သန်လျင် နည်းပညာ တက္ကသိုလ်တွင် Samsung Myanmar မှ Networking Training သင်တန်း ဖွင့်လှစ်

သန်လျင် နည်းပညာ တက္ကသိုလ်တွင် Samsung Myanmar မှ Networking Training သင်တန်း ဖွင့်လှစ်
January 6, 2017 Asian Fame

11:20 am
သန်လျင် နည်းပညာ တက္ကသိုလ်တွင် Samsung Myanmar မှ Networking Training သင်တန်း ဖွင့်လှစ်

(ရန်ကုန်၊ ဇန်နဝါရီ ၃ )

Samsung Myanmar  သည် ၄င်း၏ Samsung Tech Institute အစီအစဉ်ခွဲ တစ်ခု အနေဖြင့် Networking Training  အား သန်လျင် နည်းပညာ တက္ကသိုလ်နှင့် ပူးပေါင်း၍ တစ်လတာ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းအား ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် မှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် အထိ ဖွင့်လှစ်ခြင်း ဖြစ်သည်။ သန်လျင် နည်းပညာ တက္ကသိုလ် Electronics Engineering  ဌာနရှိ သင်တန်းသူ၊ သင်တန်းသား အ ယောက် ၆ဝ ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ပြီး အပတ် စဉ် (စနေ၊ တနင်္ဂနွေမှ အပ) မွန်းလွဲ ၂ နာရီ မှ ညနေ ၄ နာရီ အထိ သင်ကြားပို့ချသည်။

Samsung Myanmar  မှ သင် တန်း အတွက် လိုအပ်သည့် ကွန်ပျူ တာ မော်နီတာများ၊ လေအေးပေး စက်များ၊ မီးအား ထိန်းညှိစက်နှင့် အခြားသော စာရေး ကိရိယာပစ္စည်း များအား သန်လျင်နည်းပညာ တက္ကသိုလ်သို့ ပံ့ပိုးပေးခဲ့သည်။

”အခု သန်လျင် နည်းပညာ တက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဖွင့်လှစ် လိုက်တဲ့ ဒီ Networking Training  ဟာ မြန်မာနိုင်ငံမှာ အကောင် အထည် ဖော်နေတဲ့ ကျွန်တော်တိှု့Samsung Tech Institute Program  အောက်က  တတိယမြောက် သင် တန်း အမျိုးအစား တစ် ခုဖြစ်ပါ တယ်။ တက်ရောက်ကြတဲ့ ကျောင်း သားကျောင်းသူတွေ အနေနဲ့လည်း ပညာရပ် ဆိုင်ရာ အကျိုးကျေးဇူး တွေ ရရှိကြ လိမ့်မယ်လို့ ယုံကြည် ပါ တယ်” ဟု Samsung Myanmar  မှ PR and Citizenship Manager ကိုစိုးသူရမှ ပြောကြားသည်။

သင်တန်း ပြီးဆုံးပြီးချိန်တွင် အရည်အချင်းစစ် စာမေးပွဲ ကျင်းပ သွားမည်ဖြစ်ပြီး ဆန်ခါတင် အ ရည်အချင်း ပြည့်မီသော သင်တန်း သူ၊ သင်တန်းသား များအား လူ တွေ့ အင်တာဗျူးနှင့် အရည်အချင်း စစ် စာမေးပွဲများ ကျင်းပကာ ထပ်မံ ရွေးချယ် သွားမည် ဖြစ် သည်။ နောက် ဆုံး အဆင့် ရွေးချယ်ခံရ သည့် သင်တန်းသူ၊ သင်တန်းသား ၁ဝ ဦးကို သင်တန်း ဆင်းပွဲတွင် Cisco Exam ဝင်ကြေးအား ဆု ကြေးအဖြစ် အသီးသီး ပေးအပ် သွားမည် ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*