တကယ်လို့ လိင်ကိစ္စနဲ့ ပတ်သက်လို့ စိတ်ခံစားမှု မရှိတော့တာ ဒါမှမဟုတ် ခံစားချက်နည်းပါးနေတယ်ဆိုရင် အရင်ဆုံး သတိပြုရမှာက ဒီလို ဖြစ်တာ ကိုယ်တယောက်တည်း မဟုတ်ဘူးဆိုတာပါပဲ။ သုတေသနတွေ အရ အမျိုးသမီး၃ ပုံ ၁ပုံ နီးပါးနဲ့ အမျိုးသား ၁၅ ရာခိုင်နှုန်းလောက်ဟာ လိင်ဆက်ဆံမှုပြုချင်တဲ့ ဆန္ဒမရှိဘဲ ဖြစ်နေတတ်တယ်ဆိုတာပါပဲ။ ဒါပေမယ့် အဲဒါ က ပြန်လည်ကုစားလို့ ရနိုင်တာမျိုးပါ။ ကိုယ့်ရဲ့ ဘဝနေထိုင်မှု ပုံစံကို အောက်ပါ နည်းလမ်းတွေနဲ့ ပြုပြင်လိုက်တာနဲ့ ပျောက်ဆုံးနေတဲ့ စိတ်ဆန္ဒတွေကိ ပြန်လည်ရရှိနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ညဘက်အပြင်ထွက်လည်တာတွေပို လုပ်ပါ။ ညဘက်အပြင်ထွက်တဲ့ အခါ ကိုယ့်ရဲ့ အိမ်ထောင်ဘက်နဲ့ အတူ ဆူညံ ရှုပ်ထွေးနေတဲ့ ရှိုးပွဲလိုနေရာမျိုးမှာ ချွေးသံတရွှဲရွှဲနဲ့ သွားပြီး အချိန်ဖြုန်းတာမျိုးက လိင်စိတ်ခံစားမှုတွေကို လျော့ကျ စေတတ်ပါတယ်။ ဒါကြောင့် ရှေးကျတဲ့ နည်းလမ်းမျိုးတွေ ဖြစ်တဲ့ အေးအေးဆေးဆေး ရုပ်ရှင်သွားကြည့်တာမျိုး၊ ညစာ အတူထွက်စားကြတာမျိုးက ပိုပြီး ရင်ခုန်စိတ်လှုပ်ရှား စရာ ကောင်းပါတယ်။
ပဋိသန္ဓေတားဆေးကို ပြောင်းသုံးကြည့်ပါ။ အမျိုးသမီးတွေ အတွက် ဟိုမုန်းအပြောင်းအလဲကလည်း လိင်စိတ်ဆန္ဒကို လျော့နည်းစေပါတယ်။ ဒီလို ပြောင်းလဲစေတတ်တဲ့ အရာတွေထဲမှာ ပဋိသန္ဓေတားဆေး ကလည်းတခု အပါအဝင် ဖြစ်ပါ တယ်။ တကယ်လို့ ပဋိသန္ဓေတားဆေး သုံးနေတဲ့ အမျိုးသမီးတယောက်မှာ လိင်မှုဆန္ဒနည်းပါးလာတယ်ဆိုရင် ဆေးပြောင်းသောက်ကြည့်သင့်ပါတယ်။
အခြားဆေးတွေ သောက်နေရတယ် ဆိုရင်လည်း ပြန်စစ်ဆေးကြည့်ပါ။ ပဋိသန္ဓေတားဆေး မသောက်ပေမယ့် တခြား ဆေး တွေဖြစ်တဲ့ သွေးကျဆေး၊ စိတ်ငြိမ်ဆေးတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ့် အတွက် အဆင်ပြေနိုင်မယ့် ကုသမှုကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။
အိမ်ထောင်တာဝန်တွေကို အညီအမျှ ခွဲဝေလုပ်ကိုင်ပါ။ တနေကုန် အလုပ်မှာ ပင်ပန်းခဲ့ပြီးတဲ့ နောက် အိမ်ပြန်ရောက် တော့လည်း အိမ်အလုပ်တွေ တယောက်ထဲ လုပ်ရဦးမယ် ဆို ရင် ဘယ်လိုနည်းနဲ့ မှ အဆင်မပြေပါဘူး။ တရက်တလေက မသိသာပေမယ့် ရက်ဆက်ဆိုရင် ထိခိုက်လာပါ လိမ့်မယ်။ က လေး ရှိတဲ့ အိမ်ထောင်ရှင်တွေ ဆိုရင် ပိုအလုပ်ရှုပ်ပါမယ်။ အဲဒါနဲ့ပဲ တဦးနဲ့ တဦးကြားမှာ ထိတွေ့မှု၊ ယုယကြင်နာမှုတွေ တစတစ နည်းသွားရာကနေ လိင်မှုဆန္ဒတွေပါ ပျောက်ဆုံး သွားကြရပါတယ်။ ဒါကြောင့် မောင်တထမ်း မယ်တရွက် ဆို သလို အိမ်မှုကိစ္စတွေကို မျှဝေလုပ်ကိုင်ခြင်းက ၂ယောက် ကြားက ရင်းနှီးကျွမ်းဝင်မှုတွေကို ဆက်လက်ထိန်းသိမ်းပေးမှာ ဖြစ်သလို အိပ်ခန်းထဲမှာလည်း ပျော်ရွှင်မှုကို ရရှိစေပါလိမ့် မယ်။
အိပ်ခန်းကို ရင်ခုန် စရာနေရာတခု ဖြစ်အောင် ပြင်ဆင်ထားပါ။ အိမ်ထောင်ရှင်တွေရဲ့ အိပ်ခန်းက ကလေးတွေကြောင့် လည်း ရှုပ်ပွနေနိုင်သလို ခွေးတွေကြောင်တွေလည်း ရောက်နေနိုင် ပါတယ်။ အဲဒီအရာတွေက လိင်စိတ်ခံစားမှုကို သေဆုံးစေတဲ့ အဓိက အရာတွေပဲလို့ ဆရာဝန်တွေက ပြောပါတယ်။ ဖြစ် နိုင်ရင် ခွေးတွေကြောင်တွေ ရှိမယ်ဆိုရင် အိပ်ခန်းပြင်မှာပဲ နေခိုင်းတာ အကောင်းဆုံး ဖြစ်ပါတယ်။ နောက်ပြီးတော့ သန့် ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိတဲ့ အခန်းတခု ဖြစ်နေဖို့လည်း လိုပါတယ်။
ချောဆီသုံးပါ။ လိင်ဆက်ဆံရာမှာ နာကျင်တာမျိုး ရှိမယ်ဆိုရင် ဒီကိစ္စကို စိတ်ပါတော့မှာ မဟုတ်ပါဘူး။ ဒီလိုနာကျင်စေတဲ့ အကြောင်းတခုကတော့ အမျိုးသမီး အင်္ဂါခြောက်သွေ့မှုကြောင့်ပါပဲ။ ရေကို အခြေခံတဲ့ ချောဆီကို သုံးကြည့်ပါ။ ဒီလိုသုံး ကြည့်လိုမှ အဆင်မပြေဘူးဆိုရင်တော့ အမျိုးသမီးရောဂါ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပြသပြီး သင့်တော်တဲ့ ကုသမှုကို ခံယူရမှာ ဖြစ်ပါတယ်။
လိင်ဆက်ဆံမှု မပြုခင် စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ စိတ်ဖိစီးမှုကလည်း အိပ်ခန်းထဲမှာ အဓိက ဒုက္ခပေးတတ်တဲ့ အချက် တချက်ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် စိတ်ကိုကြည်လင်အောင်ကြိုးစားပါ။ ဘယ်လိုနည်းနဲ့ စိတ်ကိုဖြေလျှော့လို့ ရ နိုင်မလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေပါ။ ဥပမာ ရေကြာကြာချိုးတာမျိုး၊ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တအုပ် ကို ကောက် ဖတ် လိုက်တာမျိုး နည်းလမ်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကိုစားပါ။ နှလုံးကို ကျန်းမာစေတဲ့ အစားအစာတွေစားခြင်းကလည်း အိပ်ရာပေါ်မှာ အထောက်အကူ ဖြစ်စေပါတယ်။ Sexual Medicine ဂျာနယ်က ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ ကိုလက်စထရော မြင့် ခြင်းကြောင့် အမျိုးသမီးတွေမှာ လိင်စိတ်ဆန္ဒနည်းပါးခြင်းနဲ့ လိင်ဆက်ဆံမှုရဲ့ အမြင့်ဆုံးခံစားမှုကို ရရှိနိုင်ဖို့ ခက်ခဲခြင်းတွေ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသီး အနှံနဲ့ ဟင်းသီးဟင်းရွက် တွေလိုမျိုး ကိုလက်စထရော နည်းတဲ့ အစား အစာတွေကို စားသင့်ပါတယ်။
ဆက်ဆံရေး အခြေအနေကို သုံးသပ်ပါ။ လင်မယားကြားမှာ ဆက်ဆံရေး အဖုအထစ်ရှိနေခြင်းမျိုးကြောင့်လည်း လိင်စိတ် ဆန္ဒကို ထိခိုက်စေပါတယ်။ သွားပွတ်တံကို တွေ့ကရာနေရာ ချထားတတ်လို့ စိတ်ကသိကအောင့် ဖြစ်ရတာလိုမျိုး အသေး အဖွဲကိစ္စလေးတွေက အစ ပြဿနာ ကြီးငယ်ပေါင်းစုံရှိနေသူ ၂ ဦးကြားမှာ စိတ်ကျေနပ်စရာ လိင်မှုကိစ္စလည်း ရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆက်ဆံရေးမှာ ပြဿနာရှိနေခဲ့ရင် တယောက်နဲ့ တယောက် ပွင့်ပွင့်လင်းလင်းပြောဆိုဖြေရှင်း သင့်ပါတယ်။ အဲဒီလောက်နဲ့ အဆင်မပြေဘူးဆိုရင်တော့၊ ကျွမ်းကျင်သူတွေ နဲ့ တိုင်ပင် ဖြေရှင်းရပါတယ်။ တကယ်လို့ ပြ ဿနာရှိနေတာက တခြားအကြောင်းတွေကြောင့် မဟုတ်ဘဲ လိင်ကိစ္စကြောင့်ဆိုရင်တော့ လိင်မှုဆိုင်ရာ ကုထုံးပညာရှင် ရဲ့ အကူအညီ ရယူဖို့ လိုလာပြီ ဖြစ်ပါတယ်။
ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်တာက စိတ်ဖိစီးမှုတွေကို လျော့ကျ စေသလို ကျန်းမာရေး အတွက်လည်း ကောင်းပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ စိတ်ဖိစီးမှုဒဏ် ခံနေရတဲ့ ဒါမှမဟုတ် လိင်စိတ်ဆန္ဒနည်းပါးနေတဲ့ အမျိုးသမီးတွေဟာ တကြိမ်ကို နာရီဝက်လောက်နဲ့ တပတ်ကို ၃ကြိမ် လောက် ချွေးထွက်တဲ့ လေ့ကျင့်ခန်းတွေလုပ်တဲ့ အခါမှာ သူတို့၏ လိင်မှုကိစ္စမှာ စိတ်ကျေနပ်သာယာမှုတွေ ပိုရလာကြ တယ်လို့ သိရပါတယ်။
မိမိ ကိုယ်ခန္ဓာကို လေ့လာပါ။ တခါတလေမှာ လိင်စိတ်ဆန္ဒနည်းပါးခြင်းက ကျန်းမာရေးဆိုင်ရာ ပြဿနာတခုခု ရှိနေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ လိင်စိတ်ဆန္ဒနည်းပါးနေတဲ့ အချိန်မှာ ကိုယ်အလေးချိန်တိုးလာတာ ဒါမှ မဟုတ်လျော့သွားတာ၊ အသားအရည်ခြောက်ခမ်းလာတာ၊ ဆံပင်တွေကျွတ်ကုန်တာ၊ မောပန်းနွမ်းနယ်မှုကို ခံစားရတာ တွေ ရှိမယ်ဆိုရင် အမှတ်တမဲ့ မနေသင့်ပါဘူး။ ဆရာဝန်နဲ့ ပြပြီး ကျန်းမာရေးကို စစ်ဆေးသင့်ပါတယ်။
Source: health.com