Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday 14 March 2013

ချစ်သူနှစ်ဦးလမ်းခွဲရခြင်း (၁၀) မျိုး

၁။ ချစ်သူတွေဖြစ်ခဲ့တာ မမှားပါဘူး..

နားလည်မှု မရှိတာက မှားတာပါ ။

၂။ သ၀န်တိုခဲ့တာတွေ မမှားဘူး...

သံသယ တွေ ၀င်ခဲ့တာ မှားတာပါ ။

၃။ ကျီစယ်ခဲ့တာတွေ မမှားဘူး...

ပျက်ရယ်ပြုခဲ့တာတွေ မှားတာပါ ။

၎။ စိတ်ကောက်ခဲ့တာတွေ မမှားပါဘူး...

ပြန်မချော့နိုင်တဲ့ မာနတွေက မှားတာပါ ။

၅။ ပိတ်ပင်တားမြစ်တာက မမှားပါဘူး...

ချုပ်ခြယ်ချည်နှောင်ထားတာက မှားတာပါ ။

၆။ အနေမနီးခြင်းက မမှားပါဘူး...

နွေးထွေးမှု မရှိခြင်းက မှားတာပါ ။

၇။ အရမ်းချစ်ပြခဲ့တာက မမှားပါဘူး...

တယောက်ထဲ အတွေးချော်တာက မှားတာပါ ။

၈။ တစိမ်းတွေ ၀င်စွက်ဖက်တာ မမှားပါဘူး...

တစိမ်းစကားတွေ နားယောင်တာက မှားတာပါ ။

၉။ အတိတ်ကို ဂရုမစိုက်တာ မမှားပါဘူး...

အနာဂတ်အတွက် ရည်ရွယ်ချက်မဲ့တာ မှားတာပါ ။

၁၀။ တခါတခါ ချစ်သူကိုဦးစားမပေးနိုင်တာ မမှားပါဘူး...

ချစ်သူကို အလေးမထားသလိုနေတာက မှားခဲ့တာပါ...။

Saturday 9 June 2012

မြန်မာပြည်သာဟေ့ မြန်မာပြည်သား

အကြံမမှား ၊ ရန်မပွားချင်
အမှန်တရားက ငါတို့လက်တွင် ...
မမှန်မော်ကြွား ၊ ရန်စော်ကားလျှင်
တရားလက်တွင် ဓါးနှင့်ယှဉ်မည် ...

ငါတို့သည်
တရားလည်းဆောင်
ဓါးလည်း ပြောင်၏ ...

ငါတို့သည်
တရားလည်းမွေး
ဓါးလည်း သွေး၏ ...

တရားတစ်ဖက် ဓါးတစ်လက်နှင့်
မှားကွက်ဖွေရှာ သင် ငါတို့အား
မတန်တရာ ရန်မစွာနှင့် ...

တရားလည်းသိ ဓါးလည်းရှိသည့်
ငါတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြ၏
Photo: အကြံမမှား ၊ ရန်မပွားချင် အမှန်တရားက ငါတို့လက်တွင် ... မမှန်မော်ကြွား ၊ ရန်စော်ကားလျှင် တရားလက်တွင် ဓါးနှင့်ယှဉ်မည် ... ငါတို့သည် တရားလည်းဆောင် ဓါးလည်း ပြောင်၏ ... ငါတို့သည် တရားလည်းမွေး ဓါးလည်း သွေး၏ ... တရားတစ်ဖက် ဓါးတစ်လက်နှင့် မှားကွက်ဖွေရှာ သင် ငါတို့အား မတန်တရာ ရန်မစွာနှင့် ... တရားလည်းသိ ဓါးလည်းရှိသည့် ငါတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြ၏

Wednesday 2 May 2012

အဝေးရောက် တို့တစ်တွေ ရဲ့ ခံစားချက်

ကျင်လည်ရာ ဘဝ များစွာမှ
ခင်တွယ်ရာ အသိုက်အမြုံနဲ့ ဘဝကံရယ်
အခြေမပေးလေတော့ ခွဲဖို့ရယ်အကြောင်းဖန်
ပျော်လို့တော့မဟုတ်
ရည်မှန်ချက်၊ မျှော်လင့်ချက်၊ ခံစားချက်တွေ ကိုယ်စီနဲ့
မွေးမြေရပ်ခြား မှာကြိုးစားလို့ ရုန်းကန်
အချိန်ဆိုတဲ့ အတိုင်းတာ တစ်ခုထိပေးဆပ်
မတင်းတိမ်ပေမဲ့လဲ ကျေနပ်အောင် နေတတ်ရတာပေါ့.....
ဝေးနေတော့လည်း မတူတာပဲရှိ
လွမ်းခြင်းကိုယ်စီရယ်နဲ့
အချိန်တန် အိမ်ပြန် မျက်နှာပန်း မလှလေတော့
ဘယ်သူကို အပြစ်တင်ရမယ် မသိ
ဘဝကိုလည်း မကျေနပ် မဖြစ်တော့ပါဘူး
အတိတ်ကံရယ် နည်းခဲ့လေတော့
မနက်ဖန်ဆိုတာ
တို့တစ်တွေရဲ့ ရွှေရောင် အနာဂတ်ဆိုတဲ့ စိတ်နဲ့ အသက်ရှင်.....
လက်ရှိမှာတော့
ညတာရှည်အိမ်မက်တွေနဲ့
အရုဏ်တက်ပေမဲ့ ညဥ့်နက်နေတုန်းပဲ
ဘဝတူအဝေးရောက် သူငယ်ချင်းတို့ရေ....