှာပါ ဖုန်းရဲ့ Theme ထဲကို ဝင်ရောက်ရေးသားသည့်အတွက် ဖုန်းတစ်ခုလုံး ဆိုသလို ပြောင်းလဲသွားမှာပါ )
++ ဘက်ထရီ လုံးဝလုံးဝ မစားပါ ++

Easy Apk Disassembler ကိုအသုံးပြုပြီး Apk ကိုမြန်မာမှုပြုခြင်း (Myanmar Version)

0

Posted by Black Magic | Posted in , , , | Posted on 4:27 PM



Android Application တွေကိုမြန်မာမှုပြုချင်သူများအတွက် အလွယ်ကူဆုံးအရိုးရှင်းဆုံးနည်းလမ်းလေးကို စာအုပ်လေးတစ်အုပ်အဖြစ် မျှဝေပေးလိုက်ပါတယ်ဗျာ။ အခုနည်းလမ်းလေးကို ကျွန်တော်လည်း လေ့လာကြည့်တာ တော်တော်လးကို ရိုးရှင်းလွယ်ကူပါတယ်ဗျာ။ ၀ါသနာပါသူများအောက်က Link မှာဒေါင်းယူပြီးကလိနိုင်ပါတယ်ဗျာ။


လိုအပ်တဲ့ Software တွေကို PDF ထဲမှာ Link အနေနဲ့ ပေးထားပါတယ်..၊ တစ်ခါတည်းဒေါင်းချင်ရင် ဒေါင်းရအောင် အောက်မှာ လည်း ထည့်ပေးလိုက်ပါတယ်..၊

All Samsung Galaxy Official Firmwares From One Sites

0

Posted by Black Magic | Posted in , , | Posted on 2:05 PM



http://live.samsung-updates.com/

အပေါ်က Link ကိုသွားလိုက်ပါ...၊ ပုံမှာပြထားတဲ့အတိုင်း  ကိုယ်လိုချင်တဲ့ ဖုန်းအမျိုးအစားနဲ့ ဗားရှင်းကို ရွေးပြီး Download ကိုနှိပ်လိုက်ပါ... ပုံမှာပါတဲ့အတိုင်း ပေါ်လာပါလိမ့်မယ်... ကျနော်တို့မှာ Firmware တင်ဖို့  Kernel and Odin  မရှိသေးဘူးဆိုရင် အစိမ်းရောင်ပြထား တာကို နှိပ်ပြီးဒေါင်းပါ  ... ရှိတယ်ဆိုရင်တော့ အ၀ါရောင်ကိုနှိပ်ပြီး Firmware ကိုဒေါင်းပါ  ...

Download Link ကိုရောက်ရင် Free (or) Normal download ကိုရွေးပါ...၊ Premium account ရှိတဲ့သူကတော့ Premium နဲ့ဒေါင်းပေါ့  ... (30) Seconds စောင့်  ... ပြီးရင် Click Here To Download ကို Click ပြီး Down နိုင်ပါပြီ..၊
Share From Ko Chan Nyein

Root Huawei Ascend P1 U9200 B113 and B115 (Android 4.0 and 4.0.3)

0

Posted by Black Magic | Posted in , | Posted on 4:09 PM


Huawei Ascend P1 ကိုယ်ဘယ်လို Root လုပ်လဲဆိုတာတောင်းဆိုထားလို့တင်ပေးလိုက်ပါတယ်။
အလွယ်ကူဆုံးနည်းလမ်းဖြင့်ဖော်ပြပေးထားတာပါ။
တစ်ခုတော့ရှိပါတယ်...၊ Root လုပ်တာတို့ ..၊ Custom Rom တင်တာတို့..၊ Firmware တင်တာတို့က လုပ်တဲ့သူရဲ့ ကျွမ်းကျင်မှု 50% ပါပါတယ်..၊ 

Continue As Your Own Risk

Mobile phone ကို အကောင်းဆုံးနဲ့ အလွယ်ဆုံးပြုပြင်နည်းများ...

0

Posted by Black Magic | Posted in , | Posted on 7:27 PM




နေ့တိုင်းအမေးခံနေရတဲ့မေးခွန်းတွေကိုဒီနေရာနေပဲပြန်ဖြေပေးလိုက်ပါတယ်။
အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ် ...

မေး။ ဖုန်းကအရမ်းလေးနေလို့ဘယ်လိုလုပ်ရမလဲ ?
ဖြေ။ မည်သည့်ဖုန်းအမျိုးစားတွင်မဆို (Model နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ)
မိမိတို့၏ဖုန်းအရမ်းလေးနေပြီဆိုပါက ဖုန်း၏အနောက်မှ Battery အဖုံးကိုဖွင့်ပါ။

Battery ကိုခေတ္တထုတ်ထားပါ။ Battery ထုတ်ထားသောဖုန်းအား ချိန်စ၍ပြန်ကိုင်
ကြည့်ပါ။ အနည်းငယ်ပေါ့သွားပါလိမ့်မည်။ နောက်ထပ်ထပ်မံမလေးစေချင်လျှင်တော့
ဘယ်သောအခါမှ Battery ကိုပြန်မတတ်ပဲသုံးပါ။ ဘယ်သောအခါမှအရင်လောက်
လေးတော့မည်မဟုတ်ပါ။

မေး။ ဖုန်းကသုံးနေရင်းနဲ့အရမ်းပူလာရင်ဘယ်လိုလုပ်ရမလဲ
ဖြေ။ ဖုန်းတစ်လုံးဟာအရမ်းအပူချိန်မြင့်တာဟာမကောင်းတဲ့လက္ခဏာပါ။ အပူချိန်မမြင့်ပါစေနဲ့။
အပူချိန်အရမ်းမြင့်လာတယ်ဆိုရင်တော့ ရေစိုဝတ်ကလေးအုပ်ထားပေးပါ။ ဒီထက်မှအဆင်မပြေ
ပါက ဖုန်းနဲ့အတူရေအိုးထဲကိုတစ်ညအိပ်လောက်ဝင်နေလိုက်ပါ။

မေး။ ကျွန်တော်ဖုန်းမှာ Virus ၀င်နေလို့ဘယ်လိုသတ်ရမလဲ
ဖြေ။ Virus ၀င်တာသေချာပြီဆိုရင်တော့ ပထမဦးဆုံးဖုန်းကို Power ပိတ်လိုက်ပါ။ အဆင်
ပြေမယ့် ၀က်အူလှည့်တစ်ချောင်းဖြင့် နောက်ဖုံးကိုဖွင့်ပါ။ လက်သည်းညှပ် သို့ မဟုတ် ဇာဂနာဖြင့်ကော်
ထုတ်ပါ။ ဤနည်းအတိုင်းအဆင်မပြေပါက အရက်ပြန်ခွက်ထဲတွင် သုံးလေးမိနစ်လောက်စိမ်ထား
လိုက်ပါ။သေချာခြင်လျှင် ခြင်ဆေးဘူးဖြင့် ၅ မိနစ်ခန့်ဖျန်းပေးလိုက်ပါ...၊ ကျိမ်းသေမုချသေသွားပါလိမ့်မည်။ နောက်ထပ်မ၀င်အောင်ဆိုရင်တော့ မိမိဖုန်းအားလေလုံသောဗူးလေးတစ်ခုဖြင့်ထည့်ထားပါ။ စိတ်အချရဆုံးကတော့ အာမခံ ကုမဏီတွေမှာသွားရောက်အပ်နှံထားလျှင်အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

မေး။ Root လုပ်တယ်ဆိုတာဘာကိုပြောတာလဲ
ဖြေ။ Root ဆိုတဲ့အဓိပါယ်ကမြန်မာလိုပြန်ရင် အမြစ် လို့အဓိပါယ်ရပါတယ်။ အဆင်ချောအောင်
ပြောရရင်တော့ Root လုပ်တယ်ဆိုတာ အမြစ်နှုတ်တာပါ။ အဲဒီ အမြစ် လေးထွက်သွားပြီဆိုမှ
မြန်မာဖောင့်ကိုအစားထိုးပြီးထည့်ရပါတယ်။ အကယ်၍ ကိုယ်တိုင် Root လုပ်ကြည့်ချင်တယ်ဆို
ရင်တော့ လိုအပ်မဲ့ပစ္စည်းတွေက သံတူယွင်း တစ်ချောင်း၊ ထင်းခုတ်ဓါးမတစ်ချောင်း၊ နိုင်လွန်ကြိုး
တစ်ခွေ နဲ့ ရေထည့်ထားတဲ့ရေခွက်တစ်ခွက်နဲ့ဆိုရပါပြီ။ အမြစ်နှုတ်နည်းအဆင့်ဆင့်ကတော့
အရင်ဆုံးဖုန်းကိုမြေထဲမြုတ်ပါ ၊ အပေါ်မှရေနဲ့လောင်းပါ ၊ တူယွင်းနဲ့ပြန်တူးပါ၊ ထွက်လာလျှင်
ဓါးမနဲ့ခုတ်ပါ ၊ ပြီးလျှင် နိုင်လွန်ကြိုးနဲ့လည်ပင်းချည်ပြီးဆွဲထားလိုက်ပါ။ မြန်မာဖောင့်ထည့်သွင်း
နည်းကတော့ နောက်မှရေးသားပေးပါမယ်။

မေး။ ဖုန်း Screen ကမငြိမ်ဘူးဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲ ??
ဖြေ။ ဒီလိုမျိုးမငြိမ်မသက်ဖြစ်တဲ့ လက္ခဏာဟာ ဖြေရှင်းရခက်ခဲပါတယ်။ အကောင်းဆုံးကတော့
ဘုန်းကြီးကျောင်းကိုပို့ထားပြီး တရားဓမ္မကျင့်ကြံခိုင်းတာအကောင်းဆုံးပါပဲ။

မေး။ ဖုန်းထဲမှာထည့်ထားတဲ့ Game တွေမနက်ကကြည့်တာရှိသေးတယ်၊ အခုအလိုလိုပျောက်သွားလို့
ဖြေ။ ရဲတိုင်ပါ။ အမူ့ဖွင့်ပါ။ အတော်ဆုံးရှေ့နေတစ်ယောက်နဲ့တိုင်ပင်ပြီးပြန်ရအောင်ကြိုးစားပါ။
သက်သေရှိရင်တော့ပိုကောင်းပါတယ်။

မေး။ Message ပို့တာမထွက်လို့၊ တစ်ခါတလေထွက်သွားရင်လဲဟိုဘက်ကိုရောက်ဖို့ကြာနေ
တတ်တယ် ဘယ်လိုလုပ်ရမလဲ ??
ဖြေ။ ဒါကတော့သေသေချာချာလေ့ကျင့်ပေးထားဖို့လိုပါတယ်။ တစ်ချို့ Message တွေက ပို့လိုက်ရင်
ချက်ခြင်းရောက်မသွားဘဲလမ်းမှာဟိုဝင်ဒီဝင်လျောက်လုပ်နေတတ်ပါတယ်။ တစ်ခါတစ်လေ နယ်ခြား
မြို့ခြားတွေကိုပို့ပြီဆို ကားချိန်မမှီလို့နောက်ကျကျန်နေခဲ့တာမျိုးရှိတတ်ပါတယ်။ ဖြေရှင်းနည်းကတော့
ညအိပ်ခါနီးတိုင်း "Message လေးရယ် လိမ်လိမ်မာမာနေပါဟယ်" ဆိုပြီးဖုန်းကိုသသေချာချာကြည့်
ပြီးနေတိုင်းပြောပေးပါ။ အဲဒါမှမရင် တုတ်နဲ့ရိုက်ပါ။ ချိတ်နဲ့ထိုးပါ၊ ဆောင့်ဆွဲပါ။ နောက်ဆိုအလိုလိုသင်
ပို့ခိုင်းသမျှကိုကြောက်ပြီးလုပ်ပါလိမ့်မယ်။

မေး။ ဖုန်းကဆက်ရင်ချက်ခြင်းခေါ်မရဘူးဖြစ်နေတယ်။
ဖြေ။ "Message လေးရယ် လိမ်လိမ်မာမာနေပါဟယ်" ဆိုတဲ့နေရာမှာ "Phone လေးရယ် လိမ်လိမ်မာမာ
နေပါဟယ်" လို့ပြောင်းပြီးအပေါ်ကနည်းအတိုင်းပဲလုပ်ကြည့်လိုက်ပါ။ အဲဒါနဲ့မရရင် ဆက်သွယ်ရေးကိုခဲနဲ့
သွားထုပါ။
နောက်ထပ်မေးထားသောမေးခွန်းများအားကြိုးစားပြီးဖြေကြားပေးသွားပါမည်။

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.