တရားမ၀င်သစ်ကားဖမ်းမိလျှက်ငွေကြေးယူပြီးပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ အင်းတော်ကကိစ္စဟာ ဟုတ်မှန်နေဟုဆို

တရားမ၀င်သစ်ကားဖမ်းမိလျှက်ငွေကြေးယူပြီးပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ အင်းတော်ကကိစ္စဟာ ဟုတ်မှန်နေဟုဆို
June 4, 2018 AsianFame MediaGroup

2:05 pm
တရားမ၀င်သစ်ကားဖမ်းမိလျှက်ငွေကြေးယူပြီးပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ အင်းတော်ကကိစ္စဟာ ဟုတ်မှန်နေဟုဆို

1

အင်းတော်၊ ဇွန် ၎

တရားမ၀င်သစ်ကားဖမ်းမိလျှက်ငွေကြေးယူပြီးပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ အင်းတော်ကကိစ္စဟာ စစ်ဆေးမှုအရ ဟုတ်မှန်နေကြောင်းသိရပြီး သစ်တောရဲနဲ့ သစ်တောဝန်ထမ်း ၆ ဦးပါဝင်ပတ်သက်နေတယ်လို့ ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးခဲ့တဲ့ ကသာခရိုင်သစ်တောဦးစီးဌာနမှူး ဦးသန်းဆင့်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

တရားမ၀င်သစ်ကားကို ပြန်လွှတ်ပေးလိုက်ကြောင်းပေါ်ပေါက်တဲ့အတွက် ဒါကို စုံ/ခုံဖွဲ့စစ်ဆေးနိုင်ဖို့ အထက်ကိုတင်ပြထားပြီး ဖြစ်ကြောင်း သူက ဆိုပါတယ်။

“ခုံဖွဲ့ပြီးစစ်မှာ။ အခုကတော့ ကနဦးစုံစမ်းစစ်ဆေးမှုပေါ့။ တစ်ခြားကိစ္စတွေတော့မသိဘူး။ ဒီတရားမ၀င်သစ်ကားကို ပြန်လွှတ်ပေးလိုက်တာတော့ ပေါ်ပေါက်ပါတယ်။ ဖြစ်စဉ်မှာပါတဲ့ နယ်ရဲတွေကိုလည်း ခုံဖွဲ့ပြီး စစ်တယ်လို့သိရပါတယ်။ ကာယကံရှင်တွေကတော့ငြင်းတာပေါ့ဗျာ။ သူတို့စစ်တယ် မပါဘူးငြင်းတာပေါ့ဗျာ။ ကျွန်တော်တို့ အပိုင်းကတော့ အတည်ပြုပြီး ခိုင်လုံအောင်လုပ်ရတာပေါ့။” လို့ ၎င်းက ပြောပါတယ်။

2

ဖြစ်စဉ်မှာ နယ်ခံရဲအချို့အပါအ၀င် သစ်တောရဲ ၃ ဦး ၊ သစ်တောဝန်ထမ်း ၃ ဦးတို့ ပါတယ်လို့ သိရပါတယ်။

ဒါပေမဲ့ သစ်တောဝန်ထမ်းဘက်က ဘယ်ရာထူးအဆင့်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတာနဲ့ ငွေကြေးဘယ်လောက်ရယူပြီး သစ်ကားကိုလွှတ်ပေးလိုက်တယ်ဆိုတာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေ လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်းက အင်းတော်မြို့နယ်အထဲမှာ တမလန်းသစ်တွေတင်ဆောင်ထားတဲ့ ကုန်ကားတစ်စီးကို လမ်းဘေးထိုးကျနေတာတွေ့ရှိရပြီး သစ်တောဦးစီဌာန ၀န်ထမ်း၊ သစ်တောရဲတွေက တွေ့ရှိကာ လမ်းမပေါ် ဘတ်ဟိုးယာဉ်နဲ့တင်ပေးခဲ့ကြောင်း၊ ဒါပေမဲ့ တရားမ၀င်သစ်တွေပါတာတွေ့ရှိလျက် ဖမ်းဆီးခြင်းမပြုဘဲ ငွေကြေးရယူကာ ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ ရေးသားမှုတွေနဲ့ ဗီဒီယို ဖိုင်တွေဟာ သစ်တောဝန်ထမ်းလောကမှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*