၂၇ နှစ် အတွင်း ပြည်ပထွက်အလုပ်လုပ်သူ ၂၆ သိန်းကျော်ရှိ

၂၇ နှစ် အတွင်း ပြည်ပထွက်အလုပ်လုပ်သူ ၂၆ သိန်းကျော်ရှိ
September 28, 2017 Fame Asian

2:33 pm
၂၇ နှစ် အတွင်း ပြည်ပထွက်အလုပ်လုပ်သူ ၂၆ သိန်းကျော်ရှိ

11

နေပြည်တော် ၊ စက်တင်ဘာ ၂၈

၂၇ နှစ်တာကာလအတွင်း ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားအရေအတွက်ဟာ ၂၆ သိန်းကျော်ရှိခဲ့တယ်လို့ အလုပ်သမားနဲ့လ၀က ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောပါတယ်။

ဒီကနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာပြုလုပ်တဲ့ ” အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း ILO တို့ ပူးပေါင်း၍ ဒသမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံအစည်းအဝေးအတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုက်ငန်းညှိနှိုင်းအစည်းအဝေး” မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ၂၃၄၅၁၁၅ ဦး၊ မလေးရှားနိုင်ငံသို့  ၄၂၂၂၅၃ ဦး၊ ကိုရီးယားနိုင်ငံသို့  ၃၂၈၃၄ ဦး၊စင်္ကာပူသို့  ၁၃၉၀၀ ဦး၊ ဂျပန်နိုင်ငံသို့  ၇၁၁၁ ဦး၊ ယူအေအီးနိုင်ငံသို့  ၁၁၃၅ ဦး၊ ကာတာနိုင်ငံသို့  ၄၈၁ ဦးနဲ့  ဟောင်ကောင်သို့  ၁၇၄ ဦးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။

ဒီနှုန်းထားတွေဟာ G to G ၊ အလုပ်အကိုင်အေဂျင်စီတွေကနေတစ်ဆင့် တရားဝင်သွားရောက်လုပ်ကိုင်တဲ့ နှုန်းထားသာဖြစ်ပါတယ်။
၁၉၉၀ခုနှစ်ကနေ ၂၀၁၇ ခုနှစ်သြဂုတ်လကုန်အထိ စာရင်းလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ၊ မလေးရှားနိုင်ငံ ၊ စင်္ကာပူနိုင်ငံတွေကို တရားမ၀င်သွားရောက်လုပ်ကိုင်တဲ့ လုပ်သားနှုန်းထားဟာ တရားဝင်သွားရောက်လုပ်ကိုင်တဲ့နှုန်းထားထက် ပိုမိုများပြားနိင်တယ်လို့ သုံးသပ်ခဲ့ကြပြီးဖြစ်ပါတယ်။

ဒီနေ့နေပြည်တော်မှာကျင်းပတဲ့ အစည်းအဝေးရည်ရွယ်ချက်ကတော့ ရွှေ့ပြောင်း အိမ်တွင်းအထောက်အကူအလုပ်သမားတွေအတွက် ကောင်းမွန်သင့်တော်တဲ့ အလုပ်အကိုင်ရရှိရေးနဲ့စပ်လျဉ်းပြီး နိုင်ငံအဆင့်အကြံပြုချက်တွေကို သုံးပွင့်ဆိုင် ဆွေးနွေးပြင်ဆင်နိုင်ဖို့ ၊ ဒသမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံအစည်းအဝေးနဲ့ စပ်လျဉ်းတဲ့ အကြောင်းအရာတွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။

ဒီကနေ့အခမ်းအနားကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ILO ရဲ့ Liaison Officer, Mr. Rory Mungoven ၊ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ လုပ်ငန်းအဖွဲ့ (TFAMW)မှ Convener,Mr. Sinapan Samydorai ၊ အမျိုးသားလွှတ်တော်/ ပြည်သူ့လွှတ်တော်တို့မှ ကိုယ်စားလှယ်တွေ ၊ ဌာနဆိုင်ရာအကြိးအကဲတွေ ၊ ပြည်ပမှာ အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဝင်တွေ ၊ တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်တွေ ၊ILO မှ တာဝန်ရှိသူတွေ ၊ TFAMW၊ ASEAN Triangle Programme၊ UN/ INGO / NGO မှ ကိုယ်စားလှယ်တွေ အလုပ်ရှင်အဖွဲ့အစည်းတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေ ၊ အရပ်ဖက်လူမှုအစည်းအဝေးများမှ ကိုယ်စားလှယ်တွေ စုစုပေါင်း ၇၀ ဦးလောက်တက်ရောက်ခဲ့ပါတယ်။

Ye Lwin

Photo- Safe Migration

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*