စားနပ်ရိက္ခာလိုအပ်နေတဲ့ သီပေါနဲ့ မန်လီက စစ်ဘေးဒုက္ခသည်တွေ

စားနပ်ရိက္ခာလိုအပ်နေတဲ့ သီပေါနဲ့ မန်လီက စစ်ဘေးဒုက္ခသည်တွေ
July 20, 2018 Asian Fame Media

4:45 pm
စားနပ်ရိက္ခာလိုအပ်နေတဲ့ သီပေါနဲ့ မန်လီက စစ်ဘေးဒုက္ခသည်တွေ

Poo Naing Linn 1

သီပေါ၊ ဇူလိုင် ၂၀

RCSS နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့အချို့ဖြစ်တဲ့ TNLA ၊ SSPP တို့အကြား နမ္မတူမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် သီပေါမြို့နယ်အတွင်းက ဘိုးတော်ကျောင်းနဲ့ မန်လီရွာမှာ စစ်ရှောင်စခန်းတစ်ခုစီဖွင့်ထားရပြီး အဲဒီမှာ စစ်ရှောင် ၃၀၀ ကျော်လောက်ရှိနေတယ်လို့ သိရပါတယ်။

သူတို့ဟာ နမ္မတူမြို့နယ် ပန်လုံဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေလည်းဖြစ်ပါတယ်။

ဘိုးတော်ဘုန်းကြီးကျောင်းမှာ ၁၃၈ ယောက်နဲ့ ၊ မန်လီရွာမှာ ၂၀၀ ကျော်လောက်ရှိနေတာဖြစ်ပါတယ်။

သူတို့အတွက် လောလောဆယ်အခြေအနေကတော့ စားနပ်ရိက္ခာအထူးလိုအပ်လျက်ရှိပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေက သွားရောက်ကူညီနေတာတွေရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ပဲ ဂေါ်ရခါး လူမှုကူညီရေးအသင်း၊ အိုမ်တမာဝ် လူမှုကူညီရေးအသင်း တို့က စားနပ်ရိက္ခာသွားရောက်လှူဒါန်းခဲ့တယ်လို့ အဆိုပါ ခရီးစဉ်မှာပါဝင်ခဲ့သူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

သက်ကြီးတွေအ တွက်တစ်ဦးချင်းစီအလိုက်အလှူငွေ၊ အ၀တ်အထည်၊ ဆန်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာ ရိက္ခာအခြောက်၊ေ ဆးဝါး ၊ စာရေးကိရိယာတို့ လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

ထပ်မံလှူဒါန်းချင်သူတွေအနေနဲ့လည်း ဖုန်းနံပါတ် ၀၉ ၂၅၉၁၃၆၁၆၄ ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်းသိရပါတယ်။

နမ္မတူမြို့နယ်အတွင်းမှာ ဇူလိုင် ၁၆ ရက်နေ့က စတင်ဖြစ်ပွားလိုက်တဲ့ အဆိုပါတိုက်ပွဲတွေကြောင့် စစ်ရှောင် ၁၀၀၀ ကျော်လောက်ရှိခဲ့ပါတယ်။ ဒီကနေ့ နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအ ရတော့စစ်ရှောင်အချို့ဟာနေရပ်ကို ပြန်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါပေမဲ့ အချို့ကတော့ နယ်မြေစိတ်ချရမှုမရှိသေးတဲ့အတွက် ဆက်လက်စစ်ဘေးရှောင်နေကြဆဲဖြစ်ပါတယ်။

Poo Naing Linn 21

Poo Naing Linn 20

Poo Naing Linn 19

Poo Naing Linn 18

Poo Naing Linn 17

Poo Naing Linn 16

Poo Naing Linn 15

Poo Naing Linn 14

Poo Naing Linn 13

Poo Naing Linn 12

Poo Naing Linn 11

Poo Naing Linn 10

Poo Naing Linn 9

Poo Naing Linn 8

Poo Naing Linn 7

Poo Naing Linn 6

Poo Naing Linn 5

Poo Naing Linn 4

Poo Naing Linn 3 Poo Naing Linn 2

AF – 178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*