Showing posts with label Fonts. Show all posts
Showing posts with label Fonts. Show all posts

Zawgyi Keyboard for Mac OS X

0

Posted by Black Magic | Posted in , , | Posted on 3:39 PM


zawgyi logo


Zawgyi Keyboard for Mac OS X ရပါပြီ။ ကျွန်တော် အချိန်အတော်လေး နောက်ကျနေခဲ့တာကို နားလည်စောင့်ဆိုင်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပထမ ပြောကြားလိုပါတယ်။ ကျွန်တော် စမ်းသပ်သမျှ အ၀၀ကို ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း နားငြီးလို့နေပါပြီ။ ဒီဗားရှင်းကိုတော့ Beta Version လို့ ပဲ သတ်မှတ်ကြစေလိုပါတယ်။ အမှားပါက ခွင့်လွှတ်ရန် စကားချီးခံထားပါကြောင်း။
ဇော်ဂျီ လက်ကွက် - Mac OS X Installation Manual


ကျွန်တော့် ကီးဘုတ်/လက်ကွက် သွင်းဖို့အတွက် ပုံစံ နှစ်မျိုးလုပ်ထားပါတယ်။ Installation Package (.mpkg) ဖိုင် ၁မျိုး နှင့် DMG (disk image) ဖိုင် ၁မျိုးဆိုပြီး ရှိပါတယ်။

သတိပြုရန် အချက်များ
၁။ ဗာဟီရ မများချင်တဲ့၊ သက်တောင့်သက်သာ သွင်းချင်တဲ့၊ လူများက .mpkg ကို သွင်းသင့်ပါတယ်။ သတိပြုရန်မှာ Mac OS X 10.4 နှင့် အထက်လူများသာ အဲ့ဒီ mpkg version ကို သုံးလို့ရပါမယ်။ တခြား OS X ဗားရှင်း သမားများကတော့ အောက်က အချက်ကို ဖတ်ပါ။

၂။ ကျွန်တော့် installation package ကို မယုံသော၊ security paranoid များ အပြင် ဘယ် Mac Users မဆို .DMG Version ကို သုံးနိုင်ပါတယ်။

၃။ ဘယ်ဗားရှင်း မဆို သွင်းတဲ့ အခါ၊ Admin Access လိုပါတယ်။ ပြီးရင် Log-out တခါလုပ်ပြီး Log-in ပြန်ဝင်ရပါမယ်။

၎။ ဖွင့်ထားသော Application များကို ကြိုတင် ပိတ်ထားလျှင် အကောင်းဆုံး ဖြစ်မှာပါ။

၅။ လက်ကွက်သည် ၀င်းဒိုးဗားရှင်းနှင့်တူတူပဲဖြစ်ပါတယ်။ ပါတ်ဆင့်များကို Ctrl + Alt အစား Alt ၁ခုထဲသုံးပါ။ Ctrl + Alt + Shift အစား Alt + Shift သာ သုံးပါ။


စဉ်းစားပြီးသွားရင် အောက်မှာ ပြထားတဲ့ iCon ၂ ခုထဲက ကြိုက်တဲ့ ဗားရှင်းကို အရင် ဒေါင်းလုပ်လုပ်ကြပါ။ Primary Source နှင့် အတူ Mirror ၂ခုစီလည်း တင်ထားပေးပါတယ်။




Package Version

DMG Version




Package (.mpkg) Users များ လုပ်ဆောင်ရန်

Package ကို သွင်းတဲ့လူတွေအနေနှင့် ဒေါင်းလုပ်လုပ်ထားတဲ့ ဇစ်ဖိုင်ကို ဖြန့်ချလိုက်ပါ။ .mpkg နှင့် ဆုံးတဲ့ ဖိုင်လေး ၁ခု ထွက်လာပါလိမ့်မယ်။ Double click နှိပ်ပြီး ဖွင့်လိုက်ရင် အောက်မှာပြထားတဲ့ ပုံနှင့် ဆင်တူတဲ့ Wizard လေး ၁ခုပေါ်လာပါမယ်။ အဆင့်ဆင့်ကို Next , OK နှင့် ရွေးလိုက်ယုံပါပဲ။ Admin access ကို Authenticate လုပ်ခိုင်းရင် သင့်ရဲ့ Password ထည့်ပြီး ဆက်သွားပါ။ နောက်ဆုံး Finish လုပ်ပြီးရင် Log Out လုပ်ဖို့ ပြောပါမယ်။ Log Out လုပ်၊ ပြန်ဝင်ပြီးရင် အောက်က Final Flow ကို ဆက်ဖတ်ပါ။

zgInstallpkgsmall1
zgInstallpkgsmall2

Disk Image (.dmg) Users များ လုပ်ဆောင်ရန်

.dmg ဖိုင်ကို အရင် ဒေါင်းလုပ်လုပ်ပြီးရင် double-click နှိပ်ပြီး ဖွင့်လိုက်ပါ။ အောက်မှာပြထားတဲ့ ပုံနှင့် ဆင်တူတဲ့ ၀င်းဒိုး ၁ခု တက်လာပါမယ်။ သက်ဆိုင်ရာ ဖိုလ်ဒါတွေထဲ မျှားပြထားတဲ့အတိုင်း Drag & Drop ဆွဲထည့်လိုက်ပါ။ Admin Access Password တောင်းရင် သင့် Password ထည့်ပေးလိုက်ပါ။ နောက်ပြီးရင် Log Out လုပ်ပါ။ ပြီးရင် Log In ပြန်ဝင်ပြီး အောက်က Final Flow ကို ဆက်ဖတ်ပါ။

dmgInstallSmall


Final Flow - Final Steps for All Users

အခုလို Log In ပြန်ဝင်လာပြီးသွားရင် ကီးဘုတ်လေးအောက်နှင့် ဖွန့်က စက်ထဲကို ၀င်သွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဝင်းဒိုးစ်မှာ သုံးသလို Language Bar လေးကနေပြောင်းပေးတာမျိုး၊ Short Keys လေး တွေ နှိပ်လိုက်တာနှင့် မြန်မာ ကနေ အင်္ဂလိပ် ပြောင်း သွားတာမျိုးတွေလုပ်ရပါဦးမယ်။ အောက်က အဆင့်တွေကို ဆက်သွားပေးပါ။

၁။ ပထမ International Preferences ( System Preferences အောက်က International ပါ။ ) ကို ဖွင့်ပါမယ်။ သွားရခက်တယ်ထင်တဲ့လူတွေက ဘာမှ ထွေထွေထူးထူးလုပ်မနေပဲ အောက်က Screenshot မှာ ပြထားသလို သင်တို့ OS X Screen ရဲ့ ညာဘက်အပေါ်ထောင့်က Spotlight ကို သာ သုံးလိုက်ပါ။ မှန်ဘီလူး ပုံလေးကို တစ်ချက်နှိပ်ပြီး၊ International လို့ ရိုက်ပြီး၊ ခဏစောင့်ပါ။ ပေါ်လာရင် ကလစ်နှိပ်လိုက်ပါ။

international1
international2


၂။ International Preferences တက်လာပါမယ်။ Languages ၊ Formats ၊ Input Menu ဆိုပြီး Tab သုံးမျိုးတွေ့ပါမယ်။ Input Menu ကို ကလစ်လိုက်ပါ။ ပြီးရင် ဒုတိယ Screenshot မှာ ပြထားတဲ့ အတိုင်း Input Menu List ကြီးတွေ့ပါလိမ့်မယ်။ ပုံထဲကအတိုင်း Zawgyi KB ကို ရှာပြီး အမှန်ခြစ်လေးခြစ်လိုက်ပါ။ Show Input Menu in Menu Bar ကိုလည်း အမှန်ခြစ်ခြစ်ပါ။ နောက် Allow a different input source for each document လည်း ရွေးထားလိုက်ပါ။

InputMenu1
InputMenu2


၃။ အဲ့ဒီအပေါ်က Screenshot မှာ Select Next Input Source in Menu ဆိုပြီး ကီးဘုတ် shortcuts နှင့် ပတ်သက်တဲ့ အပိုင်းကို ကျွန်တော် အနီရောင် ၀ိုင်းထားတာတွေ့ရပါမယ်။ အဲ့ဒါ ကီးဘုတ် ခလုတ်တွဲ ၁ခု နှိပ်တိုင်း Input Language ပြောင်းဖို့ပါ။ တချို့ ယူဆာတွေ က အဲ့ဒီနေရာမှာ Conflict ရှိတယ်လို့ ပြောကြပါတယ်။ Conflict ရှိနေရင် အ၀ါရောင် exclamation mark လေး ၁ခုတွေ့ ပါလိမ့်မယ်။ Select Previous Input Source ရဲ့ default key shortcut က Apple Key + Space ပါ။ Select Next Input Source ရဲ့ default shortcut က Apple Key + Alt Key + Space ပါ။ များသောအားဖြင့် Select Previous Input Source ဘေးမှာ Conflict icon လေး ပေါ်နေပါလိမ့်မယ်။ အဲ့ဒါဘာလို့လဲဆိုတော့ Spotlight ကိုခေါ်တဲ့ shortcut နှင့် သွားရှုပ်နေလို့ပါ။ အဲ့ဒီအချက်ကိုပြင်ဖို့ Keyboard Shortcuts ဆိုတဲ့ Button ကြီးကို နှိပ်လိုက်ပါ။


၎။ Keyboard & Mouse Preferences Pane ပေါ်လာပါလိမ့်မယ်။ Keyboard Shortcuts Tab ကို နှိပ်ပါ။ အောက်က Screenshot ကို တချက်ကြည့်ပေးပါ။ ပုံမှာ ပြထားတဲ့အတိုင်း Input Menu ကို တွေ့အောင်ရှာပါ။ ကျွန်တော်ကတော့ Select Next Input Source ၁ခုထဲကို ရွေးထားပါတယ်။ အဲ့ဒါပိုကောင်းပါတယ်၊ စမ်းသုံးကြည့်ပါ။ ကီး ချိန်းချင်ရင် အဲ့ဒီ ကီးပေါ်မှာ Double Click နှိပ်ပြီး ကြိုက်တဲ့ ကီးတွဲကို နှိပ်ထည့်ပါ။ နောက် ခုနက ပြဿနာတက်နေတဲ့ Spotlight ကိုလည်းတွေ့ပါလိမ့်မယ်။ သူ့ shortcut ကို သူ့ default ဖြစ်တဲ့ Apple Key + Space ပဲ ထားတာကောင်းပါတယ်။ ပြီးရင် Keyboard Pref ကို ထွက်လိုက်လို့ရပါပြီ။

KeyboardShortcuts


၅။ အားလုံးပြီးပါပြီ။ သင့်ရဲ့ Menu Bar မှာ အမေရိကန် အလံလေး ပေါ်လာပါလိမ့်မယ်။ သူ့ကိုနှိပ်လိုက်ရင် List လေးကျလာပြီး မြန်မာအလံကိုရွေးပြီး မြန်မာလိုစရိုက်လို့ရပါပြီ။ ကီးဘုတ် shortcut ကိုလည်း စမ်းကြည့်ပါဦး။

ChangeInputSource


Notes:
- Installation Environment Tested and Demoed was on Mac OS X 10.4 Tiger.
- Offline PDF version of this manual will be online tomorrow.

Future Fixes:
- Admin Access မလိုဘဲ သွင်းလို့ရအောင် ပြင်ရေးပေးပါ့မယ်။
- Zawgyi Font နောက်ဆုံးဗားရှင်း ဟုတ်မဟုတ်ကျွန်တော်လည်း မသေချာပါဘူး။ အသစ်ထွက်မယ်ဆိုထားတဲ့ ဗားရှင်းထွက်တာနှင့် ပြန်တင်ပေးပါ့မယ်။
- Automation Workflow ၁ရပ်အနေနှင့် အဆင့်တွေအများကြီးသက်သာသွားအောင် ကျွန်တော် ကြိုးစားကြည့်ပါမယ်။

Last words:
- ကျေးဇူးတင်ထိုက်သူ အားလုံးကို ထပ်မံ ကျေးဇူးအထူးတင်ပါကြောင်းနှင့် သုံးတဲ့လူအားလုံး 

အိုကေနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ အချိန်မရွေး ကျွန်တော့် အီးမေးလ်ကို ပို့ပြီး ဆက်သွယ် ဆဲဆို၊ 

ကြိမ်းမောင်းနိုင်ပါတယ်။ ခုတော့ မနက် ငါးနာရီထိုးတော့မယ်။ အိပ်တော့မယ်ဗျိုး။ ....


လေးစားစွာဖြင့်
WaiPhyoK

Myanmar Font Collection

0

Posted by Black Magic | Posted in | Posted on 5:00 PM


Myanmar Font (ttf) တစ်ထောင်ကျော်စုထားတာတွေ့လို့တင်ပေးလိုက်ပါတယ်ခင်ဗျာ..၊

Download 1082 Fonts.zip
Myanmar Font ပေါင်း ၁၀၈၂ ခုကို Zip File နဲ့တင်ထားတာပါ..၊

Download Sanpya (HTC)
ဒါကတော့ HTC Phone တွေမှာပါတဲ့ Sanpya Font ပါ..၊

ZawgyiOne2008 (Samsung)
Samsung Phone တွေမှာပါတဲ့ Zawgyi One 2008 ပါ..

Zawgyi One 2008 For v4.3 +
Samsung Phone တွေမှာပါတဲ့ Zawgyi One 2008 ကို Android Version 4.3 နဲ့အထက်မှာ မှန်အောင်ပြန်ပြင်ထားတဲ့ Font ပါ..၊

Download Zawgyi One Ghost For v4.3 +
Zawgyi One Ghost (ဇော်ဂျီသရဲဖောင့်) ကို Android Version 4.3 နဲ့အထက်မှာမှန်အောင် ပြင်ထားတဲ့ Font ပါ..။

Credit to DJJoeMan(MMF)

Android Version 4.3 အထက် Samsung တွေကို မြန်မာစာမှန်စေမယ့် SmartZawgyi 4.3 Batch File

0

Posted by Black Magic | Posted in , , , | Posted on 3:19 AM



Samsung Android V4.3 အထက်များကို ကလစ်တစ်ချက်နှိပ်ယုံနဲ့
+ မြန်မာဖောင့်ရခြင်း  + မြန်မာစာမှန်သော 4.3 အတွက်ဖောင့်ဖြစ်ခြင်း 
+ ဖုန်းတစ်ခုလုံး မြန်မာစာစနစ် ပြောင်းလို့ရခြင်း  
+ စမ်ဆောင်းရဲ့ မြန်မာကီးဘုတ်ပါ ပါခြင်း  
+ နေရာတိုင်း မြန်မာစာမြင်ရခြင်း   
+ ဘယ်ဖောင့်မှလဲ မပျောက်ခြင်း  

မြန်မာဖောင့်ပါပြီး မြန်မာစာလွဲနေတဲ့ 4.3 အထက်ဖုန်းတွေလဲ မြန်မာစာမှန်သွားပြီး ပြောထားတဲ့အချက်တွေအတိုင်းဖြစ်သွားမှာပါ :)
4.3 အထက်ဖုန်းမှာ ( -ျ ) ( -ု ) ( -ူ ) ( -ာ ) ( -် ) ( -့ ) တွေ အထဲကိုဝင်နေတဲ့ပြသနာကို ကျနော်အနည်းငယ်ဖြေရှင်းထားလို့ စာကိုတည့်မှန်စွာမြင်ရမှာဖြစ်ပါတယ် ။

အောက်တွင်ဖော်ပြထားသည့်  ပထမပုံကတော့ ဖောင့်မထည့်ခင်ကပုံပါ ။ ဒုတိယပုံကတော့ ဖောင့်ထည့်ပြီးပုံပါ :)

Huawei Y511 ဖုန်းများတွင် မြန်မာစာထည့်သွင်းနိုင်သည့် Smart Zawgyi 2

0

Posted by Black Magic | Posted in , , | Posted on 2:49 AM



Huawei Y511 ဖုန်းများတွင် မြန်မာစာထည့်သွင်းနိုင်သည့် Smart Zawgyi 2 ထွက်ရှိလာပြီဖြစ်သည်။ ယင်း Huawei Y511 ဖုန်းများသည် မြန်မာစာဖောင့်ထည့်ရခက်သည်ဟု နာမည်ကြီးနေသည့်ဖုန်းတစ်လုံးဖြစ်ပြီး ယခုအခါ Developer ကိုကျော်စွာသွင်မှ အခမဲ့သုံးစွဲနိုင်သော Smart Zawgyi 2 အနေဖြင့်ထုတ်လုပ်ပေးလိုက်ခြင်းဖြစ်သည်။ ယခု Installer လေးကိုအသုံးပြု၍ Huawei Y511 ကိုသာမက အခြား Android ဖုန်းများကိုလည်း မြန်မာစာဖောင့် မှန်ကန်အဆင်ပြေစွာ ထည့်သွင်းပေးနိုင်မည်ဖြစ်သည်။ Smart Zawgyi 2 သည်ကွန်ပျူတာ Tool အမျိုးအစားဖြစ်ပြီး မြန်မာစာထည့်သွင်းလိုသော ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်လုပ်ဆောင်ရမည်ဖြစ်သည်။ Smart Zawgyi 2 ကိုအောက်က link မှာရယူနိုင်ပါတယ်။

[Download Link - 1]                [Download Link - 2]

Firefox မှာ မြန်မာစာ အပြည့်မပေါ်တဲ့သူတွေအတွက်

0

Posted by Black Magic | Posted in , | Posted on 3:37 PM

Firefox မှာ မြန်မာလိုအပြည့်အစုံမပေါ်တဲ့သူတွေ အတွက် နည်းလမ်းလေးတင်ပေးလိုက်းပါတယ်..၊
သိပြီးသားသူတွေကတော့ သည်းခံပါခင်ဗျာ..၊ အောက်က အဆင့်တွေအတိုင်းလိုက်လုပ်ကြည့်လိုက်ပါ..၊



အပေါ်ဆုံးက Menu Bar မပေါ်ရင် Alt ကို တစ်ချက်နှိပ်လိုက်ပါ..၊



အာ့ဆို Ok ပါပြီ..၊
Credit : ZawMinThan

MMSD Smart Zawgyi v1.5 For Android (1.6 MB)

0

Posted by Black Magic | Posted in , | Posted on 4:51 PM


Cover art

မည့်သည့်ဖောင် Changer နဲ့ထည့်ထည့်မြန်မာစမပေါ်သော Y511 , 0 တွေပေါ်ပေါ်နေတက်သော G610, Y320 နောက်ဆုံးထွက် G730 တို့အပြင်Samsung,Sony,Huawei,HTC,imobile မည်သည့် Model မဆိုအသုံးပြုနိုင်ပါတယ်။Android version 1.6 ကနေ 4.4 အထိအသုံးပြုနိုင်ပြီး Android 4.1 နဲ့အထက်တွေမှာအသုံးပြုမယ်ဆိုရင် အရင် ဇော်ဂျီထက်ပိုမိုမြန်မာစာမှန်ပါတယ်။
Smart Zawgyi ကိုသုံးဖို့အတွက် Root ဖောက်ထားဖို့လိုပါတယ်..၊။ Play Store ကနေဆွဲလို့ အဆင်ပြေတဲ့သူတွေကတော့ Play Store ကနေသွားဆွဲလိုက်ပေါ့ဗျာ...၊
https://play.google.com/store/apps/details?id=com.phyochan.smartzawgyi
အဆင်မပြေတဲ့သူတွေကတော့ အောက်က Link ကနေဒေါင်းနိုင်ပါတယ်..၊

http://cl.ly/2K3u3e1N1c2D/download/MMSD%20Smart%20Zawgyi%20v1.5.apk

MMSD Smart Zawgyi - screenshot thumbnail  MMSD Smart Zawgyi - screenshot thumbnail  MMSD Smart Zawgyi - screenshot thumbnailMMSD Smart Zawgyi - screenshot thumbnail

Description
MMSD Smart Zawgyi v1.5's Base Smart Zawgyi Pro
It Support Fixing G610S,Y320C & Y511 & G730
Need Root Acees!.
Support Devices - Huawei,HTC,Sony,Samsung
Support Version - Android version 1.6 To 4.2.2
Additional information
Updated  -  January 7, 2014
 Size       -  1.6 MB
Current Version  -  1.5
Requires Android  -  1.6 and up
Credit : MMSD (ဖြိုးချမ်း)

Myanmar Fonts For Viber In PC

0

Posted by Black Magic | Posted in , , | Posted on 1:43 PM

PC Viber မှာ မြန်မာစာကိုရေးလို့ဖတ်လို့ မရသေးတဲ့ဘော်ဒါတွေအတွက် မြန်မာ Font ပြန်တင် ပေးလိုက် ပါတယ်...

လုပ်ပုံလုပ်နည်းကသိပ်မခက်ပါဘူး .. Download ဆွဲပြီး Double Click နဲ့Install လုပ်ရုံပါပဲ.... အဆင်ပြေပါစေ..၊

Download Now 



Y511 အတွက် မြန်မာစာ အဆင်ပြေတဲ့ MMSD Smart Zawgyi v1.3

0

Posted by Black Magic | Posted in , | Posted on 2:34 PM




  • အရင် version v1.2 မှာ မရတဲ့ ဖုန်းတွေကို ထပ် ဖြည့်ပေးထားပါတယ်။
  • Android version 1.6 ကနေ 4.2.2 အထိအသုံးပြုနိုင်ပါတယ်။
  • Sony တွေမှာလဲအသုံးပြုနိုင်ပါတယ်။
  • လက်တလောရေပန်းစားနေတဲ့ Y511 တွေလဲအဆင်ပြေပါပြီ။
  • Y320, G610 ကဲ့သို့သောဖုန်းတွေ ၀လုံးတွေမတက်ပဲအဆင်ပြေပြေရေးနိုင်ဖတ်နိုင်ပါတယ်။
  • iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။
  • ၀လုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။
  • Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။
  • Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။
  • သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .
  • တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေ တက်လာပေမဲ့ Restart ချပေး
  • လိုက်ရင်အဆင်ပြေ သွားပါလိမ့်မယ်. . .
  • မည့်သည့် Font မှမပျက်ပါဘူး
  • Frozenkeyboard v1.1.3 တစ်ခါထဲထည့်ပေးထားပါတယ်။

Download From Mediafire          |          Download From Dev-Host





Credit From > MMSD



Samsung Version 4.3 နဲ့အထက်မြန်မာစာမှန်ဖို့ Font dot bat file

0

Posted by Black Magic | Posted in , , | Posted on 10:50 PM


4.3 Sammy..
-Just Unzip & Run Installer.bat Will
-Inject Myanmar Font
-Inject Myanmar Keyboard
-Enable Myanmar Language
-Both Installer Can flash One By One Until Ya Pin Correct
-For Pre rooted Rom Just Install From Preroot One
-For Normal Root Eg cf root..Just Install From Normal One..

Download https://my.pcloud.com/ & http://pc.cd/Sup

Credit To Kyaw Swar Thwin (Moriba) & Djjoe Man

Samsung Zawgyi Enabler v2.0 For Android

0

Posted by Black Magic | Posted in , | Posted on 12:54 AM

Samsung ရဲ့ Official မြန်မာဘာသာစနစ် နဲ့ မြန်မာစာလက်ကွက်ကို တစ်ပါတည်းထည့်သွင်းပေးမယ့် Samsung Zawgyi Enable ပါ...၊ နိုင်ငံခြားရောက်မြန်မာတွေနဲ့ ပြည်တွင်းကမြန်မာတွေရဲ့ မြန်မာဘာသာစနစ်မပါဝင်သေးတဲ့ Samsung ဖုန်းတွေမှာ Samsung ရဲ့ Official မြန်မာဘာသာစနစ် နဲ့ မြန်မာစာလက်ကွက်ကို တစ်ပါတည်းထည့်သွင်းပေးမယ့် Samsung Zawgyi Enabler v2.0 Myanmar Mobile App Store ကနေရေးသားထုတ်ဝေလိုက်ပါတယ်။ ယခု version 2.0 မှာSamsung မြန်မာဘာသာစနစ်အပြင် အခြားဘာသာစကားတွေကိုပါထပ်မံသွင်းပေးသွားမှာဖြစ်ပြီး မြန်မာလက်ကွက် (Keyboard)
ကိုပါထည့်သွင်းပေးမှာဖြစ်ပါတယ်။ ခလုတ်တစ်ချက်နှိပ်ရုံလေးပါပဲ။ Android version 4.2 နှင့်အထက် Samsung ဖုန်းတော်တော်များများမှာအဆင်ပြေစေရန်ပြုလုပ်ထားပါတယ်။ ယခု Version မှာ User Guide ကိုလည်းထည့်သွင်းပေးထားတဲ့အတွက် Step By Step လုပ်နည်းကိုဖတ်ရှုပြီး
အဆင်ပြေပြေလုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။Samsung Zawgyi Enabler v2.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Credit To သက်နိုင်စိုး

Android 4.3 အထိမြန်မာစာမှန်မယ့် Zawgyi-One Flip Font (New)

0

Posted by Black Magic | Posted in , | Posted on 12:14 PM

Zawgyi-One FlipFont(new) - screenshot



Developer Ko Myo Min Latt ရဲ့ Android Version 4xxx ကနေ 4.3 ထိ မြန်မာစာတွေ မှန်စေတဲ့  Zawgyi-One FlipFont(new) Update လေးပါ .. အရင်က 4.1.2 ထိပဲ အဆင်ပြေပါတယ် .. ခု Update မှာတော့ နောက်ဆုံးထွက် Android Version 4.3 ထိ မြန်မာစာတွေ မှန်စေတယ်လို့ ဆိုထားပါတယ် .. Zawgyi-one Font (14) မျိုးနဲ့ လည်း အသုံးပြုနိုင်မှာပါ... v4.3 ပိုင်ရှင်များ စမ်းသပ်ကြည့်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

FileSize - 1.4 MB


PlayStore


AppsEvozi         |          Miloshare



Description:
- Supported S4 and android 4.2.2 up.
- Beautiful zawgyi-one 14 font pack
- Very easy to change myanmar font for your galaxy devices.
- No need root.
- Low memory space
- Move to SD card or phone.



English Fonts + Myanmar Fonts For Windows (3053-FONTS)

0

Posted by Black Magic | Posted in | Posted on 2:41 PM


Windows Only
အလင်းသစ်နံနက်ခင်း ကနေ Fonts ကောင်းမယ်ထင်တာလေးတွေတွေ့လို့ ထပ်တင်ပေးလိုက်ပါတယ်...၊  ဒီဇိုင်းအမျိုးမျိုးနဲ့ အင်္ဂလိပ် ဖေါင့်၊မြန်မာဖေါင့် (၃၀၀၀) ကျော်ပါခင်ဗျာ...၊။  စာလုံးအလှဖေါင့်လေးတွေ လိုချင်လို့ တဆိုဒ်ဝင်၊တဆိုဒ်ထွက် လိုက်ရှာနေရတဲ့ ဒုက္ခက ကင်းဝေး ပြီး တနေရာထဲမှာ ကြိုက်တာရွေးယူနိုင်အောင် ဖေါင့်အမျိုးအစားတခုချင်းစီ သီးခြားတင်ပေးထား ပါတယ်။ Password လေးကိုတော့ သေသေချာချာမှက်သွားလိုက်ပါခင်ဗျာ...၊ ကျွန်တော်ဆိုရင်တော့ Password မေ့ရင် ဒုက္ခရောက်မှာစိုးလို့ Password မခံပါဘူး..၊ အခုဟာကတော့ ကျွန်တော်တင်ထားတာမဟုတ်တော့ သေသေချာချာလေးမှက်ထားလိုက်ပေါ့ဗျာ...၊ ◕‿◕ 
File နာမည်နောက်မှာ တစ်ခါထည်းမှက်ထားလိုက်လည်း ရတာပဲ..၊ ဥပမာ..၊ File နာမည်က Zawgyi ဆိုပါတော့... နောက်ကနေပြီးတော့ Zawgyi[Pass-www.linthit.com] ဆိုပြီးမှက်ထားလိုက်ပေါ့ဗျာ..၊ ကျွန်တော်လည်း အဲလိုဘဲမှက်ထားတယ်...၊ ဒါမှမဟုတ်လည်း ဒေါင်းပြီးတာနဲ့ တစ်ခါထည်းဖြည်ပြီး ကိုယ်ဘာသာ ပြန် Archive လုပ်လိုက်ပေါ့..၊ 

RAR Extract Password - www.linthit.com 

Install Guide 

ကိုယ်သုံးချင်တဲ့ Font တွေကို Copy ယူပြီး 
Start >>> Control Pannel >>> Fonts မှာ Paste လုပ်ပါ။ 
Box တတ်လာခဲ့ရင်တော့ Don't Show This Message Again ကိုအမှန်ခြစ်ပေးပြီး OK လိုက်ပါ..။
တစ်ခုထည်းသွင်းချင်တယ်ဆိုရင်တော့ Double Click ပြီး Install လုပ်ရင်လည်းရပါတယ်...၊














Font အားလုံး TTF File Format တွေချည့်ပါ။
အလင်းသစ်မှာ နောက်ထပ် အင်္ဂလိပ်စာလုံး အလှ ဖေါင့်ပေါင်း ၁-သောင်းကျော်ကျန်ပါသေးတယ်တဲ့ခင်ဗျာ...၊ File Size အရမ်းကြီးနေလို့ မတင်သေးတာပါတဲ့...၊ 
တင်ထားတာတွေ့ရင် ထပ် Share ပေးပါမယ်ခင်ဗျာ...၊

Huge Collection Of Myanmar Fonts [66.53 MB]

0

Posted by Black Magic | Posted in | Posted on 6:03 PM


http://www.modny73.com/wp-content/uploads/2013/08/Font-Selection.jpg

ပြည်ပကနေ ဘော်ဒါတစ်ယောက်လှမ်းတောင်းထားလို့ အခြားသောလိုအပ်သူများလည်

အသုံးပြုနိုင်အောင် ကျွန်တော့်မှာရှိတဲ့ Font တွေအားလုံးကိုစုစည်းပြီးတင်ပေးလိုက်ပါတယ်ဗျာ

 အခုတင်ပေးလိုက်တဲ့ Font တွေ ကိုဒေါင်းယူထားစေချင်ပါတယ်ဗျာ။ 

ဘာကြောင့်လည်းဆိုတော့ ကျွန်တော်စုဆောင်းထားတာ ကျွန်တော်သိ လို့ပါဘဲဗျာ။ 

အခြားလူတော်တော်များများမှာမရှိတဲ့ Font တော်တော်များများ ဒီထဲမှာပါဝင်ပါတယ်။

 အဓိက စုစည်းထားတာကတော့ ၀င်းမြန်မာစာစနစ်အပြင်အခြားသော 

မြန်မာဖောင့်တွေတော်တော်များများကိုပါဝင် ပါတယ်။ 

ရန်ကုန်မှာတော့ ဖောင့်တွေကို ကွန်ပြူတာ Software တွေရောင်းတဲ့ ဆိုင်တွေမှာယူနိုင်ပေ မယ့် 

ဖောင့်တွေကို ၀ယ်မရတဲ့နေရာဒေသမှ သူငယ်ချင်းများအားလုံး အဆင်ပြေနိုင်ကြပါစေဗျာ။


Zaw Gyi Fonts For iOS 7 (No Jailbreak Require)

0

Posted by Black Magic | Posted in , | Posted on 7:02 PM




iOS 7 ကို Jailbreak မလုပ်ဘဲမြန်မာစာသွင်းနိုင်မယ့် ဇော်ဂျီဖောင့် အလန်းလေးတွေ ထွက်ရှိလာပါပြီ။  ဒီ font များကိုiPhone/iPad/Pod touch တွေမှာသွင်းပုံသွင်းနည်းကတော့
1. iDevices ရဲ့ Safari Browser ကနေအခုပေးထားတဲ့ Link ကိုဝင်ပါ။
2. Download ကိုနှိပ်ပါ။
3. Install ကိုနှိပ်ပါ။
ဒါဆိုရင် iDevices ရဲ့ function အားလုံးနီးပါးကို မြန်မာစာမြင်နိုင်ပြီဖြစ်ပါတယ်။Ios7 အတွက် Zawgyi font အလန်းများကိုအောက်မှာ ရယူနိုင်ပါတယ်..

Art House fontအားရယူရန်
ဗိဿနိုး font အားရယူရန် 
Dance Zawgyi font အားရယူရန် 
zawgyi flower font အားရယူရန်
credit MMAS 

Built In မြန်မာFontမပါတဲ့ Phone တွေကို Built In မြန်မာစာစနစ်ထည့်သွင်းခြင်း

0

Posted by Black Magic | Posted in , , , | Posted on 8:22 AM




ဒါကတော့ကျွန်တော်စမ်းသပ်ထားတဲ့ကျွန်တော့်ရဲ့Samsung Galaxy Tab 2 P3100 လေးဖြစ်ပါတယ်။။။
Version ကတော့ 4.2.2 ကိုတင်ထားပါတယ်…မြန်မာစာက Built in မပါတော့တော်တော်လေးစိတ်ညစ်
ခဲ့ပါတယ်….အခုတော့ကျွန်တော်တော်တော်လေးစိတ်သက်သာသွားပါပြီ…ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော့်သူငယ်ချင်းဆောင်းညီဦး(ပျဉ်းမနားသား)ကကျွန်တော့်ကိုSoftwareလေးတစ်ခုပေးတယ်။။။


သူကတော့HTC One ကိုင်ပါတယ်…သူ့ဖုန်းကလည်း Built In မြန်မာစာမပါဘူးဆိုတော့သူလည်းရှာတွေ့
ထားတာကိုကျွန်တော့်ကိုပြန်ပေးတယ်..သူ့ဖုန်းမှာတော့မြန်မာစာတချို့နေရာတွေမှာလွဲနေတာလေးတွေ

ရှိနေပါတယ်…ကျွန်တော့်Tabletလေးမှာတော့မြန်မာစာကDate&Timeမှာလောက်လွဲမှားပြီးကျန်တဲ့နေရာတွေမှာ
တော့မလွဲသလောက်ကိုရှိပါတယ်…..

ဒီအောက်ကScreen Shot လေးကကျွန်တော့်သူငယ်ချင်းဖုန်းလေးကိုစမ်းသပ်ထားတာပါ…..



ကဲဒီနည်းလေးကိုသိပြီးသားလူတွေလည်းရှိကောင်းရှိနိုင်ပါတယ်…
ကျွန်တော်ကတော့ခုမှာစမ်းသပ်ပြီးဖြစ်လို့နည်းပညာကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်….
ဒီကောင်လေးကထွေထွေထူးထူးမဟုတ်ပါဘူးးးAPKလေးတစ်ခုတည်းနဲ့ဘဲမြန်မာစာစနစ်ပြောင်းသွားမယ်ဆို
ရင်သင်ယုံမလားးးးး???
ကျွန်တော်တောင်အစကလုံးဝမယုံလို့စမ်းလိုက်တာတော်တော်မျက်လုံးပျူးသွားတယ်…



ဒီApp လေးကတော့ MoreLocale 2 လို့အမည်ရတဲ့အစွမ်းထက်တဲ့Appလေးဖြစ်ပါတယ်…
ဒီAppလေးကိုအသုံးပြုဖို့အတွက်Root Accessတော့ရှိရပါမယ်…

မှတ်ချက်။။ ။။ဖုန်းတိုင်းနှင့်အဆင်မပြေပါ…။Samsung တော်တော်များများနှင့်အဆင်ပြေပါလိမ့်မယ်…
Sony တစ်ချို့ဖုန်းတွေမှာလည်းအလုပ်လုပ်ပါတယ်..(Xperi Z မပါပါ)…
ဒီAppလေးကိုဒေါင်းပြီးဖုန်းရဲ့ညာဘက်ထောင့်နားလေးက “Custom Locale”ကိုနှိပ်လိုက်ပါကအပေါ်ကပုံလေးအတိုင်းပေါ်လာပါမယ်..
Language – my
Country – MM
ပြီးရင်တော့ Set ကိုနှိပ်လိုက်ပါ….

Permission တောင်းရင်တော့ Allowပေးပြီး ဖုန်းကိုRebootလုပ်ပေးပါ….
ပြန်တက်လာရင်တော့မြန်မာစာလေးနဲ့လန်းနေပြီနော်…
အားလုံးအဆင်ပြေပါစေ

Software ပေးတဲ့ကျွန်တော့်ရဲ့Best Friend ဆောင်းညီဦးကိုလည်းကျေးဇူးတင်ပါတယ်…
Download Link For MoreLocale 2 

Myanmar Font မှန်အောင်လုပ်ပေးမယ့်.. Font Repair Tool

0

Posted by Black Magic | Posted in , , | Posted on 1:53 AM


 Zawgyi Font Changer ( Z.F.C ) - screenshot

ဒီ App ကို Install ပြီးလျှင် ဖွင့်ပြီး (Font error) ကိုနှိပ်ပြီး အရင်ဆုံးဖတ်ပါ...။
(Android 4.1.xx တွင် မြန်မာစာ ဒုက္ခပေးနေတာကို ပြင်ဆင်ခြင်းဖြစ်ပါသည်။ မြန်မာစာ မှန်နေသော ဖုန်းများတွင် မပြုလုပ်ပါရန် အသိပေးအပ်ပါသည်) 
အညွှန်း : Android 4.1.2 ,4.2.2  များတွင်မြန်မာစာ Error ကိုရှာဖွေတွေ့ရှိခဲ့သော Developer Ko Kyaw Zaw Naing ကို ဒီနေရာကနေ အားလုံးရဲ့ ကိုယ်စား ကျွန်တော်က အရမ်းကျေးဇူးတင်ရှိပါကြောင်းပြောကြားပါရစေ။

The Best Zawgyi Font Changer for Myanmar !!!  ဒီ app ကို အသုံးပြုဖို့ Device ကို Root လုပ်ထားရပါမယ်။ Busybox သွင်းပြီးသားဖြစ် ရပါမယ်။

Support: Android 2.1 and up ( All Android Brands )

Huawei,Sony,Samsung,Htc,LG....etc လူကြိုက်များသော Fontstyle (၇) မျိုးပါပါသည်။ Root,busybox ရှိပြီဆိုရင် လွယ်ကူစွာပဲ မြန်မာစာသွင်းနိုင်ပါပြီ။ Sony Device တွေအတွက် Font Error
(ျ)​ အ​ပေါ်တက်​တာ မဖြစ်​ပါ။ယခုသုံးထားတဲ့ Font တွေဟာ မူရင်း ဇော်ဂျီကိုဖုန်းတွေပေါ်မှာ စာလုံးတွေ
လှပအောင်၊အပေါ်အောက်မထပ်အောင်၊ ကြည့်ရတာလည်းရှင်းလင်းအောင်အ​သေးစိတ်ပြုပြင်ထားပါတယ်။

Zawgyi Font Changer ( Z.F.C ) - screenshot  Zawgyi Font Changer ( Z.F.C ) - screenshot

Device မှာလည်း မြန်မာစာကို နေရာတိုင်းမြင်ရပါမယ်​။
China language ​ပျောက်​​နေရင်​လည်း ဒီ Font ​တွေထည့်​တာနဲ့ ပြ​န်​မြင်​ရပါလိမ့်​မည်​။

Myanmar Fonts In Viber

0

Posted by Black Magic | Posted in , , | Posted on 10:14 PM


အရင်ကလည်း တခြားနည်းတွေတင်ပေးဖူးပါတယ်...၊ အခုကတော့ နည်းနည်းလွယ်မယ်ထင်လို့ ထပ်တင်ပေးလိုက်ပါတယ်...၊ 



Myanmar Font ကို အောက်မှာ ယူလိုက်ပါ....၊  ရလာတဲ့ Font လေးကို
ပြီးရင်တော့ start> control panel > fonts အောက်ကပုံလေးအတိုင်း ထဲ့လိုက်ပါ  yes (or ) no မေးရင် yes ပေးလိုက်ပါ  မြန်မာစာမမြင်ရရင် ကွန်ပျူတာကို restart ချလိုက်ပါ မြင်ရပါလိမ့်မယ်


FEPFZ (UPDATED TO VERSION 2.0)

0

Posted by Black Magic | Posted in , , | Posted on 5:49 PM



*** MAJOR UPDATE ***
MORE POWERFUL and MORE RISKY

Version အသစ်လေးတွေ့လို့ထပ်တင်ပေးလိုက်ပါတယ်...၊ Version အဟောင်းကို
Android Phone တစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း မှာတင်ထားပါတယ်..၊
အဲဒီမှာဒီ Application အကြောင်းကို အပြည့်အစုံတင်ပေးထားပါတယ်....၊
အခု update မှာ code segment တွေအပေါ် မမှီခိုတော့ဘဲ ELF file structure အတိုင်းလိုက်ပြီး ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ ဖုန်းအားလုံးနီးပါးနဲ့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Myanmar Unicode system ကို တစ်စိတ်တစ်ပိုင်း ပြုပြင်တာတင်မဟုတ်ဘဲ စနစ်တစ်ခုလုံးကို အလုပ်မလုပ်နိုင်အောင်လုပ်လိုက်မှာဖြစ်ပါတယ်။

ဖုန်းဘောင်နောက်မှာ စာတွေကွယ်နေတဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်ပါပြီ။ အဲဒီပြဿနာပေါ်နေတဲ့ဖုန်းတွေလည်း update နဲ့ patch ပြန်လုပ်လို့ရပါတယ်။ အဲဒီပြဿနာမရှိတဲ့ဖုန်းတွေ (Sony) တွေကတော့ လုပ်စရာမလိုပါဘူး။ လုပ်လိုက်ရင် တစ်ချို့နေရာတွေ ပြန်မှားသွားပါတယ်။ အပေါ်ဆုံးမှာရေးထားသလိုပဲ MORE POWERFUL and MORE RISKY ပါ။ အားလုံးမှန်ပြီးသားဖုန်းတွေ၊ လက်ရှိလောက်မှန်ရုံနဲ့တင် ကျေနပ်တယ်ဆိုတဲ့ဖုန်းတွေ ထပ်မစမ်းပါနဲ့တော့။

ကျွန်တော်ပြောခဲ့သလို၊ နောက်ပြီး တစ်ချို့ comment တွေမှာ ရေးထားကြသလိုပါပဲ။ ကျွန်တော့်ရဲ့နည်းလမ်းဟာ ရေတိုနည်းလမ်းပဲဖြစ်ပါတယ်။ ဆေးမြီးတိုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ရည်မှန်းချက်ထားရမှာက တစ်ကမ္ဘာလုံးစံပြုထားတဲ့ Unicode System အဖြစ် ပီပီပြင်ပြင်ပေါ်ထွက်လာဖို့ဖြစ်ပါတယ်။
- ရရစ်ဆိုတာ တစ်ခုတည်း ရှိတော့မယ့်အချိန်
- အောက်ကမြစ် တစ်ခုတည်း ရှိတော့မယ့်အချိန်
- အီလက်ထရောနစ်မျက်နှာစာတိုင်းမှာ မြန်မာစာလွယ်လွယ်ကူကူမှန်မှန်ကန်ကန်ပေါ်မယ့်အချိန်
- Click တစ်ချက်နှိပ်လိုက်ရုံနဲ့ အက္ခရာစဉ်ကို ၁၀၀ ရာခိုင်နှုန်း မှန်အောင်စဉ်ပေးနိုင်မယ့်အချိန်
- ဝလုံး 'ဝ' နဲ့ သုည '၀' မှားရိုက်မိတာနဲ့ ကွန်ပျူတာက မင်နီတားပေးမယ့်အချိန်
အဲလိုအချိန်မျိုးတွေကို ကျွန်တော်တို့မျှော်လင့်ရမှာဖြစ်ပါတယ်။

အဲဒီရည်မှန်းချက်အတွက် ကျွန်တော့်ရဲ့ဆေးမြီးတိုက အဟန့်အတားဖြစ်မနေစေဖို့ Unpatch feature တွေ ထည့်သွင်းပေးထားပါတယ်။ Patch မလုပ်ခင် မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။

ကျွန်တော့်ရဲ့ email ထဲ၊ facebook message ထဲကို ဖုန်းအတွက်၊ ကွန်ပျူတာအတွက် အကူအညီတောင်းတဲ့စာတွေလည်း ရောက်လာပါတယ်။ ကျွန်တော်အရင်ကပြောခဲ့သလိုပါပဲ။ ကျွန်တော်ဟာ ဒီ field ထဲက professional တစ်ယောက် မဟုတ်ပါဘူး။ ဝါသနာရှင်တစ်ယောက်သာလျှင် ဖြစ်ပါတယ်။ ကျွန်တော်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေအတွက် reply မပြန်ပေးနိုင်တာကို နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

dr.kyawzawnaing@gmail.com ထဲသို့ MecTel 800 MHz ငွေဖြည့်ကဒ်ကုဒ်များပို့ပေးပြီး support လုပ်ပေးကြသူများ၊ email, facebook တို့ထဲသို့ message များ post များဖြင့် ကျေးဇူးတင်စကားပြောကြားပြီး support လုပ်ပေးကြသူများ၊ ကျွန်တော့်ရဲ့ အစမ်းသပ်ခံ အရင်းနှီးဆုံးသူငယ်ချင်းများနဲ့ အခြားကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အားလုံး အဆင်ပြေကြပါစေခင်ဗျာ။


Download Here : https://www.dropbox.com/Direct Download
Download Here : https://www.dropbox.com/
Or

Download here : https://copy.com/

iOS 7+ တွင် မြန်မာလို ဖတ်ရှုနိုင်ပြီ

0

Posted by Black Magic | Posted in , | Posted on 2:41 PM

iOS 7 နှင့်အထက်ကို ယနေ့ထိ Jailbreak လုပ်လို့ မရသေးတာ အားလုံးပဲသိကြပါလိမ့်မယ်။ Jailbreak မရသေးတဲ့အတွက် မြန်မာစာ အခက်အခဲကို ရင်ဆိုင်နေကြရမှာပါ။
အခုတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ မြန်မာ Developer တစ်ဦးဖြစ်သူ (ယခင်ကလည်း iDevice အတွက် ဇော်ဂျီကို ကြိုးပမ်းပေးခဲ့သူ၊ Mogok Browser, Likebook App များကိုရေးသားသူ) "ကိုသန့်သက်ခင်ဇော်" က iOS 7 နှင့်အထက်မှာ မြန်မာစာကို ကောင်းမွန်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးလိုက်ပါပြီ...


ဇော်ဂျီဖောင့် ဖတ်နိုင်ရန်အတွက်...
  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/M8Es+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ဇော်ဂျီ) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

ယူနီကုဒ် ဖတ်နိုင်ရန်အတွက်...
  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/x4at+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး MON3 Anonta1 ကို "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ယူနီကုဒ်) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

**မိမိအသုံးပြုမည့် ဖောင့်ကိုသာ ရွေးချယ် Install လုပ်ပါ။ နှစ်ခုလုံး ထည့်ထားပါက ယူနီကုဒ်ဖောင့်သာလျှင် အလုပ်လုပ်ပါလိမ့်မည်**

ပြန်လည်ဖျက်ပစ်လိုပါက Settings -> General -> Profiles -> Remove နှင့် ဖျက်ပစ်နိုင်ပါသည်။

ယခုကဲ့သို့ မြန်မာဖောင့်ကို သွင်းယူပြီးသော်လည်း "Safari Browser" တွင် မြန်မာဆိုက်များအား ဖတ်ရှုရာတွင် မြန်မာစာ မပေါ်သေးပါ။ မြန်မာလို မှန်ကန်စွာ ဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း ဆက်လက်၍ လုပ်ဆောင်ပါ..

Safari Browser တွင်ပြင်ဆင်နည်း
  • ပထမဦးစွာ "Safari" ကို ဖွင့်ပြီး မြန်မာဆိုက် တစ်ခုကိုဖွင့်ပါ၊ ထိုနောက် Add Bookmark ကို နှိပ်ပြီး Bookmark ပုံကို ရွေးလိုက်ပါ။

  • Location ကို Bookmarks တွင်ထားပါ။ အမည်ကို "Zawgyi Force" ဟု ပေးပြီး "Save" လုပ်ပေးလိုက်ပါ။



  • Bookmark icon Bookmark ကို နှိပ်၍ "Bookmarks" ထဲက "Edit" ကို နှိပ်ပါ။



  • "Zawgyi Force" ကို ရှာပါ၊ တွေ့ရင် Address နေရာတွင် အောက်ပါ code များကို Copy ကူးယူ၍ Replace လုပ်ပါ။

    javascript:(function () {var css = document.createElement("style");css.type = "text/css"; css.innerHTML = "body,html,p,textarea,input,* {font-family: 'Zawgyi-One' !important}";document.body.appendChild(css); for (k = 0; k < document.getElementsByTagName('frame').length; k++) { document.getElementsByTagName('frame')[k].contentDocument.body.appendChild(css);} })();


  • "Save" လုပ်ပါ။

  • အသုံးပြုနည်းကတော့ မြန်မာစာ မပေါ်သော မည်သည့် ဆိုက်ကိုမဆို အရင်သွားပြီးတာနဲ့ "Bookmarks -> Zawgyi Force" ကို နှိပ်လိုက်ပါ။



    အခုဆိုရင် မြန်မာစာများ အလိုလျှောက် ပြောင်းလဲသွားပြီး Safari Browser တွင် မှန်ကန်စွာ ဖတ်ရှုနိုင်ပါပြီ။


Video Tutorial video ဖိုင်လေးနဲ့ တင်ထားတဲ့ မူရင်းဆိုဒ်ကို အောက်မှာ ကလစ် ကြည့်လိုက်ပါ
http://www.moethagyar.info/2013/11/ios-7.html
 


မြန်မာစာ ရေးနိုင်ရန် ကီးဘုတ်အတွက်တော့ ကျွန်တော်တို့ ဆက်လက် မျှော်လင့်ကြပါဦးစို့...

ယခုကဲ့သို့ မြန်မာစာကို အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ဖန်တီးပေးသူ "ကိုသန့်သက်ခင်ဇော်" နှင့် Safri တွင် ဖတ်နိုင်ရန် လမ်းပြပေးသော "ကိုထိန်လင်းရွှေ (ကိုစေတန်)" တို့ကို အထူးအထူးပင် ကျေးဇူးတင်ရှိပါတယ်...

ဤသတင်းကို ကနဦး ရေးသားပေးသူ "ကိုစေတန်" နှင့် ညကြီးမင်းကြီး ကျွန်တော် အိပ်ယာဝင်ခါနီးမှ FB တွင် Tag လုပ်ပြီး သတင်းပေးလာသူ သူငယ်ချင်း "ကိုကမ္ဘာ့ဖျာ" တို့ကိုလည်း ကျေးဇူးအထူးပဲတင်ပါတယ်။

ကျွန်တော်တို့လို iDevice သုံးစွဲကြသူများ အနေနှင့်လည်း Developer များကို အားပေးကူညီကြတဲ့ အနေနဲ့ App များကို ဝယ်ယူသုံးစွဲကြပါလို့ "မိုးသိကြား" ဘလော့ခ်မှနေ၍ လေးလေးနက်နက် တိုက်တွန်းလိုက်ပါရစေ....

Special Credit to : ကိုစေတန် (blog.saturngod.net)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.